ရန်ကုန်မြို့တွင် ယာဉ်ကြီးများကို လမ်းကြောင်းများထုတ်ပြန်ကြေညာ

khinmintatthuJuly 16, 20101min551

ရန်ကုန်တိုင်း ယာဉ်စည်းကမ်း ထိန်းသိမ်းရေး ကြီးကြပ်မှု ကော်မတီနှင့် ကုန်တင် မော်တော်ယာဉ် ကြီးကြပ်မှု ကော်မတီတို့ ပူးပေါင်း၍ ရန်ကုန် တိုင်း လမ်းပန်း ဆက်သွယ်မှု လုံခြုံရေး ချောမွေ့စေရန် ကုန်တင်ယာဉ်၊ ကုန်သေတ္တာ ယာဉ်နှင့် သစ်လုံးတင် ယာဉ်ကြီးများ သွားလာရမည့် လမ်း ကြောင်းများကို သတ်မှတ်လိုက် ကြောင်း  ကြိုးမဲ့ ကြေးနန်းနှင့် ယာဉ်ထိန်းရုံး ဦးစီးဌာန ရှိ တာဝန်ရှိသူက ပြောသည်။ ဒီယာဉ်ကြီးတွေ က သွား လာရမဲ့ လမ်းကြောင်း တွေကို အရင်ကတည်းက သတ်မှတ်တာ ရှိပါတယ်။ အခု မသိသေးတဲ့ လူတွေ ပြန်သိရအောင် မြေပုံနဲ့ တကွ လမ်းကြောင်း တွေ ပြန်လည် ထုတ်ပြန် ပေးတာပါ။ သတ်မှတ် ထားတဲ့ မဝင်ရလမ်းတွေ ဝင်တာ စစ်ဆေးတွေရှိရင် မဝင်ရ လမ်း ဝင်တဲ့အတွက် စည်းကမ်းနဲ့ အညီ အရေးယူ ဆောင်ရွက်မှာ ဖြစ်တယ်ဟု ၎င်းက ပြောသည်။ အဆိုပါ ယာဉ်များ သွားလာရမည့် လမ်းကြောင်း များမှာ အမှတ် (၄) လမ်းမကြီး၊ လှော် ကားလမ်း၊ အောက်မင်္ဂလာဒုံလမ်း၊ ခရေပင်လမ်း၊သီရိမင်္ဂလာလမ်း၊ လှိုင်သာယာ သွားသည့် အောင်ဇေယျ တံတားလမ်း၊ ဘုရင့်နောင်လမ်း၊ ကမ်း နားလမ်း၊ ရှုခင်းသာလမ်း၊ ဧရာဝဏ်လမ်း၊ ပဲခူးမြစ်လမ်း၊ မောင်းမကန်လမ်း၊ အမှတ်(၂) လမ်းမကြီး၊ အမှတ်(၃) လမ်းမကြီး၊ သံသုမာလမ်း၊ ရွှေ ပြည်သာ တံတားလမ်း အစရှိသည့် လမ်းများတွင် ဖြတ်သန်း သွားလာရမည် ဖြစ်သည်။ သစ်လုံးတင် ယာဉ်အနေနှင့် ၎င်း လမ်းကြောင်းများ အထဲမှ ပြန်လည် လျှော့ချ၍ မမောင်းရ လမ်းများမှာ သီရိမင်္ဂလာလမ်း၊ ဧရာဝဏ်လမ်း (သာကေတ ကျောက်တိုင်ဘက် သွားသည့် လမ်းမပါ) စသည့် လမ်းကြောင်းများ ဖြစ်သည်။ အထက်ပါ ယာဉ်ကြီးများ အနေနှင့် ဖော်ပြပါရှိသော သတ်မှတ် လမ်းကြောင်းများ တွင်သာ သွားလာရမည် ဖြစ်ပြီး၊ မဝင်ရလမ်းများကို ဝင်ရောက် သွားလာနေကြောင်း စစ်ဆေး တွေ့ရှိပါက ပထမအကြိမ် ကျူးလွန်လျှင် စီမံချက် ဒဏ်ငွေ ၃ သောင်း၊ ယာဉ်စည်း ကမ်း ဒဏ်ငွေ ၁၅၀ဝ ကျပ်နှင့် လိုင်စင်တစ်လ ပိတ်သိမ်းမည် ဖြစ်ပြီး၊ ဒုတိယ အကြိမ် ကျူးလွန်ပါက စီမံချက်ဒဏ်ငွေ ၅ သောင်း ယာဉ်စည်းကမ်း ဒဏ်ငွေ ၁၅၀ဝနှင့် ယာဉ်မောင်း လိုင်စင် ၃ လ ပိတ်မည် ဖြစ်ပြီး တတိယ အကြိမ် ကျူးလွန်ပါက စီမံချက် ဒဏ်ငွေ တစ်သိန်း၊ ယာဉ်စည်းကမ်း ဒဏ်ငွေ ၁၅၀ဝကျပ်နှင့် ယာဉ်မောင်းလိုင်စင် ၆ လ ပိတ်သိမ်း၍ အရေးယူ သွားမည် ဖြစ်ကြောင်း ကြိုးမဲ့ ကြေးနန်းနှင့် ယာဉ် ထိန်းရုံး ဦးစီးဌာန၏ ပြောပြချက် အရ သိရသည်။

One comment

  • fatty

    July 17, 2010 at 3:28 am

    ……………………….After 20 years good ……good rules appear
    ………………………….to come out another good rules and regulations……….have to wait next 20 years !
    …………………………..fine is at the teashop or at office !

Leave a Reply