ထူးမယ့်ထူးတော့ အဲသည်လိုထူးသတဲ့လား (၁၂.၁၂.၁၂)

 

 

 

 

ဒီရက်မတိုင်ခင်ကတည်းက လူပြောတော့များနေတာ…

၁၂.၁၂.၂၀၁၂      တနည်းအားဖြင့်  ဝမ်းတူးဝမ်းတူးဝမ်းတူး…

တခုခုတော့ထူးမည်ဆိုတာ…

ကမ္ဘာပျက်မည်ဆိုရအောင်ကလဲ  အရိပ်အငွေ့တောင်မသန်း….

ဘေးဒုက္ခတွေလဲ မကြားရ….

မနက်ကတည်းက ထူးခြားသတင်းကိုတမျှော်မျှော်နဲ့ နေ့လည် တစ်နာရီထိုးလေသည်…။

အချိန်လဲ လွန်ပြီ၊ နေ့လည်စာလဲ စားပြီးပြီ ၊ သုံးလိပ်မြောက်စီးကရက်လဲသောက်ပြီးပြီ…

ကမ္ဘာလဲမပျက်၊ ငလျှင်လဲမလှုပ်၊ သွေးလဲမတိုး ၊ ခေါင်းလဲမကိုက်

ထရစ်ပယ်ဝမ်းတူးကြီးကို ကျော်ခဲ့ပြီအထင်……

ဖုံးမည်သံကြားလို့ ကောက်ကြည့်လိုက်တော့ ရဲဘော်ရဲဘက်မိတ်ဆွေကြီး…

ထူးခြားတဲ့နေ့မှာ ထူးထူးခြားခြား ဖုံးဆက်လေသည်မို့ ဝမ်းသာအားရကောက်အကိုင်…..

သတင်းထူးတခုကို ကောက်ကာငင်ကာပြောလာပါသည်…။

ညီငယ်လို ခင်မင်သူတယောက်  ကားအက်ဆီးဒင့်ဖြစ်သည့်သတင်း….

ညီဆိုပေမယ့်  ကိုယ့်သားအရွယ်လောက်ရှိတာပါ…

ကိုယ့်ဒူးကိုယ်ချွန် ကိုယ့်အားကိုယ်ကိုးပြီး ဘဝခရီးကိုလျှောက်လှမ်းနေသူကလေး…

မျက်စိထဲ ပြာကနဲဖြစ်သွားပြီး လက်ဆွဲအိတ်ကလေးကောက်ဆွဲကာ ဆေးရုံလိုက်ရတော့သည်..။

လမ်းမှာစဉ်းစားမိတာကတော့  ဘယ်ကားတိုက်သွားသလဲပဲ

တိုက်တဲ့သူရောမိရဲ့လား၊  မိလျှင်တော့ ဆေးဝါးကုသဖို့ တာဝန်ယူမှာထင်ပါတယ်…

သူဆေးကုပေးတယ်ထား…

ကိုယ်က အကောင်းတိုင်းတော့အလွယ်တကူ ပြန်ဖြစ်မည်မထင်…

နစ်နာကြေးလေး လျော်ကြေးလေးရအောင် တောင်းရမှာပဲ…

စသည်.. စသည်ပေါ့လေ…

ဆေးရုံရောက်သွားလို့ ပတ်တီးအဖွေးသားနဲ့တွေ့ရတော့ မျက်ရည်ဝိုင်းမိသည်

အဖြစ်ကိုကြားရတော့ ပိုလို့ရင်နာသည်…

ဘယ်ကားမှတိုက်တာမဟုတ်..

ကိုယ်စီးတဲ့ကားက အုတ်နံရံဝင်ဆောင့်ပြီးဖြစ်တာ…

ဒီတော့ ဘယ်သူမှ မလျော်  ၊ ဘယ်သူမှမကု..

ကိုယ့်ဘာသာကုရပေမည်….

(လက်လှမ်းမီရာမိတ်ဆွေတချို့ကတော့ ကူညီနိုင်သွားပါသည်။ ၎င်းမိတ်ဆွေများကို သူငယ်လေးကိုယ်စား အထူးကျေးဇူးတင်မိပါသည်)

လက်နဲ့လုပ်စားပါတယ်ဆိုမှ လက်နှစ်ချောင်းကျိုးသွားတဲ့ သူငယ်လေးကိုကြည့်ပြီး

ရင်ထဲဘယ်လိုမှမကောင်းနိုင်တော့….

 

အဲဒါပဲ….

ကားမောင်းတဲ့သူတွေရော ကားစီးတဲ့သူတွေရော

အခြား  အခြား  ကိစ္စများမှာရောပေါ့လေ….

