ပီကေ

marblecommetDecember 13, 20121min1149

အဲဒီ . . .
ဗုဒ္ဓဟူးနေ့မှာ အရောင် (၃) မျိုးရှိတယ်
နွေလယ်နေ…၊ အဝေးမိုးသား ညို့ညို့….၊
ကြေကွဲနေတဲ့ အထီးကျန်သေတ္တာ….။

ကြည်လင်နေတဲ့ အသက်ဓာတ်မှာ
မွေးရာပါ ဗီဇကို ဆင့်ပွားထားတဲ့
ထပ်ဆင့် နာမဝိသေသနတွေ ရှိတယ်
သူမကို ထိမယ့် မြား တစ်ချက် တစ်ချက် တိုင်းကို
လှေကြီးထိုး ရိုးရိုးမှန်မှန် ကာကွယ်ဖို့နဲ့
စေလိုရာစေ ပျဝပ်နေတဲ့
အကင်းသေ ချပ်ဝတ်တန်ဆာရယ်..
ရိုးအလွန်းပါတယ်ကွယ်….။

အပြင် ရန်သူကို သတ္တိနဲ့ တိုက်ရလွယ်သလောက်..
အတွင်း ရန်သူကို နှလုံးသား နဲ့ ငြိုငြင်ရ ခက်လွန်းတယ်
စိတ်စေတသိတ် လောင်မီးပိုးရယ်
ငါတို့နဲ့ လွတ်ရာကင်းရာမှာ ကျပါတော့….။

ကိုယ့်ဘာသာ …
တစ်ဘက်သတ် တည်ဆောက်ထားတဲ့ ရေတံခွန်
မိုးခေါင်သောင်ထွန်း ဥတုရာသီမှာ
ကောရော….။ ။

12 .12 .2012
ည..1 . 05

9 comments

  • Mobile

    December 13, 2012 at 3:37 pm

    uီေm ဆိုလို့ဝင်ကြည့်လိုm်တw ်mဗျာတစ်uုဒ်ဖြစ်နေတw ်။
    အပြင် ရန်သူကို သတ္တိနဲ့ တိုက်ရလွယ်သလောက်..
    အတွင်း ရန်သူကို နှလုံးသား နဲ့ ငြိုငြင်ရ ခက်လွန်းတယ်
    စိတ်စေတသိတ် လောင်မီးပိုးရယ်
    ငါတို့နဲ့ လွတ်ရာကင်းရာမှာ ကျပါတော့….။
    စိတ်စေတသိတ် ဆိုတာဘာmိုပြောတာလဲ ဆိုတာလေး uို့စ်uိုင်ရှင်m ရှင်းပြစေလိုuါတw ်။

  • marblecommet

    December 13, 2012 at 3:46 pm

    ကိုယ်စိတ်နှလုံးသုံးပါးကို
    သင့်တင့်မျှတအောင် မထားတတ်လို့
    အတွင်းပူ အပြင်ပူ
    ပူလောင်ရတာကို ညွန်းဆိုချင်တာဖြစ်ပါတယ်.

  • Mobile

    December 13, 2012 at 4:12 pm

    ဟုက်ကဲ့ခင်ဗျ ယခုလို ပြန်လည်ဖြေကြား ရှင်းပြပေးခဲ့တဲ့အတွက်
    ကျေးဇူးတင်ပါတယ်ခင့်ဗျ။ မှတ်သားထားလိုက်ပါ၏။

  • Shwe Ei

    December 13, 2012 at 5:45 pm

    12.12.12 လဲပျောသေး။
    ည 1.05 တဲ့။ အိုက်ဒါ ၁၃ရက်ရောက်သွားဘီ မမကမ်းရဲ့။
    ကြည့်ရတာ ဒဂယ်ပူနေပုံရတယ်။ ရေဝိုင်းလောင်းကျစို့ :harr:

  • marblecommet

    December 13, 2012 at 5:50 pm

    အွင်း ဟုတ်သား အိကျိပရား…
    တော်ထှာ…..အေ…….

  • marblecommet

    December 13, 2012 at 5:55 pm

    ယေက ညီးဂို ချိုးပေးရမှာလား 😛

  • မောင်ပေ

    December 13, 2012 at 8:50 pm

    ရဲဘော်ရေ
    အားလုံးပေါင်းလိုက်တော့
    ရန်သူမျိုး ရ ပါး ဖြစ်ကရော

  • marblecommet

    December 13, 2012 at 9:02 pm

    အင်းဗျာ…..
    96 ပါး ရောဂါနဲ့ ယှဉ်ကြည့်ရင်တော့
    ရန်သူ 7 ပါးက
    အကင်းလေးရယ်……..

  • ဦးကြောင်ကြီး

    December 14, 2012 at 10:33 am

    ပီကေ
    ဒီမြေ
    ကြည်ဇေ
    အီဖေ
    နီစွေ
    ဟီနေ
    လီခြွေ
    ထီငွေ..။

Leave a Reply