ကျွန်တော်တို့ငယ်စဉ်ကျောင်းသားဘ၀တုန်းက

နိုင်ငံခြားကလူကြီးတွေလာရင်ကြိုဆိုရေးဆိုပြီးကျောင်းသားတွေကျောင်းစာမသင်ပဲ

သွားသွားကြိုရတာ

ဘာထောက်ခံပွဲညာထောက်ခံပွဲဆိုလည်းကျောင်းသားတွေကျောင်းကထွက်ပြီးကြိုခဲ့ရတာ

ကျောင်းသားဆိုတော့စာမသင်ရပဲအပြင်ထွက်ရတော့ပျော်တာပေါ့နော်

 

မနေ့ ၁၄ရက်နေ့

မနက်အိပ်ရာထတော့၅နာရီခွဲအိမ်အပြင်ကလူသံဆူညံနေတာကြားလိုက်တော့ဘာများပါလိမ့်ပေါ့

အပြင်ထွက်က်ြည့်လိုက်တော့ကျောင်းသားတွေ

အားသိပြီဒီဇင်ဘာအားကစားလလှုပ်ရှားမှုစပြီ

နောက်အိမ်အပြင်ထွက်ပြီးမေးမြန်းကြည့်တော့မှ

နိုင်ငံဖြတ်ကျော်ကားမောင်းပြိုင်ပွဲကားတွေရောက်မှာမို့ကြိုဆိုရေးပါတဲ့ဗျာ

 

ကျွန်တော်တို့တုန်းကလည်းကြိုဆိုရေးတွေလုပ်ခဲ့ကြပြီးပြီ

အခုခေတ်ကလေးတွေလည်းကြိုဆိုရေးလုပ်နေကြပြီ

ကျွန်တော်တို့တာဝန်သူတို့ယူနေကြပြီ

သူတို့ကကျွန်တော်တို့ဆီကနေလက်ဆင့်ကမ်းတာဝန်ယူသွားကြပြီ

ဒီလိုပဲနောင်လည်းလက်ဆင့်ကမ်းကြရအုန်းမှာပါ1355443945292 1355443862665

 

About uncle gyi

uncle gyi has written 17 post in this Website..