နားစည်ကိုထွင်း နှလုံးသားအတွင်းဝင် သွေးကြောထဲလှည့်ပါတ် ဦးနှောက်တွင်ရပ်တန့်နေသော(17)

ကျနော်သည်ပိုစ်ကို ရေးမယ်လို့စစိတ်ကူးတဲ့အခါ ကိုယ်နှစ်သက်သောသီချင်းလေးတွေအကြောင်းရယ် ကိုယ်သိခဲံတဲ့အဖြစ်အပျက်လေးတွေရယ်ကိုစုလို့
ထုံးစံအတိုင်းပါးပါးလေးတို့ထိပြီးရေးမယ်လို့စိတ်ကူးခဲ့ပါတယ်။
နောက်ပေးထားတဲ့ခေါင်းစဉ်လိုပေါ့ ဦးနှောက်ထဲမှာရပ်တန့်နေသော ဆိုတဲ့အတိုင်းကျနော်မှတ်ဉာဏ်ထဲမှာကျန်နေတဲ့အတိုင်းဘယ်စာအုပ်ဘယ်မှတ်တမ်းကိုမှ
လုံးဝမဖတ်ဘဲ ရေးလိုက်မိပါတယ်။
နောက် ကျနော်စာရေးတဲ့ထုံးစံအတိုင်းအပြင်မှာစာကြမ်းမရေးဘဲ စဉ်းစားထားတာကို လက်တန်းချရေးပြီး တစ်ခါထဲတင်ပါတယ်။
ဒီတော့လဲ ရေးတုန်းက သတိမရဘဲ နောက်မှပြန်ပေါ်လာတာတွေ ဦးနှောက်ထဲမှာလုံးဝရောက်မလာဘဲ ကျနော်ရေးတာကိုဖတ်ပြီး
ကော်မင်တွေပေးတာကိုပြန်ဖတ်မှ ကျန်နေတာကို သတိရပေမဲ့ လူနာမယ်ကိုသိတယ်သူဆိုတာကိုပြန်အမှတ်မရတာလဲ ရှိပါတယ်။
ဘီလီထွန်။ခရစ်တိုဖာ။ သာထက်အောင်။ထီးဆိုင်းရဲ ့တုူမ နန်းနောင့်နောင်။ရန်ကင်းမှာနေတယ်ဆိုတဲ့ နီနီလေး မီမီခို်င်မင်းညီအမနှစ်ယောက်။
ရဲဘော်ခင်မောင်လှရဲ ့သား တာရာ။ပီတာဘသိန်း ။ဘိုနီ။ ။ နေရည်။။မင်းထွန်း(မြင်းရိုင်းမလေး) ။
အရင်က မင်းသိန်းဦးနာမယ်နဲ့ကျေးလက်သီချင်းတွေဆိုခဲ့ပြီး အခုတော့ (ဟေ ဟေ ဝက်မ ဟေဟေ့ဝက်မလို့အော်ခဲ့တဲ့ အခုနာမယ်ကျော် ဘီဗာဟိန်းရဲ့အဖေ
ဘိုမယောက်ျားဗိုဟိန်း)။ဟာသသီချင်းတွေဆိုတဲ့ အသံတုကြယ်တစ်လုံး။တို့ကတော့ ကျန်နေခဲ့တယ်လို့ပြောရမှာဖြစ်ပြီး

