3 in 1 Photography

Mလုလင္December 13, 20123min49332

တန်ဆောင်မုန်းလပြည့် နေ့အမှီ မန်းလေး ရောက်တုန်း .. ဆော်ခဲ့နှက်ခဲ့တာ လေးတွေပါ ….။
ဦးပေါက် က comment နဲ့ ပုံလေးတွေရဲ့ Description ကို ဝင်ရေးပေးပါလိမ့်မယ် … သုံးယောက်ပေါင်း လောင်းကျော် ပေါ့ဗျာ …………………။

ဦးပေါက်(မန်းလေး) ရဲ့ လက်ရာမွန်
ရွှေမင်းသား ရဲ့ လက်ရာမွန်
Mလုလင် ရိုက်သည်။
ဦးပေါက်(မန်းလေး) ရဲ့ လက်ရာမွန်
ရွှေမင်းသား ရဲ့ လက်ရာမွန်
Mလုလင် ရိုက်သည်။
ဦးပေါက်(မန်းလေး) ရဲ့ လက်ရာမွန်
ရွှေမင်းသား ရဲ့ လက်ရာမွန်
Mလုလင် ရိုက်သည်။
လေးစားစွာဖြင့်
   Mလုလင်

32 comments

  • Mobile

    December 14, 2012 at 12:17 am

    အမ်မ်လုင် ရေဒီတစ်ခါ တင်ထားတဲ့ uုံတွေmိုဖြင့် အmုန်လုံးနီးuါး အကြိုတ်တွေ့မိကြောင်းuါ
    ဪ သရီး အင်ဝမ်း ဆိုတာ ေmာ်ဖီမှ သောက်ေmာင်းတw ်မှတ်ထှာ ဓာတ်uုံဆိုရင်လဲ
    ကြည့်ေmာင်းပါလား။

  • သကြားလုုံးကြော်

    December 14, 2012 at 2:40 am

    ၃ယောက်ပုုံပေါင်းကပုုံတွေ ကြည့်ရတာ ကြည့်စရာတွေအများကြီး ရပြီ။ လှမှလှ။
    ၃ယောက် သပ်သပ်စီရိုုက်ပြီး လက်တိုု့တော့ ၂ယောက်လက်ရာများလား။
    ဦးပေါက်ရဲ့ အပေါ်ဆုုံးက နွားလှည်းပုုံက ဖွဲ့စည်းပုုံရယ်၊ ကိုုလုုလင်ရဲ့ ကောက်သမ ကိုု ရိုုက်ထားတဲ့ ရှုထောင့်ရယ် ၊ မွေးမြူရေး မီးပုုံပျံပုုံထဲက အလင်းရောင်ရယ် ကိုု အကြိုက်ဆုုံးပါ။
    ဦးပေါက်နဲ့ ကိုုရွှေမင်းသားရဲ့ HDR ဆန်ဆန် ပုုံတချို့ကတော့ ပါဆင်နယ်တေ့စ်အရ သိပ်မကြိုက်လှဘူး။ ပါဆင်နယ်အရနော်။

    • ကျနော်တို့က ဒီလို စုစုစည်းစည်းလေးတင်ရတာကို သဘောကျပါ၏။
      သကြားလုံးရေ မကြိုက်ဘူးပြောတာ စိတ်မဆိုးကြပါ။
      အတွေးခြင်းထပ်တူညီမူ့မရှိတာက လက်တွေ့ဆန်သော သဘာဝတရားပါ။
      လုလင် ရွှေမင်းသားတို့က ပြိုင်ပွဲဝင်နေကြသူဖြစ်ပြီး သီအိုရီအရလည်း တတ်ကျွမ်းသူဖြစ်ပါ၏
      ကျနာ်ကတော့ ကင်မရာပေါက်စအားကိုးနှင့်မြင်သမျကိုလက်ဆော့သော ဝါသနာရှင်ဖြစ်ပါ၏။

