သေပြီးမှအမည်ပြောင်းခြင်း

uncle gyiDecember 14, 20121min30421

ဦးဘ၏သားမောင်ပိုအားမောင်ချစ်ဟုပြောင်းလဲခေါ်ဆိုပါရန်

သတင်းစာတွေထဲမှာကလေးငယ်စဉ်အမည်ပြောင်းခြင်းသတင်းတွေကိုမကြာခဏဖတ်ရပါတယ်

အထူးသဖြင့်၉တန်း၁ဝတန်းကလေးတွေပိုများပါတယ်

နောက်ပိုင်းအသက်အလုပ်ခွင်ရောက်ပြီူးသွားတဲ့သူတွေကအမည်ပြောင်းတာအင်မတန်နည်းသွားပါတယ်

သေသည်အထိလုပ်ငန်းထဲကအမည်နဲ့နေသွားကြတာများပါတယ်

ဒါပေမဲ့ထူးထူးခြားခြားသေပြီးမှအမည်ပြောင်းတာကိုတော့တွေ့ဖူးကြမှာမဟုတ်ပါဖူး

အထူးသဖြင့်သေသူနဲ့သူ့မိသားစုကမပြောင်းပဲစာနယ်ဇင်းတွေကပြောင်းပေလိုက်တာကိုမြင်ဖူးကြမလားမသိဖူး

တနေ့ကစာစောင်တခုဖတ်မိလိုက်ပါတယ်

ထူးထူးခြားခြားကျွန်တော်တို့အကြိုက်အဆိုတော်တဦးသေဆုံးမှုသတင်းြနောက်ဆက်တွဲဖြစ်ပါတယ်

1355105406867 [640x480] 1355105432911 [640x480]

 

မြင်ကြတဲ့အတိုင်းခင်မောင်တိုးဖြစ်ရမှာကို

ခေါင်းကြီုးစာတန်းမှာမှခင်မောင်တိုင်းအဖြစ်အမည်ပြောင်းပေးလိုက်တာပါ

အယ်ဒီတာမင်းများအလုပ်မအားကြလို့ပြန်မစစ်လိုက်နိုင်လို့နဲ့တူပါတယ်

နောက်အပတ်ထုတ်မှာအမှားပြင်ဆင်ခြင်းနဲ့ပြီးသွားတော့မှာပါ

အယ်ဒီတာတွေတာဝန်ယူမှုအရေးကြီးကြောင်း

တာဝန်မပေါ့သင့်ကြောင်းတင်ပြလိုက်ပါတယ်ဗျာ

21 comments

  • မောင့်ကျက်သရေ ဂီ့

    December 14, 2012 at 9:18 am

    ဟုတ်ဗျ … မပေါ့သင့်တာ မပေါ့ဖို့ …

    ကျနော် အထက်တန်းကျောင်းသားဘဝမှာ နာမည်ပြောင်းခဲ့ပါတယ် ..
    နာမည်ပြောင်း လက်မှတ်ကို အောက်ဗမာပြီ အခြေခံပညာအူးဇီး က ထုတ်ပေးတာပါ…
    အဲ့လက်မှတ်မှာ စာလုံးပေါင်း အမှားတခုပါလာပါတယ်..

    ဗမာပီပီ အဲ့တုန်းက ကော်ရက်ရှင်ပန် ခေတ်စားစ ဆိုတော့ ကော်ရက်ရှင်နဲ့ အုပ်ပီး
    ပြန်ပြင်ရေးလွှတ်လိုက်ပါတယ်…

    အဲ့ဒါ နောင် ၅နှစ်အကြာမှာ ကျနော် နိုင်ငံရပ်ခြား ကကျောင်းတခုမှာ စကော်လာလျှောက်ထားဖို့
    ဖြစ်လာတော့ .. စာရွက်စာတမ်းတွေ နိုတြီ ပြန်ရပါတယ်… အဲ့သည့်မှာ စကော်လာ
    ဆိုတော့ သိတဲ့အတိုင်း ငယ်ဘဝ ကျောင်းသားဘဝမှာ ကြိုးစားခဲ့ကြောင်း ထူးချွန်ခဲ့ကြောင်း
    အပြိုင်အဆိုင် ရေးကြ တင်ကြရတာ မဟုတ်ပါလား ခင်ဗျား …။
    နာမယ်ပြောင်းခဲ့တဲ့ကျနော် ငယ်ဘဝက ဆုတွေအတွက် အနှီ နာမည်ပြောင်းလက်မှတ်ကို
    နိုတြီပြန်ရာမှာ .. အကျုံးမဝင်ကြောင်း ပယ်ချခံရပါတယ်….