စောခူဆဲ(ခင်မြတ်မွန်ရဲ့ခင်ပွန်းဟောင်း ။ရုပ်ရှင်ထဲမှာလဲပါဘူးပြီးမြန်မာပြည်မှာအဆင့်မြင့်လူကြမ်းမင်းသားဖြစ်ချင်တယ်လို့ပြောပြီး သီချင်းတွေရေးလို့
အခုအချိန်မှာ မီးလင်းတဲ့ အစီအစဉ်လေးမှာ ကာလာလေးက ဘယ်လိုထူတာ တုံးလေးက ဘယ်လိုပါးတာလို့ပြောပြီး မီးနီတွေနှိပ်တာကိုလုပ်နေသူ)
အစကလီလီနိုင်စိုးနာမယ်နဲ့ (ဟေ.ယူယောက်ျားရှားလားလို့မေးပြီးရာသီဥတုကောင်းပါတယ်လို့ပြန်ဖြေပြီး တစ်ခုသောသင်္ကြန်မှာမိုးမင်းနဲ့တွဲလို့
မုန့်လုံးရေပေါ်တွေထဲ ငရုပ်သီးထည့်ကြွေးပြီးလီလီနိူင်ကျော် နာမယ်ပြောင်းလိုက်တဲ့သူ။
ဘေ့စ်ဂစ်တာကို မာန်ပါပါတီးပြီး ဟိုင်းဝေးစတားနဲ့နာမယ်ကြီးခဲ့တဲ့တော်မီကျော်နိူင် ။
ဇာတ်မင်းသားလေးသိန်းဇော်သိန်းဇော်အကြွေးရှင်ကမျှော်လို့ဆိုပြီးကလေးတွေဖျက်ပြီးဟာသလုပ်ဆိုတာကိုခံရတဲ့
စက်ဘီးကလေးဆိုတဲ့နာမယ်နဲ့သရုပ်ဆောင်လဲလုပ် ဇာတ်လဲက ကဗျာလဲရေး သီချင်းတွေလဲဆိုတဲ့ (အထွန်းဘွားရဲ့ဖေဖေ)မန်းလေး သိန်းဇော်။
စင်ပေါ်မှာဒရမ်တွေကို ဝုန်းဒိုင်းကြဲနေအောင်တီးရင်းသီချင်းတွေဆိုခဲ့တဲ့ ဒရမ်မာလူဝိုင်း။
(ဟင်္သာတို့ရဲ့နန်းတော်ရှေ့တို့ ပန်းနုနားလည်ပါတို့ကိုငယ်သူငယ်ချင်းလွှမ်းမိုးကို ရေးပေးပြီး သူကတော့ မိဖူး…………လို့တမ်းတခဲ့တဲ့
သူငယ်ချင်းနှစ်ယောက်လုံး တမလွန်မှာ တစ်ယောက်က သီချင်းတွေရေးသီချင်းတွေဆိုနေကြမယ့် မန်းလေးနန်းရှေ့သားလေး( ဆူး )။
လွှမ်းမိုးအသံနဲ့တူတယ်လို့အားလုံးက လက်ခံခဲ့ရတယ် အေသင်။
သေချာနားထောင်ရင် သန်းနိုင်ဆိုနေတယ်လို့တောင်ထင်ရတဲ့ ပြည်မိုး
သီချင်းအေးအေးလေးတွေဆိုခဲ့တဲ့မန်းလေးက နှစ်ယောက်လုံး အမှတ်(1)အထက်တန်းကျောင်းနားမှာနေတဲ့ ရိုမီနဲ့ သီချင်းအေးအေးလေးတွေဆိုခဲ့တဲ့မျိုးနိုင်။
ကျနော်အမှတ်မမှားရင် ချယ်ရီတွေငိုနေပြီနန်းရယ် နန်းပေးတဲ့အလွမ်းတွေကြောင့်ကိုစဆိုတဲ့ သနားစရာကောင်းတဲ့အသံလေးနဲ့အလွမ်းသီချင်းတွေကိုဆိုတဲ့
ရှမ်းအမျိုးသားခွန်သန်းထွန်း။သီချင်းတွေထဲမှာ ရှမ်းရိုးရာ သီချင်းလေးတွေကို ဆိုတတ်တဲ့ စိုင်းဝီရာဌ် တို့က မပါသေးတာပါ။
အခုကျနော်ရေးနေတာက (1981-1991)အတွင်းကဖြစ်ပါတယ်။
တစ်ယောက်မေးထားတဲ့ မန်လေး က ဟန်တင် အကြောင်းပြောရမယ်ဆိုရင်တော့ ဂုရုကြီးလို့ပြောရင်တောင်ရပါတယ်။
1970 ခုနှစ်ပါတ်ဝန်းကျင်ကတည်းက မန်းလေးက စတိတ်စင်ပေါ်မှာ မိုက်ခွက်နဲ့တိုင်ကို ပုံစံအမျိုးမျိုးနဲ့ မျက်စေ့နောက်နေအောင်
ကြည့်ရတဲ့ လူမူးနေအောင် အဆိုကောင်းသူပါ။
နာမယ်အကြီးဆုံးသီချင်းကတော့ ဒေါက်ဒေါက် ဘယ်သူလဲ ဆိုတဲ့သီချင်းလေးပါ။
ဒါပေမဲ့ ဒီလောက ကနေ ပျောက်သွားပြီး အရဟံတန်ခိုးနဲ့ အကျိုးထူးကြတော့မည် ဆိုတဲ့ ဘုရားသီချင်းလေးနဲ့ပြန်ဝင်လာသလို
သင်္ကြန်မိုး ဇာတ်ကားထဲမှာ (မြူးဟ………….လို့အော်လိုက် သီချင်းလေးတွေကို အတူူတူဆိုရအောင်ဆိုပြောလိုက်နဲ့)
အဓိက ဇာတ်ဆောင်နေရာကနေ ပြန်အောင်မြင်လာပေမဲ့ ဘာသာရေးဘက်ကိုကူးပြောင်းသွားတယ်လို့သိရပါတယ်။
မန်းလေးမြို့ရဲ့ ဂုဏ်ထူးဆောင် ပါဖော့မင့်အရမ်းကောင်းသော ကိုဟန်တင်ရေ ခင်ဗျားကိုလွမ်းနေတဲ့သူတွေရှိပါသေးတယ်။

