အဘဖေါ ရဲ့ ဥရောပသွား ပေါ်တာ တောလား ( ၁ဝ ) ( D – 14 & 15 – BARCELONA – CANNES )

Foreign ResidentDecember 12, 201220min14638

အဘဖေါ ရဲ့ ဥရောပသွား

ပေါ်တာ တောလား ( ၁ဝ )

( D – 14 & 15
BARCELONA – CANNES )

 

စက်တင်ဘာ ၂၄ ရက်နေ့ ။

 

ဒီနေ့ မနက် မှာတော့ ၊

ဘာဆီလိုနာ မြို့ကနေ ၊

ထွက်လာခဲ့ကြပါတယ် ။

 

စပိန် ကနေ အီတလီ ဖက်ကို ၊

ထွက်ခဲ့ကြတာ မှန်ပေမယ့် ၊

စပိန် နှင့် အီတလီ ကြားမှာ ၊

ပြင်သစ်မြေကို ထပ်ဖြတ်ရပါမယ် ။

 

ဒီတစ်ခါ ဖြတ်မယ့် မြို့ကတော့ ၊

နာမည်ကြီး ရုပ်ရှင် မြို့တော် ၊

ကိန်းစ် ( Cannes ) မြို့ပါပဲ ။

 

Catalan Village ဆိုတဲ့ ရွာငယ်လေးမှာ
စပိန် နှင့် ပြင်သစ် ကြား လမ်းခရီး မြင်ကွင်းတွေ ။
သူတို့ဆီက ဓါတ်ဆီဈေးလေးတွေ ၊ ဈေးကြီးတယ်လို့ ပြောရမယ် ထင်တယ် ။
သူတို့ဆီက လမ်းညွှန် ဆိုင်းဘုတ်တွေ ၊ ဘာရေးထားမှန်းတော့ မသိ ။

 

 

ကိန်းစ် မြို့ အကြောင်း မပြောခင်မှာ ရွာသူားတွေ ဗဟုသုတ ရဖို့ တစ်ခုပြောပြချင်ပါတယ် ။

စပိန် နိုင်ငံ မက်ဒရစ် မြို့က Plaza de Espana ရင်ပြင် မှာဖြစ်ခဲ့တာပါ ။

 

နာမည်ရှိ Tour Company တွေ ရဲ့ Package Tour ခရီးစဉ်တွေဟာ ဈေးပိုကြီးသော်ငြားလည်း ၊

သူတို့ရဲ့ အကြီးဆုံး အားသာချက်ကတော့ ၊ သူတို့ရဲ့ ကြီးမားလှတဲ့ အတွေ့အကြုံ နှင့် ၊

သူတို့ရဲ့ Customers ( Tourists ) တွေကို အကာအကွယ် ပေးမှုပါပဲ ။

 

အဘ တို့ စပိန် နိုင်ငံကို စဝင်လာကတည်းက အဘတို့ရဲ့ Tour Director ဟာ ၊

အဘ တို့ကို အန္တရာယ်ရှိ ဒုက္ခပေးမယ့် အချက် အလက်တွေကို ကြို သတိပေးထားပါတယ် ။

ဟိုတယ်က ထွက်တာနှင့် ခပ်လှမ်းလှမ်းမှာ ၊

ရဲ ဝန်ထမ်းကဒ် အတုပြပြီး Tourist ရဲ့ Identity ( Passport ) ကို တောင်းကြည့်ပါမယ် ။

များသောအားဖြင့် Tourist တွေဟာ သူတို့ရဲ့ Passport ကို ၊

သူတို့ရဲ့ ဟိုတယ်ခန်းထဲထဲက အာမခံ သေတ္တာ Safe ထဲမှာ ချန်ထားတတ်ပါတယ် ။

အဲဒီ အကြောင်းကို ပြောလိုက်ရင် သူတို့က ရပါတယ်လို့ပြောပြီး ၊

Tourist ရဲ့ နာမည်ပါတဲ့ Identity နောက်တစ်ခုပြပါ ဆိုပြီး ၊

နောက်ဆုံး Tourist ရဲ့ Credit Card ကိုတောင်းကြည့်ပါတယ် ။

 

Credit Card ရဲ့ အရှေ့ဖက်က Account Nr ၁၆ လုံးက သိပ် အရေးမပါပေမယ့် ၊

Credit Card အနောက်ဖက်ကို ဖြတ်ခနဲလှန်ပြီး

Credit Card ရဲ့ လျှို့ဝှက် နံပါတ် ၃ လုံး ကိုပါမှတ်သွားတာပါ ။

သူတို့ဟာ လေ့ကျင့်ထားတဲ့သူတွေဖြစ်တဲ့အတွက်

ရှေ့ ၁၆ လုံး နှင့် နောက် ၃ လုံး ကိုပါမှတ်နိုင်ပါတယ် ။

 

အဲဒီ ဂဏန်း ၁၉ လုံးကို ရသွားပြီ ဆိုရင်တော့ ၊ နောက် နာရီဝက် အတွင်းမှာ ၊

သင့်ရဲ့ Credit Card ထဲက ဒေါ်လာတွေ ထောင်ချီပြီးတော့ အခိုးခံရပါပြီ ။

 

သူတို့ သိပါတယ် ဥရောပ ကို လာတဲ့ Tourist တွေရဲ့ Credit Card ထဲမှာ ၊

ဒေါ်လာ ထောင်သောင်း ချီပြီး ရှိနေလေ့ ရှိတယ် ၊

နောက်ပြီး အသုံး Withdrawal Limit ကိုလည်း မြှင့်ထားတယ် ဆိုတာပါ ။

( အဲဒီ Credit / Debit Card အကြောင်းကိုတော့ နောက် Post မှပဲ Detail ရှင်းပြပါ့မယ် )

 

အဘ ကြုံခဲ့ရတာကတော့ ပုံစံ နောက်တစ်မျိုးပါ ။

စပိန် နိုင်ငံ မက်ဒရစ် မြို့က Plaza de Espana ရင်ပြင် မှာတွေ့ခဲ့တာပါ ။

အဘ တစ်ယောက်တည်း ဓါတ်ပုံတွေ လျှောက်ရိုက်နေချိန်မှာ ၊

ချာတိတ်မ ငယ်ငယ် ( ချောချော ၊ ဟီ ဟိ ) တစ်ယောက် ကပ်လာပါတယ် ။

အဘ ရဲ့ တရုတ် မျက်နှာပေါက် နှင့် DSLR ကင်မရာကြီးက

Tourist Tourist လို့ အကျယ်ကြီး အော်နေသလိုပါပဲ ။

 

အဲဒီ ချာတိတ်မ က အဘ ကို Disable ( Handicapped ) ကလေးလေးတွေ အတွက် ၊

Petition တစ်ခုကို Sign ထိုးပေးဖို့ ပြောလာပါတယ် ။

အဘ ကလည်း Sign ထိုးပေးလိုက်ပါတယ် ။

အဲဒီမှာ နာမည် ၊ လိပ်စာ အပြင် နိုင်ငံ ဆိုတာပါဖြည့်ရတယ် ။

အဘ လည်း ဩဇီ မှာနေတော့ ဩဇီ ဆိုပြီး ဖြည့်လိုက်တာပေါ့ ။

 

အဲဒီမှာ ၊ အဘကို ဩဇီ မှာနေကြောင်း အထောက်အထားပြပါတဲ့ ၊

OK ပါ ၊ အဘ ရဲ့ ပိုက်ဆံအိတ် တစ်ခြမ်းကို လက်နှင့်ဖုံးပြီး ၊

အဘ ရဲ့ NSW Driven License / Photo Card ကို ပြလိုက်တာပေါ့ ၊

ဖုံးထားတဲ့ တစ်ခြမ်းမှာတော့ အဘ ရဲ့ Credit Card ရှိနေပါတယ် ။

 

အဲဒါကို အဘ ရဲ့ ပိုက်ဆံအိတ် ကို ကိုင်ပြီး License ကိုကြည့်ဖို့ လုပ်ပါတယ် ။

အဘ က မပေးတဲ့အခါ ၊ နောက်တစ်ကဒ် ( Credit Card ) ကိုပါပြဖို့ တောင်းဆိုပါတယ် ။

အဘ က ငါ မင်းကို မပြနိုင်တော့ဘူး ( I can’t show you anymore ) လို့ပြောတော့ ။

အဘ ကို မင်း အရမ်း ရိုင်းတာပဲ ( You are very rude ) လို့ပြောပါတယ် ။

အဘ လည်း ဘာမှမပြောပဲ ၊ ချက်ချင်းပဲ အဘတို့ Group ထဲကို ပြန်ဝင်သွားလိုက်ပါတယ် ။

 

