နှစ်တစ်နှစ်ရဲ့ အဆုံးဖြစ်တဲ့ ဒီဇင်ဘာမှာ……..

အလုပ်ပိတ်ရက်ရှည် ရကြလို့……..
နိုင်ငံရပ်ခြား ရောက်နေကြတဲ့ ဆွေမျိုး မိတ်သင်္ဂဟတွေ အလည်ပြန်လာလေ့ရှိပါတယ်။

ဒီနှစ် ဒီဇင်ဘာမှာတော့ နိုင်ငံခြားရောက်နေတာ ကြာပြီဖြစ်တဲ့ မိတ်ဆွေ မိသားစု ပြန်လာပါတယ်။

မိသားစုလိုက်မို့ လည်ချင်တာ ဝယ်ချင်တာတွေ လိုက်ပို့ရင်း……
သူတို့ရဲ့ ရနှစ်ရှိပြီဖြစ်တဲ့ သားလေးနဲ့ အေးအေးဆေးဆေး စကားပြောဖြစ်ပါတယ်။

မြန်မာပြည်ကို ခုမှ ပထမဦးဆုံးအကြိမ်ရောက်လာတဲ့ ကလေးမို့ မြန်မာပြည်ဆောင်းတွင်းကို ပူလို့ဆိုပြီး အော်နေပါတယ်။

ဒါပေမယ့် လျှောက်သွား စားသောက်ရတာကိုတော့ အတော်ပျော်နေပုံ ပေါက်ပါတယ်။

ကလေးနဲ့စကားပြောရင်း မြန်မာပြည်ပြန်လာတာ ပျော်လားလို့ မေးကြည့်တော့…
ပျော်တယ်လို့ ပြောပါတယ်။

ဘာဖြစ်လို့လဲမေးတော့ Free Country လို့ ပြောပါတယ်။

ကိုယ်တိုင်လည်း E မကျွမ်းသူမို့ သူ့ကို အင်တာနေရှင်နယ် ဘော်ဒီလန်းဂွေ့တွေနဲ့ နှစ်ပါးသွားနေရာတာမို့ အံ့ဩသွားမိပါတယ်။

ယူအက်စ်က Free Country မဟုတ်လား။
မြန်မာပြည်က ဘယ်လို Free Country ဖြစ်မှာလဲ လို့ ပြန်မေးမိပါတယ်။

အဲဒီတော့ ကလေး ပြောလိုက်ပုံလေးက….

ကားကို မတ်တပ်စီးလို့လည်း ရတယ်။
တွယ်စီးလို့လည်း ရတယ်။
ခေါင်မိုးပေါ်တက်စီးလို့လည်း ရတယ်။

လမ်းကိုလည်း ကူးချင်တဲ့နေရာက ကူးလို့ရတယ်။
အမှိုက်ကိုလည်း လွှင့်ပစ်ချင်သလို လွှင့်ပစ်လို့ရတယ်။
Very Free ပဲ။
အဲဒီ အရသာကို ကြိုက်သတဲ့။

1355310931373ပုံချင်တဲ့နေရာပုံ အဲဒါအမှိုက်ပုံ
Carsစည်းမဲ့ကမ်းမဲ့ရပ်၊ ကားလမ်းတွေပိတ်ကျပ်
Trushအမှိုက်ကိုလည်း ပစ်ချင်သလို ပစ်လို့ရတယ်။

Free Country……..
Free Country……..
Free Country……..

ကိုယ်ရရှိခံစားနေရတာတွေကို သိကြ တန်ဖိုးထားတတ်ကြစေဖို့ :kwi:

 

About Ma Ma

Ma Ma has written 143 post in this Website..

ဗေဒင်ဆရာ မမေးပဲ နာမည်ပေးလိုက်မယ်။ သိပ္ပံမောင်ဝရဲ့ ခေတ်ဆန်းစာပေကို အားကျပြီး ရေးမိရေးရာ ရေးထားတဲ့ လက်စမ်းစာပေလို့။ THAKHIN CJ #8212010 ( 5/2/2016)