တပ်မတော်ကြီးကိုအင်အားရှိဘို့အရာရာမှာကူညီလို့ အင်္ဂလိပ်ခေတ်က မျိုးချစ်သီချင်းကိုရေးသူ ရွှေတိုင်ညွန့်ရဲ့မြေးတွေ
ဂီတကို ဝါသနာပါသူ ဆရာဝန်သီချင်းလဲ တစ်ခွေထုတ်ဘူးသူ နဲ့ အဆိုတော် ထားတို့ရဲ့သားနှစ်ယောက် တစ်ယောက်က အတီးသမား
တစ်ယောက်က အဆိုတော် အက်ကွဲကွဲ ရှတတ (ကြိုက်သူများက တော့ ရော့စတား ရော့စတူးဝပ်နဲ့တူတယ်ပေါ့)
အဖေကိုယ်တိုင်ကမင်းအသံနဲ့ အဆိုတော်မဖြစ်နိုင်ဘူးလို့ကောက်ချက်ချပေမဲ့ သားတွေကို ငွေအကုန်ခံလို့ ခွေထုတ်ပေးခဲ့ပါတယ်။
သူကတော့မြန်မာပြည်မှာ ရော့ဂီတ တခေတ်ကိုအောင်မြင်အောင် ဖောက်ထွက်သူ အများစုက လက်ခံလာသူ
ဇော်ဝင်းထွတ်ပါ။
သူအကိုဇော်မျိုးထွတ်ကတော့ ပထမဆုံးခွေ မာကျုရီညမှာ (အတောင်ပံပါရင်မင်းဆီကို)လို့စတင်တမ်းတတုန်းက လူနည်းနည်းဘဲသိပေမဲ့
ကံကောင်းခြင်းလက်ဆောင်တွေယူလာသူ ရင်ဂိုလက်ထဲမှာ( 1992-93လောက်ထင်ပါတယ်)မှာပေါက်သွားခဲ့ပါတယ်။
(လာမယ်ဆိုစောင့်မယ် ။ဘယ်သူမှမဆိုကြနဲ့ ဘယ်သူမှမတားကြနဲ့ နင်နဲ့ငါဝေးတော့လွမ်းမှာဘဲ………………..ဆိုတဲ့ မာကျုရီညက စခဲ့ပြီး
ကြယ်တံခွန်။ဆွဲအား။ပျားရည်။စက်ဝိုင်းမှာပိုလို့လူသိများခဲ့ပါတယ်။
(ကျော်ဟိန်းသိပ်မအောင်မြင်ခဲ့တဲ့ လူကြမ်းတွေလဲရင်ကြိုက်လားကွာ လွမ်းခန်းကိုရောက်ရင် လူတိုင်းလေမျက်ရည်ဝဲမယ်ဆိုတဲ့ အချစ်နဲ့ကျနော်ရဲ့ပြဇာတ်။
အရည်တွေပျော်ကုန်ပြီ။ရှင်သန်ခြင်း။အချစ်ရဲ့အင်အား။ပင်လယ်ပြင်မှာသင်္ဘောမှောက်ခြင်း။အချစ်တဲ့လား။ရှင်သန်ခြင်း။ရွက်လွှင့်ခြင်း။
အစမ်းသပ်ခံအသဲနှလုံး။ကောင်းကင်မေမေ။အချစ်တဲ့လား။အချစ်များသူ့ဆီမှာ။တားဆီးလို့မရနိုင်တာအချစ်။
ရော့စတားသုံးယောက် ချစ်ကောင်း၊ဂျေမောင်မောင်တို့နဲ့အတွဲထဲက (ခမ်းခြောက်သွားတဲ့အိမ်မက်မြစ်)ကတော့ရှယ်ကောင်းတဲ့သီချင်းပါ။
နောက်သန်းနိုင်သီချင်းတွေနဲ့ အကျိုးပေးတဲ့ သူက (အဝါရောင်လမ်းကလေး ။ဂျစ်ပဆီမိုးတိ်မ်)တို့ကလဲသူဆိုတော့လူကြိုက်ပိုများလာပါတယ်။
နောက် သည်ဘက် 1990ကျော်နှစ်ထဲမှာ ရီဝေယံနဲ့ ရာဇာနေဝင်းရဲ့ညီမဝမ်းကွဲလေးကို မင်းသမီးဖြစ်အောင်(ဘယ်သူလဲဖြေကြည့်နော်)တင်ပေးလိုက်တဲ့