ဘယ်သူမှားတယ်  ဘယ်သူမှန်တယ်  ရှောင်လွှဲနိုင်တယ်  မရှောင်လွှဲနိုင်ဘူး  ဆိုတာတွေကတော့

ရှိတာပေါ့လေ..

အဲဒါတွေက  ပြောစရာ ငြင်းစရာ ထောက်ခံစရာ ကန့်ကွက်စရာတွေပေါ့

တနည်းအားဖြင့်  လေပေါ  စရာတွေပေါ့

အဲဒါတွေအပြင်  အခြား  အဖြစ်မှန်တခုကတော့ရှိလေသည်။

အဲသည်အဖြစ်မှန်ကတော့ –

ဘယ်သူနစ်နာသွားတယ်

ဘယ်လောက်နစ်နာသွားတယ်

ဘယ်လိုကုစားဖို့လိုတယ်……  ဆိုတာပဲ

အဲဒါက ပိုပြီး လက်တွေ့ကျပါသည်…။

ရွာထဲက သမီးလေး ချာတူးလန်ရဲ့ စကားလေးကို ကိုးကားညွှန်းဆိုရင်း နိဂုံးချုပ်ပါရစေ….

 

သူတပါးကိုစိတ်ရောကိုယ်ပါမထိခိုက်အောင်နေပီး အသက်ရှင်ကြည့်ကြရအောင်

(ချာတူးလန်)

 

PS..  ကာယကံရှင်၏ဆန္ဒအရ  ကာယကံရှင်၏အမည်ကို မဖေါ်ပြနိုင်သေးပါကြောင်း…..။

 

ဘေးရန်ကင်းကြပါစေ…

ဦးဦးပါလေရာ

၁၂.၁၂.၂၀၁၂

 

 

 

41 comments

  • မိုး မင်းသား

    December 12, 2012 at 6:05 pm

    ဦးဦးပါလေရာရေ…………………..

    နာမည်လေးတော ့တစိတ်သိချင်သား…….

    စပ်စုတယ်လို ့မထင်ပါနဲ ့ခင်ဗျာ…….

    ၁၂.၁၂.၁၂….မို ့ပါနော်

    ချစ်ခြင်းမေတ္တာဖြင် ့

  • မောင့်ကျက်သရေ ဂီ့

    December 12, 2012 at 6:11 pm

    ကိုကမ်းလားဗျ. စိတ်ပူလို့ပါဗျိုး

  • Mobile

    December 12, 2012 at 6:22 pm

    သူတပါးကိုစိတ်ရောကိုယ်ပါမထိခိုက်အောင်နေပီး အသက်ရှင်ကြည့်ကြရအောင်
    ုတမီးလေး ချာတူးလန် ရဲ့စကားလေးက အမိုက်စားလေးပါလား ..
    ၁၂-၁၂-၁၂ မှာဒီထက်ထူးခြားတဲ့ သတင်းလေးများ ရှိမလားလို့ မျက်စိ ဒေါက်ထောက်ပြီး
    ရွာထဲမှာ ထိုင်၍စောင့်မျှော်နေပါကြောင်း . . (ကောင်းသော သတင်းဖြစ်ဖို့လဲ မျှော်လင့်မိပါ၏)
    အက်စီးဒန့် ဖြစ်သွားတာလား ဘာလားမသိတဲ့ ညီလေးတစ်ယောက်အတွက်တော့
    စိတ်မကောင်း ဖြစ်မိပါကြောင်း . . . . . . .

  • ကိုရင်စည်သူ

    December 12, 2012 at 6:24 pm

    ရွာထဲက ဘယ်ရွာသားလဲဗျာ.. ဦးလေးပါ။…
    စိတ်ပူလိုက်တာဗျာ…။ စာရေးတဲ့လက်တွေ
    မဆုံးရှူံးစေချင်ဘူးဗျာ… 🙁

  • အရီးခင်လတ်

    December 12, 2012 at 6:31 pm

    အသက်မထိခိုက်တာ တော်ပေသေးတယ် လို့ ဖြေလိုက်ကြစို့လား။
    လူအသက်ရှင်နေသ၍ ကြိုးစားဖို့ အခွင့်အလမ်းတွေ အများကြီးပါ။
    အာလျော့မသွားစေလိုပါဘူး လို့ အားပေးပေးပါ ကိုပါ ရှင့်။

