Happy Birthday Papaya

ဗုံဗုံDecember 12, 20121min30152

ခရစ်သက်နှစ်၊ နှစ်ထောင့်ဆယ့်နှစ်

အေးမြချမ်းစ၊ ဒီဇင်ဘာလသည်

ဂေဇက်ရွာသား၊ သဘောင်္သား ၏

မွေးလသည်လည်းဖြစ်ပေ၏

ထို့ကြောင့်သည်ပင်

ဂေဇက်ရွာတွင်း ၊မောင်နှမရင်းသို့

စိတ်ဝယ်မှတ်သား၊ ခံယူထားပါသောကြောင့်

မွေးနေ့မင်္ဂလာ၊ ရက်မြတ်မဟာတွင်

ဂေဇက်မိသားစု၊ ထပ်တူပြု၍

ဆုမွန်ကောင်းကို တောင်းပေးလိုသည်

မွေးနေ့ရက်မြတ်၊ တစ်ဆယ့်နှစ်ရက်မှသည်

နှောင်နှစ်ရှစ်ဆယ်၊ ပေါများကြွယ်၍

ကြံစည်တိုင်းအောင်၊ တောင့်တတိုင်းရ

ပျော်ရွင်သောဘဝ ကို ပိုင်ဆိုင်ပြီးလျှင်

ကြင်နာ နားလည်၊ ချစ်မျက်ချယ်နှင့်

ကပ္ပတိန်ရာထူး၊ ဂုဏ်အထူးကို

သားမောင် စည်သူ၊ ရအောင်ယူနိုင်ပါစေသော်

 

 

 

52 comments

  • ဗုံဗုံ

    December 12, 2012 at 11:54 am

    ကဲ ရွာသူရွာသားအပေါင်းတို့ရေ မွေးနေ့ရှင် ကရင်စည်မှ မွေးနေ့ ဘိန်းမုန့်လှီးရန်အတွက် ဓားမကြီးကိုင်ကာစောင့်မျှှော်၍ နေပါကြောင်း :harr:

  • မောင့်ကျက်သရေ ဂီ့

    December 12, 2012 at 11:57 am

    လက်စသပ်တော့ ကိုရင်စည်သွပ် နဲ့ သိပြီး ရွာထဲရောက်လာသူလေးကို…

    ဟက်ပီဘာ့သ်ဒေးပါ ကိုရင်စည်ရေ…
    ကျိတ်ကျိတ်ပြီးတောင်းတဲ့ ဆုတွေ ပြည့်ပါဇီတော်..

    ၁၂-၁၂-၁၂

    ခင်တဲ့
    ဂီ

    :harr:

  • kyeemite

    December 12, 2012 at 12:08 pm

    ဟက်ပီဘာ့သ်ဒေးပါ ကရင်စည်ရေ…

  • Mr. MarGa

    December 12, 2012 at 12:17 pm

    ဟတ်…………ဟတ်……….ဟတ်………………ဟတ်ချိုးးးးးးးးးးးးးးးး
    အဲလေ
    ပျော်ရွှင်သော မွေးနေ့ပါ လို့

    • ဗုံဗုံ

      December 12, 2012 at 2:19 pm

      ဟတ် ဟတ် ဟတ်ချိုး ကျေးဇူးပါလို့ :harr:

      • Mr. MarGa

        December 12, 2012 at 3:04 pm

        ဗုံဗုံ ရေ
        ဦးမာဃက ကာရန်လိုက်ပြီးပြောတာကွယ့်
        ဗုံဗုံက ဘာလို့ ချိုးနေတာလဲ နှာစေးနေသလား ဟင်င်င်င်င်င်

        • ဗုံဗုံ

          December 12, 2012 at 4:13 pm

          သိဘူးလေ ယောက်ခမဂျီးနဲ့ သံတူလိုက်တာလေ ဒီနှစ်စာမေးပွဲ အောင်အောင်ဖြေလို့ပြောလိုက်ပါ ယောက်ဂမဂျီးနော် :harr:

  • ဗုံဗုံ

    December 12, 2012 at 12:17 pm

    ဂီဂီလည်း ရှည်ပါစေတော် (အသက်)
    ကိုရင်စည်သွပ်နဲ့ မိဗုံက နှပ်ချေးတွဲလောင်း ဘဝထဲက သိတာ ဂီဂီရဲ့
    ငယ်ငယ်က ဆော့ရင်းနဲ့ မိဗုံက သူ့ခေါင်းကို ကွန်ပါဘူးနဲ့ ထုလိုက်တာ ဦးနှောက်ပျက်သွားရှာတယ်လေ သူ့မွေးနေ့တောင် သူမသိတော့ဘူး :harr:

  • Wow

    December 12, 2012 at 12:40 pm

    ဗုံဗုံကို မကြည်ဗျာရဲ့ ဘော်ဘော်ထင်နေတာ…
    ကဲ မွေးနေ့မှာ ရှည်ပါဇေတော် …. (အသက်) :kwi:

  • amatmin

    December 12, 2012 at 12:41 pm

    ကိုရင်ရေ..
    ပျော်ရွှင်စရာမွေးနေ့ဖြစ်ပီး ..
    နောင်နှစ်တွေမှာတော့ မွေးနေ့ပွဲကို ၂ကိုယ်တည်း ..
    ဆင်နွှဲနိုင်တဲ့ .ဘဝကို အမြန်ဆုံးရောက်ပါစေ ဗျာ.. 🙂

  • မဟာရာဇာ အံစာတုံး

    December 12, 2012 at 12:47 pm

    အိမ်းးးး
    ယနေ့မှစ နောက်များစွာတိုင်အောင်
    ကရင်စည်တစ်ယောက်
    မစွံသော လပျိုဂျီး အဖြစ်မှ ကျွတ်လွတ်ပါစေသောဝ် ……။

    • ဗုံဗုံ

      December 12, 2012 at 2:29 pm

      ဘဝတူတွေဆိုတော့ ကိုယ်ချင်းစာပြီး ဆုတောင်းပေးတယ်ပေါ့လေ 🙂

  • ကိုရင်စည်သူ

    December 12, 2012 at 1:02 pm

    ငယ်ငယ်ကတည်းက အိမ်ရှင်နဲ့ အိမ်ဖော်လုပ်တမ်းကစားခဲ့ကြတဲ့ ငယ်သူငယ်ချင်း ဗုံလေးနဲ့တကွ မွေးနေ့ဆုတောင်းပေးကြသော သူငယ်ချင်းများအားလုံးကျေဇူးပါဗျာ.. :gee:
    ဂျူတီချိန်တွေ အိုတီတွေ အရမ်းများနေလို့ ပို့စ်တောင် မရေးဖြစ်ပါဘူး… ညကျမှပဲ သင်္ဘောပေါ်က
    ရွှေတွေကို ခေါက်ဆွဲကြော်နဲ့ ဘီယာတိုက်ဖို့ ဆိုင်းပြင်းထားပါတယ်။ ရွာသူရွာသားများလဲ
    နတ်တော်လမှာ အပျော်တွေကြွကြပါစေခင်ဗျာ။

    • ဗုံဗုံ

      December 12, 2012 at 3:00 pm

      အမလေး ကရင်စည် အရင်နှစ်တုန်းကအ ကြွေးတွေလာပေးအုံးနော် ပေါက်စီမတို့ ကြွေရောင်မလေး တို့ အိသဒ္ဒါမိုး တို့ကို ကျွေးချင်လို့ဆိုပြီး ချေးသွားတဲ့ပိုက်ဆံ ပြန်လာဆပ်လှည့် ဒါဘဲ :gree:

  • ရဲစည်

    December 12, 2012 at 1:13 pm

    အူး၄ကရင်စည်၏ မွေ့နေ့မှာ ပျော်ရွှင်ပါစေ …..
    (ဘုန်း) ကြီးပါစေ ၊ (ကျန်း) မာပါစေ ၊ အသက် (ရှည်) ပါစေ …။
    အမြည်းမစားဘဲ ကြီးပွားပါစေ … သမီး၊သား ဇနီးကြင်ယာများ မြန်မြန်ရပါစေ။

    ရေထဲရောက်နေတယ် ဆိုတော့ အမေဒိကတိုက်ဘက် ရှောင်ဗျာ … ဥက္ကာခဲက အဲ့ဘက်နီးတယ်လို့ အာကာသပေါ် သတင်းတက်ယူနေတဲ့ စီဂျေကထူးဆန်းက လှမ်းပြောလေရဲ့ …. :harr:

  • Khaing Khaing

    December 12, 2012 at 1:37 pm

    ကိုရင်စည်လည်း ဒီဇင်ဘာ Born ပါလား …….

    မွေးနေ့မှာ ပျော်ရွှင်ကျန်းမာ အန္တရာယ်ကင်းပါစေ … ညကျရင်လည်း သိပ်မသောက်နဲ့ဦး … သောက်ပြီး ပေါက်ကွဲနေကြဦးမယ် … မွေးနေ့ဆုတောင်းတင်ပေးတဲ့ ဗုံဗုံလည်း ကျေးဇူးတင်ရှိကြောင်း ….

    • ကိုရင်စည်သူ

      December 12, 2012 at 3:01 pm

      ယောက်ခမကြီး လည်း အူးလေးပင်လယ်ပျော့နဲ့ မြန်မြန်ဆုံပြီး ကလေးလေးတွေ
      အများကြီး မွေးနိုင်ပါစေ။ :kwi: ညဘက်ကျရင်မသောက်ပါဘူး…။
      အချိုရည်သောက်ပြီးပဲ အိပ်မှာပါဂျာ..

      ကိုခင်ခရေ… အလေးအနက်ဆုတောင်းပေးလို့ တိုင်းကျူးပါနော့…
      လောကသစ္စာတရားကို အမြန်ဆုံးတွေ့နိုင်ပါစေနော့… 🙂

      • Khaing Khaing

        December 13, 2012 at 1:32 pm

        ဘုရား … ဘုရား အဲဒီဆုကြီးတော့ ပေးနဲ့လေ ကိုရင်ရယ် ….. ကိုရင်လိုပဲ စာမေးပွဲတွေ ဖြေရဦးမှာလေ … တော်ကြာသင်္ဘောတက်ကုန်းပတ်တိုက်လိုက် … အိမ်ပြန်ကလေးအနှီးတွေလျှော်လိုက် ဒီလိုသံသရာလည်ရေရင်မကောင်းဘူးလေ …..

  • ခင်ခ

    December 12, 2012 at 1:45 pm

    ပျော်ရွှင်သောမွေးနေ့ရက်မြတ်လေးဖြစ်ပါစေ ကိုရင်စည် ရေ—။
    နှောင်ရှောက်လှမ်းမယ့် ဘဝခရီးလမ်းလည်း ချော့မွေ့ခြင်း အောင်မြင်ခြင်းတွေနဲ့ပြည့်စုံပါစေလို့။

  • Shwe Ei

    December 12, 2012 at 2:02 pm

    ကိုရင်စည်တယောက် အမြန်ကျွတ်ပါဇီ ……….(လူဗျိုဂျီးဘွမှ) :mrgreen:

    • မောင့်ကျက်သရေ ဂီ့

      December 12, 2012 at 2:09 pm

      ကျက်သရေရှိလိုက်တာဗျာ ..
      ဝှီးချဲကြည်လည်း ဝှီးချဲ စီးနေရတဲ့ ဘဝကနေ အမြန်ဆုံး ကျွတ်ပါဇီ တော်..

