လက်ဆင့်ကမ်း

uncle gyiDecember 15, 20121min1269

ကျွန်တော်တို့ငယ်စဉ်ကျောင်းသားဘဝတုန်းက

နိုင်ငံခြားကလူကြီးတွေလာရင်ကြိုဆိုရေးဆိုပြီးကျောင်းသားတွေကျောင်းစာမသင်ပဲ

သွားသွားကြိုရတာ

ဘာထောက်ခံပွဲညာထောက်ခံပွဲဆိုလည်းကျောင်းသားတွေကျောင်းကထွက်ပြီးကြိုခဲ့ရတာ

ကျောင်းသားဆိုတော့စာမသင်ရပဲအပြင်ထွက်ရတော့ပျော်တာပေါ့နော်

 

မနေ့ ၁၄ရက်နေ့

မနက်အိပ်ရာထတော့၅နာရီခွဲအိမ်အပြင်ကလူသံဆူညံနေတာကြားလိုက်တော့ဘာများပါလိမ့်ပေါ့

အပြင်ထွက်ကြ်ည့်လိုက်တော့ကျောင်းသားတွေ

အားသိပြီဒီဇင်ဘာအားကစားလလှုပ်ရှားမှုစပြီ

နောက်အိမ်အပြင်ထွက်ပြီးမေးမြန်းကြည့်တော့မှ

နိုင်ငံဖြတ်ကျော်ကားမောင်းပြိုင်ပွဲကားတွေရောက်မှာမို့ကြိုဆိုရေးပါတဲ့ဗျာ

 

ကျွန်တော်တို့တုန်းကလည်းကြိုဆိုရေးတွေလုပ်ခဲ့ကြပြီးပြီ

အခုခေတ်ကလေးတွေလည်းကြိုဆိုရေးလုပ်နေကြပြီ

ကျွန်တော်တို့တာဝန်သူတို့ယူနေကြပြီ

သူတို့ကကျွန်တော်တို့ဆီကနေလက်ဆင့်ကမ်းတာဝန်ယူသွားကြပြီ

ဒီလိုပဲနောင်လည်းလက်ဆင့်ကမ်းကြရအုန်းမှာပါ1355443945292 1355443862665

 

9 comments

  • MaMa

    December 15, 2012 at 9:50 am

    ခေတ်တိုင်းမှာ ကျောင်းသားလူငယ်တွေကို အနာဂတ်ကို ပခုံးပြောင်းတာဝန် လွှဲယူဖို့ လေ့ကျင့်ပေးကြရပါတယ်။
    ကောင်းတဲ့အစဉ်အလာပါ။

    ပိုပြီးတော့လည်း ကောင်းစေချင်ပါတယ်။

    ကျောင်းကို အကြီးအကဲလာမှာမို့ ကြိုဆိုရေးလုပ်တာတွေ၊
    ကျောင်းရဲ့ ပျော်ပွဲရွှင်ပွဲတွေမှာ …………..
    ဆရာတွေ ဆရာမတွေက ဦးဆောင်ပြီး ကလေးတွေကို နေရာချ ခိုင်းစေမယ့်အစားးးးး

    ကလေးတွေကို ဦးဆောင်စေပြီး ဆရာ/မ တွေက နောက်တန်းကနေတဲ့ အလေ့အကျင့်နဲ့ လေ့ကျင့်ပျိုးထောင်ပုံကို တွေ့ဖူးတယ်။

    ကလေးတွေကို ခေါင်းဆောင်လုပ်ကိုင်တတ်သွားစေလို့ အင်မတန် အကျိုးများတာမို့ ….
    ကျောင်းတွေမှာ ပြုပြင်ပြောင်းလဲရေးတွေ လုပ်မယ်ဆိုရင် ထည့်သွင်းစဉ်းစားကြစေချင်ပါတယ်။ :hee:

  • အမေ Mobile (MGZ ပါတီ)