  • padonmar

    December 12, 2012 at 7:32 pm

    ဦးပါရေ
    အဲဒီလိုကြီးနာမည်မပြောတော့ ဟိုလူလားဒီလူလားလို့ တွေးပြီး ပိုပူနေရမလားလို့။
    သိရရင် ကူညီချင်ကြတဲ့သူတွေချည်းပါပဲ။
    ကိုယ့်ထက်ပိုပြီး သူ့ကို ထိရောက်တဲ့ အကူအညီပေးနိုင်မယ့်သူတွေလည်း ရှိချင်ရှိမှာပါ။
    ဥပမာ ဆေးရုံပေါ်က ဂဇက်ရွာသူားဆရာဝန်တွေ။
    သူ့ကို ခွင့်တောင်းကြည့်ပါအုံး။

    ကဲ အက်ဆီးဒင့် မဖြစ်တဲ့သူတွေလည်း ဒီမှာ နေကောင်းကြောင်းသတင်းပို့သွားကြနော။

    သူငယ်လေးလည်း မြန်မြန်နေကောင်း ကျန်းမာပကတိရှိပါစေ။

    • Foreign Resident

      December 13, 2012 at 4:46 am

      ” ကဲ အက်ဆီးဒင့် မဖြစ်တဲ့သူတွေလည်း
      ဒီမှာ နေကောင်းကြောင်းသတင်းပို့သွားကြနော ”

      မ padonmar ။
      အက်ဆီးဒင့် ဖြစ်တာ အဘ တော့ မဟုတ်ဘူးကွဲ့ ။ 😛

      • Foreign Resident

        December 13, 2012 at 4:52 am

        နောက်မိတာ စိတ်မဆိုးကြပါနှင့်နော် ။
        ရွာသူားတစ်ယောက် ထိခိုက်တာကို
        အမှန်တကယ် စိတ်မကောင်းပါဘူး ။
        အဘ လည်း ရန်ကုန် ပြန်လာတော့မှာမို့ ။
        ရန်ကုန် ပြန်ရောက်မှပဲ ကိုယ်တိုင် ကိုယ်ကျ သွားတွေ့ပါ့မယ် ။

  • မောင်ပေ

    December 12, 2012 at 7:58 pm

    ကိုယ့်ရွာသူားချင်းချင်း ခင်မင်တဲ့စိတ်နဲ ့
    ကိုယ့်ရွာထဲကလူ မဟုတ်ပါစေနဲ ့လို ့
    မျှော်လင့်မိတယ်ဗျာ

  • MaMa

    December 12, 2012 at 8:09 pm

    ွှအဲသလို မထူးစေချင်ပါဘူး ဦးပါရယ်။
    မြင်ရတာ ပတ်တီးအဖွေးသားနဲ့လို့ ကြားရတာ စိတ်မကောင်းလိုက်တာ။ :byae:

  • ဗုံဗုံ

    December 12, 2012 at 8:10 pm

    စာဖတ်ပြီးတော့ မျက်ရည်တောင်လည်သွားတယ် ဦးပါ ကာယကံရှင်လည်း မြန်မြန်ပြန်ကောင်းပါစေ
    မြန်မြန်ကျန်းမာပါစေရှင်

  • ဦးဦးပါလေရာ

    December 12, 2012 at 10:01 pm

    အားလုံးကို စိတ်ပူစေမိတာ တောင်းပန်ပါတယ်ဗျို့ …
    တကယ်တော့ ကျုပ်ရင်ထဲ မကောင်းလွန်းလို့
    မနေနိုင်တာနဲ့ (တကယ့်ကို မနေနိုင်တာ ၊ အောင့်နေကြည့်သေးတယ်)
    စည်းဖေါက်စည်းကျော်ပြီး ဒီပိုစ့်လေးကို တင်တာပါ..။

    ကာယကံရှင်က လောလောဆယ် လူတွေ ဧည့်သည်တွေကို မတွေ့ချင်လို့
    ရွာထဲမှာလဲ မပြောစေချင်လို့ (ဒါတော့ဘယ်ရမလဲ ၊ ကောင်းသွားမှလာသတ်ချင်သတ်၊ အချိန်တန်ရင်တော့ပြောမှာ..)
    ဘယ်သူ့ကိုမှမပြောဖို့ ပိတ်ထားပါတယ်။

    လောလောဆယ်လဲ သူ့မိတ်ဆွေတွေသူ့ကို သွားမတွေ့သင့်သေးပါဘူး…
    အချိန်ကျလာတဲ့အခါ ကျုပ်ပြောပါမယ်…

    လောလောဆယ်ပြောနိုင်တာက
    ရွာသား … ဟုတ်ပါတယ်..
    အသက်အန္တရယ်မစိုးရိမ်ရပါ…
    လောလောဆယ်အဆင်ပြေပါတယ်..
    ဧည့်သည်တွေ့ဖို့ အဆင်ပြေတဲ့အခါ အသိပေးပါမယ်…
    အကူအညီလိုရင် ဘယ်သူဘယ်လောက်တားတား ကျုပ်ပြောပါမယ် … ဆိုတဲ့ အကြောင်း…
    လေးစားစွာ အသိပေးအပ်ပါတယ်…….