အနောက်နိုင်ငံတွေမှာ လူတိုင်းသိပါတယ်

Personal Information ကို တောင်းပိုင်ခွင့် မရှိဘူး ဆိုတာနှင့် ၊

Personal Information ကို မပေးတာဟာ ရိုင်းတာ မဟုတ်ဘူး ဆိုတာပါ ။

အဘ သိပါတယ် အဲဒီ ချာတိတ်မ ဟာလည်း Credit Card Information ခိုးဖို့ ကြံတာပါ ။

 

ကဲ ၊ ထားပါတော့ လေ ။

အဘတို့ စပိန် နိုင်ငံ ဘာဆီလိုနာ မြို့ကနေ ထွက်လာပြီး ၊

ပထမဆုံး Catalan Village ဆိုတဲ့ ရွာငယ်လေးမှာ

အပေါ့အပါးသွား နေ့လည်စာ စားကြပါတယ် ။

 

အဲဒီနေ့ တစ်နေ့လုံးကတော့ ပြဿဒါးပါပဲ ။

Catalan Village ရွာငယ်လေး ကထွက်ပြီး သိပ်မကြာခင်မှာ ပဲ ၊

အဘ တို့ရဲ့ Tour Director ကြီး Mr. Peter ကို ၊

ကားသွားနေတုန်း ကားပေါ်မှာ မတ်တပ်ရပ်ပြီး မိုက်နှင့်စကားပြောနေလို့ ဆိုပြီး ၊

ဘေးက ဖြတ်သွားတဲ့ စပိန် ရဲကားက တားပြီး ဖမ်းပါတယ် ။

Euro 100 လောက် ဒါဏ်ဆောင်လိုက်ရပါတယ် ။

 

ကြည်နူးမိတာတစ်ခုကတော့ ၊

အဘ တို့ရဲ့ Tour Director ကြီး Mr. Peter က သူ့အပြစ်ကြောင့် ဖြစ်တာပါ ။

ရဲတွေဟာ သူတို့ရဲ့ ရဲ အလုပ်ကို တာဝန် ကျေပွန်စွာ လုပ်သွားတာပါ ။

ရဲတွေက ညှာညှာတာတာ ဒါဏ်ချသွားတာပါ ။

တကယ့်တကယ် ဆော်မယ်ဆိုရင် Euro 200 ကျော် ဆော်လို့ရတယ်လို့ ရှင်းပြပါတယ် ။

အဖြစ်အပျက် ကို မှန်မှန်ကန်ကန် သုံးသပ်တတ်ပြီး ၊

မိမိ အပြစ်ကို ဝန်ခံ ရဲတဲ့ စကားကို ကြားရတာလည်း ၊ ကျေနပ်မိပါတယ် ။

 

အဲဒီနောက် စပိန် ပြင်သစ် နယ်ခြားကို ဖြတ်ဝင်လာပါတယ် ။

အဲဒီ နယ်ခြား ဂိတ်နားမှာ ပြင်သစ်ရဲတွေ အများကြီးက ကားတွေကို

Random တားနေတာတွေ့ရပါတယ် ။

အတား မခံရအောင် ဆုတောင်းပေမယ့် ၊ မရပါဘူး ၊ တားပါတယ် ၊ ပြဿဒါး နေ့ပါဆို ။

 

တခြား ကြီးကြီးမားမား ကိစ္စတော့ မဟုတ်ပါဘူး ။

အဘ တို့ သင်္ဘောတွေမှာလည်းရှိတဲ့ Work Hour, Rest Hour Regulation ပါပဲ ။

ကား ဒရိုင်ဘာ ရဲ့ အနားယူချိန် ပြည့်မပြည့် ၊ ကား ဒရိုင်ဘာ Fatigue ဖြစ်မဖြစ်ကို ၊

ကားရဲ့ Computer ထဲက ထုတ်ပြီး ကြည့်တာပါ ။

 

အဘ တို့ကားက Computer နှင့် Control Program ပါလုပ်ထားတဲ့ ကားကြီးပါ ။

V Set ( Velocity Set ) ကီလို ၁၀ဝ လုပ်ထားပါတယ် ၊ ကီလို ၁၀ဝ ကိုကျော်မေါင်းလို့ကို မရပါဘူး ။

ကားကို ၄ နာရီ ပြည့်အောင် မေါင်းလိုက်ရင်လည်း ကား ဆက်မေါင်းလို့ မရတော့ပါဘူး ။

၄ နာရီ မေါင်း ပြီးတိုင်း ၊ ၄၅ မိနစ် စက်မရပ်ထားရင် ၊ စက်ပြန်နှိုးလို့ မရအောင်ကို လုပ်ထားတာပါ ။

 

အဲဒီတော့ကာ ၊ ပြင်သစ်ရဲတွေ စစ်တာ အောင်သွားပါတယ် ။

အဲဒီ Computer Data ထုတ်တာ / စစ်တာ ကတော့ ၄၅ မိနစ်လောက် ကြာသွားပါတယ် ။

ပြင်သစ် ရဲ တွေက မျက်နှာမာကြီးနှင့်ပါ ၊ လုံးဝ ပြုံးရယ်ခြင်း မရှိပါဘူး ။

အဘ တို့ Guide, Peter က ( ပထမ တစ်ခါ လဲ အဖမ်းခံထားရလို့ နောက်ကျ နေလို့ )

နည်းနည်းလေးမြန်မြန် စစ်ပေးပါ ၊ အရမ်းကို  နောက်ကျ နေလို့ပါလို့ တောင်းပန်တာကို ၊

I don’t care ဆိုပြီး ပြန်ပြောပါတယ် ။ တခြား ယဉ်ယဉ်ကျေးကျေး စကားပြောရင်လည်း ရသားနှင့် ။

အဘ တို့ရဲ့ Peter ကြီး ကိုယ်တိုင် ၊ တော်တော်ရိုင်းတဲ့ ပြင်သစ် ရဲ တွေ လို့ မှတ်ချက်ပေးပါတယ် ။

 

အဘ တို့ ကားကြီး အစစ်ခံနေရစဉ် ၊ တခြားကားတွေကိုလည်း တားနေတယ် ။
ကား အသေးတွေကိုလည်း စစ်တာပဲ ၊ ကား အသေးတွေမှာကော Computer ပါလို့လား ။
ကိန်းစ် မြို့ပြင်နားက Fragonard ရေမွှေး စက်ရုံ လုပ်ငန်းခွင် ။
ပြီးတဲ့အခါကျတော့ ထုံးစံ အတိုင်း ဈေးရောင်းတာပေါ့လေ ။

အဲဒီကနေ ပြီးတော့ ၊ ကိန်းစ် မြို့ကို ဆက်ထွက်လာခဲ့ကြပါတယ် ။

ညနေ ၅ နာရီ လောက်မှာ ကိန်းစ် မြို့ပြင်ကို ရောက်ပြီး ၊

ကိန်းစ် မြို့ပြင်နားက Fragonard ရေမွှေး စက်ရုံ ကို လေ့လာရေး ဝင်ကြပါတယ် ။

အဲဒီမှာ ရေမွှေး အမျိုးမျိုး နှင့် ရေမွှေး ဆပ်ပြာ အစရှိတာတွေ ထုတ်ပါတယ် ။

ရေမွှေးစက်ရုံ ဝန်ထမ်းတစ်ယောက်က ထုတ်လုပ်ပုံ အဆင့်ဆင့်ကို လိုက်လံ ရှင်းလင်း ပြသပါတယ် ။

ပြီးတဲ့အခါကျတော့ ထုံးစံ အတိုင်း ဈေးရောင်းတာပေါ့လေ ။

အဘ မဟေသီလဲ တစ်ဗူး လောက်ဝယ်ပြီးတော့ ၊

အဲဒီနေ့ည အဘတို့တည်းမဲ့ Amarante Hotel ကို ပြန်နားကြပါတော့တယ် ။

 

စက်တင်ဘာ ၂၅ ရက်နေ့ ။

 

အဘတို့တည်းတဲ့ Amarante Hotel က ကိန်းစ် မြို့ထဲ နှင့် ၁ဝ မိနစ်လောက် လမ်းလျှောက်တဲ့နေရာမှာ ရှိပါတယ် ။