    နိုင်ငံတကာမှာ စာရွက်စာတမ်းအမှားပါလို့ ခြစ်ရင် ပြင်ရင် ဆိုင်းထိုး ဆီးလ်တံဆိပ် ထုရသတဲ့လေ
    …ကျနော်လည်း အဲ့ စကော်လာ မရခဲ့ပါဝူး…
    ကျေးဇူးကြီးပါပေ့ အောက်ဗမာပြီ အခြေခံပညာအူးဇီးရယ်…

    • Khaing Khaing

      December 14, 2012 at 3:47 pm

      ဘာဖြစ်ဖြစ် ကြွားသွားတယ်လို့ ယူဇပါဂျောင်း ……..

      • မောင့်ကျက်သရေ ဂီ့

        December 14, 2012 at 7:35 pm

        ဂျီးတော်ခိုင် ကျုပ်ကြွားတာမဟုတ်ပါဘူး.
        အနှီကာလမှာ. အဲ့သည့် ပညာသင်ဆုကိုာကျနော်တော်တော် မက်မ်ကမောမော ရှိခဲ့ဖူးတာကလားး
        ( မရခဲ့တာကပဲ ကံဖယ်သလိုဖြစ်ပီး ကနေ့လောက်ထိ မိဘဒုက္ခပေးတဲ့ ဘဝ ရောက်မနေဘဲ.
        ကိုယ့်ဟာကိုယ်ရပ်တည်နိုင်တာကတော့. အဆိုးထဲကအကောင်းပေါ့ဗျာ )

        ထားပါလေပြောချင်တာ က ကျုပ်လို ကံကောင်းထေက်မစွာ အလုပ်နဲ့အံဝင်ခွင်ကျဖြစ်ပြီး
        ပညာရေး လှည့်ကြည့်စရာမလိုမယ့် လူက လူနည်းစု ဖြစ်မှာပါ
        ကျုပ်နေရာမှာ ပညာဘက်ဇောက်ချချင်တဲ့ ပီအိပ်ချ်ဒီ ယူပြီး ဆရာပြန်လုပ်လို့
        ပညာသယ်တွေမွေးထုတ်ပေးလိုတဲ့ နိုင်ငံ့သားကောင်း လူငယ်လေးတယောက်ဆို.
        ကြည့်စမ်း. ဘာမဟုတ်တဲ့ ကော်ရက်ရှင်ပန်ရာလေးတခုက.

        ပြောမယ့်သာပြောပါတယ်. ကျုပ်လည်း. ငါဟာငါမဟုတ်ဆိုသလိုပဲ
        အလယ်တန်းအဆင့်ထိရခဲ့သမျှဆု တွေအားလုံးက. လက်ရှိကျုပ်နဲ့ အကျုံးမဝင်တော့ဘူး ဆိုပါတော့.

        ပြောချင်တဲ့မက်စေ့ချ်လေးက ရိုးရိုးလေးပါဗျာ. တစက္ကန့်လောက်စာအလွဲလေး နမော်နမဲ့လေးက.
        တဖက်သားအတွက် တသက်တာ ဆုံးရှုံးမှုဖြစ်တတ်တယ်ဆိုတာလေးပါ.
        ကလေးဘဝက ဆုရဖူးတာ ကြွားပီး ကျုပ်က ဘာလုပ်ရမှာတုန်း. ဗိုက်ဖူးခိုင်ရယ်.

        တော်သေးပြီ

  • uncle gyi

    December 14, 2012 at 9:40 am

    လွယ်လွယ်လုပ်ကြတဲ့မြန်မာ့အကျင့်က
    ကိုဂီကိုကောင်းကောင်းဒုက္ခပေးသွားတာပဲ
    အခြားခံရသူတွေလည်းအတော်များမှာပါ
    ပြင်ကြဖို့ကောင်းတဲ့ကိစ္စပြင်လည်းပြင်သင့်တဲ့ကိစ္စလို့မြင်ကြောင်းပါဗျာ

  • Mobile

    December 14, 2012 at 9:41 am

    ထူးဆန်းပါပေ့ ကိုခင်မောင်တိုင်း ရယ်
    မန်းလေး နရူး သတင်းစာအနေဖြင့် ခင်မောင်တိုင်း၏ အကြိုတ်ဆုံး မန္တလေးတေးများ
    ဆိုတဲ့စီရီး ကို ဂုဏ်ပြုလိုက်ပုံရပါတယ်။
    တစ်ခုတော့ စဉ်းစားမိတယ်ဗျ တကယ်တမ်း ခင်မောင်တိုး သေတာမဟုတ်ဘဲ ခင်မောင်တိုး ရဲ့
    ညီ(သို့မဟုတ်) အကို ခင်မောင်တိုင်းဆိုတဲလူ သေတာများလား။