  • kai

    December 14, 2012 at 4:12 am

    အောင်မြလေး..
    လှရက်လိုက်ကြတာ…

    ကလန်ဒါလုပ်ဖို့ကောင်းတယ်..။

    • ကလန်ဒါအတွက်က အများကြည့်နိုင်သော ဘုရားပုံမပါသော ရူ့ခင်းပုံတွေအများကြီးရှိပါ၏

  • MaMa

    December 14, 2012 at 6:37 am

    အားကျအောင် ရို်က်ပြကြပါပေမယ်။

    အဲဒါလို ရွာထဲက ပုံတွေကြည့်ပြီး….
    အပြင်လောကမှာ မြင်မြင်သမျှ ရိုက်ချင်နေတော့တာပဲ။

    ဘယ်တော့ (တုတ်နဲ့) ပြန်အရိုက်ခံရမယ် မသိ။ :kwi:

    • မမရေ ကျနော်လဲ မမတို့လိုဝါသနာရှင်အစစ်ပါ။
      အရိုက်ခံရမလိုဖြစ်တဲ့အကြောင်း ပိုစ်ရေးအုံးမယ်ဗျ

  • weiwei

    December 14, 2012 at 7:20 am

    လှလိုက်တဲ့ ဓါတ်ပုံ အနုပညာ ..
    ခံစားချက် တစ်ယောက်တစ်မျိုးစီနဲ့ ကိုယ်သန်ရာသန်ရာကို ရိုက်ပြထားတာ ကြည့်ရတာ တစ်ခုခုကို ခံစားရပါတယ် ..
    ကိုပေါက်ကတော့ ရေနဲ့ တိမ်နဲ့ ရေထဲက အရိပ်ကို အရမ်းကြိုက်တာ သိသာတယ် ..
    ရွှေမင်းသားပုံတွေက ဓါတ်ပုံပညာ အစွမ်းကို တွေ့ရတယ် ..
    လုလင်ကတော့ လူတွေရဲ့ ဘဝသရုပ်ဖော် ပုံလေးတွေကို ရိုက်ရတာ နှစ်သက်ပုံရတယ် …
    ၃ မျိုးပေါင်းပြီး တစ်ခါထဲကြည့်ရတာ ပြည့်စုံသွားပါတယ် …
    ဆရာသော့ လက်ရာပါ ပါမယ်ဆိုရင် ပိုပြီး ပြည့်စုံသွားမယ်နော် …

    • မဝေရေ

      ဆရာသော့က ရွာထဲမှာ ဓါတ်ပုံတင်ဘို့ ဘယ်လိုမှ ခေါ်လို့မရ။
      မအားဘူးချည်းဘဲပြောနေပါတယ် ။
      ဒါပေမယ့် ဆရာသော့နဲ့ကျနာ် အားတယ်ဆိုတာနဲ့ ဓါတ်ပုံထွက်ရိုက်ဖြစ်ပါ၏။
      သွားတိုင်း ကတော့ မနက် ငါးနာရီ……………………………………………

      • သကြားလုုံးကြော်

        December 14, 2012 at 6:02 pm

        မနက်၅နာရီမှာအပြင်ထွက်ရိုုက်ဖိုု့ အဖော်ရှိတာ တကယ်အားကျတယ်။ မနက်စောစောတိုု့ ညမိုုးချုပ်တိုု့မှာ အတူထွက်ရိုုက်ဖိုု့ မိန်းကလေးဖော် ဆိုုတာ ရှာလိုု့ရရင်တောင်မှ မသင့်တော်တာနဲ့ ဘာနဲ့ မလွယ်ဘူး။ ခရီးသွားဓာတ်ပုုံဆရာတွေက ယောကျင်္ားတွေများတာ ဒါကြောင့်များလား မသိဘူး။ ဓာတ်ပုုံရိုုက်ချင်လိုု့ဆိုုပြီး တယောက်တည်း ရွှိကနဲ ထွက်လိုု့ သွားချင်ရာသွားလိုု့မရဘူး။
        ဪ စိတ်သွားတိုုင်းကိုုယ်မပါနိုုင်တဲ့ မိန်းကလေးတိုု့ဘဝပါလားနော်။ လူတွေကိုုပဲလိုုက်ရိုုက်တော့မယ်။ အန်တီမမပြောသလိုု အရိုုက်ခံရမှ ခံရေရောပဲ၊ အချိန်မဟုုတ် အိမ်ပြင်ထွက်ရတာထက်တော်သေးတယ်။

