‘ ဘာတွေပေးဆပ် ဘာတွေရလို့ ဘာတွေလိုနေကြသလဲ ‘

ဓမၼ သုေတသီDecember 14, 20121min1115

” လူတွေဟာ တစ်ခုခုအတွက် တစ်ခုခုကို လုပ်ကြပါတယ်။ တစ်ခုခုလုပ်ကြတာကြောင့်

တစ်ခုခုတော့ ရသွားကြမှာပါ။ အဲဒီ တစ်ခုခုဖို့အတွက် တစ်ခုခုတော့ ပေးဆပ်လိုက်ရပါတယ်။

တစ်ခုခုပေးဆပ်လို့ တစ်ခုခုရသွားကြသလိုပဲ လူတွေဟာ အမြဲတမ်း တစ်ခုခုတော့ လိုနေကြစမြဲပါပဲ။

ဘာတွေပေးဆပ် ဘာတွေလုပ်လို့ ဘာတွေရပြီး ဘာတွေအမြဲတမ်း လိုနေကြတာလဲ။ ဘာ့ကြောင့်လဲ…. ”

 

ဖြောင့်ချက် –

လူသားတွေဟာ ရွှေငွေစည်းစိပ်ဥစ္စာ၊ လက်နက်၊ ရာထူး၊ အာဏာ၊ ဘွဲ့ပါဝါ၊ ဂုဏ်အရှိန်အဝါ၊

အသက်ခန္ဓာနှင့် ငြိမ်းချမ်းခြင်း တစ်ခုခုအတွက် တစ်ခုခုကို အရင်းအနှီးပြု ပေးဆပ်ပြီး တစ်ခုခုကို

လုပ်ကြပါတယ်။ လုပ်တဲ့အတိုင်း တစ်ခုခုတော့ ရသွားကြမှာပါ။ တစ်ခုခုရသွားတဲ့အတိုင်း လူသား

တွေဟာ အမြဲတမ်း တစ်ခုခုလိုနေကြစမြဲပါပဲ။ ဘာဖြစ်လို့လဲဆိုရင် လူသားတိုင်းမှာ ဘယ်လိုဖြည့်

ဖြည့် မပြည့်နိုင်တဲ့ တွင်းနက်ကြီးတစ်ခု ကိုယ်စီကိုယ်စီ ရှိကြတယ်လေ။ အဲ…………..

ငြိမ်းချမ်းခြင်းဆိုတာကို မရသရွေ့  ပေါ့။

ဟုတ်ပါတယ်။ ငြိ်မ်းချမ်းခြင်းဆိုတာကို မရသရွေ့ တော့ ဘာတွေ ဘယ်လောက်ပဲရရ အမြဲတမ်း

တစ်ခုခုတော့ လိုနေကြဦးပါပဲ။ ဒါကြောင့် သင်ဟာ ဘာအတွ့် ဘာတွေပေးဆပ် ဘာတွေလုပ်လို့

ဘာတွေရပြီး ဘာတွေလိုနေတာလဲ။ ငြိမ်းချမ်းခြင်းဆိုတာကို သင်…..ရပြီလား။

ရအောင်ကော လုပ်နေပါပြီလား….။

(ဓမ္မသုတေသီ အရှင်ပညိန္ဒ)

5 comments

  • ဓမ္မ သုတေသီ

    December 14, 2012 at 10:25 am

    ဂေဇက်ဓမ္မမိတ်ဆွေတို့ရေ…
    ကွန်မင့်တွေပြန်ဖြေ၊ ပြန်ရေးချင်ပေမယ့်၊ ပို့စ်တစ်ခုတင်နို်င်ဖို့တောင်
    လိုင်းမကောင်းတဲ့အခြေအနေကြောင့်မို့ ချက်ခြင်းပြန်မရေးပေးနိုင်တာကို
    နားလည်ပေးနိုင်ဖို့ ပြောပါရစေ။
    ကိုယ်တင်ထားတဲ့ ပို့စ်ကို ပြန်ဖတ်ဖို့အခွင့်ရတော့ စာမျက်နှာဟောင်းသွားပြီဖြစ်လို့
    မရေးပဲထားလိုက်တာကလည်း ဒီအတိုင်း ပြီးစလွယ်ပစ်ထားခြင်းမဟုတ်ကြောင်း
    အသိပေးလိုက်ရပါတယ်။
    အားလုံးသော လူသားအပေါင်းတို့ ငြိမ်းချမ်းကြပါစေ…။

  • Mobile

    December 14, 2012 at 10:42 am

    မင်္ဂလာပါ အရှင်ပညိန္ဒ ဘုရား
    တပည့်တော်ကတော့ ပေးဆပ်မှုတွေပြုလုပ် လိုချင်တောင်းတတောင်းတမှုတွေ
    အမြောက်အများ ရှိနေဆဲပါဘုရား
    ဘယ်လိုဖြည့်ဖြည့် မပြည့်နိုင်တဲ့ တွင်းနက်ကြီး ကိုတော့ တပည့်တော် ဘာမှ မလိုချင်တော့တဲ့အချိန်မှာ
    ပြည့်စုံ နိုင်မယ်လို့ထင်ပါတယ်ဘုရား။ အဲ့ဒီအခါမှာ ငြိမ်းချမ်းခြင်းဆိုတာကို ရရှိလိမ့်မယ်လို့
    ထင်မြင်မိကြောင်းပါဘုရား ………………
    မှားသည် မှန်သည်ကို သွန်သင်ဆုံးမတော်မူပါဘုရား …………….

  • ဦးကြောင်ကြီး

    December 14, 2012 at 10:48 am

    ဖြစ်လျင်ပျက်
    မျှစ်ချဉ်ဖတ်
    စစ်လျင်ငတ်
    သစ်ထွင်ခက်
    ဖြစ်ခွင့်သိ
    ပျက်ခွင့်ရှိ
    ဖြစ်ခွင့်သုန်း
    ပျက်ခွင့်ဆုံး
    အေးငြိမ်းသိ
    ပူခြင်းရှိ
    ငြိမ်းချမ်းဘိ
    ဆူပွက်ရှိ
    အဟုတ်ထင်မိ
    တကယ်ရှိ
    ကြောင်းခံပြတ်တိ
    အကြောင်းဂွိ
    အကျိုးဖြစ်ရန်မရှိ…။

  • Shwe Tike Soe

    December 14, 2012 at 1:53 pm

    တစ်ချိန်ချိန်မှာ တစ်ခုခုရဖို.အတွက် ပေးဆပ်နေရတာပါပဲ…
    အတ္တလေးတွေနဲ. လိုချင်တာရအောင် ကြိုးပမ်းနေရတာပါပဲဗျာ….

  • ခင်ခ

    December 14, 2012 at 2:25 pm

    ရလိုလို့ ပေးဆပ်တာလား။
    ပေးဆပ်ခြင်းကြောင့် ရတာလား။
    မပေးဆပ်ဘဲကော မရနိုင်ဘူးလား။
    မရနိုင်တဲ့အတွက်ကော မပေးဆပ်ဘူးလား။
    မရပေမယ့် ပေးဆပ်မှာလား။
    မပေးဆပ်သော်လည်း ရနိုင်တာရှိလား။
    ဪ သံသရာ သံသရာ သံသရာ ။

Leave a Reply