ဒီနေ့ မနက်ပိုင်း နေ့ တစ်ဝက်ကိုတော့

ကိန်းစ် မြို့ထဲ လျှောက်လည်  လျှောက်ဝယ် ဖို့ အချိန်ပေးထားပါတယ် ။

တကယ့်တကယ်က မနက်ပိုင်း နေ့ တစ်ဝက် ဆိုတာ အချိန် သိပ်မများပါဘူး ။

အဘတို့မှာ ပြင်သစ် မှာဝယ်ဖို့ ရည်ရွယ် ထားတာလေးတွေ ရှိနေပါသေးတယ် ။

ပိုက်ဆံ လဲ လဲ ရပါဦးမယ် ။

အဲဒါ နှင့် ၊ မနက်စောစောထ ၊ ဘူဖေး ဘရိတ်ဖတ် ကို မြန်မြန်စားပြီး ထွက်လာခဲ့ပါတယ် ။

 

ကိန်းစ် မြို့ရဲ့ အဓိက မြို့လည် က ကမ်းနားလမ်း Boulevard de La Croisette တစ်လျှောက် ပါပဲ ။

အဲဒီ ကမ်းနားလမ်း ပေါ်မှာပဲ ကိန်းစ် မြို့ရဲ့ နာမည်ကြီး ကိန်းစ် နိုင်ငံတကာ ရုပ်ရှင်ပွဲတော် ကျင်းပပြီး ၊

ရွှေအုန်းပင် Palme d’Or ( Golden Palm ) ဆုချီးမြှင့်တဲ့ Grand Auditorium ကြီးလည်း ရှိပါတယ် ။

 

တကယ့် ဈေးကြီးပေ့ ဆိုတဲ့ ဇိမ်ခံ ဟော်တယ်ကြီးတွေကလည်း အမြောက်အများပေါ့ ။

Branded ပစ္စည်းတွေနှင့် ပါတ်သက်ပြီး ပြောရမယ် ဆိုရင်တော့ ၊

အဲဒီ လမ်းမကြီး တစ်လျှောက်မှာသာ ၊

ဆိုင် တစ် ဆိုင်လောက် မဖွင့်နိုင်ရင် နိုင်ငံတကာ နာမည်ကြီး Branded ပစ္စည်း မဟုတ်ဘူး လို့ ၊

ပြောရမလောက်အောင် နာမည်ကြီး Brand ဆိုင်တွေ စုံလင်လှတာကို တွေ့ရပါတယ် ။

အဲဒီ ဆိုင်တွေထဲမှာ ထူးထူးခြားခြား Burma လို့ အမည်တပ်ထားတဲ့ Crystal ဆိုင်လေးလဲ ရှိပါတယ် ။

 

မနက်စောစော ၊ ရေကူးကန် ဘေးမှာ ဘူဖေး ဘရိတ်ဖတ် ကို မြန်မြန်စား ။
ရွက်သင်္ဘောပေါင်း ရာချီ ဆိုက်ကပ်ထားတဲ့ ကိန်းစ်မြို့ ဆိပ်ကမ်းလေး ။
နာမည်ကြီး ကိန်းစ် နိုင်ငံတကာ ရုပ်ရှင်ပွဲတော် ကျင်းပ တဲ့ Grand Auditorium ။
ကမ်းနားလမ်း Boulevard de La Croisette တစ်လျှောက် ။
နာမည်ကြီး Brand ဆိုင်တွေ စုံလင်လှတာကို တွေ့ရပါတယ် ။
ကိန်းစ်မြို့က ထူးထူးခြားခြား Burma လို့ အမည်တပ်ထားတဲ့ Crystal ဆိုင်လေး ။
ပြင်သစ်ပြည်ရောက် အမှတ်တရ အနေနှင့် အိတ်လေးတစ်လုံး ဝယ်ပြီးချိန် ။

 

လမ်းရဲ့ တစ်ဖက်ခြမ်းကတော့ လှပတဲ့ မြေထဲပင်လယ် ကမ်းခြေကို မေးတင်ထားပါတယ် ။

ဖြူဖွေးနေတဲ့သဲသောင်ပြင်နှင့် ရွက်သင်္ဘောပေါင်း ရာချီ ဆိုက်ကပ်ထားတဲ့ ဆိပ်ကမ်းလေး ရောပေါ့ ။

 

အဘ တို့မှာတော့ လှပတဲ့ မြေထဲပင်လယ် ကမ်းခြေ ဘက်ကို ဦးစား မပေးနိုင်ပါဘူး ။

ဒီမြို့ဟာ ဒီခရီးစဉ် အတွက် နောက်ဆုံး ပြင်သစ်မြို့ပါ ။

Paris မှာ ပြင်သစ်ဖြစ် အိတ်လေးတွေ ဝယ်ဖို့ အချိန်မရခဲ့တာတွေကို ဒီမြို့မှာ အပြတ်ရှင်းရမှာပါ ။

ပထမဆုံး ပြင်သစ် Brand / ပြင်သစ်ဖြစ် အိတ်ဆိုင် Louis Vuitton ဆိုင်ကိုဝင်ကြည့်ကြပါတယ် ။

LV ဟာ  ပြင်သစ်ဖြစ် အိတ် ဖြစ်တဲ့ အတွက် ပြင်သစ်မှာဝယ်တာ ဈေးအချိုဆုံး ဆိုတာ သိရပြီးနောက် ၊

Money Changer မှာ သုံးမယ့် ပိုက်ဆံ ပြေးလဲ ရပါတယ် ။

ကြုံတုန်း ပြောရရင် ၊ ဥရောပမှာ ငွေလဲရင် ပြင်သစ်ဟာ ငွေလဲနှုန်း အကောင်းဆုံး ကိုပေးပါတယ် ။

 

ပြင်သစ်ပြည်ရောက် အမှတ်တရ အနေနှင့် အိတ်လေးတစ်လုံး ဝယ်ပြီးချိန်မှာတော့ ၊

အချိန် တော်တော်နည်းနေပါပြီ ၊ ကြုံရာ Fast Food တစ်ခုဝယ် ၊

လမ်းသွား နေရင်းစားပြီး ၊ ဟိုတယ်ကို အမြန် ပြန်လာခဲ့ပါတယ် ။

 

ဟိုတယ်မှာ ခဏ အမောဖြေပြီးတာနှင့် နေ့လည် ၂ နာရီလောက်မှာ

St Paul, Corniche Drive & Dinner ဆိုတဲ့ Optional Excursion ထွက်ခဲ့ပါတယ် ။

လှပတဲ့ မြေထဲပင်လယ် ကမ်းရိုးတန်း တစ်လျှောက်ကို အရင်ပြပါတယ် ။

 

အမှတ်တရ ကတော့ Nice ဆိုတဲ့ ကမ်းနား မြို့လေး မှာရှိတဲ့ ၊

အရမ်းလှပတဲ့ Pebble Beach ကျောက်စရစ် သောင်ပြင် ကို တွေ့ခဲ့ရတာပါ ။

သဲလုံးဝ မရှိတဲ့ ၊ သဲအစား ကျောက်စရစ် ပဲရှိတဲ့

Pebble Beach ကျောက်စရစ် သောင်ပြင် ကိုပြောတာပါ ။

Nice မြို့လေး မှာရှိတဲ့ လှပတဲ့ ရှုခင်းတွေ ( ၁ ) ။
Nice မြို့လေး မှာရှိတဲ့ လှပတဲ့ ရှုခင်းတွေ ( ၂ ) ။
Nice မြို့လေး မှာရှိတဲ့ လှပတဲ့ Pebble Beach ကျောက်စရစ် သောင်ပြင် ။

 

မြေထဲပင်လယ် ကမ်းရိုးတန်း ၊ Nice ဆိုတဲ့ ကမ်းနား မြို့လေး ၊ Pebble Beach စတာ တွေကို ၊

ဖြတ်ကျော်ပြီးတဲ့ အခါမှာ ၊ ဘေးနားက တောင်တန်းကြီးတွေပေါ်ကို ဆက်တက်ခဲ့ပါတယ် ။

 

တောင်ပေါ်လမ်း အကွေအကောက် အတက်အဆင်း တစ်လျှောက် မေါင်းပြီး ၊

Esterel mountains ပေါ်မှာရှိတဲ့ St Paul ဆိုတဲ့ တောင်ပေါ် အနုပညာမြို့လေးကို ရောက်ပါတယ် ။

( the historic, walled hilltop town of St. Paul, the artists’ paradise )

