2012- ELECTION……………..(DECEMBER)

mzmDecember 14, 20121min530

ုုဒီဇင်ဘာလအတွင်းမှာကျင်းပပြီး၊ ကျင်းပဆဲဖြစ်တဲ့ ရပ်/ကျေးအုပ်ချုပ်ရေးမှူးရွေးကောက်ပွဲ
ဟာ ဒီမိုကရေစီလမ်းစဉ်နှင့်ညီ၊ မညီဆိုတာလေးသိချင်လို့ပါ။
ဘာလို့လဲဆိုတော့ အခုကျင်းပနေတဲ့ရွေးကောက်ပွဲ(ရပ်/ကျေးအုပ်ချုပ်ရေးမှူး)ပေါ့။
ပထမဦးဆုံး ရွေးကောက်ပွဲကိုကြီးကြပ်ဖို့၊ ကျင်းပဖို့ ရပ်ကွက်ထဲမှာရှိတဲ့ရပ်မိ၊ရပ်ဖ (၅)ဦးကိုရွေးချယ်ကြပါတယ်။
ရပ်ကွက်ထဲမှာရှိတဲ့အသက်(၁၈)နှစ်ပြည့်ပြီးသူတိုင်းမဲပေးခွင့်မရှိဘဲ
တစ်လမ်းချင်းအလိုက် အိမ်ထောင်စု(၁၀)စုမှာ ဆယ်စုမှူးကိုယ်စားလှယ် (၁)ယောက်စီရွေးပါတယ်။
ဥပမာ- လမ်းတစ်လမ်းမှာ အိမ်ထောင်စု (၂၀၀)ရှိလျှင်ဆယ်စုမှူးကိုယ်စားလှယ်(၂၀)ဦးရသည်။
အဲဒီ ဆယ်စုမှူးကိုယ်စားလှယ်အဖြစ်ဝင်ရွေးခံရမဲ့ပုဂ္ဂိုလ်ဟာ အုပ်ချုပ်ရေးမှူးအဖြစ်လည်း
ဝင်ရောက်ရွေးပိုင်ခွင့်ရှိတယ်လို့သိရပါတယ်။ ရပ်ကွက်တစ်ခုလုံးအတွက်
အဲဒီ ဆယ်စုမှူးကိုယ်စားလှယ်(လူနည်းစု)အယောက်(၄၀)ကနေပြီး ရပ်/ကျေးအုပ်ချုပ်ရေးမှူးကိုရွေးချယ်တင်မြောက်မှာပါ။
ယခင်ရွေးကောက်ပွဲတုန်းကလိုရပ်ကွက်သူ/သားများမပါဘဲ လူနည်းစုကရွေးချယ်တင်မြောက်ရတဲ့
ဒီ ရပ်/ကျေး ရွေးကောက်ပွဲဟာ ပွင့်လင်းမြင်သာမှု မရှိသလို ဒီမိုကရေစီနည်းလမ်းလည်းမကျဘူးလို့ထင်မြင်မိပါကြောင်း….
ဂေဇက်ရွာသူ/ရွာသားတွေရဲ့အမြင်ကိုလည်းသိချင်ပါတယ်။……….
ကျွန်တော့်အထင်တော့ အောက်ခြေ(ရပ်ကွက်)ကိုအချင်းချင်းစိတ်ဝမ်းကွဲအောင် အနုနည်းနဲ့ရန်တိုက်ပေးတဲ့
ရွေးကောက်ပွဲဥပဒေတစ်ရပ်အဖြစ်ထင်မြင်မိပါတယ်။
ဝေဖန်ဆွေးနွေးပေးကြပါဦး…………….