  • jullies cezer

    December 14, 2012 at 9:59 am

    ဒါမှမဟုတ်လဲ ခင်မောင်တိုင်းဆိုတာ မြန်မာတိုင်းနဲ့ ဘာတော်လဲမသိ :mrgreeen:

  • ဗုံဗုံ

    December 14, 2012 at 10:02 am

    မွှားတဲ့အခါလည်း မွှားပေမှာပေါ့ ကိုခင်မောင်တိုင်းရယ် :hee:

  • uncle gyi

    December 14, 2012 at 10:13 am

    မိုဘိုင်းပြောသလိုကိုခင်မောင်တိုးကြီးကိုဂုဏ်ပြုတယ်လို့ပဲသဘောထားလိုက်တာကောင်းပါမယ်
    မြန်မာတိုင်းနဲ့မတော်ပဲဗင်လင်တိုင်းနဲ့မွှားသွားရင်ဒုက္ခပဲဆီဇာရေ
    မြန်မာမှာကအဲလောက်ကလေးတော့ဖြည့်ပြီးဖတ်တတ်နေကြပါပြီဗုံဗုံရေ
    မြန်မာတွေပိုတော်လာကြပြီ

  • မဟာရာဇာ အံစာတုံး

    December 14, 2012 at 10:29 am

    ဒီလိုဗျ ….
    မြန်မာ ဂျာနယ် လောကမှာပေါ့ဗျာ ..
    အမှား အကင်းဆုံးလို့ ဆိုနိုင်တဲ့ Eleven တောင်မှ ..
    တစ်ခါတစ်ခါ သူ့ရဲ့ စာကိုယ်တွေထဲမှာ အမှားတွေကို တွေ့ရတယ် ..

    ခုလို ခေါင်းစဉ်ကြီးမှာ မှားနေတာကတော့
    အတော့်ကို ပေါ့လျော့ရာ ကျလွန်းနေပါတယ် …

    ဒီအချက်က မြန်မာ ဂျာနယ်တွေ ပြင်ရမယ့် အချက်ပါပဲ …
    သူများတွေကို မဝေဖန်ခင် ကိုယ့်ကိုယ်ကို အရင်ဆုံး ဝေဖန် မှန်ကန်အောင် လုပ်ထားသင့်တယ်လို့
    ကျုပ်တော့ ထင်ပါတယ် …

  • Mobile

    December 14, 2012 at 12:29 pm

    ကိုဆာကြီးပြောတာကို အားပေးအားမြောက်လုပ်လိုက်ပါ၏

  • ဘဲဥ

    December 14, 2012 at 12:36 pm

    အော်……….. ကိုတိုးကြီးကနေ ကိုတိုင်းကြီးဖြစ်သွားတာပါ့လားနော် :buu:

  • ခင်ခ

    December 14, 2012 at 2:19 pm

    အင်း စာရေးတဲ့သူတိုင်း စာဖတ်ပရိတ်သတ်ကိုလေးစားသင့်တဲ့ အချက်ထဲမှာ နံမည်ကျော်တွေရဲ့ အမည်ကိုမှားမရေးမိဖို့အချက်လည်း ပါပေသကိုး။

  • kai

    December 14, 2012 at 3:56 pm

    .. အယ်ဒီတာက.. ဓါးသမား.. ဖြတ်တောက်စိစစ်ရွေးချယ်ရတာဖြစ်ပေမယ့်..စာလုံးပေါင်းအမှားတွေက.. သတ်ပုံစာစစ်သမားအလုပ်ပေါ့..
    ဒါပေမယ့်..
    ခင်မောင်တိုးကို.. အခုလိုမှားတာကတော့.. အယ်ဒီတာအလုပ်ပါ..
    ခင်မောင်တိုင်းဆိုပြီးလည်း.. မြန်မာစာမှာစာလုံးပေါင်းက မှားမှ မမှားနိုင်တာကိုး..။

    အမှားကြောင့်… ပိုပြီးနာမယ်ကျော်သွားစေတယ်မှတ်ပေါ့.. :kwi:

    • Mobile

      December 14, 2012 at 7:14 pm

      မှန်ပေသပေါ့ သူကြီး ဦးခင်မောင်တိုင်းရေ ……ဟီ ………….

  • etone

    December 14, 2012 at 4:36 pm

    အန်ကယ်ကြီးရေ ..