အဲဒီ တောင်ပေါ် အနုပညာမြို့လေး မှာ လှည့်ပါတ် ကြည့်ရှုပြီး ၊

ညနေစောင်းမှာတော့  တောင်တန်းတွေပေါ်က ပြင်သစ် ရိုးရာ စားသောက်ဆိုင်လေးမှာပဲ ၊

Nice မြို့လေးရဲ့ ညရှုခင်းကို အပေါ်စီးက ကြည့်ပြီး ညစာစားခဲ့ကြပါတယ် ။

 

ရှားရှားပါးပါး ပြင်သစ်မှာ Chinese Mandarin အရက်နှင့်ပါ ဧည့်ခံလိုက်သေး ။

ပြင်းချက်ကတော့ ကမ်းကုန်တယ် ၊ အဖြူတွေတောင် အော်ဟစ်ကုန်တယ် ။

 

၁၂ – ၁၂ – ၁၂ ၊ အထိမ်းအမှတ်နှင့် ၊

အမြန် ရိုက်တင်လိုက်မိတယ် ။

အမှားပါရင် ခွင့်လွှတ်ပါကွယ် ။

 

တော်သေးဘီ ။

 

အဘ ဖေါ ( F R ) ။

 

Esterel mountains တောင်တန်းကြီးတွေပေါ်က မြင်ရတဲ့ ရှုခင်း ( ၁ ) ။
Esterel mountains တောင်တန်းကြီးတွေပေါ်က မြင်ရတဲ့ ရှုခင်း ( ၂ ) ။
Esterel mountains တောင်တန်းကြီးတွေပေါ်က မြင်ရတဲ့ ရှုခင်း ( ၃ ) ။
Esterel mountains ပေါ်မှာရှိတဲ့ St Paul ဆိုတဲ့ တောင်ပေါ် အနုပညာမြို့လေး ( ၁ ) ။
Esterel mountains ပေါ်မှာရှိတဲ့ St Paul ဆိုတဲ့ တောင်ပေါ် အနုပညာမြို့လေး ( ၂ ) ။
Esterel mountains ပေါ်မှာရှိတဲ့ St Paul ဆိုတဲ့ တောင်ပေါ် အနုပညာမြို့လေး ( ၃ ) ။
တောင်တန်းတွေပေါ်က ပြင်သစ် ရိုးရာ စားသောက်ဆိုင်လေး
ပြင်သစ် ရိုးရာ စားသောက်ဆိုင်လေးပေါ်က မြင်ကွင်း ။

 

 

 

38 comments

  • ခိုင်ဇာ

    December 12, 2012 at 6:39 pm

    ဘဖော အီတလီ ရောက်ပဟဲ့ ဆိုုပြီးပြေးလာတာ။အီတလီတွေက အစားအသောက်ဇာချဲ့တယ်ဆိုု။ :harr:

    • Foreign Resident

      December 14, 2012 at 5:30 am

      Sorry မ ခိုင်ဇာ ရေ ။ ပြင်သစ် ပဲရှိသေးတယ် ။
      နောက် တစ်ပို့စ် ဆိုရင်တော့ အီတလီ ရောက်ပါပြီ ။

  • မင်းနန္ဓာ

    December 12, 2012 at 7:04 pm

    ဝင်ရောက်ဖတ်ရှု လိုက်ပါငေးမော သွားပါတယ်ဗျာ..
    ဒါနဲ့ ဈေးဝယ်ပြီး ကဒ်နဲ့ရှင်းတယ်ဆိုရင်ကော ကပ်ရှာက နံပါတ်တွေ မှတ်ထားပြီး ငွေတွေ ထုတ်ပစ်မှာ မပူရဘူးလား..

    • Foreign Resident

      December 14, 2012 at 5:18 am

      ” ဒါနဲ့ ဈေးဝယ်ပြီး ကဒ်နဲ့ရှင်းတယ် ဆိုရင်ကော
      ကပ်ရှာက နံပါတ်တွေ မှတ်ထားပြီး ငွေတွေ ထုတ်ပစ်မှာ မပူရဘူးလား ”

      ကို မင်းနန္ဓာ ရေ ။
      အဲဒီ Credit / Debit Card အကြောင်း ၊
      အဘ သပ်သပ် တစ် Post တင်ပြီးကို ပြောပြဖို့ စဉ်းစားထားပါတယ် ။
      Technically ( Computer Networking / Banking ) တော့ မကျွမ်းဘူး ကွယ့် ။
      အဲဒါကြောင့် ၊ သိပ် မရေးရဲတာ ။
      သာမာန် သုံးစွဲသူ တစ်ယောက် ရဲ့ အသိ နှင့်ပဲ ရေးပေးရင် ရမလား ။
      လက်ခံ နိုင်ကြ မလား ဟင် ။

  • Mobile

    December 12, 2012 at 7:42 pm

    ဖတ်ရှု့အားပေး ဗဟုသုတ ယူသွားပါကြောင်း
    ပုံများကိုလဲ ကူးယူထားလိုက်ပါကြောင်း…………..

  • candle .

    December 12, 2012 at 7:43 pm

    ဖတ်ရှု ့ငေးမော၍ မှတ်သား အားကျသွားပါတယ် အဘ..
    ကမ ္ဘာပေါ်မှာ ပြင်သစ်ထုတ်တဲ့ ရေမွှေးက အရည်အသွေးအကောင်းဆုံးဆိုတာ ဟုတ်လား ဟင်….

    • Foreign Resident

      December 14, 2012 at 5:39 am

      ” ကမာ္ဘပေါ်မှာ ပြင်သစ်ထုတ်တဲ့ ရေမွှေးက အရည်အသွေးအကောင်းဆုံး ”

      အဘ လည်း အဲလိုပဲ ကြားဖူးတာပဲ ။
      ပြင်သစ်ဆိုတဲ့ နိုင်ငံက စက်မှု နှင့် နည်းပညာ မှာသာ အသုံးမကျတာ ။
      အလှအပ ၊ ဖက်ရှင် ၊ အနုပညာ နှင့် အစားအသောက်မှာတော့ ၊
      သူက ဗိုလ် ပဲဗျ ။ လွယ်လွယ် ပြောရရင် မိန်းမ ကြိုက် တိုင်းပြည်ပေါ့ ။

  • မိုက်ကယ်ဂျော်နီအောင်ပု

    December 12, 2012 at 7:50 pm

    အစ်ကိုကြီး စံလှကြီး ရေ
    ဒီဘဲကြီးကြွားနေတာ လာဖဲ့ဗျာ

    • ဦးကြောင်ကြီး

      December 13, 2012 at 11:30 am

      မြှောက်မပေးပါနဲ့ ဘပုရယ်… နင်က သူ့လိုအီလိုက်မိုလို့လား…။

    • Foreign Resident

      December 14, 2012 at 5:53 am

      ဘပု နှင့် ဦးကြောင် ရယ် ။

      အဘ မိဘ တွေက ၊ အီလိုက် ဖြစ်ခဲ့ချင် ဖြစ်ခဲ့ပါလိမ့်မယ်ကွယ် ။
      အခု လက်ရှိ အဘ ဘဝ ကတော့ ၊ အီ မ လိုက် တော့ပါဘူးကွယ် ။
      တွေ့တွေ့သမျှ ၊ အားလုံးကို ကြောက်နေရတဲ့ ဘဝ ရောက်နေပါပြီ ။
      ပြောရင်း ပြောရင်းတောင် ကိုယ့် ဘဝ ကိုယ် ဝမ်းနည်းလာပြီ ။

  • မောင်ပေ

    December 12, 2012 at 8:05 pm

    ရေငံပိုင်ဦးဖောကြီးရေ
    ဓါတ်ပုံတွေကြည့်ပြီး သွားချင်စိတ်ဖြစ်မိတယ်ဗျာ

    • Foreign Resident

      December 14, 2012 at 5:46 am

      ” သွားချင်စိတ် ဖြစ်မိတယ်ဗျာ ”

      ကိုပေ ရေ ။
      တကယ်တမ်း သွားချင်စိတ်ရှိရင် ရောက်ရမှာပေါ့ဗျာ ။
      ” If you have a will, you have a way ” ပါဗျာ ။
      ကိုပေ တို့က အသက် အငယ်လေး ရှိသေးတာပဲ ။
      ကြိုးစားရင် ဖြစ်ပါတယ်ဗျ ။ လုပ်စမ်းပါ ။

  • ဗုံဗုံ

    December 12, 2012 at 8:05 pm

    ပုံလေးတွေတော်တော်လှတယ်နော် အဘဖော ဗဟုသုတလည်း အများကြီးရပါတယ် လမ်းတွေကကောင်းလိုက်တာနော် မိဗုံတို့ မန်းလေးက လမ်းတွေအတိုင်းဘဲ :harr:

    • Foreign Resident

      December 14, 2012 at 5:57 am

      ဗုံဗုံ တို့ကလည်း ၊ ဘာပုံ ပြပြ လမ်း ကို ဦးစားပေး ကြည့်နေပုံရတယ် ။
      ပုံစံက လမ်း ကို တော်တော်လေး စိတ်နာနေပုံ ရတယ် ။

  • koyinmaung

    December 12, 2012 at 8:06 pm

    12.12.2012 နေ့အမှတ်တရ ဘဖေါ့ရဲ့ပို့စ်ကို
    ဝင်ရောက်ကြည့်ရှု့သွားပါတယ်….
    ကိုယ်ကိုယ်တိုင်ကပြင်ပမှာဆိုလို့တရုတ်ပြည်ကရွာတွေလောက်ဘဲ
    မြင်ဘူးတဲ့သူဆိုတော့…..
    အားလဲအားကျမိပါတယ်…..

