‘ လက်ညှိုး ‘

ဓမၼ သုေတသီDecember 12, 20121min1243

လူမိုက်တွေက သူတစ်ပါးတွေကို လက်ညှိုးထိုး၊ အပြစ်မြင်ကဲ့ရဲ့ တတ်ကြတယ်။

လူလိမ္မာတွေက ကိုယ့်ကိုယ်ကို လက်ညှိုးထိုး၊ အပြစ်မြင်ပြုပြင်တတ်ကြတယ်။

လူပညာရှိတွေကတော့ ဘယ်သူ့ကိုမျှ လက်ညှိုးမထိုးကြဘဲ အကြောင်းအကျိုး၊

အကောင်းအဆိုးတွေကို ဆင်ခြင်ရှုြုမင်ပြီး အကြောင်းတရားတွေကိုသာ လက်ညှိုးထိုး

အပြစ်မြင် ပြုပြင်တတ်ကြတယ်။

သင်ကော……….

လူမိုက်လား၊ လူလိမ်မာလား၊ လူပညာရှိလား…..

သင့်ရဲ့လက်ညှိုးတွေ ဘယ်ကိုထိုးနေတာလဲ…..

 

ဖြောင့်ချက်…….

” ကိုယ့်အမှားကနေ ကိုယ့်ကိုယ်ကို သင်ခန်းစာမယူ မပြုပြင်တတ်ရင်..လူမိုက်၊

ကိုယ့်အမှားကနေ ကိုယ့်ကိုယ်ကို သင်ခန်းစာယူ ပြုပြင်တတ်ရင်….လူလိမ်မာ၊

ပတ်ဝန်းကျင်ရဲ့ အဆိုးအကောင်းကနေ သင်ခန်းစာယူ ပြုပြင်တတ်ရင်….လူပညာရှိ၊ ”

_ အဆိုးတွေ ပြဿနာတွေနဲ့ တွေ့လာရင် လက်ညှိုးတွေက သူတစ်ပါးတွေကို

ထိုးတတ်ကြပါတယ်။ အကောင်းတွေ အောင်မြင်မှုတွေနဲ့ တွေ့လာရင်တော့

လက်ညှိုးတွေက ကိုယ့်ကိုယ်ကို ထိုးတတ်ကြပါတယ်။

_ အဆိုးတွေ အကောင်တွေဟာ သူ့ကြောင့်၊ ကိုယ့်ကြောင့်ဖြစ်တာ ဟုတ်ရဲ့လား….။

ကောင်းခြင်း၊ ဆိုးခြင်း၊ အောင်မြင်ခြင်း၊ ကျရှုံးခြင်းရဲ့ တရားခံအကြောင်းမှန်က..ဘာလဲ..။

သူလည်းမဟုတ်၊ ငါလည်း မဟုတ်တဲ့ အကြောင်းတရားတွေရဲ့ ပေါင်းစုပြည့်စုံခြင်း_

မပြည့်စုံခြင်းရဲ့ ရလာဒ်တွေပဲ မဟုတ်ပါလား။

– ယခု သင်ဟာ လက်ညှိုးထိုးသူတစ်ယောက်ဖြစ်မယ်ဆိုရင် ဘာကို လက်ညှိုးထိုးနေ

တာလဲ။

သူတစ်ပါးကိုလား…..ကိုယ့်ကိုယ်ကိုလား….အကြောင်းတရားတွေကိုလား……..

(ဓမ္မသုတေသီ အရှင်ပညိန္ဒ_အတွေးနက်နက် အဖြေခက်တဲ့ အမေးများ)

 

အသိပေးချက်……

မနေ့ကတင်ခဲ့တဲ့ ပို့စ်တွေမှာ အခြေအနေအရ

“အခက်တကာ့ အခက်ဆုံး” ပို့ရယ်…ကွန်မင့်အချို့ ရယ်ကို အကောင့်တစ်ခုဖွင့်ပြီး

အသုံးပြုလိုက်ရပါတယ်။

အခုတော့ နားလည်ကျွမ်းကျင်သူကို မေးမြန်းပြီး မူလအကောင့်ကို ပြန်ရလိုက်တာကြောင့်

ဒုတိယဖွင့်ထားခဲ့တဲ့ အကောင့်ကို လုံးဝမသုံးတော့ပါကြောင်းနှင့်……

အက်မင်အဖွဲ့များမှလည်း ဒုတိယအကောင့်နဲ့ အသုံးပြုထားတဲ့ “အခက်တကာ့ အခက်ဆုံး”

ပို့စ်ကို ဖြုတ်ပေးစေလိုပါကြောင်း..အသိပေးအပ်တယ်။ (ဓမ္မသုတေသီ)

3 comments

  • Mobile

    December 12, 2012 at 9:55 am

    ယခုပို့စ်မှာ ပါတဲ့ စာသားများနှင့် အဓိပ္ပာယ်များကို
    နှစ်သက်မိကြောင်းပါ ဘုရား။
    တပည့်တော်သည် လူမိုက် ထဲမှာ ပါဝင်ပါသည် ဘုရား။

  • kai

    December 12, 2012 at 2:56 pm

    တပည့်တော်ကိုယ့်ကိုယ်ကိုယ် ပြန်သုံးသပ်ကြည့်သလောက်..
    တခါတလေလူမိုက်..
    တခါတလေ လူလိမ္မာ
    တခါတလေတော့.. လူပညာရှိလို့ .. အခြေအနေ..အချိန်အခါနဲ့..ပုံပြောင်းနေတယ်.. ထင်မိကြောင်းပါ.. ။ :harr:

    “အခက်တကာ့ အခက်ဆုံး” ပို့စ်ကို ဖြုတ်လိုက်ပါတယ်ဘုရား..

  • မောင်ပေ

    December 12, 2012 at 7:50 pm

    ဘုန်းဘုန်းရေ
    တိုက်တိုက်ဆိုင်ဆိုင်ကိုပါပဲဗျာ
    လက်ညှိုးအထိုးကောင်းလို ့
    စိတ်ပူပင်ဆင်းရဲခြင်းတွေ ့နေရပါတယ်ဘုရား

Leave a Reply