  • uncle gyi

    December 14, 2012 at 8:33 am

    ရွာထဲတင်ဓါတ်ပုံပြပွဲလုပ်လို့ရပြီ
    ဒီပုံတွေအပြင်မှာရောင်းတာတွေ့ရင်သူကြီးတာဝန်နော်
    အပြင်ကအဒေါ်နဲ့ဝယ်မယ်ဆိုလည်းသူကြီးကော်ကော်ရမှာပေါ့

  • ချစ်ရင်ထူး II

    December 14, 2012 at 9:05 am

    ကိုလုလင် ကင်မရာမကိုင်တာ ကြာလဲ လက်ရာကတော့ ကျ မသွားပါလားနော် … ..
    ကျွန်တော်တော့ အလုပ်မအားတာနဲ့ မရိုက်ဖြစ်ဘူး ..

    လေးပေါက် ရဲ့ တံတားကို အမြင်တစ်မျိုးကနေ ရိုက်ထားတာလေး သဘောကျ တယ် ..

    ရွှေမင်းသား ရိုက်တဲ့ ဒုတိယ ပုံကို ကြိုက်တယ် ..

    ပုံတွေအားလုံးက ကောင်းနေတော့ ဘယ်ပုံ အကောင်းဆုံးလဲ ဆိုတာကို မသိတော့ဝူး .. ..

    သေချာတာကတော့ ကျွန်တော်အဲဒီလို ပုံတွေ မရိုက်နိုင်သေးဘူး . 🙁

  • မင်းနန္ဓာ

    December 14, 2012 at 9:15 am

    သုံးယောက်ပေါင်းပြီး စပ်ထားတဲ့ ကဗျာတစ်ပုဒ်လို့ ဆိုချင်တယ်ဗျာ
    ပုံတွေအားလုံးက ရင်ကိုထိခတ်စေတဲ့ စကားလုံးလေးတွေပေါ့

  • Shwe Tike Soe

    December 14, 2012 at 9:25 am

    အော် ကိုယ့်လူတွေ စကျင်ရွာကိုတောင် ရောက်ခဲ့တယ်ပေါ့လေ…
    ကျွန်တော်တို. ကျောက်ဆစ်တန်းက ဘုရားတွေ အဲဒီကနေ ထုတ်တာပဲဗျ…
    ကိုလု တောင်ကြီး တန်ဆောင်တို်င်ရောက်တာလား.. ဒါများ ကျွန်တော့် အရုပ်ကြီးတွေ ရိုက်ခဲ့တာမဟုတ်ဘူးဗျာ…….

    စာကြွင်း။ ကိုလု ဓာတ်ပုံလေးဒွေ ပို.ပေးပါအုံးဗျာ…

    • ဘဲဥ

      December 14, 2012 at 12:54 pm

      ကျောက်ဆစ်တန်းသူတွေ ချောဒယ် ရို့ ရို့ :harr:

      • Shwe Tike Soe

        December 14, 2012 at 3:20 pm

        ကျောက်ဆစ်တန်းသူေတွေချောတယ် ဒါပေမယ့် ဘဲဥ မစားဘူး………ခွိခွိခွိ

  • ဗုံဗုံ

    December 14, 2012 at 10:00 am

    လှလိုက်တာဟယ် ပုံလေးတွေက ရိုက်တဲ့သူတွေနဲ့ တူလို့လားမသိဘူးနော် 🙂

  • kyeemite

    December 14, 2012 at 10:20 am

    သရီး အင်ဝမ်း လက်ရာများကား
    အလွန်တရာကောင်းသည်ဆိုတာထက်ပိုပါကြောင်း……
    ကြီးမိုက်လည်း ထို သရီးဆိုသူတို့ကိုအားကျလွန်း၍
    မကြာခဏ လက်တဲ့စမ်းကြည့်ဖူးပါဂျောင်းးး
    သို့သော် ကွန်ပူတာပေါ်တင်ကြည့်လိုက်သောအခါ
    မိမိကိုယ်မိမိ ဘာကောင်ဆိုတာသိသိသွားပါဂျောင်းးးးး
    သရီး ယောက်စလုံးကိုချီးကျူးပါ၏။
    ခင်တဲ့.. :hee:

  • Mon Kit

    December 14, 2012 at 1:49 pm

    အိုး….. စိတ်ကူးကောင်း… လက်ရာကောင်းတွေပါလဲလားနော်..
    ဆြာကြီးများကို လေးစားအားကျမိပါတယ်…
    အားလုံး အားလုံး အကြိုက်ဆုံး ဖြစ်နေပါတယ်ရှင်…….

  • မနက်ကတည်းက မန့်ဖို့ လုပ်နေဒါ …
    ခုမှဘဲ မန့်ဖစ်တော့ဒယ် …

    ဒါ့ပုံ ဆရာ သုံးယောက်လုံးရဲ့
    ရှယ်တကာ့ ရှယ်ပုံတွေပါပဲဗျို့ …
    အားပေးသွားပါတယ် …
    ကျနော့် အနေနဲ့ကတော့
    ဘာကြောင့်ရယ် မသိ ..
    ထိပ်ဆုံးက ပုံလေးကို အလွန်တရာ နှစ်သက်မိပါကြောင်း ….

    • Mလုလင်

      December 15, 2012 at 12:34 am

      အဲ့ဒီ့ပုံလေး ကျွန်တော် လဲ ကြိုက် တယ်ဗျို ့ ….။

  • သီဟသူရချာလတာအာပေတူး

    December 14, 2012 at 4:57 pm

    ရိုက်တာနဲ့ အိုက်လိုတန်းထွက်တာလား နဲနဲပါးပါးပြင်ရသေးလား
    ဒီလိုလှအောင် အရောင်တွေဘာတွေပြင်ရတယ်ဆိုရင် ဘိုပြင်လဲသိချင်လို့ပါခညာ….

    • ကျနော်ပုံတွေက တော့ ဖိုတိုရှောမသုံးဘူးဗျ.
      ကင်မရာထဲမှာပါတဲ့ ဖန်ရှင်ကိုတော့ အဆင်ပြေသလိုပြောင်းရိုက်ပါတယ်။
      အခုဒီထဲမှာပါတဲ့ ကျနော့်ပုံ့တွေကို စူပါ ဗီဗစ် ဖန်ရှင်နဲ့ရိုက်ထားတာပါ။