  • Hnin Hnin

    December 12, 2012 at 10:34 pm

    Nice မြို့လေးမှာရှိတဲ့ လှပတဲ့ Pebble Beach ကျောက်စရစ် သောင်ပြင်ဆိုတာက အတော်များ
    ရှည်သလား..ဘရေ..လူတွေ ဖန်တီးထားတာ ထင်တယ်….ညီညာပြန့်ပြူးနေတာပဲ….
    သဘာဝရဲ့လက်ဆောင် နူးညံ့၊မွအိ၊အေးနေတဲ့ သဲကမ်းခြေရဲ့အရသာကို အသွင်ပြောင်း ခံစားခြင်းပေါ့…

    • Foreign Resident

      December 14, 2012 at 5:00 am

      ” လူတွေ ဖန်တီးထားတာ ထင်တယ် ”

      မဟုတ်ဘူး မ Hnin Hnin ရဲ့ သဘာဝ အလျှောက် ရှိနေတာ ။
      Pebble Beach ကျောက်စရစ် သောင်ပြင် ကြီးက မျက်စေ့တစ်ဆုံး အရှည်ကြီး ကွဲ့ ။
      တကယ်သာ လူတွေကသာ ဖန်တီးရရင် ၊ ဒေါ်လှ သန်းပေါင်း ရာထောင်ချီ ကျမှာ ။
      လူတွေက ရှိပြီးသား ကျောက်စရစ် သောင်ပြင် ကို လှအောင်တော့ ပြုပြင်မှာပေါ့ ။

      အဘ တခြား ကျောက်စရစ် သောင်ပြင်တွေကိုလည်း ရောက်ဖူးတယ်ကွယ် ။
      ဒီ ခရီးစဉ်ထဲမှာကို နောက် တစ်နေရာ ရှိသေးတယ် ၊ Sorrento မှာ ။

      ကမာ္ဘကြီးမှာ ထူးဆန်း လှပ တဲ့ နေရာတွေ အများအပြား ရှိတယ်ကွယ့် ။
      သဲ အဖြူရောင် စစ်စစ် ၊ ပင်လယ် အပြာရောင် စစ်စစ် နှင့် ၊
      ရေတွေ ကြည်လဲ့နေတဲ့ ပင်လယ်ကမ်းခြေတွေလည်း ရှိတယ်ကွယ် ။

      အဲလို နေရာတွေ ရောက်ဖူးတဲ့ အခါကြတော့ ၊
      မြန်မာပြည်က သဲ ညိုညို ညစ်ညစ် နှင့် ပင်လယ်ကမ်းခြေတွေကို ၊
      သိပ် အထင်ကြီးလို့ မရဘူးတော့ဘူး ပေါ့ကွယ် ။
      ( အင်း ၊ မျိုးမချစ်ဘူး ဆိုပြီး အဆဲခံရတော့မှာပဲ ၊ ဘယ်လိုပြောရပါ့ )
      ( အဘ ကလဲ မှန်တယ်ထင်တာပဲ ပြောတတ်တာနှင့် ၊ ဒုက္ခ ၊ ဒုက္ခ )

  • သကြားလုုံးကြော်

    December 13, 2012 at 4:50 am

    ဟော ထွက်ပြီ ထွက်ပြီ။ အဘဖောက မဒရပ်မှာ ၁လလောက်ကြာနေတော့ အဲဒီမှာပဲ ရီတိုုင်ယာ လုုပ်တော့မလားလိုု့။
    တောင်ပေါ်ကမြင်ရတဲ့ ရှုခင်းလေးတွေက လှမှလှ။ ဒါကြောင့်လည်း နိစ်က ဒီလောက်နာမည်နေကြီးတာဖြစ်ရမယ်။
    တိုုးရစ်တွေကိုု လိမ်ညာနည်းတွေ သတိပေးထားတာ ကျေးဇူး ကဋေပါ။ ကျမက လိမ်ခံရမယ့်လူတွေထဲမှာ ထိပ်ဆုုံးကပါလောက်လိုု့။

  • ဦးဦးပါလေရာ

    December 13, 2012 at 6:25 am

    ဒီပိုစ့်မှာ ကျုပ်အကြိုက်ဆုံးအပိုင်းကတော့
    ရဲတားပြီး ဒါဏ်ရိုက်တာအပေါ်မှာ
    အဘ တို့ရဲ့ Tour Director ကြီး Mr. Peter က တုံ့ပြန်တဲ့ သဘောထားလေးပဲ….

    ရန်ကုန်မှာတော့ ကိုယ်စီးတဲ့ဘတ်စ်ကား ရဲတားပြီးပြီဆိုမှဖြင့် အဲဒီကားက စပယ်ယာတွေဟာ
    မအေ နှမ စုံပလုံအောင် ပွက်ပွက်ညံအောင် ဆဲတော့တာ….

    သူတို့ဆီမှာ Tour group ရဲ့ ခေါင်းဆောင်ကို Tour director လို့ခေါ်တာလဲ မှတ်သားမိတယ်
    ဒီမှာတော့ အဲဒါမျိုးကို Tour Leader လို့ခေါ်ကြတယ်..။

    ကိုဖေါ အရင်ပြောထားတာရှိတယ်
    LV အိတ်ရဲ့ဈေးနှုံး အများထင်သလောက်မကြီးဘူးဆိုတာ…
    အဲဒါ ဈေးနှုံးလေးတွေပါ ပြောပြပါလား..
    အဲဒီဗဟုသုတမျိုး တော်ရုံနဲ့ မရနိုင်ပါ…။
    (ကျုပ်ကြားဖူးတာ သိန်းလေးဆယ်လောက်ရှိမယ် ဆိုလားလို့)

    • kai

      December 14, 2012 at 1:59 am

      ကျုပ်ကို အမေရိကန်စိန်ဆရာတယောက်ပြောဖူးတယ်..။ မြန်မာပြည်ကစိန်တွေရဲ့..( ) ရာခိုင်နှုန်းလောက်က အာမခံမရှိတဲ့.. အတုတွေတဲ့..။(% ပြောရင်. စိန်မမတွေ.. .ပက်လက်လန်ကျကုန်မှာမို့.. ချန်ခဲ့တယ်…) :kwi:

      ဒီအတိုင်းပဲ.. ပြင်သစ်ကနေဂျပန်ကိုအိပ်သွင်းစားနေတဲ့ ကုန်သည်ကပြောတယ်..။
      တလောကတင်…။
      .. မြန်မာပြည်မှာတွေ့နေရတဲ့..လူဝီဗီတွန်အိပ်.. ကို့ချ်အိပ်တွေက.. တော်တော်များများ.. အတုတွေတဲ့..