မြန်မာ့အသံကလားမြဝတီကလား မသိလာသွားတဲ့ ကိုရီးယားထက်စေတဲ့ကင်ဆာဇာတ်လမ်းရဲ့အဓိကသီချင်း (အနိုင်းမဲ့)ကတော့ ပေါက်သီချင်းပါ။
သူ့အဖိုးလိုဘဲ အကျိုးပြုသီချင်း (ငြိမ်းချမ်းရေးအတွက်သီချင်းတပုဒ်ရှိနေမယ်ဆိုတာလေးကတော့ သူ့ဘဝရဲ့မှတ်တိုင်ပါ။)
ဒါပေမဲ့ သူရိုက်ပြထားတဲ့ ပုဂံနဲ့ဆက်စပ်နေတဲ့သီချင်းထဲက ဟိုရောက်လို်က်ဒီရောက်လိုက်ရိုက်ချက်ကို ကြည့်လို်က်ရတဲ့အခါမှာ တယောက်သောသူရဲ့မှတ်ချက်ကတော့ (အရူးခရီးသွားနေသလိုပါဘဲတဲ့)
နောက်တော့ သူလဲ ဆရာကြီးအဆင့်နဲ့ ရပ်တည်နေရင်းကနေ နောက်ပိုင်းမှ ဘလူးဂီတဆန်ဆန်သီချင်းတွေဆိုပေမဲ့
တာပလာဆိုတဲ့ဗုံသံရို်က်ချက်လှလှလေးနဲ့ (ကဘာကြီးက ကျဉ်းကျဉ်းလေး လို့ အားရပါးရဆိုသွားတဲ့သီချင်းကို ဘဲနှစ်သက်မိပါတယ်။
နောက်သူသီချင်းတွေကို မှ ပြန်ဆိုချင်တဲ့ ရှားရှားပါးပါးအ သံအားကောင်းကောင်း အရပ်မြင့်မြင့် ဆံပင်ရှည်ရှည် ရုပ်ချောချော
နာမယ်ကြီးမင်းသမီးကျားခင်စိန်ရဲ့မြေးမလေး (သှျီ)
(ဂန်ဒါရီလိုသူဖမ်းစားတယ် အာရုံမှာလာနှောင့်ယှက်တယ် ဦးနှောက်မှမေ့မရနို်င်တယ်လို့များသူဆိုလိုက်ရင်…………………………
အဲဒီအချိန်မှာ သူတို့လိုဘဲ ရော့ကား(သူကတော့ အများနဲ့မတူအောင်လုပ်မယ်လို့ကြွေးကျော်လိုဝင်လာသူကတော့ မာရဇ်ပါ။
ဒါပေမဲ့သူလဲသူကြွေးကျော်သလောက်ဖြစ်မလာဘဲ (ဆင်မြီးလက်စွပ်လေး)လောက်နဲ့သာ …………………………ကျေနပ်လိုက်ရပါတယ်။
ဒီလိုနဲ့ 1991ခုနှစ် ဒီဇင်ဘာလမှာ ကျနော့်နားတစ်ဖက် က သိပ်မကောင်းတော့တဲ့အခါ ဆရာဝန်က ဒီလိုနားကျပ်နဲ့သာနားထောင်ရေမယ်ဆိုရင်
နားပျက်စီးသွားမယ်ဆိုတာနဲ့ ဝါသနာပါတဲ့ သည်အလုပ်ကနေ ရပ်လို့ ……………………………………………………………..

One comment

  • Su Chit

    July 21, 2010 at 4:48 am

    ကျေးဇူးပြီး ဇော်ဝင်းထွတ်ကို ဇော်ဝင်းထွဋ်၊ ဇော်မျိုးထွတ်ကို ဇော်မျိုးထွဋ်လို့ ပြင်လိုက်ရင်ကောင်းပါမယ်။ နာမည်တွေကို လက်လွတ်စပယ်မရေးပါနဲ့။

Leave a Reply