      :kwi:

      • Shwe Ei

        December 12, 2012 at 2:47 pm

        ဝီးချဲဂီကို အရင်ကျွတ်စေချင်တာ ဂယ်ဒေါ့……..
        မက်စိနောက်လာဘီ……. :gee:

        • ဗုံဗုံ

          December 12, 2012 at 4:16 pm

          မမချွေအိ ဒီတစ်သက်တော့ ဝီးချဲဂီက ကမ်းမမြင် လမ်းမမြင် :hee:

  • MaMa

    December 12, 2012 at 2:06 pm

    သဘောင်္စည်ရဲ့မွေးနေ့ကို အစောပိုင်းတုုန်းကတော့ သတိရသား။
    နီးလာတော့ ဆုပေးပွဲပိုစ့်တင်ဖို့ စိုင်းပြင်းနေရတာနဲ့ သတိလက်လွတ်သွားတယ်။
    ဗုံသံပေး Happy birthday သီချင်းလေး ဆိုသွားတဲ့ ဗုံကလေးလည်း လိုအင်ဆန္ဒတွေ ပြည့်ပါစေ။
    သဘောင်္စည်လည်း မွေးနေ့ရက်မြတ်မှသည် ဘဝတစ်လျှောက်လုံး ….
    လိုအပ်သောဆု မြတ်သောဆုများနဲ့ ပြည့်စုံနိုင်ပါစေ။ :hee:

    • ဗုံဗုံ

      December 12, 2012 at 4:02 pm

      ဆုမွန်ကောင်းတွေ တောင်းပေးပါသော အန်တီမမသည်လည်း စိတ်၏ ချမ်းသာချင်း ကိုယ်၏ကျန်းမာခြင်းနှင့် ပြည့်စုံပါစေရှင် 🙂

  • နွယ်ပင်

    December 12, 2012 at 2:14 pm

    Happy Birthday ပါ ကိုရင်စည်သူရေ ….
    မွေးနေ့မှာ ပျော်ရွှင်နိုင်ပါစေနော် ….

  • Mobile

    December 12, 2012 at 2:16 pm

    ကိုရင်ဆီ မွေးနေ့မှာ ပျော်ရွင်ပါစေဗျာ။
    နာမည်လေးနဲ့လိုက်အောင် မွေးနေ့မှာ စည်ဘီယာလေးများတိုက်ပြီး
    မွေးနေ့ပွဲကျင်းပ လိုက်လို့ကတော့ . . . . . . . . .

  • ko ဝီစကီ

    December 12, 2012 at 2:29 pm

    ကိုရင်ရေ မွေးနေ့မှာပျော်ရွှင်ပါစေဗျာ။

  • Foreign Resident

    December 12, 2012 at 2:31 pm

    Happy Birthday ပါ ကိုရင်စည်သူရေ ။

    အင်း ၊ အမြန်ဆုံး Sea Time ပြည့် ၊
    ကျောင်းလခ အမြန်ဆုံး စုမိ ပြီး ၊
    အမြန်ဆုံး 2nd Mate ဖြစ်ပါစေကွယ် ။

    အဲ ၊ 2nd Mate အောင်ပြီးသွားရင်တော့ ၊ ဟဲ ဟဲ ၊
    ဂီဂီ ပြောနေကျ ၊ ကြိတ်ကြိတ်ပြီးတောင်းတဲ့ဆုတွေ ပြည့်ပါစေ ။ 😛

    • ကိုရင်စည်သူ

      December 12, 2012 at 3:07 pm

      အဘ ပေးတဲ့ ဆုကတော့ လောလောဆယ်အူးစည်
      အဖြစ်ချင်ဆုံး ဆန္ဒတစ်ခုပါဗျာ.. :mrgreen:
      လောလောဆယ်တော့ မွေးနေ့မှာ ရှယ်ကို ကုန်းပတ်ဆေးနေရပါတယ်ဂျာ.. ဟောဟဲ.. ဟဲ..
      အဘလည်း ကျန်းမာပျော်ရွှင်ပီး ရုပ်ပျိုစော်ကြည်ပီး တားတားလေးတွေ များကြီးရပါစေဗျာ.. 😳