  • သုံးအပေါင်းတစ်ဖြစ်တည်လာပုံကလေးကတော့ ဒီလိုပါဗျာ။
    26-11-2012နေ့ည 7နာရီ။
    လုလင်ကျနော်ဆီဖုန်းဆက်။
    ဘိုသော့ မေမြို့ မီးပုံပျံကို သွားမယ်။
    ကိုပေါက်က မန်းလေးမှာရှိမယ်။
    ဘိုသော့နဲ့လေးပေါက် တောင်သမန် လူကို ညုှိ့ခေါ်။
    မန်းလေးကို လာချင်တယ်။
    စိတ်တွေ မရိုးမရွဖြစ်လာပြိနော်။
    ည…………..10း30 ကျနော်ကားပေါ်ရောက်နေပြီ.
    JJ အထူးကား
    နက်ဖြန်မနက် တောင်သမန်ကိုဆော်ချင်နှက်ချင်တယ်။
    ပြီးရင် ဘိုသော့ဆီ ချီတက်မယ်။
    အိုကေ…………………..
    မနက်4း30 လေးပေါက် ကျနော်တို့ကား ရမည်းသင်းကထွက်လာပြီ။
    တန်ခွန်တိုင်အဝိုင်းပါတ်မှာဆင်းပါ။
    တောင်သမန်ကို သွားမယ်။
    မနက်5း00 အဝတ်စားလဲ အိမ်ကထွက်။
    ကားရောက်မလာခင် ဟိုလျောက်ဒီလျောက် လက်ဆော့ ။
    5း15 တောင်သမန်ကိုရောက်
    ဆိုင်ဖွင့်စ ကလေးမှာ တီးသောက်.
    အဲ………………..ဒီနောက်မှာတော့ ။
    ရွှေမင်းသားနဲ့ဆက် မတွှေ့ဖြစ်ကြ။
    ညနေလေးနာရီ
    လုလင်ကို ပြင်ဦးလွင်ကားပေါ်တင်ပေး။
    ဘိုသော့ဆီဖုန်းဆက်။
    တစ်ညလုံးနှက်ကြလိမ့်မယ်။

    မနက် 6း00 အိမ်ကထွက်
    ပြင်ဦးလွင်ဆိုင်ကယ်နဲ့တက်။
    မနက်7း15 ပြင်ဦးလွင်မှာ မုန့်စားနေပြီ
    ပြည်ချစ်ဘုရားသွား
    ဘိုသောတို့နဲ့ အချိတ်အဆက်လွဲ။။
    နောက်တော့ ရွှေမင်းသားနဲ့ဖုံးချိတ်
    အကြိုက်ဆုံးသုံးပုံစီပေး။
    4အင်ဝမ်း ကျမယ်ဆိုပေမယ့် ဘိုသော့က မပေးအား
    ဒါနဲ့ဘဲ သရီးအင်ဝမ်းလိုက်ရပါတယ်။
    မနှစ်က ဖိုးအင်ဝမ်း အရမန်းလန်းခဲ့ပါတယ်။
    ဒီနှစ်တစ်ယောက်လျော့ စိတ်တကယ်မကောင်းပါဘူး။

  • မောင်ပေ

    December 14, 2012 at 9:36 pm

    ကိုလုလင်နဲ ့ကိုမင်းသား ၊ ကိုပေါက် ၊ ကိုစိန်သော့
    တွေ ့ဖူးသမျှ ကင်မရာမင်းတွေထဲမှာတော့ တစ်ကယ်ကို ဝါသနာအရမ်းကြီးတဲ့ လူတွေပါပဲ

  • Foreign Resident

    December 15, 2012 at 6:11 am

    ဟို လူတယောက်ကို ဖင်ဖက်ကနေ ပင့်ရိုက်ထားတဲ့ပုံ ကလွဲရင်
    အကုန်ကြိုက်တယ် ။
    ဘုရား ရှေ့နားမှာ အမေ လို့ရေးထားတဲ့ဟာကတော့
    ပုံရဲ့အလှကို အားနည်းသွားစေတယ် ။

  • Mr. MarGa

    December 15, 2012 at 1:53 pm

    ဦးမာဃလဲ ပထမဆုံး ပုံကို မျက်စိကျမိပါတယ်
    ကူးလဲ ကူးသွားပါတယ်

  • Mလုလင်

    December 20, 2012 at 11:54 pm

    စိတ်ထဲကအတွေးကိုပြောရရင်တော့ …. (မဖြစ်နိုင်မှန်းသိပေမယ့်) ရွာထဲက ဓာတ်ပုံ သမား တွေစုပြီး Photo Trip လေး တစ်ခုလောက်တော့ထွက်ကြည့်ချင်သားဗျာ ….

Leave a Reply