    December 15, 2012 at 9:51 am

    လက်ဆင့်ကမ်း
    ထပ်ဆင့်ထမ်း
    ရှေ့ဆက်လှမ်း
    တွေးမြင်ခန်း
    နောက်နောင်လမ်း .. …. . .. . . . . .. . . . .
    မင်္ဂလာပါ အံဂယ်ဂျီး ရေ အပေါ်ကတောင်ရေး မြောက်ရေးသည် မန်းဖို့အတွက် နိဒါန်းဖြစ်ပေသည်။
    တစ်ကယ်တမ်း မန်းရမယ်ဆိုရင် လက်ဆင့်ကမ်းလို့ လူငယ်များသည် ထပ်ဆင့်ထမ်းကာ ရှေ့ဆက်လှမ်း
    နေကြပုံလေးကို တွေးမြင်ခန်းလေးပေါ့ နောက်နောင်လဲ ဒီလိုပဲ မြင်ရတွေ့ရ ဦးမှာဆိုတာ အမှန်ပါပဲ။
    ကျနော် ကျောင်းသား ဘဝ တုန်းက အပျော်ဆုံးအချိန်တွေဟာ စာသင်တာနဲ့ လွတ်တဲ့ အချိန်တွေပါပဲ။
    ငယ်စဉ်က ကျောင်းသားဘဝ လေးကို
    ပြန်လည်တမ်းတ
    အမှတ်ရ၍
    လွမ်းဆွတ်
    ကြေကွဲ
    ငိုပွဲစဉ်နွဲ လိုက်ရပါ၏။ …. ဗြဲးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး

    • ဗုံဗုံ

      December 15, 2012 at 10:13 am

      နိုပါနဲ့ဟယ် နင်နိုတာ ကြည့်ပြီးတော့ ငါရီချင်လို့ပါ ငိုဘိုင်းရယ် အဲ မိုဘိုင်းရယ် :harr:

      • ဗုံဗုံ

        December 15, 2012 at 10:42 am

        အနာဂတ်၏ ကြယ်ပွင့်လေးများ ကောင်းသောအမွေကို လက်ဆင့်ကမ်း သယ်ယူနိုင်ကြပါစေ လို့ဆုတောင်းပေးပါတယ် အန်ကယ်ကြီးရေ

  • မောင်ပေ

    December 15, 2012 at 11:01 am

    အင်းးးးး ကျုပ်ဖြတ်သန်းခဲ့တဲ့ ကျောင်းပညာရေးကတော့ ယောက်ျားလေးကျောင်းမှာဆိုတော့
    သိတယ်မို ့လား… ဘာတွေ လက်ဆင့်ကမ်းကြသလဲ ဆိုတာ

  • ခင်ခ

    December 15, 2012 at 11:11 am

    တစ်ခါတလေတော့လည်း အဲလို ကြိုကြရတာ အဓိပ္ပါယ်ရောရှိလားလို့ တွေးမိပါတယ်။ အခုလို ကြိုဆိုခြင်းကို ကြိုဆိုခံတဲ့သူကရော သူ့အတွက် သူတို့ထင်ပေါ်မှု့အတွက် လုပ်တာလား? မီဒီယာမှ ပြကောင်းအောင် လုပ်တာမျိုးမဟုတ်ဘဲ သိတတ်တဲ့အရွယ်ကလေးက စလို့ အသက်အရွယ်ကြီးရင့်တဲ့ ဖိုးဖွားတွေအထိ ဘယ်သူတော့ ဘယ်အဖွဲ့တော့ ဒို့မြို့ ဒို့နယ် ကိုလာမယ် ဖြတ်သွားမယ် ဒို့တွေ သွားပြီးကြိုဆိုလက်ပြ ကြရအောင်ဆိုပြီး အမှန်တကယ်လူထုကြိုတဲ့ပွဲမျိုးတွေသာ ဖြစ်ကြမယ်ဆိုရင်ပေါ့ဗျာ ကောင်းမယ် လို့ တွေးမိပါတယ်။ အခုအာဏာကြောင့် မဖြစ်မနေ တာဝန်ကြောင့် ကြိုရတဲ့ နေပူထဲမှာ လာနိုးနိုးစောင့်နေရ တဲ့ ကျောင်းသားရွယ် ကလေးတွေကို သနားစွာဖြင့်။