  • Mon Kit

    December 12, 2012 at 2:53 pm

    ထူးခြားလှတဲ့ နေ့. ရက်. 12-12-12 မှာ မွေးနေ့ တစ်ထပ်တည်းကျသော ကိုရင်စည်သူရှင့်..
    ယနေ့ နေ့ထူးနေ့မြတ်ကစပြီး ထူးခြား ဆန်းပြားသော ကောင်းသော ကံများ ပွင့်လန်းနိုင်ပါစေလို့…
    :hee:

    • Mon Kit

      December 12, 2012 at 2:55 pm

      မွေးနေ့မှာ ပျော်ရွှင်ပါစေ ကိုရင်စည်သူ….

  • ဇမ္ဗူ့လောကပါလကြောင်ဝတုတ်

    December 12, 2012 at 3:05 pm

    အတူတူပျော်ခဲ့ဖူးသော အစ်ကိုကြီးကိုရင်စည်သူ၏ မွေးနေ့မှသည်…
    နောင်နှစ်ပေါင်းများစွာတိုင် ပျော်ရွှင်စေသောသူငယ်ချင်းများနှင့် နေထိုင်ကျက်စားရပါစေကြောင်း
    ဆုမွန်ကောင်းတောင်းအပ်ပါသည်ခင်ဗျား…

    ခင်မင်လျက်-
    ကြောင်ဝတုတ်

    • ကိုရင်စည်သူ

      December 12, 2012 at 3:16 pm

      အမငီး.. တားရဲ နုပျိုတဲ့ ဒီဘော်ဒီနဲ့ ဒီရုပ်ရည်ကိုများ.. တားကို အစ်ကိုကြီးတဲ့…
      ရက်ချက်ပါ့ အူးလေး ကြောင်ဝတုတ်ဂျာ။ :mrgreen:
      သယ်ရင်းတွေနဲ့ အတူတူသောက်ရင်း လေကန်ဝေဖန်ရတာ ကျနော့်အတွက် ဘဝတစ်ခုပါ။
      ဆုတောင်းပေးလို့ ကျေးကျေးပါနော့…။ အူးလေးကြောင်ဝတုတ်လဲ နောက်ဆုံးပေါ် ပန်းသီးနံပါတ်၆ကို
      အရင်ကိုင်နိုင်ပါစေ.. :kwi:

  • Novy

    December 12, 2012 at 3:08 pm

    မောင်ရင်စည်သူရေ.
    လိုတဲ့ဆုတွေမတောင်းပဲ ဖလန်းဖလန်းပြည့်ပါစေလို့

    ဓနုရာသီဖွား
    နိုဗွီ

  • surmi

    December 12, 2012 at 3:09 pm

    ကိုရင်စည်ရဲ ့ မွေးနေ ့မှ သက်ဆုံးတိုင်ပျော်ရွှင်ချမ်းမြေ ့ပါစေဗျာ

  • မိုချို

    December 12, 2012 at 3:32 pm

    မိုချို့ ချစ်ချစ်ကြီးနဲ့ မွေးနေ့ တူ တဲ့ မောင်လေး ကိုရင်စည် မွေး နေ့ မှသည် တောင့်တ သမျှ ပြည့် ဝ နိုင် ပါစေ။

  • အရီးခင်လတ်

    December 12, 2012 at 3:59 pm

    ပေါပေါ မောင်စည် လေးရေ
    (pawpaw /papaya တူတူဘဲ)

    မွေးနေ့ ရက်မှသည် ဘဝတစ်လျှောက်လုံး
    စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်း နဲ့ ပြည့်စုံပြီး လိုအပ်ရာ မြင့်မြတ်သော ဆန္ဒများ အလုံးစုံ ရရှိပါစေ။