      • ဦးဦးပါလေရာ

        December 14, 2012 at 7:12 am

        အဲသည် ( ) ထဲ ၉ဝ လို့ထည့်နိုင်ပါတယ်
        ဒဲ့ပြောရရင်-
        ကတော်ကြီးတွေနဲ့ သူဌေးကြီးတွေ နိုင်ငံခြားက အထုပ်လိုက်မှာဝယ်တဲ့စိန်တွေမှအပ……………..
        ပို့ဆွမ်းဆက်ကပ်ရာမှာ ဆာတီဖီကိတ်လက်မှတ်နဲ့တကွ ဆက်ကပ်တဲ့ စိန်တွေမှအပ……………
        ရွှေ့ရပြောင်းရလွယ်အောင် ကြားလူအဆင့်ဆင့်နဲ့ဝယ်ထားတဲ့ မှတ်ပုံတင်ပြီးသား အလုံးကြီးတွေမှအပ…………

      • သကြားလုုံးကြော်

        December 14, 2012 at 11:34 am

        မြန်မာပြည်မှာတွေ့ရတဲ့ လူဝီဗီတွန် အိပ်တော်တော်များများက အတုုဖြစ်နိုုင်ပေမဲ့ ကိုု့ချ်အိပ်တွေကတော့ အစစ်တွေပါ။ ဒေါ်လှ တစ်ရာနှစ်ရာကြားလောက်ကလေးနဲ့တော့ နာမည်ပျက်ခံပြီး အတုုမကိုုင်ကြပါဘူး။ အမေရိကားသွားတဲ့ ဗမာတွေ ကိုု့ချ် အထပ်လိုုက်ဝယ်ပြီး အိမ်ပြန်ကြတာ ခဏခဏတွေ့နေရတယ်။ ရန်ကုုန်မှာ ဈေးနည်းနည်းတင်ပြီး ပြန်ရောင်းရင် ရောင်းရအရမ်းလွယ်တယ်ကြားတယ်။ ရန်ကုုန်က သထိန်းမကြီးတွေက ကိုုင်နိုုင်တယ်။

        • သကြားလုုံးကြော်

          December 14, 2012 at 11:47 am

          ဒါတောင် ဟိုုတလောကတွေ့လိုုက်တာ international school တက်နေတဲ့ ဆယ်ကျော်သက် ကောင်မလေးတယောက်ကိုုင်ထားတဲ့ လူဝီဗီတွန်က အစစ်မှ အစစ်။ ရန်ကုုန်က သထိန်းသမီးတွေကလည်း ကိုုင်နိုုင်တယ်။ ဟောလီဝုုကဆယ်ကျော်သက် ကောင်မလေးတွေကျနေတာပဲ။

    • Foreign Resident

      December 14, 2012 at 6:27 am

      ” သူတို့ဆီမှာ Tour group ရဲ့ ခေါင်းဆောင်ကို
      Tour director လို့ခေါ်တာလဲ မှတ်သားမိတယ်
      ဒီမှာတော့ အဲဒါမျိုးကို Tour Leader လို့ခေါ်ကြတယ် ”

      သူတို့က ခေါင်းဆောင် ( Leader ) လို့ မထင်စေချင်လို့ဖြစ်မယ်ဗျ ။
      သူတို့က မိတ်ဆွေ မိသားစု လို တစ်သားတည်း ခံစား စေချင်လို့ဖြစ်မယ်ဗျ ။
      အဲဒီ Tour director, Peter ကြီးက ခရီးစဉ် တလျှောက်လုံး ၊
      ကျနော်တို့ကို ” My Family ” ” ငါ့ မိသားစု ” လို့ပဲ ခေါ်တယ်ဗျ ။
      နိုင်ငံတကာ ကုမ္ပဏီကြီးတွေရဲ့ လုပ်ပုံ ကိုင်ပုံ Idea ပေါ့ဗျာ ။

      ” LV အိတ်ရဲ့ဈေးနှုံး အများထင်သလောက် မကြီးဘူးဆိုတာ ”
      ” ကျုပ် ကြားဖူးတာ သိန်းလေးဆယ်လောက် ရှိမယ် ဆိုလားလို့ ”

      ကျနော်က LV တစ်မျိုးတည်းကို မညွှန်းဆိုပါဘူး ၊ Branded အားလုံးကို ဆိုလိုတာပါ ။
      အကြမ်းဖျင်း ပြောရရင်တော့ ၊ Branded အိတ်တွေ ( LV, Prada, Gucci စသဖြင့် ) မှာ ၊

      မိချောင်း သားရေ လို အထူး သားရေ နှင့် လုပ်ထားတာတွေက လွဲရင် ၊
      ခရီဆောင် အိတ် အကြီးကြီးတွေက လွဲရင် ၊
      သာမာန် အရွယ် တော် အိတ်တွေရဲ့ဈေးက သိန်း ၃ဝ မကျော်ပါဘူး ။

      အဲဒီလိုပဲ ၊ အကြွေထည့် တဲ့အိတ် နှင့် ပိုက်ဆံအိတ် သေး တွေကလွဲရင် ၊
      သားရေ ကို ပါလေယုံ လက်ကိုင်နေရာလောက်မှာပဲ ထည့်ထားတဲ့ အိတ်တွေကလွဲရင် ၊
      သာမာန် အရွယ် တော် အိတ်တွေရဲ့ဈေးက ၅ သိန်း အောက်မှာ မရှိပါဘူး ။

      အဲဒီတော့ ၊ ဈေးက ၅ သိန်း နှင့် သိန်း ၃ဝ ကြားမှာ ကစားနေတော့ကာ ၊
      ကျနော် အရင်က ကြားခဲ့ ထင်ခဲ့မိသလို ၊
      သိန်း ၈ဝ / ၁၀ဝ လောက် အထိ ဈေး မ ကြီးတာကို ဆိုလိုတာပါ ။

      • Foreign Resident

        December 14, 2012 at 6:42 am

        အဲ ။ တစ်ခု ကျန်ခဲ့လို့ ဦးပါ ရေ ။
        နိုင်ငံပေါ် မူတည်ပြီး ( အခွန် အကောက် မတူဘူးလေ ) ဈေး ပြောင်း နိုင်ပါတယ် ။
        ကျနော့် မဟေသီ ကတော့ ၊
        ပြင်သစ်ကဝယ်ခဲ့တဲ့အိတ် ပုံစံတူ တွေရဲ့ဈေးကို
        အီတလီ ဂျာမဏီ မှာ လိုက်ကြည့် ၊
        အီတလီ ကဝယ်ခဲ့တဲ့အိတ် ပုံစံတူ တွေရဲ့ဈေးကို
        ဂျာမဏီ ဆွစ်ဇာလန် မှာ လိုက်ကြည့် ၊
        သူဝယ်ခဲ့တဲ့ ဈေးတွေက မူရင်း နိုင်ငံ ဖြစ်တော့
        ဈေးသက်သာနေတာတွေ ကြည့်ပြီး ၊
        ပီတိ ဖြစ်နေလေ ရဲ့ ။

        • မောင့်ကျက်သရေ ဂီ့

          December 14, 2012 at 7:13 am

          ဟုတ်…
          ပြင်သစ်အစိုးရရဲ့ ပေါ်လစီ ကောင်းမွန်တယ်ပြောရမယ်ဗျို့ ..
          လိုကယ် မိတ် ကမာ္ဘကျော် ပစ္စည်း တွေအတွက် စားသုံးခွန်ကို လျှော့ယူထားသလားမဆိုနိုင်..

          ကျုပ်တို့ဆီမတော့ ကွန်ဇာဗေးတစ်အစိုးရရဲ့ ၆၃မကျပုံလေး ပြောပြချင်သေးရဲ့..
          ဟုတ်ပါတယ် ..ဂျပန်ဆိုတာ ကမာ္ဘ့ ကင်မရာလောကရဲ့ ဦးဆောင်သူတွေပါ…
          အဲ …တက္ကနော်လော်ဂျီ ပျံ့မှာစိုးလို့ ချိုင်းနားကို အောက်ဆိုစ့် မလုပ်ဘဲ
          ပြည်တွင်းမှာတင် ထုတ်တဲ့ လန်စ်းတွေရဲ့ ဈေးက စလုံး ဟောင်ကောင်း
          မလေးရှား စတဲ့ အာရှ ရှော့ပင်း ပါရာဒိုက်စ်တွေ မှာ ဝယ်နိုင်တဲ့ဈေးထက်
          ကြီးမြင့်နေတာပါပဲ ။ ဟိုတွေက သယ်ယူပို့ဆောင်စားရိတ် ထည့် ပေါင်းလို့
          ဈေးပိုများမလို ထင်ရပေမယ့် .. အခွန်က ပက်ပက်စက်စက် ကွာလေတော့ ..
          မကာမိဘူး ရယ်လေ… ပြီး …ဆိုင်ခန်း ခွန် လုပ်သားခ စတာတွေက အဲ့သည့်ဘက်တွေက
          ပိုချိုလေတော့ ဘယ်လိုမှ မကာမိတော့ဘူး ….

