ဗိုက်ထဲက ကလေးတောင် အကြွေးလေးသိန်း ရှိတဲ့တိုင်းပြည်…
အတုံးလိုက်အတစ်လိုက် အလှီးခံရာကနေ ပါးပါးလေးပြောင်းလှီးနေတာကို သိရက်သားနဲ့ ပြုံးကြည့်နေနိုင်တဲ့ တိုင်းပြည်…
ဥပဒေအထက်မှာ ဘယ်သူမှ မရှိတဲ့တိုင်းပြည်….
အဲ….ဥပဒေအောက်မှာလဲ ဘယ်သူမှမရှိတဲ့တိုင်းပြည်…
ပြောတော့ အဆင်းရဲဆုံးတိုင်းပြည်…အခုထိ ရောင်းစားစရာမကုန်သေ

းတဲ့ တိုင်းပြည်…
လိမ်စရာမရှိ ကိုယ့်ပေါင်ကိုလှန်လိမ်တဲ့ တိုင်းပြည်…
ကိုယ့်ဆီက လူတော်တွေကို သူများကို အလကားပေးပစ်နေတဲ့ တိုင်းပြည်…
တအားကောင်းတဲ့ အိမ်နီးချင်းတွေ ၀ိုင်းနေတဲ့တိုင်းပြည်…
ကိုယ့်တိုင်းပြည်မှာ ကိုယ့်လူမျိုးတွေ ဒုတိယတန်းစားဖြစ်နေတဲ့ တိုင်းပြည်…
ကိုယ့်ရှိတဲ့ဟာကို ရောင်းပြီး ဖယောင်းတိုင်ထွန်းပြီး အမှောင်ထဲ ထိုင်နေတဲ့ တိုင်းပြည်…
ဘာမှ မလုပ်ရသေးတာကို တအားကျေးဇူးတင်တတ်တဲ့ တိုင်းပြည်…
သစ်တောတွေ ခုတ်ပြီး ကြက်ဆူပြောင်းစိုက်တဲ့ တိုင်းပြည်…
အလုပ်လက်မဲ့ ၄% ပဲ ရှိတဲ့ တိုင်းပြည်…
မီးလာဖို့ မိုးနတ်မင်းကြီးပဲ တ ခိုင်းတဲ့ တိုင်းပြည်…
မြှစ်ကို မရောင်း..မြစ်ကို ရောင်း….တောင်းကိုမရောင်းတောင်ကိုရောင်းတဲ့ တိုင်းပြည်…
မေတ္တာပို့တာ မခံနိုင်တဲ့ တိုင်းပြည်…
ကုလသမဂ္ဂအတွင်းရေးမှုးချုပ် ဖြစ်ဖူးတဲ့တိုင်းပြည်…
ငြိမ်းချမ်းရေး နိုဘယ်ဆု ရဖူးတဲ့ တိုင်းပြည်…
လစ်ရင်လစ်သလို စည်းကမ်းဖောက်တတ်တဲ့ တိုင်းပြည်…
ပြောတော့ ဗုဒ္ဒဘာသာတိုင်းပြည်…တောင်ပြုံးမှာ တိုးလို့မရတဲ့တိုင်းပြည်…
မကျေနပ်လို့ ဆန္ဒပြပါမယ်ဆို…ဆန္ဒအပြခံရမယ့် လူတွေဆီ..ခွင့်ပြုချက်ပြန်တောင်းရတဲ့ တိုင်းပြည်…
ပါးတခါရိုက် တထောင်ပဲ ပေးရတဲ့ တိုင်းပြည်…
လူယုတ်မာ တစ်ယောက်ကို ကြံဖန်ကျေးဇူးတင်တတ်တဲ့ တိုင်းပြည်…
ရှိသမျှ အကုန်ကုန်ပြီး ပြသနာတွေပဲ ကျန်နေတဲ့တိုင်းပြည်…
…………………………………………………….တိုင်းပြည်…
………………………………………………………..တိုင်းပြည်…
…………………………………………………….တိုင်းပြည်…
အဲ့ တိုင်းပြည်…တို့တိုင်းပြည်လေ…
ဒါပေမယ့်…သေတဲ့အထိလဲ ချစ်ဦးမယ်…
သေတဲ့ အထိလဲ နေဦးမယ်…ကဲ …ဘာပြောချင်လဲ….

About johnnydeer

johnny deer has written 76 post in this Website..

၇၇မွေး...၉၄ ဆယ်တန်းအောင်..၂၀၀၂ မန်းလေးစက်မှုတက္ကသိုလ်က ဘွဲ့ဆိုတဲ့ စာရွက်ကလေးတရွက်ရ...ဘာပညာမှမတတ်..အခုလောလောဆယ်တော့ပေါက်တတ်ကရပြော.. .ပေါက်တတ်ကရရေးနေပါတယ်...ရေးသမျှ အားလုံးကိုတော့ ကိုယ်တိုင်ရေးစစ်စစ်ဖြစ်ကြောင်း ရဲရဲကြီး အာမခံပါတယ်...များသောအားဖြင့်တော့ သူများမကောင်း ကိုယ်ကောင်းကြောင်း ကိုယ်ရည်သွေးစာတွေ ရေးတတ်ပါတယ်...ဒါပေမယ့် အထင်ကြီးစရာတော့ တကွက်မှမရှိပါဘူး...