  • blackchaw

    December 13, 2012 at 3:56 am

    စိတ်မပူကြပါနဲ့ ခင်ဗျာ…။
    အက်စီးဒင့် ဖြစ်တာက တနင်္ဂနွေ နေ့ ညကတည်းက ဖြစ်ခဲ့တာပါ…။
    ဆိုတော့…
    ကျွန်တော်တို့ သိရတာက မနေ့က ဗုဒ္ဓဟူးနေ့မှ သိရတာပါ…။
    ကာယကံရှင်ကိုယ်တိုင်ရဲ့ ဆန္ဒအရ ရွာထဲမှာ လုံးဝ ပြန်မပြောဖို့…
    ကတိတောင်းထားတဲ့အတွက် မပြောတာပါဗျာ…။
    အဲဒီအတွက်…
    နားလည်ပေးနိုင်ကြလိမ့်မယ်လို့ လည်း မျှော်လင့်ပါကြောင်း…။
    လေးစားခင်မင်တဲ့…
    ဘလက်ချော…။

  • kyeemite

    December 13, 2012 at 8:42 am

    ဘာပြောရမှန်းတောင်မသိဘူးဦးပါရေ…ဦးပါပြောသလိုပဲ..
    “လက်နဲ့လုပ်စားပါတယ်ဆိုမှ လက်နှစ်ချောင်းကျိုးသွားတဲ့ သူငယ်လေးကိုကြည့်ပြီး”
    စိတ်မကောင်းပါဘူးဗျာ…
    ရွာသူားတို့အားလုံး ဘေးရန်ကြောင့်ကျကင်း၍ ကိုယ်စိတ်နှစ်ဖြာ
    ကျန်းမာချမ်းသာကြပါစေ….

  • kyeemite

    December 13, 2012 at 8:43 am

    ဒီပို့စ်မှာ ကွန်မင့်ဝင်ရေးနေသ၍ ကောင်းနေသူတွေလို့မှတ်ရမှာပေါ့..
    အထူးသဖြင့် လူငယ်များအတွက်စိတ်ပူမိပါသည်။ :byae:

  • Novy

    December 13, 2012 at 9:38 am

    လေးပါ..
    အမောင်လုလင်များလားကွယ် (မဟုတ်ရင် စိတ်မဆိုးနဲ့နော်)
    ဘယ်သူပဲဖြစ်ဖြစ် အမြန်ဆုံး နေကောင်းပါစေလို့
    ဆုတောင်းပေးပါတယ်ရှင်

    • Mလုလင်

      December 13, 2012 at 2:07 pm

      သတိရ တဲ့အတွက် ကျေးကျေးပါဗျို ့ … စိတ်လဲ မဆိုးပါဘူးဗျာ ..ဒီလို ပဲ .. “ဂွေ” လေးကိုင် မှ ထမင်းနပ်မှန် တာမို့လား …….. အစစအရာရာ သတိထားနိုင်ပါမှ တန်ကာ ကျတာဗျို ့ ……Light Truck ဆိုလု့ိ .. အဲကားမျိုးကလဲ .. ရှေ ့မှာ သံပြား တစ်ချပ် နဲ့ မှန် ရယ် ပဲ ရှိတဲ့အမျိုး ……. 🙁

  • Ma Ei

    December 13, 2012 at 9:52 am

    စိတ်မကောင်းဖြစ်ရပါတယ်…
    ရွာထဲမယ် ကိုယ်တိုင် ကားမောင်းကြတဲ့သူတွေအတွက်လဲ
    သတိထားပါလို့ သတိပေးလိုက်သလိုပါဘဲ….
    အဲ့သလိုထူးတာတော့ မထူးရင်လဲနေပါစေ…
    မထူးစေချင်တော့ပါဘူး ဦးပါရေ…

  • Mon Kit

    December 13, 2012 at 10:02 am

    မည်သူ မည်ဝါ မှန်းမသိရပေမဲ့ အမြန်ဆုံး ကျမ်းမာရေး ကောင်းမွန်လာပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်ရှင့်..

