လိုနေတာဘာဒွေလဲ……????

ThuyazawDecember 14, 20121min26223

အော် ဘာလိုလိုနဲ့ ရွာထဲစာဝင်မရေးဖြစ်တာကြာပါပေါ့လား…….. အရင်ချိန်တွေကို မှတ်မိနေပါသေးတယ်……. သူရဇော်က စာကိုမယ်မယ်ရရ ရေးတတ်တဲ့ကောင်မဟုတ်ပါဘူး…… သီချင်းလေးတွေကို စီကာပတ်ကုံးနဲ့ လာပြီး ညာပီး အာဖြီးလို့ရေချိုး အဲလေ သီချင်းနာမည်ဒွေရောကုန်ပါရော့လား……. စာရေးတာပြောပါတယ်……..တချိန်က ဂေဇက်ဆိုတဲ့ရွာလေးဟာ အင်မတန် လှပမှုအပေါင်းနဲ့ပြည့်စုံခဲ့တယ်လေ…..ခုများတော့ ဒလိုမဟုတ်တော့ပါဘူး…… ထော်လာဂျီတဒုန်းဒုန်း….. မီးစက်သံ တဝုန်းဝုန်း သာအေးကစင်္ကာပူ၊ မိအေးက ဗိုက်ကြီးပူလို့ ခုများတော့ တစ်ယောက်မှမရှိတော့…..နားလည်ပေးကြပါ သားစိုးရဲ့စာဥသီချင်းနဲ့ရောသွားတာပါ….. ခုများဆို မန်းဂဇက်ဆိုတဲ့ ရွာကြီးက ပေါက်ပွားလာကြတဲ့ အဖွဲ့အစည်းတွေလဲရှိရဲ့……. ရန်ပွဲတွေလဲရှိရဲ့……. အလှူပွဲတွေလဲရှိရဲ့……..ဆုပေးပွဲတွေလဲရှိရဲ့ အင်မတန်တိုးတက်ပြောင်းလဲလာတာပါ…….သူကြီးကလဲ ပျော်မဆုံး တပြုံးပြုံးနဲ့……. နှစ်လုံးပြူးခါးကြားထိုးပီးဒူးတနှံ့နှံ့နဲ့ ပေါ့……. သူကြီးကို ခဲနဲ့ချောင်းပေါက်သူလဲရှိရဲ့၊ သူကြီးကို မုန့်လာကန်တော့သူလဲရှိရဲ့…..ဓါးနဲ့ထိုးချင်သူလဲရှိရဲ့…….ဒုတ်နဲ့ရိုက်ချင်သူလဲရှိရဲ့……. ဒါပေမယ့် သူကြီးကတော့ မမှုပါဘူး……

ရွာသူရွာသားတွေထဲမှာ စိတ်ဝမ်းကွဲသူတွေရှိရဲ့…….ချစ်ခင်သူတွေလဲရှိရဲ့…..ရှိရဲ့ပေါင်းများစွာထဲမှာတော့ မရှိခဲ့တာ ဘာတွေလဲ…….. ဂေဇက်မှာ လိုနေတာက ဘာဒွေလဲ                             ဂေဇက်မှာ လိုနေတာက ဘယ်အရာလဲ
ဂေဇက်က ဖြစ်ချင်နေတာ ဂေဇက်ကလိုချင်နေတာ (အဲဒါကရှင်နဲ့မဆိုင်ဘူး ရှင်နဲ့ဆိုင်တာ ရှင့်အလုပ်ရှင်လုပ်)
သားစိုးသီချင်းနဲ့ရောသွားပြန်ပီ……. စိတ်ရှိသမျှပြောချင်တယ်……ဒါပေမယ့် ဖြစ်နိုင်မလားတွေး…….

နားဦးမည်……

23 comments

  • Shwe Ei

    December 14, 2012 at 2:56 pm

    လိုဂျင်ဒါ…. အသစ်…. လောလောဆယ်ပေးဘာာာာာာ
    (သများလဲ ကိုလေး သီချင်းဝင်ဆိုသွားတယ်) :harr:

  • Shwe Tike Soe

    December 14, 2012 at 3:03 pm

    ဘာတွေလိုနေလဲဟုတ်သလား…. ဟိုနေ.က နင်အရက်သောက်ဖို.ပေါင်ထားတဲ့ နင့်မိန်းမနားကပ်တဖက် အခုရွေးဖို.လိုနေတယ်…..သွားအလုပ်လုပ်ချေ……
    ဟဲ့မဲတူမ လိုနေတာဘာဒွေလဲမေးရအောင် နင်က သမ္မတလား အေ….
    မဲတဲ့သူ သမ္မတ ဖြစ်တာ အမေလိကန်မှာပဲ ချိတယ်……….. ခွိခွိခွိ

    ချစ်ရို.ချတာချိတ်ချိုးနဲ.နော်…………ခွပ်ပ်ပ်ပ်ပ်ပ်..ဖြန်န်န်န်န်န်းးးးးးးးးးး ပလပ်ပ်ပ်ပ်ပ်ပ်ပ်
    ခွပ်= သူရဇော်အားရွှေတိုက်စိုးမှ ချစ်စနိုးဖြင့်လက်သီးနဲ.ထိုးသံ
    ဖြန်း = သူရဇော်မိန်းမမှ နားကပ်တဖက်ပေါင်ထားတာသိသွားကာ ပါးရိုက်သံ
    ပလပ်= သူရဇော်မိန်းမချော့သံ (ခိခိခိ)

    • ဘဲဥ

      December 14, 2012 at 3:10 pm

      ဟယ် တူရဂျော် မိန်းမချော့တေးဂလည်း ပလပ်တဲ့ ယားလိုက်တာအေ အသဲပြောပါတယ် :mrgreen:

  • Khaing Khaing

    December 14, 2012 at 3:10 pm

    ဘာတွေလိုနေလဲဆိုရင်တော့ …. ဟိုနေ့က ကရဲစည်ရဲ့ (12.12.2012) ပို့စ်မှာ သူကြီးကို အကြွေးတောင်းထားတယ် … သူဘာမှ ပြန်မပြောဘူး အခုထပ်ပြောတယ် … သူကြီး ကျွန်မကို ပေးရမယ့် အကြွေးပေးပါ … သူများတွေရတဲ့ဆုတွေဆို အခုဆို ပျက်တောင်ပျက်စီးနေလောက်ပီ ……

    • kai

      December 14, 2012 at 3:22 pm

      ဂဇက်ရဲ့ကွန်ဖရင့်တက်မှာလားခင်ဗျ..
      အဲဒီမှာ တခါထဲပေးလို့ရမလား..

      • သဂျီး ..
        သားသား မာမီဂ စိတ်ကျီးဒယ်နော် ..
        ဘာမှတ်နေလဲ .. ငွင်း .. ငွင်း .. :mrgreen:

        ++++++

        ဟို .. ပို့စ်ရေးတဲ့လူဂျီး ..
        ခညား ပေါဒဲ့ ..
        လိုနေတာ ဘာဒွေလဲ ဟုတ်ဘူး ..
        ကျုပ် အတွက်တော့ လောလောဆယ် လိုနေဒါဂ ..
        လိုနေဒါဂ .. ဟိုဒင်းဘဲ .. ငှဲ .. ငှဲ … :mrgreen:

      • Khaing Khaing

        December 14, 2012 at 3:29 pm

        အို … ပေးမယ်ဆိုလာမှာပေ့ါ … လာပြန်ပီတစ်ယောက် အကြပ်ကိုင်တာလား … သူများမပေါ့မပါးနဲ့ မလှုပ်နိုင်ပါဘူးဆို …. ဟိုခေါ်ဒီခေါ်နဲ့ … အဲပွဲကို သူကြီးကောလာမှာလား …. အဲပွဲမှာပေးထားပြီး သများလူကြုံနဲ့ယူလို့ရဝူးလား ……

        • kai

          December 14, 2012 at 3:33 pm

          ရတာပေါ့..
          ပွဲကို မပေါ့မပါးနဲ့တက်တော့.. ပိုကောင်းတာပေါ့..။
          မင်္ဂလာတွေရှိသွားတာပေါ့..။
          ပြီးမှ.. ရယ်ရင်းမောရင်း…မထိန်းနိုင်ပဲ မွေးဖြစ်သွားရင်.. မန်းဂဇက်လို့နာမယ်ပေးပေးနော.. :kwi:

  • နွယ်ပင်

    December 14, 2012 at 3:16 pm

    လိုနေတာ ဘာတွေလဲ ဟုတ်ရားးးးးးးးးးးးးး ….
    ရရစစ သူကများပြောရတယ်ရှိသေးးးးးးးးးးးးးးးးး …
    ဟွန်း မပြောချင်ဘူး မပြောချင်ဘူး လိုအပ်နေတာတွေ ကိုယ့်ဟာကိုယ်ရှာ
    လိုမယ်ထင်တာတွေ ကိုယ့်ဟာကိုယ်ဖြည့် လာမမေးနဲ့ ရှင်းတယ်နော် နောက်ခေါက်ထပ်ပြောဘူး
    ဟိဟိ ပြေးပြီ မဲမဲသွမလာခင် …. :harr:

  • kyeemite

    December 14, 2012 at 4:24 pm

    တူရ ရေ…
    ဂေဇက်မှာ လိုနေတာက ဘယ်အရာလဲ….ကြီးမိုက်မသိ…သိလည်းမသိချင်
    ကြီးမိုက်လိုနေတာတော့
    နင်တို့တတွေသိတယ်ဟုတ်… :harr:

  • သီဟသူရချာလတာအာပေတူး

    December 14, 2012 at 4:29 pm

    သဂျီးကဘာလဲ .. သားလေးမွေးရင် ကိုယ့်နာမည်ပေးပါ ~ ~ လုပ်နေတာလား ?? 😛

  • jullies cezer

    December 14, 2012 at 4:50 pm

    လိုနေတာတွေတန်းစီပြီးပြောရင် ဖြည့်ဆည်းပေးမလို့လား သူရဇော်က
    လိုနေတာကအောက်က equation ကိုအဖြေညှိပေးဒါပဲ ……….
    လိပ် + လိပ်မ = connection

  • Mobile

    December 14, 2012 at 5:11 pm

    မျက်စီ သူငယ် နားသူငယ်ဖြင့် ဝင်ရောက်အားပေးသွားပါကြောင်းးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး

  • သကြားလုုံးကြော်

    December 14, 2012 at 6:23 pm

    လိုုနေတာတခုုကတော့ သူများပိုု့စ်မှာ ကွန်မန့်ရေးပြီးရင် အကြောင်းပြန်လာတဲ့ ကွန်မန့်တွေရှိတဲ့ အခါ ဘာ Notification မှမရလိုု့ ကိုုယ့်ဖာသာ တခုုချင်းစီ ပြန်ပြန်ချက်နေရတာ အဆင်မပြေပါ။ ဖြစ်နိုုင်မယ်ဆိုုရင် Notify me for follow-up comments ဆိုုမျိုးလေးရွေးလိုု့ရရင် ကောင်းမှာ။ WordPress မှာ ဒီ ဖီချာ ရှိမရှိတော့ မသိပါ။ မရှိရင် သဂျီးက wordpress ကိုု feature request တင်သင့်ပါတယ်။

    • ဒီလိုလေးတွေတော့ ရှိပါတယ် …

      http://wordpress.stackexchange.com/questions/36587/follow-up-comments-notification-without-a-plug-in/36590#36590

      ဒါက သူကြီး ကိစ္စမို့ ….
      သူကြီးပဲ ကျိကျက် လုပ်ရမှာဘာ …

      သူကြီးရေ …
      ကွန်မန့် Reply ကို တောင်းဆိုတဲ့လူ များနေပြီနော့ …
      သူကြီး ဆိုက်ထဲမှာလည်း ဒါကတော့ ဖြစ်သင့်တယ် ….
      ထည့်သင့်တယ် လို့ ကျုပ်ကတော့ ထင်မြင်မိပါကြောင်း ……….။

