ဒီပို့စ်လေးကိုတင်ရတဲ့ အကြောင်းက ကျွန်တော့်ကို ကျွန်တော် တာဝန်မကျေဘူးထင်လို့ တင်လိုက်ရခြင်းပါ။ ကျွန်တော်က တာဝန်မကျေဘူးဆိုတော့ ကျန်တဲ့သူတွေရောတဲ့။ ကျေပါတယ်ဗျာ။ ကျေလိုက်သမ အားနာမိရလောက်အောင်ကို တာဝန်ကျေကြတာ။ ကျွန်တော်က ရွာထဲမှာ ကိုယ်ရေးချင်တာရေးပြီး ပြန်လှည့်မကြည့်တဲ့ လူတစ်ယောက်လိုများဖြစ်နေပြီလားလို့။ ကျွန်တော် တင်သမျှ ပို့စ်တွေကို ၀ိုင်းပြီး Commentပေးကြတဲ့ ဂေဇက်ရွာသူရွားသားတွေကို ပြန်ပြီး အကြောင်းမပြန်နိုင်တာ။ တစ်ခါတစ်လေမှ( ဒါလည်း ဝေးလွန်းလှပါတယ်) ကျွန်တော် Comment၀င်ရေးဖြစ်တယ်။ တစ်ခါတစ်လေ အခြား သူတွေရဲ့ ပို့စ်တွေကို ၀င်ဖတ်ဖြစ်ခဲ့ပါတယ်။ သို့သော်ပေါ့ဗျာ။ Commentတစ်ခုတောင် ကျွန်တော် မရေးသွားနိုင်ခဲ့ပါဘူး။ ဒါတွေကြောင့် တာဝန်မကျေဘူးလို့ထင်တာပါ။ စာရေးသူဆိုတာ ကိုယ်ရေးသမျှစာတွေ သူများတွေဖတ်နေဖို့ချည်းရယ်လို့ မသတ်မှတ်သင့်တာကိုလည်း သဘောပေါက်ပါရဲ့။ အပြန်အလှန်အားဖြင့် ဝေဖန်ဆွေးနွေးမှုဟာ လိုကိုလိုအပ်တာပါ။  ကျွန်တော်ကတော့ ပြေးပြေးလွှားလွှားဖြင့် ရွာထဲလာ။ ပြီးရင် ကိုယ်တင်ချင်တဲ့ ပို့စ်ကိုတင်ပြီး ပြန်ပြန်ထွက်သွားရတာ ခဏခဏပါပဲ။ ဒါပေမယ့် ဂေဇက်မန်ဘာတွေ သိပ်ကိုချစ်စရာကောင်းပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သော်ဇင်(လွိုင်ကော်)ဆိုတဲ့ ကလောင်တစ်ချောင်းကို ပစ်မထားကြပါဘူး။ ရေးလိုက်သမျှ ပို့စ်တိုင်းမှာ အားတက်စရာ Commentတွေကို ချန်ချန်ထားခဲ့ကြတယ်။

မချိတင်ကဲပြောကြတယ်။ အားမလို အားမရ ပြောကြတယ်။ မကြိုက်တာကို မကြိုက်ဘူးလို့ပြောကြတယ်။ ဒါတွေဟာ ကျွန်တော့်အတွက် အားဆေးတွေ။ ခွန်အားတွေပါ။ ကျွန်တော် တခြား တခြားသော Group တွေမှာလည်း စာတွေတင်ဖြစ်ပါတယ်။ ဒါပေမယ့် အချိန်မပေးနိုင်မှုကြောင့် နောက်ကျနေရတဲ့အကြောင်းလေးတွေရှိနေပါတယ်။ တော်တော်ကြာ ဂေဇက် ရွာသူရွာသားတွေ ရွှေစိတ်တော် ငြိုငြင်မှာစိုးတော်မူနေတာကြောင့် ဒီပို့စ်လေးဖြစ်လာရတယ်။ ကျွန်တော့်ရဲ့ ပို့စ်တွေကိုလာခဲ့တဲ့ ဧည့်သည်တော်တွေကို ကျွန်တော် ဒီလို မှတ်တမ်းလေး ပြုထားပါတယ်။ ကြည့်ကြဦးပေါ့ဗျာ။ မတော်တဆများ ကျန်ရစ်ခဲ့တဲ့ အမည်ပိုင်ရှင်တွေရှိရင်လည်း လက်ကျန်သည်းခံခြင်းလေးနဲ့ ခွင့်လွှတ်ပေးပါလို့။ မရတဲ့ အချိန်တွေကိုပေးပြီး ကျွန်တော် မှတ်ထားရတာဖြစ်လို့ပါ။ မျက်စိလျှမ်းတာလည်း ဖြစ်နိုင်သလို ကျွန်တော်ကိုယ်တိုင်ကလည်း ရေဗက္ကာဖြစ်နေနိုင်လို့ပါ။ တခြားမတွေးပါနဲ့ဗျာ။ နမော်နမဲ့ ဖြစ်တာကိုပြောတာ။