  • Moe Z

    December 13, 2012 at 10:30 am

    စိတ်မကောင်းလိုက်တာ ဦးဦးပါရယ်
    ကာယကံရှင်ကမသိစေချင်ရင် မမေးတော့ပါဘူး
    အသက်အန္တရာယ်မစိုးရိမ်ရဘူးဆိုတာနဲ့ပဲ တော်ပါသေးရဲ့
    အမြန်ဆုံးပြန်လည်ကျန်းမာပါစေရှင် ..

  • ဇမ္ဗူ့လောကပါလကြောင်ဝတုတ်

    December 13, 2012 at 10:59 am

    ဖက်တီးကက်၊ သူရဇော်၊ အမတ်မင်း၊ အာဂ၊ နွယ်ပင်၊ ချာတူးလန်၊ ရွှေတိုက်စိုး၊ Mလုလင်၊ ရွှေအိ၊ အိတုန်း၊ AKKO အားလုံး အကောင်းအတိုင်းရှိကြောင်းပါ….

    ခင်မင်လျက်-
    ကြောင်ဝတုတ်

    • မင်းနန္ဓာ

      December 13, 2012 at 11:11 am

      တန်တော့ တန်တော့…
      စာရင်းကို အခေါက်ခေါက်ဖတ်ပြီးပြီ
      ကဗျာဆရာများလားဗျာ…

      • မောင့်ကျက်သရေ ဂီ့

        December 13, 2012 at 11:19 am

        စာရေးဆြာ အင်္ဂါနေ့အထိ အွန်လိုင်းမှာတွေ့တယ်ဗျို့ …
        ကျုပ်အစက သူလို့ ထင်ထားတာ .. ဘဘဘလက် ကွန်းမန့်ဖတ်မှ
        ဆန်းဒေးကဖြစ်တာဆိုတော့ သူမဟုတ်…

        အင်း … ကာယကံရှင်ကလည်း မသိစေချင်
        ဘယ်သူကမှလည်း မဖော်ထုတ်…

        ငါဟုတ်ဖူး သူဟုတ်ဖူးနဲ့ ဝိုင်း ကလိမ်း လုပ်ကြရင်းနဲ့ ..
        ဘယ်သူတုန်း မှန်းလို့ရနေပါပြီဗျာ …
        စိတ်မကောင်းဘူး မိတ်ဆွေကြီးရေ့
        အမြန်နေပြန်ကောင်းပါစေဗျာ…

        :byae:

    • ခင်ခ

      December 13, 2012 at 12:01 pm

      ဟုတ်ကဲ့ ကို ဇမ္ဗူ့လောကပါလကြောင်ဝတုတ် ရေးပြတဲ့သူတွေကလွဲပြီး ကျန်တဲ့သူကိုမှန်းကာ စိတ်ပူလိုက် တော့မယ်။ ကျန်းမာပကတိ အမြန်ဖြစ်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်ဗျာ။

    • ဘဲဥ

      December 13, 2012 at 1:13 pm

      ဟိုကောင်မ ပုလင်းလေးရမ်းတမ်းရမ်းတမ်းနဲ့သူ များလား ❓
      ဘယ်သူပဲဖြစ်ဖြစ် စိတ်မကောင်းဖြစ်ရပါကြောင်း တတ်နိုင်သလောက် ကူညီပေးချင်ပါတယ်။

  • မဟာရာဇာ အံစာတုံး

    December 13, 2012 at 11:38 am

    ဦးပါရေ ..

    ကျနော်ကလည်း အမြန်ဆုံး ပြန်လည်ပြီး
    ကျန်းမာ၊ ချမ်းသာ လာစေဖို့ အကြောင်း
    ဆုတောင်းပေးပါတယ်ဗျာ …
    စိတ်ထဲတော့ တကယ်ပဲ မကောင်းဘူးဗျာ …
    ခုရော အခြေအနေ ဘယ်လိုရှိလဲ မသိဘူး …

  • Wow

    December 13, 2012 at 12:00 pm

    လက်ကပြန်ကောင်းလာမှာ မလားဟင်?
    စိတ်မကောင်းပါဘူး ဆောင်းတွင်းကြီး ခလုတ်လေးတိုက်မိရင်တောင် တော်တော်နာတာ… :buu:

  • eainsoemay

    December 13, 2012 at 2:03 pm

    မြန်မြန်နေကောင်းပါစေလို့ ဆုတောင်းပေးပါတယ်ကွယ်

  • မောင့်ကျက်သရေ ဂီ့

    December 13, 2012 at 2:06 pm

    ကျန်းမာရေးအာမခံ
    ထိခိုက်မှုအာမခံ
    ဝင်ငွေအခွန် လူမှုထောက်ပံ့ရေးအာမခံ

    အဲ့ဒါတွေ ဖွံ့ဖြိုးလာဖို့ တော်တော်ကြီးအရေးတကြီးလိုနေကြောင်း
    မီးမောင်းထိုးပြလိုက်တဲ့ ဖြစ်ရပ်ပါပဲဗျို့….