    အမှတ်တရ မြှားသည်တော် The Archer zodiac sign လေး အရီး ရဲ့ Profile မှာကြည့်ပါ။
    မြှားနတ်မောင် လို့ မှတ်ပြီး မောင်စည် ရဲ့ အိမ်မက်ချစ်သူလေး နှလုံးသား ကို ပစ်ခွင်းပေးနိုင်ပါစေ။
    (ထိအောင်ပစ် ဖို့တော့ ဆုတောင်းလိုမယ်)

    The Archer(s)
    Optimistic and freedom-loving
    Jovial and good-humored
    Honest and straightforward
    Intellectual and philosophical

    ဆုမွန်ဖြင့်
    ချစ်တဲ့ အရီး :528:

    (ခွက်ဒစ် တူ ချစ်သော အရီးလတ်- မိုချို့ ဆီမှကူးသည်) 😉

    • ကိုရင်စည်သူ

      December 12, 2012 at 4:50 pm

      အန်တီခင်ရေ.. အဗေတာမှာ ရွှေရောင်မြှားသည်တော်ပုံလေးနဲ့
      အမှတ်တရ ဂုဏ်ပြုပေးလို့ ကျေးကျေးပါဗျာ။ မြှားသမားလေး
      အူးစည်ခမျာ ခုထိ အိပ်မက်ချစ်သူနဲ့တွေ့ရဖို့ မြှားသွေးနေတုန်းပါဘဲ။။
      အရီးတို့ မြှားပေးမှပဲ ဦးစည်ရဲ့ လူပျိုရီး ဘဝကျွတ်တော့ထင်ပါရဲ့ဗျာ.. :kwi:

      မကြီးမိုးချို ရဲ့ ကြင်ယာတော် အချစ်ကြီးက အူးစည်နဲ့ မွေးနေ့တူတော့ တော်တော်သဘောကောင်းပြီး
      ရုပ်ချောမယ်ထင်ပါရဲ့နော်… မြှားသမားတွေကို ရွေးတာမမှားပါဘူး.. ရွာသူလေးတို့ရယ်… ကွိကွိ.. :gee:

      • ခိုင်ဇာ

        December 12, 2012 at 6:16 pm

        ပျော်စရာမွေးနေ့ ဖြစ်ပါစေ ကိုုရင်စည်။. 🙂

  • ဦးဦးပါလေရာ

    December 12, 2012 at 6:04 pm

    မွေးနေ့မှာ ပျော်ရွှင်ပါစေ သင်္ဘောသားကြီးရေ….
    (အစက ငှက်ကြီး ဆိုတော့ လေယာဉ်မှုးများလားလို့ 😀 )
    အနုအရွလေးတွေလဲ ရေးဖွဲ့နိုင်ပါစေ
    အလှအပ လေးလဲ မြန်မြန်ရှာတွေ့နိုင်ပါစေ

  • ရွှေ ကြည်

    December 12, 2012 at 6:19 pm

    ဟူး မောလိုက်တာ ရေတိုက်ပါဗုံဗုံရေ ။
    မနက်ကတည်းကတွေ့တယ် ရုံးမှာမို့ ရွာထဲမဝင်ဖြစ်လိုက်ဘူးအခုမှအပြေးအလွှားလာရတာ
    စည်နဲ့ဗုံက သူငယ်ချင်းတွေကိုး :mrgreen:
    ကိုရင်စည်သူမေ့နေတဲ့ မွေးနေ့လေးကို သူငယ်ချင်းကောင်းပီသစွာအမှတ်တရ ပို့စ်တင်ပေးတယ်နော်
    ဗုံဗုံလေးက တော်လိုက်တာ 😆

    ကဲ လိုရင်းကိုမရောက်တော့ဘူး
    ကိုရင်စည်သူတယောက် ဒီနှစ်မှစ နောင်နှစ်ပေါင်းစွာ ကျန်းမာပျော်ရွှင်ပါစေ။
    အန္တရယ်ကင်းဘေးရှင်းပါစေ။