    ကျွန်မဖြင့် အဟုတ်အောက်မေ့လို့ …. စိတ်ဝင်တစားနဲ့ လိုက်ဖတ်နေတာ … ။
    အောက်က ပုံကြီး မြင်မှ .. ထရယ်မိတော့တယ် ။ ဖြစ်စရာလား အဲ့လိုနော် … ။
    လူစိတ်ဝင်စားမှု များတဲ့ သတင်းမျိုးကို ခေါင်းစဉ်မှာ စမှားတာတော့ … လှောင်သလိုချည်းပဲ … ဟီးဟီး :mrgreen:

  • Wow

    December 14, 2012 at 4:54 pm

    ဝမ်းနဲရမှာလား ဝမ်းသာရမှာလားပေါ့ :gee:

  • MaMa

    December 14, 2012 at 6:46 pm

    အရေးအခင်းပြီးတော့ မှတ်ပုံတင်တွေ တနိုင်ငံလုံး ပြန်လုပ်တာ မှတ်မိကြမယ် ထင်ပါတယ်။
    မိသားစုတွေ အားလုံးသွားလုပ်ကြတာ မှတ်ပုံတင်အသစ် ထွက်လာတော့…….
    ကျမတစ်ယောက်ထဲပဲ ကျန်ခဲ့တယ်။
    သွားပြောတာ မရသေးဘူး မရသေးဘူးနဲ့ နောက်ဆုံးကျမှ နာမည်မှားရေးမိလို့ ဆက်မရေးပဲထားတဲ့ ကဒ်တစ်ခုမှာ ပထမနာမည်ကို ဓားနဲ့ခြစ်ပြီး ဖျက်ပြီး ကျမအတွက် ဖြည့်ပေးလိုက်တယ်။

    သွားလေရာမှာ နာမည်က ဖျက်ရာကြီးနဲ့မို့ မကြာခဏ ပြဿနာ ဖြစ်ရတယ်။
    နောက်ဆုံးတော့ မှတ်ပုံတင်ပျောက်ကြောင်းတင်ပြီး အသစ်ပြန်လျှောက်လိုက်ရတယ်။ :byae:

  • uncle gyi

    December 15, 2012 at 8:56 am

    ကိုအံစာရေကိုယ်တိုင်မှန်ကန်အောင်အရင်လုပ်သင့်တာမှန်လှကြောင်းပါ
    အထူးသဖြင့်ပြည်သူအများကိုရှေ့ဆောင်သူထဲပါတဲ့စာနယ်ဇင်းတွေ
    ဒီအမှားမျိုးကလုံးဝမှားသင့်ဖူးလို့မြင်ကြောင်းပါဗျာ

    ဟုတ်ပါတယ်အိတုန်ရေ
    လူမသိသူမသိသူတယောက်သတင်းဆိုဘယ်သူမှမသိနိုင်ပေမဲ့
    ကိုတိုးကြီးလိုလူတယောက်သတင်းကိုတော့သေချာစစ်ခဲ့သင့်ပေါ့နော်
    ဟိုးအရင်ခဲစာလုံးတွေတုန်းကစာစီ စာပြင် စာရိုက် သူ့နေရာနဲသူ
    အခုကကွန်ပြူတာသမားပြီးရင်ပြန်စစ်မယ့်သူမထားတော့လို့လားမသိဖူးနော်

    မမရေဋ္ဌါနဆိုင်ရာတွေကအဲလိုအလွယ်လုပ်ကြပေမဲ့
    တကယ်ခံရတာကကျွန်တော်တို့ပြည်သူတွေပါဗျာ
    ပြန်ပြောရင်လည်းမကြိုက်ကြ
    ပုံစံတွေတော့ပြောင်းတော့မယ်လို့မျှော်လင့်ရတာပါပဲ
    ပြောင်းမပြောင်းတော့မသိပေါ့ဗျာ

  • ဒီက ဂျာနယ်တွေက တစ်ပါတ်တစ်ခါထွက်နိုင်အောင်
    လူနည်းနည်းလေးနဲ့ဝိုင်းလုပ်ကြရတော့ ပြန်စစ်ချိန်မရှိအောင်ကို တက်သုတ်ရိုက်ကြတာပါ.
    ထွက်ရက် က စနေနေ့ပေမယ့် ှလေးရက်လောက်ကြိုပြီးစောထွက်ချင်တာကြောင့်လဲ ပြန်မစစ်နို်င်ဘဲ
    မှားကြတာပါ။
    ဒါကတော့ သူတို့ရဲ့လက်တွေ့ဘဝတွေပါ။

Leave a Reply