    စိတ်မကောင်းဘူး ထပ်ပြောခဲ့ပါရစေဗျာ…

  • Mr. MarGa

    December 13, 2012 at 2:20 pm

    ဦးမာဃလဲ အမြန်ပြန်နေကောင်းပါစေလို့ ဆုတောင်းမေတ္တာ ပို့သ နေပါကြောင်းးးးးးးးးးး

  • kyeemite

    December 13, 2012 at 2:30 pm

    Wow says:
    လက်ကပြန်ကောင်းလာမှာ မလားဟင်?
    ပြန်ကောင်းလာမှာ သေချာပါတယ်..အချိန်တော့ပေးရမှာပေါ့..

  • Shwe Tike Soe

    December 13, 2012 at 2:43 pm

    လက်ကြိုးသွားတဲ့ ကျွန်တော့်သူငယ်ချင်းအတွက်.. ဒီစာကို လက်နဲ.မရေးပဲ… ရင်နင့်စွာရေးလိုက်ပါတယ်ဗျာ..
    ဘယ်နှယ့်များကြောင့် ငါ့သူငယ်ချင်းကိုမှ ဖြစ်ရတယ်လို. ကံကြမ္မာရယ်…
    အဲဒီ လက်နှစ်ဖက်က လူသတ်နေတဲ့ လက်လဲမဟုတ်..
    သူတပါးစီးပွားရေ ထိခိုက်အောင် လုပ်နေတဲ့ လက်လဲမဟုတ်..
    ကိုယ်ဒူးကိုယ်ချွန် အားကိုးရာမဲ့ ရုန်းကန်တက်လှမ်းနေတဲ့ လူငယ်လေးရဲ. ရိုးသားကြိုးစားတဲ့ လက်ပါဗျာ…

    စိတ်မကောင်းစွာ ပကတိပြန်လည်ကောင်းမွန်ပါစေကြောင်း ဆုတောင်းလိုက်ပါတယ်…

  • အလင်းဆက်

    December 13, 2012 at 8:08 pm

    အင်း………………………………………………………………………………………………………………………………………………………………………………………………………………………………………

  • မိုက်ကယ်ဂျော်နီအောင်ပု

    December 13, 2012 at 10:35 pm

    ( ဘယ်ကားတိုက်သွားသလဲပဲ တိုက်တဲ့သူရောမိရဲ့လား၊ မိလျှင်တော့ ဆေးဝါးကုသဖို့ တာဝန်ယူမှာထင်ပါတယ်
    သူဆေးကုပေးတယ်ထား… ကိုယ်က အကောင်းတိုင်းတော့အလွယ်တကူ ပြန်ဖြစ်မည်မထင်…
    နစ်နာကြေးလေး လျော်ကြေးလေးရအောင် တောင်းရမှာပဲ…စသည်.. စသည်ပေါ့လေ…
    ဆေးရုံရောက်သွားလို့ ပတ်တီးအဖွေးသားနဲ့တွေ့ရတော့ မျက်ရည်ဝိုင်းမိသည်
    အဖြစ်ကိုကြားရတော့ ပိုလို့ရင်နာသည်…ဘယ်ကားမှတိုက်တာမဟုတ်.. ကိုယ်စီးတဲ့ကားက
    အုတ်နံရံဝင်ဆောင့်ပြီးဖြစ်တာ…ဒီတော့ ဘယ်သူမှ မလျော် ၊ ဘယ်သူမှမကု..ကိုယ့်ဘာသာကုရပေမည် )
    …………
    ကျုပ်ကတော့ အုပ်နံရံလွန်တယ်ထင်တာဘဲ
    ဘဲ့နဲ့ဗျာ ကားဒဇီးလုံး လာတာကို သူဖယ်ပေးသင့်တာပေါ့ :mrgreen:

    • MaMa

      December 14, 2012 at 8:26 pm

      ဒီပိုစ့်ထဲက ရေးသမျှ ကွန်မန့်တွေထဲမှာ ဘကြီးပုကွန်မန့် အကောင်းဆုံးပဲ။ 😆

  • ဦးဦးပါလေရာ

    December 13, 2012 at 10:45 pm

    ဒီပိုစ့်လေးရေးဖြစ်တာက
    ဒီအဖြစ်အပျက်ကို အသိပေးလို လို့ မဟုတ်ပါဘူး……
    လူတယောက်ရဲ့အမှားအယွင်းတစ်ခုဟာ
    အခြားတယောက်အပေါ် မထင်မှတ်နိုင်လောက်အောင် နစ်နာသွားစေတတ်တာမို့
    ကိုယ့်ကြောင့် ကိုယ်ရောသူပါ သတိပြုနေထိုင်သွားလာကြစေလိုရင်းပါ……