    • ဗုံဗုံ

      December 12, 2012 at 7:25 pm

      ကျေးကျေးပါ မမရွှေကြည်ရေ ကရင်စည်က သူကပေးစရာရှိတာဆို အကုန်မေ့ပါတယ် အကြွေးတွေလည်း တစ်ပြားမှ ပြန်မရလို့ စိတ်ညစ်ရပါတယ် အဲ့ဒါကြောင့်လည်း ဒီအရွယ်ကြီးထိ သူ့ခမျာ ရည်းစားဆိုလို့ မူးလို့တောင်မှ မှီစရာမရှိရှာပါဘူး ဦးနှောက်လေးကလည်း သိပ်မကောင်းရှာဘူးလေ ခွိ ခွိ :harr:

      • MaMa

        December 12, 2012 at 8:07 pm

        ရွှေကြည်ရေ-
        စည် နဲ့ ဗုံ ပါဆိုမှ သူငယ်ချင်းလား မေးနေရသေးတယ်။
        ဝါသနာပါရင် က လို့ ရတယ်။ 😆

  • မင်းနန္ဓာ

    December 12, 2012 at 6:45 pm

    121212 မွေးနေ့မှာ ပျော်ရွှင်ပါစေ ကိုရင်စည်သူ…. Happy Birthday.

  • မောင်ပေ

    December 12, 2012 at 6:49 pm

    သူလေးက နာကာတီလေးကိုး
    ကရင်စည် တစ်ယောက် မွေးနေ ့မှစပြီး သိပ်မကြာခင်မှာ သင်္ဘောကပ်ပတိန်ဖြစ်ရုံတင်မက
    သင်္ဘောပိုင်ရှင်ကြီးပါ အမြန်ဆုံးဖြစ်စေဗျား

  • ဗုံဗုံ

    December 12, 2012 at 7:33 pm

    ဦးပေ ဦးပေ လူမှားမယ် မိဗုံက နာတာကီ ဟုတ်ဘူးနော် ကရင်စည်ရဲ့ စိတ်ကူးယဉ် သပွတ်အူဇာတ်လမ်းထဲမှာ ဗုံဗုံပါဘူးရယ် ကရင်စည်က သိပ်ပြီးကျပ်ပြည့်တာမဟုတ်ဘူး တော်ကြာသဘောင်္ပေါ်ကနေ ဒိုင်ဗင်ထိုးပြီးဆင်းလာနေအုံးမယ်
    :harr: :harr:

  • ဦးကြောင်ကြီး

    December 13, 2012 at 10:21 am

    ပါပါးယား
    မာမားနား
    ညာထားပွား
    အာဘွားများ
    စာသားထွား
    ရွာအားကြွား..။

  • Moe Z

    December 13, 2012 at 10:58 am

    နောက်ကျသွားလို့ မွေးနေ့မှာပျော်ရွှင်ပါစေလို့ ပြောတော့ဘူးနော် ကိုရင်စည်သွပ်
    ဆန္ဒနဲ့ဘဝ ထပ်တူကျပါစေရှင့်..

  • thit min

    December 13, 2012 at 2:48 pm

    ဟတ်ပီးဘတ်ဒေးပါညီလေး ကိုစည်ရေ။
    နောက်ကျသွားတာ ခွင့်လွှတ်ပါ။
    ညီလေးရဲ့ မွေးနေ့ဟိုမှာဘက်ခြမ်းက ကျန်ခဲ့တဲ့အခက်အခဲတွေမှန်သမျှ
    ဒီမွေးနေ့ ဒီမှာဘက်ခြမ်းမှာတော့ ကင်းစင်ပပျောက်ပြီး လိုရာဘဝခရီးကိုပေါက်ပါစေညီလေးရေ။
    အမှန်တရားနဲ့ အတူနေထိုင်ရင်း တခါတရံအမှားများအတွက်လဲ ပြုပြင်ရင်း အောင်မြင်ပါစေလို့
    လေးနက်စွာဆုတောင်းပေးပါတယ် ညီရေ။

Leave a Reply