***ဒီမိုးကရေစီးတာ အငြိုူးအတေးပါတယ်***

maung khinminDecember 13, 20121min1223

***ဒီမိုးကရေစီးတာ အငြိုးအတေးပါတယ်***

 

မိစ ္ဆာဒိဋ္ဌိ များလက်မှာ
ဒီမိုးက ရေစီးမသွက်ဘူး ၊
ရတနာသုံးပါး ကို ဦးထိပ်ရွက်တယ်
မဟာဗျူဟာအရ  သာသနာ ကိုအငြှိုးအတေး များတယ်
ကိုယ်တော်တို ့ အရေပြားပေါ်မှ သမိုင်းစာမျက်နှာများ
အိုဘားမား ရဲ့ ခရီးစဉ်အပြီး
တောင်းပန်တိုင်း ကိစ္စပြီးပေး လိုက်ရတာက  ခဏ ပြီး ခဏ …၊

အချက်အချာကျကျ ပထဝီနိုင်ငံရေး
ညှိနှိုင်းဈေး ခရိုနီ မျိုးစိတ်များ  စိတ်သွားတိုင်း ကိုယ်ပါ လို ့
လိုရာဆန္ဒ တစ်လုံးတစ်ဝပြည့်ကြ
ဒီနေ ့ လည်း မနေ ့က လိုလို ၊ ဘာလိုလို …
တယ်ကယ်ပါပဲ  …………….
ဘာလိုနေမှန်း မသိတဲ့    ဟင်းတစ်ခွက်လို
အမျိုးသားရင်ကြားစေ့ရေး  ….
အရေး / အရေး  / အရေး  …..    /
ပန်းတွေ ပွင့်ဖို ့ထက်ပို အရေးကြီးတာ ဘာရှိသေးလဲ  ……….၊

လက်ပံတောင်းတောင် သပိတ်မှောက်
မီးတောက် မီးလျှံ ၊
သံဃံသရဏံ  ဂစ ္ဆာမိ
ဟော / ….. ထိပြီ
ရွှေဝါရောင် ၊ ကြေးနီတောင်
မိစ ္ဆာကောင်  တွေရဲ့   အပြုသဘောဆောင်မှု သီဝရီ
လယ်ပြင်မှာ ဆင်သွားသလို ထင်ရှား
ယဉ်ပါးနေတဲ့  လက်ဆ လက်နများ
မျက်ရည်ယိုဗုံး   ကတစ်ဆင့် မီးလောင်ခြင်း
ကျွန်တော်တို ့  ……
ထိုအထိ ရှင်းခဲ့ ပါ၏ ၊
ထိုအထိ လင်းခဲ့ ပါ၏ ၊
ထိုအထိ ပျင်းခဲ့ပါ၏ ။

သပိတ်သံ တွေ နေရာအနှံ ့ကပျံ ့လွင့်
ကွက်လပ်များ စွာ ရဲ့ လိုအပ်မှု
အလှည့်အပတ် နိုင်ငံရေး ပြုပြင်ပြောင်းလဲခြင်း
ဒီမိုးက ရေစီးပြီလားးးး
အကုသိုလ် သွေးအေးအေးမှာ
အနာဂတ်ကို ချကျွေး
လုံးချာလိုက် မျှော်လင့်ခြင်းပုပ်သိုးဆ တိုးပွါး
အနာတရနဲ ့ သာသနာ့မြေ
ထေရ်ရအမွေ ရွှေဝါရောင်များ
ကြေးနီတောင် မှာ သွေးနီရောင်လွှမ်း
ဒီမိုးက ရေစီးခပ်ကြမ်းကြမ်း ရယ် ….။

ဥပဒေရဲ့ အထက်မှာ  …
ဒေဝဒက် လမ်းစဉ်  အသင်ဘယ်လမ်းသွားသွား
ဒီမိုးက ရေစီးတာ  မခမ်းမနားနဲ ့
တစ်လမ်းသွား  ဂငယ်ကွေ ့သံသရာ
ရတနာသုံးပါးစလုံး  ချကျွေး  အားမရသေးတဲ့  ဒိဌိမိစ္ဆာဝါဒီများ
တစ်သွေးတစ်မွေး  ဖောင်းကားစွာ
ရောင်းစားခံ  ရွှေပြည်တော်ကြီးမှာလေ
သံယံဇာတ ဗလာ  ရင်ဘတ်ကြီးဖွင့်
ခရိုနီ  ကြီးကြီးသေးသေး တို ့လက်အောက်
အမျိုးသား ရင်ကြားစေ့ အက်ကွဲရာကြီးနဲ ့ ….
ဒီမိုး က ရေစီးကမ်းပြို လိုက်လာခဲ့ပေါ့ ။။

လရောင်ရွှေ

၁၃.၁၂.၂၀၁၂

3 comments

  • Mobile

    December 13, 2012 at 12:43 pm

    ဖတ်ရှု့အားပေးသွားကြောင်းပါ။
    စာသားလေးတွေကို နှစ်သက်လှ၏။

    • maung khinmin

      December 13, 2012 at 12:52 pm

      ကျေးဇူးအထူး တင်ကြောင်းပါ

  • Shwe Ei

    December 13, 2012 at 1:53 pm

    ရှယ်ဘီခည။ :hee:

Leave a Reply