  • uncle gyi

    December 15, 2012 at 5:07 pm

    ဆရာတွေ ဆရာမတွေက ဦးဆောင်ပြီး ကလေးတွေကို နေရာချ ခိုင်းစေမယ့်အစားးးးး
    ကလေးတွေကို ဦးဆောင်စေပြီး ဆရာ/မ တွေက နောက်တန်းကနေတဲ့ အလေ့အကျင့်နဲ့ လေ့ကျင့်ပျိုးထောင်ပုံကို တွေ့ဖူးတယ်။
    အမှန်က ကလေးတွေသူတို့လုပ်လို့ဖြစ်တယ်ဆိုတဲ့စိတ်ဖြစ်ပေါ်လာအောင်
    ပြုစုပျိုးထောင်ပေးရမှာပါ မမရေ

    ကျနော် ကျောင်းသား ဘဝ တုန်းက အပျော်ဆုံးအချိန်တွေဟာ စာသင်တာနဲ့ လွတ်တဲ့ အချိန်တွေပါပဲ။
    မှန်ပါတယ်မိုဘိုင်းရေ
    အန်ကယ်တို့လည်းစာမသင်ပဲကျောင်းကထွက်ရချိန်ဆိုသိပ်ပျော်တာပေါ့
    အခုလည်းဒီလိုပဲနေကြအုန်းမှာပါ

    မှန်တာပေါ့ဗုံဗုံရေ
    လူငယ်တွေကိုကောင်းမွေတွေလက်ဆင့်ကမ်းနိုင်မှ
    ကောင်းတာတွေဖြစ်လာမှာ

    ကိုပေတို့ကျောင်းဘာတွေလက်ဆင့်ကမ်းသလဲတော့မသိ
    ကျွန်တော်တို့ကျောင်းကတော့ကျောင်းတော်သားကြီးဖြစ်ရတာဂုဏ်ယူတတ်အောင်သင်ပေး
    လိုက်ပါတယ်ဗျာ

    အမှန်တကယ်လူထုကြိုတဲ့ပွဲမျိုးတွေသာ ဖြစ်ကြမယ်ဆိုရင်ပေါ့ဗျာ ကောင်းမယ် လို့ တွေးမိပါတယ်။
    ဒါဆိုရင်တော့အတိုင်းထက်အလွန်ပေါ့ကိုခရယ်
    တဖက်ကပြန်တွေးတော့လည်းနောက်လိုက်ကောင်းဖြစ်မှခေါင်းဆောင်ကောင်းဖြစ်မှာမဟုတ်လား
    အခုကတည်းကစည်းကမ်းလိုက်နာစုပေါင်းလုပ်ဆောင်ခြင်းတွေကိုလုပ်နေတယ်လို့မြင်လိုက်
    ပါလားဗျာ

  • Mr. MarGa

    December 15, 2012 at 6:17 pm

    လက်ဆင့် ကမ်းတဲ့နေရာမှာ
    ကောင်းမွေတွေကိုပဲ လက်ဆင့်ကမ်းပြီးတော့
    ဆိုးမွေတွေကိုတော့ ကို်ယ့်လက်ထက်မှာပဲ ထားခဲ့လိုက်ရင် ကောင်းမယ်
    အတတ် နိုင်ဆုံးပေါ့လေ

  • uncle gyi

    December 16, 2012 at 8:56 am

    ကိုမာဃရေ
    လက်ဆင့်ကမ်းတာအကျင့်ကောင်းတွေအတွေးကောင်းကမ်းပေးပြီး
    မကောင်းတဲ့အကျင့်ဆိုးတွေအတွေးဆိုးတွေမကမ်းဖို့လို့ပြောရင်ပိုမှန်မယ်လို့ပြောရမလား

Leave a Reply