      ခပ်ချာချာ၊ ခပ်တုံးတုံး
      အံချာတုံး

      • kai

        December 15, 2012 at 2:33 am

        Core ကိုမပြင်ချင်တာမို့.. အောက်ကပလပ်အင်သုံးပါမယ်.. (Comment Reply Notifier)
        အဲဒါ.. ဘူးသီးငပေါင်းကြော်တွေပါလာသမို့.. ဘာပြင်ရမှန်းမသိ..
        နောက်အရေးကြီးတာတခုက.. အီးမေးလ်..
        အဲဒီထဲ.. ပြန်စာရေးသူရဲ့အီးမေးလ်မပါစေချင်ပါဘူး.. အဲဒါ..သိသူတတ်သူတွေလုပ်ပါဦး..
        comment_parent != 0)
        {
        $old_comment = get_comment($comment->comment_parent);
        if($old_comment->user_id == 0)
        {
        $email = $old_comment->comment_author_email;
        $name = $comment->comment_author;
        $content = $comment->comment_content;
        $post = get_post($comment->comment_post_ID);
        $title = $post->post_title;
        $link = get_permalink($comment->comment_post_ID);
        $blogname = wp_specialchars_decode(get_option(‘blogname’), ENT_QUOTES);
        $subject = sprintf(‘[%1$s] 评论回复: “%2$s”‘, $blogname, $title );
        $notify_message = sprintf(‘你在《%s》的评论有新回复’, $title ) . “\r\n”;
        $notify_message .= sprintf( ‘用户名 : %1$s ‘, $name ) . “\r\n”;
        $notify_message .= ‘评论内容: ‘ . “\r\n” . $content . “\r\n\r\n”;
        $notify_message .= ‘您可在这里查看这篇文章的所有评论: ‘ . “\r\n”;
        $notify_message .= $link . “#comments\r\n\r\n”;
        $message_headers = “Content-Type: text/plain; charset=\”” . get_option(‘blog_charset’) . “\”\n”;
        wp_mail( $email, $subject, $notify_message, $message_headers );
        }
        }
        }

        • kai

          December 15, 2012 at 4:48 am

          ရမ်းသမ်းလုပ်လိုက်ပါပြီဟေ့..
          ပြဿနာရှိရင် ပြောပါခင်ဗျ.. :kwi:

        • Code တွေရဲ့ အပေါ်ဆုံးကနေ ရေတွက်ရင်
          အကြောင်း ၂ဝ မြောက်
          $email ဆိုတဲ့ အကြောင်းရယ် …
          အောက်ဆုံးကနေ ရေတွက်ရင် ၄ ကြောင်းမြောက်ထဲမှာ ပါတဲ့
          wp_mail ရဲ့ နောက်က $email, ဆိုတာလေးရယ်ကို ဖျက်လိုက်ရင်
          ပြန်စာရေးသူရဲ့ အီးမေးလ် မပါလောက်ပါဘူး ခညာ …

          ဟုတ်လားဒေါ့ သိဝူးးးနော် .. :mrgreen:

        • Shwe Tike Soe

          December 15, 2012 at 10:57 am

          ဟုတ်ပါတယ် ကိုအံစာ ပြောသလိုပဲ.. $email ဖြုတ်လိုက်ပါ.. အိုကေသွားမယ်

        • kai

          December 15, 2012 at 1:17 pm

          အခုရေးတာတွေကို.. အီးမေးလ်ပြန်စာတွေရနေသလား.. သိချင်ပါတယ်..
          ရတာကိုဒီမှာတင်ပေးပါလားခင်ဗျ…

          $email ကိုရော..ဖြုတ်ရမှာသေချာသလား..သိချင်ပါကြောင်း…။

        • မရပါဘူးဂျို့ …
          အိုက်ဒါ အနော်လည်း မေးမလို့ .. အဟီးးး :mrgreen:
          အိုက် $email တော့ ဖြုတ်လို့ ရမယ် မထင်ပါကြောင်း ..
          သို့ပေသိ ..
          အဲ့ဒီနေရာမှာ သုံးနေကျဖြစ်တဲ့
          admin@myanmargazette.net ဆိုတဲ့ မေးလ်နဲ့ replace လုပ်ရင်ဖြင့်
          အဆင်ပြေနိုင်မည်ဟု ထင်မြင်မိပါဂျောင်းးးးး

          လောလောဆယ် ကိုယ်တိုင်လည်း စမ်းသပ် ကြည့်နေပါဂျောင်းးးး
          (ကိုယ့်ဟာကိုယ် ပြောတာနော် .. တခြား မထင်နဲ့)

  • Mr. MarGa

    December 14, 2012 at 7:58 pm

    မ သကြားလုံးကြော် ပြောတာတော့ ဖြစ်သင့်တယ်လို့ ဦးမာဃ ထင်ပါ၏
    ကျန်တာတော့ လွှတ်တော်တက်မှ ဆက်ပြောမယ်

  • padonmar

    December 15, 2012 at 12:02 am

    သကြားလုံးကြော်ပြောတာထောက်ခံပါတယ် သူကြီးမင်းရှင့်
    ဘတ်ဂျက်သိပ်မထိခိုက်ရင် အဲဒါလေး အားတုံး(သတင်းစာထွက်ပြီးပြီဆိုတော့ အထင်)လုပ်ပေးပါလား။

Leave a Reply