          အချုပ်အနေနဲ့က ပြည်တွင်းမှာ ရှော့ပင် မလုပ်ကြတော့ဘူး … နိုင်ငံရပ်ခြားကို
          အလည်အပတ်နဲ့ ဟဲဗီး ရှော့ပင် ထွက်ကြလေသတည်း ပေါ့ဗျာ …။
          တိုင်းပြည်အနေနဲ့ကတော့ ကန်နွန် နစ်ကွန် တို့ဆီက တလုံးတခဲတည်း
          အိပ်စပို့ အခွန်ရပေမယ့် တိုင်းသူပြည်သားစီက နည်းနည်း စီ ရ ရမယ့်
          စားသုံးခွန် မရတော့ဝူး … (နိုင်ငံခြား ဝက်ဆိုက်ကနေ အွန်လိုင်းကဝယ်ရင်လည်း
          ဟိုဘက်သည်ဘက် အခွန် ၂ထပ်ဆိုတော့ …ဆီပုလင်းခါးကြားထိုးထား ဆိုတဲ့ ဆိုရိုးကရှိ
          လေတော့ ဘယ်သူမှမဝယ်ကြတော့ ..)

          ကွန်ပြူတာတွေဆိုလည်း အလားတူပါပဲ … ၁၀၀% မိတ်အင်ဂျပန် ပီစီတွေက ချိုင်းနားမိတ်
          (ဒါတောင် ဂျပန်ကျူစီကို ဖြတ်ပီးမှရောင်းခွင့်ရတာတွေ) ထက် ၁.၅ ဆ လောက် ဈေးမြောက်ရဲ့
          (လီနော်ဗို နောက်ဆုုံးပေါ် နဲ့ ပြည်တွင်းထုတ် အန်အီးစီ စပက်စီဖကေးရှင်းတူချင်းယှဉ်ရင်)
          ဆိုတော့ … တေဘီဆြာ ပေါ့ အဘရယ်.. ကွာလတီကောင်းပါတယ် …ဒါဂျီးက ၁ဝနှစ်
          အသာလေးခံပါတယ် ဘယ်လိုပြောပြော သိတဲ့အတိုင်း ဒီခေတ်မှာ ဘယ်သူကပီစီတလုံးကို
          အများဆုံး ၅နှစ်ထက် ပို သုံးချင်မှာတုန်း…. ။ အသစ်တွေခနတိုင်း ပေါ်နေတဲ့ဟာ …

          စမတ်ဖုန်းတွေ စမ်းဦးမလား.. ကမာ္ဘကို ရောင်းမရတဲ့ ဘူးသီးငါးပေါင်းကြော်ဖုန်းတွေ
          ပေါမှပေါ… လိုကယ် ဆားဗစ်တွေ ကောင်းမှကောင်း…. အဲ…. ခက်တာက
          ဂလိုဘယ်လိုက်ဇေးရှင်းအရ ကမာ္ဘက ရွာဖြစ်သွားတော့ လိုကယ်မှာတင် ပန်းသီးနဲ့
          ဆမ်ဆောင်း ဝင်စားသွားလို့ ဆိုနီ ရှာ့ပ် နဲ့ တိုရှီဘာတို့ ..မျက်ရည်တဖြိုင်ဖြိုင်…

          ဟီဟိ…
          စီးပွားကျတာတော့ တော်တော်ကျနေပြီဗျ ….
          အော်… ကမာ္ဘ့ ထိပ်တန်း နည်းပညာတွေပိုင်တဲ့ ဖီးလ်တွေမှာတောင် ဂလိုဆိုတော့…
          ကျန်တာတွေက ဆိုဖွယ်ရာမရှိ…..
          တောပြန်ပီး ဘောကန် စားတာပဲ ကောင်းမယ်ထင်ရဲ့ဗျာ….

          ဒက်ဂလောက် ဒက်ဂလောက်…

        • Foreign Resident

          December 14, 2012 at 8:11 am

          ” နိုင်ငံခြား ဝက်ဆိုက်ကနေ အွန်လိုင်းကဝယ်ရင်လည်း
          ဟိုဘက်သည်ဘက် အခွန် ၂ထပ်ဆိုတော့ ”

          အောင်မယ်လေးလေး ။
          ငိုစရာလေးတစ်ခု ပြောရဦးမယ် ဂီဂီ ရဲ့ ။
          အရင် အွန်လိုင်းက ဈေးဝယ်ရင်လေ ၊
          ဩဇီဖက် အခြမ်းက အခွန် မကောက်ခဲ့ဘူးကွယ့် ။

          အခု ဩဇီ Retailer ကြီးတွေ Myer, Dick Smith စသဖြင့်က
          ဩဇီ Retail ဈေးကွက် ပျက်ပါတော့မယ် ဆိုပြီး အော်ငို နေလို့ ၊
          အခု ဩဇီ မှာလည်း အွန်လိုင်းက ဈေးဝယ်ရင် အခွန် ကောက်တော့မယ်တဲ့ ။

          ဂီဂီ အခုပြောသလို ဟိုဘက်သည်ဘက် အခွန် ၂ထပ် ဖြစ်ပြီပေါ့ကွယ် ။
          ရက်စက်လိုက်ကြတာ ၊ တားတား တို့လို ငမွဲလေးတွေခမျာတော့ ဒုတ်ခွ ပဲ ။

  • ဦးကြောင်ကြီး

    December 13, 2012 at 11:18 am

    ပြင်သစ်
    လင်ချစ်
    ဆင်နှစ်
    သင်ဟစ်
    ကြင်ပစ်
    ဒင်အစ်
    ထွင်သစ်
    ဂွင်ဖြစ်..။

  • Crystalline

    December 13, 2012 at 3:23 pm

    အဘရေ.. ဒီကမဂဇင်းတချို့မှာ ဗိုလ်ချုပ်အောင်ဆန်းချွေးမလည်း ခရီးသွားမှတ်တမ်းလေးတွေရေးတယ်.. သူကတော့သူ့ပုံလေးတွေပါထည့်ထားတယ်။.. အဘလည်း အဘနဲ့မဟေသီစုံတွဲပုံလေးတွေနဲ့ မဂဇင်းမှာ ထည့်လိုက်လို့ကတော့ စောင်ရေတက်သွားမှာသေချာတယ်. 🙂

    • Foreign Resident

      December 14, 2012 at 6:49 am

      မနှိုင်းကောင်း ပါဘူး သမီးရယ် ။
      အဘ လို သာမန် လူတန်းစား ငမွဲ နှင့် ၊
      သူတို့လို Celebrity သူဋ္ဌေးမကြီး နှင့် ။

  • kyeemite

    December 13, 2012 at 4:03 pm

    သွားချင်စရာကြီးနော…ကိုဖေါရဲ့ အတွေ့အကြုံပြန်ကြားရတော့
    အဲဒီခရီးမျိုးကို Tour group နဲ့မဟုတ်ပဲ တစ်ကိုယ်ရေတကာယ
    လျှောက်သွားရင်ဘယ်လွယ်မလဲ…ဒုက္ခတော်တော်တွေ့ရမှာပဲ..
    အထူးသဖြင့် ကျုပ်တို့လို အာရှသားရုပ်ဆို အချဉ်လို့သေချာပေါက်တွက်မှာပဲ..
    ကျေးဇူးပါဗျာ..