တော်တော်ကြာ သော်ဇင်(လွိုင်ကော်)ဆိုတဲ့ သူက ရေဗက္ကာနဲ့ ဘာလိုလိုထင်နေပါဦးမယ်။ ကဲ ကျွန်တော်ရဲ့ ဘော်ဘော် ကိုကိုမမ၊ ညီ၊ ညီမများကို ဒီလိုမှတ်တမ်းတင်လိုက်တယ်။  နောက်များ အချိန်ပေးနိုင်လာတာနဲ့အမျှ ဂေဇက်ထဲမှာ ရွာသူရွာသားတွေရဲ့ ကြိုးစားအားထုတ်မှုကို ပြစ်ပြစ်နှစ်နှစ်ကြီးကို (အဲလေ) အပြုသဘောဆောင် ဝေဖန် Commentတွေရေးသွားမယ့်အကြောင့်ကြိုတင် ကတိပြုပါတယ်။ အောက်က မှတ်တမ်းထဲမှာ ကျွန်တော်မျက်စိလျှမ်း၍ကျန်ခဲ့သော ဘော်ဘော်များအား အားနာမိကြောင်း….

  1. ဒုတိယ ကမ္ဘာစစ်ကျန်လူသား သခင် Mobile
  2. Pooch
  3. မောင်ပေ
  4. မဟာရာဇာ အံစာတုံး
  5. မောင်သုည
  6. တိမ်မည်း
  7. ကြည်ဆောင်း
  8. Foreign Resident
  9. Pye Kun Zaw

10. jullies cezer

11. Mr. MarGa

12. Mon Kit

13. MaMa

14. Koyinmaung

15. Shwe Tike Soe

16. ရွှေ ကြည်

17. kai

18. အလင်းဆက်

19. သခင် Mobile

20. ကိုပေါက်(မန္တလေး)

21. Mobile

22. kyeemite

23. Shwe Ei

24. ခိုင်ဇာ

25. စိုင်း ကွမ်းခေး

26. ရွာသူ jujuma

27. juu juu

28. ခင်ခ

29. Ma Ei

30. nozomi

31. Novy

32. Amatmin

33. Alpha Vanishing

34. စနေ

35. athwe lay

36. ကထူးဆန်း

37. aemoshu

38. ရွာစားကျော်

39. padonmar

40. Good™

41. ကိုရင်မောင်

42. နှင်းဆီ ငုံ

43. Thu Wai

44. Etone

45. Crystalline

46. ဒုဗိုလ်ကြီးမိုက်ကယ်ဂျော်နီအောင်ပု

47. အရီးခင်လတ်

48. ရှူံးနိမ့်မှုများနဲ့.. လူ

49. စိန်ဗိုက်ဗိုက်

50. kotun winlatt

51. linnlinnn

52. Fall Guy

53. manawphyulay

54. nature

55. Khaing Khaing

56. TTNU

57. မောင်သန်းထွဋ်ဦး /အတိသဉ္ဖာ နာဂရချစ်သူ

58. Gipsy

59. ဦးဦးပါလေရာ

60. HM S

61. Lwin Aung

62. zaw min

63. surmi

သော်ဇင်(လွိုင်ကော်)

About သော်ဇင် (လွိုင်ကော်)

သော်ဇင် (လွိုင်ကော်) has written 192 post in this Website..

ရင်ဘတ်နဲ့ခံစားပြီးရေးတဲ့ စာတွေ တင်ပြပါရစေခင်ဗျား