    ဒါပေမယ့် ဒီရွာသားတွေက အကြားအမြင်တဝက်လောက်ရနေတော့
    ထိခိုက်သွားတဲ့ ရွာသားလေးအကြောင်း ပြောသလိုဖြစ်သွားတယ်…

    စိတ်မပူကြပါနဲ့
    ဘာမှမဖြစ်ပါဘူး…..
    ဂဇက်ရွာသားဆိုတာ ဒီလောက်လောကဓံလောက်တော့….
    အေး…. ဆေး….

  • မိုချို

    December 14, 2012 at 1:59 pm

    အသက် အန္တရာယ် မစိုးရိမ်ရတာတော်သေးပါတယ်။ အဆိုးကြုံ လာရင် အဆိုးထဲက အကောင်း ကို ရှာကြံပြီးတွေးကြည့် မှ သက်သာရာရပါတယ်။
    ဘယ်သူလဲမသိပေမယ့် ရွာသူားတွေအားလုံးကိုခင်မင်နေမိတာမို့ အမြန်ဆုံး နေကောင်း လာဖို့ ဆုတောင်းပေး ပါတယ်။

  • Green Rose

    December 14, 2012 at 2:31 pm

    I am really sorry to hear that.

    Wishing for the best

    (Green Rose)

  • သီဟသူရချာလတာအာပေတူး

    December 14, 2012 at 4:18 pm

    ဘယ်ဆေးရုံလဲဦးပါ…. ၅-၆ ပဲလား
    ————–
    08/12/2012 ည 7:00 လောက်က ကမာ္ဘအေးဘုရားလမ်းပေါ်အရှိန်ပြင်းပြင်းနဲ့ မူးပီးမောင်းလာတဲ့ ဆန်နီဆူပါဆလွန်းကားတစ်စီးက ဘီးတာယာတွေကွဲ အရှိန်ပျက်ပီး ပလက်ဖောင်းပေါ်လျှောက်နေတဲ့ လူ၄ယောက်ကိုတိုက်သွားတာ အိုက်ထဲမှာ မိန်းကလေးတစ်ယောက်က ဦးနှောက်နဲ့အာရုံကြောအရေးပေါ်ကိုရောက်တယ် နောက်ယောက်ျားလေးတစ်ယောက်က ညာခြေကျိုးပီး ဘယ်ခြေကျင်းဝတ်ကြေသွားတယ် … ကြေသွားတဲ့ခြေထောက်က မဖြတ်ရရုံတမယ်မို့……. အကောင်းတိုင်းပြန်မဖြစ်တော့ပါဘူးကွယ်………..
    အဲ့ဒီ ကောင်လေးက ကျနော့်ညီလေးပါ…..
    ဝေယံထွန်း၊ ရန်ကုန်ဆေးရုံကြီး၊ အဆောင် ၅ – ၆၊ VC.9
    —————————-
    ဟိုဘက်မှာမန့်ထားတာကို ပြန်ယူလာတာ
    နက်ဖြန်တောင် ဆေးရုံစောင့်ရအုံးမယ်…………………..