  • မိုက်ကယ်ဂျော်နီအောင်ပု

    December 13, 2012 at 10:52 pm

    ( အဘ တို့ကားက Computer နှင့် Control Program ပါလုပ်ထားတဲ့ ကားကြီးပါ ။
    V Set ( Velocity Set ) ကီလို ၁၀ဝ လုပ်ထားပါတယ် ၊ ကီလို ၁၀ဝ ကိုကျော်မေါင်းလို့ကို မရပါဘူး ။
    ကားကို ၄ နာရီ ပြည့်အောင် မေါင်းလိုက်ရင်လည်း ကား ဆက်မေါင်းလို့ မရတော့ပါဘူး ။
    ၄ နာရီ မေါင်း ပြီးတိုင်း ၊ ၄၅ မိနစ် စက်မရပ်ထားရင် ၊ စက်ပြန်နှိုးလို့ မရအောင်ကို လုပ်ထားတာပါ ။ )
    အဲ့သည်အကြောင်းကို စိတ်ဝင်စားတယ်ဗျာ
    ဘားမားပုံမှာ အဘပုံကိုသဲလွန်စရသွားပါ၏ :mrgreen:
    ဒါနဲ့ ဘဲဥမျက်နှာနဲ့လူက ဘယ်သူဒုံးဗျ

    • Foreign Resident

      December 14, 2012 at 8:37 am

      ကိုပု ရဲ့ ။
      အဘ တွေ့ / သိ သလောက်တော့ ၊
      ဥရောပက ခရီးသည်တင် Bus တွေအားလုံး အဲဒီလို Program နှင့်ပဲဗျ ။

  • kai

    December 14, 2012 at 6:16 am

    ကိန်းစ်မြို့အကြောင်း… ပိုသိချင်တာဗျာ..
    ရုပ်ရှင်အနုပညာလောကမှာ ကိန်းစ်ကဆုကို.. ဟောလိဝုဒ်အော်စကာထက်ပိုတန်ဖိုးထားကြတယ်..
    ကိန်းစ်က..ပိုပြီးအနုပညာဆန်တယ်တဲ့..။
    ဟောလိဝုဒ်ကတော့.. ငွေကြေးပိုရတာပေါ့လေ..။
    =
    ဥရောပက.. ပင်စင်စားတွေအတွက်..ဘဝ.. နောက်ဆုံးအချိန်တွေမှာနေသွားဖို့.. အကောင်းဆုံးမြို့တွေထဲ..ထိပ်တန်းအများကြိးရောက်လာတယ်..
    ဒေါ်လာတသိန်းလောက်နဲ့.. ပင်လယ်ကမ်းကအိမ်ဝယ်လို့ရပြီး.. တလ ၁ထောင့်၅ရာလောက်ဆို.. စားနေ..ကျမ်းမာရေး.. အိုကေစိုပြေတဲ့နေရာတွေအများကြီး.. တဲ့..။
    ဒါက.. မြန်မာသူဌေးတွေအတွက်.. သတင်းဖြစ်ပါကြောင်း..

    Retire overseas on $1,200 a month – expatriates & bargains – MSN …
    money.msn.com/retirement-plan/retire-overseas-on-12k-a-mo…
    Retirement planning if you’re broke – 1 – – MSN Money · The stealth …. Smaller communities lot of the houses have bars on windows, doors and around the yard. … an apartment in Eastern Europe or Spain, and using that and a Eurorail pass … Instead of going overseas check out the backwater towns and villages of America …
    =
    ခရက်ဒစ်ကဒ်က..
    နောက်ပိုင်းပညာသည်တွေများ.. ထုတ်ပြခိုင်းဖို့မလိုပါဘူး..။ လက်ကိုင်စကင်န်နာလေးနဲ့.. ဝါယာလက်စ်နည်းပညာနဲ့.. အိပ်အပြင်က.. လှမ်းပြီးဆွဲလိုက်လို့ရပါတယ်..
    ကရက်ဒစ်ကဒ်ထုံးစံက.. လက်တွေ့ ကဒ်ကိုင်ကိုင်ဆွဲလိုက်လည်း.. လက်မှတ်(အတုထိုးနိုင်). ဇစ်ကုဒ်(လိပ်စာသိရင်ရနိုင်).. လုံခြုံရေးကုဒ် ၃လုံး(၄လုံး)( မျက်မြင်ကြည့်ရန်လို) ထပ်တောင်းနိုင်..ထပ်တောင်းလေ့ရှိပါတယ်..
    ဒါကြောင့်… ကဒ်ကိုထုတ်ပြခိုင်းတယ်ထင်ပါကြောင်း…။

    Portable scanners ‘pickpocket’ data on credit cards, some say | The …
    http://www.dispatch.com/live/…/remotetheftriskorscaretactic.html?...
    Feb 8, 2011 – Portable scanners ‘pickpocket’ data on credit cards, some say … A video of Augustinowicz demonstrating how the theft works went viral, …

    • Foreign Resident

      December 14, 2012 at 7:39 am

      ” ရုပ်ရှင်အနုပညာလောကမှာ ကိန်းစ်ကဆုကို..
      ဟောလိဝုဒ်အော်စကာထက်ပိုတန်ဖိုးထားကြတယ်..
      ကိန်းစ်က..ပိုပြီးအနုပညာဆန်တယ်တဲ့ ”

      ဟုတ်တယ် သူကြီး ။
      ကျနော်တို့ကိုလည်း Guide ကြီးက အဲလိုပဲပြောတယ် ။

      ” ပင်စင်စားတွေအတွက်..ဘဝ.. နောက်ဆုံးအချိန်တွေမှာနေသွားဖို့..
      အကောင်းဆုံးမြို့တွေထဲ..ထိပ်တန်းအများကြိးရောက်လာတယ်..
      တလ ၁ထောင့် ၅ရာလောက်ဆို..
      စားနေ..ကျမ်းမာရေး.. အိုကေစိုပြေတဲ့နေရာတွေအများကြီး.. တဲ့..။
      ဒါက.. မြန်မာသူဌေးတွေအတွက်.. သတင်းဖြစ်ပါကြောင်း ”

      ကျနော်တို့ အဲဒီ ခရီးသွား အုပ်စုထဲက ၊
      Michael ဆိုတဲ့ အမေရိကန် ပင်စင်စား အဖိုးကြီးက ၊
      အခု လက်ရှိ အီတလီမှာ နေနေတာလေ ။

      အခု ဥရောပက နဲနဲ ဆင်းရဲလာတော့ ၊ ဈေးပေါလာပြီလေ ။
      ပင်စင်စားတွေ ရတဲ့ ပင်စင်လစာနှင့်တင် လုံလောက်တဲ့ ၊
      ပင်စင်စားတွေ နေပျော်တဲ့ အရပ် ဖြစ်လာပြီလေ ။

      ကျနော်တို့ ဩဇီက ဈေးသိပ်ကြီးတယ်ဗျာ ။
      အသက်ကြီးရင် အဲဒီလိုပဲ ဥရောပတခွင် လျှောက်နေရင် ကောင်းမယ် ထင်တယ် ။
      အပေါ်ပိုင်းက ရာသီဥတု ကြမ်းပေမယ့် ၊
      အောက်ပိုင်း မြေထဲပင်လယ်ဖက်က ရာသီဥတု မဆိုးဘူး ခမျ ။

      ဒါပေမယ့် ၊ ဒီဈေးနှုန်းနည်းတာက ၊
      ဩဇီ တွေ ၊ အမေရိကန် တွေကို ဆွဲဆောင်နိုင်ပေမယ့် ၊
      မြန်မာသူဌေးတွေ ကတော့ သိပ် စိတ်ဝင်စားမယ် မထင်ဘူးဗျ ။
      ဘာဖြစ်လို့လဲဆိုတော့ ၊
      ဘယ်မြန်မာသူဌေးမှ အိမ်ဖေါ် မရှိတဲ့ အရပ်မှာ နေနိုင်မယ် မထင်ဘူးဗျ ။

  • MaMa

    December 14, 2012 at 6:41 am

    (ကိန်းစ်မြို့က ထူးထူးခြားခြား Burma လို့ အမည်တပ်ထားတဲ့ Crystal ဆိုင်လေး ။)
    ဆိုတော့ ပိုင်ရှင်က မြန်မာလား မသိဘူး။
    ကျမတို့တော့ ကိုယ့်မြို့နာမည်တွေ့ရင် ဝင်ဖောကြည့်တာပဲ။

    FR ရော နည်းနည်းပါးပါး ဝင်ဖောမကြည့်ခဲ့ဘူးလား။ :kwi:

    ုပြင်သစ်မှာ မြန်မာခရစ်စတယ်ဆိုင် ဖွင့်နိုင်တယ်ဆိုတော့ ဂုဏ်ယူစရာပဲ။

    • Foreign Resident

      December 14, 2012 at 8:25 am

      ” FR ရော နည်းနည်းပါးပါး ဝင်ဖောမကြည့်ခဲ့ဘူးလား ”

      အချိန် သိပ်မရခဲ့ဘူး မမ ရဲ့ ။
      အချိန် နေ့ဝက် ထဲမှာ ၊ အကုန် လောလော လောလော နှင့် လုပ်ခဲ့ရတာ ။
      ပြောရအုန်းမယ် ၊ လန်ဒန် မှာလည်း အဲဒီ ” Burma ” ဆိုင် ရှိတယ် ၊ တွေ့ခဲ့တယ် ။
      Chelsea FC အသွား လမ်းလေးမှာပဲ ။ Chelsea ကွင်း နှင့် သိပ်မဝေးဘူး ။

Leave a Reply