  • padonmar

    December 15, 2012 at 2:12 am

    ဒီညနေတော့ အော်မေ့ဂိုဏ်းချုပ်နဲ့ သတ်ပုံဂိုဏ်းချုပ် ဦးပါကို ခြိမ်းခြောက်မေးပြီး ဆေးရုံပေါ်လိုက်ပြခိုင်းလိုက်ပါတယ်။
    တကလဲတော်၊
    ကျမ အိမ်သာဆေးတာရေးလို့ သူလည်း အမြဲအိမ်သာဆေးမယ်လို့ တဗျစ်ဗျစ်ပါပြတဲ့ကလေး၊လူကြီးတွေလိုအပ်မယ်ထင်တဲ့ နည်းပညာပိုင်းတွေကို မောင်အံနဲ့ အတူ အလိုက်တသိ ကြိုလုပ်ပေးတတ်တဲ့ကလေး၊တစ်ရွာလုံးရဲ့ အချစ်တော်လေး(ပို့စ်တိုင်းကို သူအားပေးနေကျ)ကို ကျမတို့ ဘယ်လို မသိခြင်ထောင်ထောင်နေနိုင်ပါ့မလဲ။
    သူကကျုပ်တို့ကို စိမ်းစိမ်းကားကား မသိစေချင်ဘူးလေးဘာလေးနဲ့၊
    အညိုအမဲမစွဲတဲ့ ဖက်က ဂျိုစောင်းကို ခေါက်ခဲ့လိုက်ပါသေးတယ်။
    (အားလုံး အလုပ်ရှုပ်ကုန်မှာစိုးလို့ပါတဲ့)
    ထုံဆေးနဲ့ ခွဲစိတ်ပြီး ကျိုးသွားတဲ့ ညာလက် လက်မောင်းရိုးကို စတီးချောင်းထည့်ထားရပါတယ်။
    ဘယ်လက်က လက်ဖဝါးရိုးလေးတွေကိုလည်း ကျောက်ပတ်တီးစည်းထားရပါတယ်။
    အဲဒါတော့ အရည်ပျော်နေတဲ့ကျမ ဘယ်အရိုးကျိုးလဲ မပြောပြတတ်တော့ဘူး။
    ကျောက်ပတ်တီး မဖြည်ခင်လည်း လက်ချောင်းလေးတွေ လေ့ကျင့်ခန်းလုပ်နေဖို့တော့ မှာခဲ့ပါတယ်။
    Dr.AKKOလည်း လာကြည့်ပေးသွားတယ်လို့ပြောပါတယ်။
    သူအလွယ်တကူစားနိုင်ဖို့ ခေါက်ဆွဲဘူးလိုမျိုး အသင့်စားလေးတွေဝယ်သွားပေးလိုက်ပါတယ်။
    သူ့အကြိုက် ဘီဘီလေးတော့ မပါဘူးပေါ့။
    သူ့ရဲဇားလေး(သူ့အခေါ် လေဒီစိတ်ပုတ်)လေးကတော်ရှာပါတယ်။ထမင်းချက်ပို့ နေ့ဖက်လည်း အလုပ်ကခွင့်ယူပြီး လာစောင့်ပေးရှာပါတယ်။
    သူစိတ်အဆာပြေဖတ်ဖို့ သူကြီးရဲ့ သတင်းစာကလည်း ဒီနေ့ပဲရတော့ သူ့လက်ထဲတစ်စောင်ထည့်ပေးခဲ့ပါတယ်။
    ဝမ်းသာအားရနဲ့ ကျနော်ဖတ်ချင်နေတာလို့ပြောရှာပါတယ်။
    သူကြီးက အားပေးတယ်လို့မှာတဲ့ အကြောင်းပြောပြခဲ့ပါတယ်။
    အသက်အန္တရာယ်နဲ့ နောင် မသန်မစွမ်းဖြစ်မှာ မပူရ(ပြန်ကောင်းမှာသေချာ)ပေမယ့် အချိန်တော့ယူရပါမယ်။
    အန်တီကတော့ ရွာထဲ ပြန်ပြောမှာပဲလို့ ခွင့်တောင်းခဲ့ပါတယ်။
    ဆေးရုံကြီး ၅-၆ ကုတင်နံပါတ် ၂ဝပါ။
    သူငယ်ချင်းများ ကြုံကြိုက်ရင် သွားအားပေးနိုင်ပါပြီ။
    ရွာထဲမှာ အခြားဆရာဝန်ဆရာမများရှိရင်လည်း ကူညီပေးကြဖို့ မေတ္တာရပ်ခံပါတယ်။
    ………………
    ချာတူးရဲ့ ညီလေးအကြောင်းကတော့ ညရောက်မှသိရလို့ မကြည့်ခဲ့နိုင်တာတောင်းပန်ပါတယ်။
    တစ်ဝဒ်ထဲဆိုတော့ အပြန်အလှန်အားပေးကြရတာပေါ့။ဂဇက်မိသားစုတွေ ရေစက်ကလည်းမြင်းကောင်ရေအတော်ကြီးပါ့။

  • Foreign Resident

    December 15, 2012 at 2:29 pm

    စက်ရပ် သတင်းကောင်း

    ယနေ့ မနက် ဖုန်းသတင်း အရ …
    ကား အက်ဆီးဒန့်ဖြစ်သော ရွာသားမှာ အဆင်ပြေချောမွေ့ စွာဖြင့်
    ဆေးရုံမှ ဆင်းခွင့်ပေး၍ ဆင်းသွားပြီ ဖြစ်ကြောင်း…
    အိမ်တွင် အနားယူ၍ ပြင်ပလူနာအဖြစ် ဆက်ကုရမည်ဖြစ်ကြောင်း
    သတင်းကောင်း ပါးအပ်ပါသည်။

Leave a Reply