ဒီနှစ် အနော်တို့ရွာမှာ ရှင်ပြုပွဲလေးရှိသည် …
နွေရာသီ ကျောင်3းလပိတ် မှ ကျောင်းပိတ်တုန်းလေး ရှင်ပြုပေးရတာမလား
ရှင်တခါပြုပေးရတာ မလွယ်တာမလို့
အနော်တို့မြို့မှာ ရှင်ပြုပွဲတခုဆို ဖြစ်ဖို့မလွယ်
ဒီနှစ်ရှင်ပြုဖို့အတွက် လွန်ခဲ့တဲ့ လေးငါးနှစ်ကတည်းက စုဆောင်းထားရတာမဟုတ်လား
ဒီနှစ်တော့ အားလုံးပြည့်စြုံပီမလို့ အဒေါ်တို့ မိသားစု အလှူလုပ်မည်

အနော်တို့ ကလေးဒွေ ပျော်နေကြသည် ….
ဒီလိုအလှူရှိရင် ပျော်ရတာမဟုတ်လား..
အ၀တ်အစား အသစ်၇တယ်
လုပ်ကူ ကိုင်ကူဖို့ လက်ကိုင်ပ၀ါလေးနဲ့ ဖိတ်တော့ လက်ကိုင်ပုဝါလေး ရမယ်
တထည်မှ 200 ဆိုပေမဲ့ … အနော်လိုချင်ပါသည် …

ဒီလိုနဲ့ စာမေးပွဲ နောက်ဆုံးနေ့လေးရောက်လာဘီ
မနက်ဖြန်မှာ ပွဲအတွက်စပြင်မယ်တဲ့
အနော်ရင်တွေ ခုန်နေပါသည် …
ဘာဒွေ ဘယ်လိုလုပ်ကိုင်ကြလဲ သိချင်တာကိုး

မနက်ဖြန်လည်းရောက်ရော အနော့် အကိုတွေ မောင်တွေကို အဒေါ်က အလှူလုပ်မဲ့ ဘုန်းကြီးကျောင်းပို့တယ်
သင်္ကန်းတောင်းစာ သင်ဖို့တဲ့
သင်္ကန်းကို အဒူနားတွားတောင်းမှာတုန်း
ဘုန်းဘုန်းဆီကနေ ဒီအတိုင်း မ၀တ်ရဘူးတဲ့ တောင်းယူပြီးမှ ဘုန်းဘုန်းက ခွင့်ပြုမှ ၀တ်ရတယ်တဲ့

“ တက္ကလ ၀တ်ထ မ၀တ်တက်ရင် ကျွတ်ကျ ” အနော့်အကို လာဆိုပြတာလေး
ဘာတုန်းဟ … နင့်သင်္ကန်းတောင်းစာကလဲ (အရင်က တကယ်ပဲ အဲလိုပဲသိခဲ့တာအမှန်)

သူတို့ကို ဘုန်းကြီးကျောင်း ပို့နေချိန် အိမ်မှာ အလှူလုပ်ဖို့ ဖိတ်စာရိုက်ဖို့ပြင်ကြတယ်
တခုထူးနေတာက ရင်းနှီးပြီး မလာမနေရ အမျိုးတွေ အရေးကြီးတဲ့ လူကြီး အိမ်တွေရဲ့ဖိတ်စာဗျ
အဲဒီမှာ အနော်မြင်တာကတော့ အပ်ကလေး ထိုးစိုက်ထားတယ်
အဲဒီအပ်ပါရင် မလာမနေရ မသွားမနေရ သွားရတယ်တဲ့ (အင်းလေး ဓလေ့)

နောက် ညနေပိုင်းရောက်တော့ အနော့် အိမ်မှာ တအိမ်လုံး ဧည့်သည်တွေနဲ့ ပြည့်နေတယ်
အစည်းအဝေး လုပ်တာတဲ့
ခေါင်းရင်းမှာ ရက်ကွက်လူကြီး ပြီးတော့ အမှုဆောင်အရာချိ
သူက အားလုံးနဲ့ မျက်နှာချင်းဆိုင်ပေါ့
ပရိသတ်ရဲ့ရှေ့ဆုံးမှာတော့ အလှူရှင် အနော့် ဦးလေးနဲ့ ဒေါ်ဒေါ်
ပီးတော့ လိုအပ်မဲ့လူတွေ အစည်းအဝေးက အားလုံးကိုခေါ်တာဆိုပဲ
စိတ်ဝင်စားရင်တက်နိုင်တယ်တဲ့

အစည်းအဝေးမှာ .. ဦးလေးက သူ4နှစ်လောက်စုလာတဲ့ ပိုက်ဆံ၊ ပြီးတော့ ဖြေးဖြေးချင်းစုဆောင်းထားတဲ့ ဆန်၊ ငရုတ်သီးခြောက်၊ ပဲလုံးတွေ၊ ကြက်သွန်ဖြူတွေ၊ ဆီတွေ အားလုံးကို ရပ်ကွက်လူကြီးကိုအပ်တယ် … ဖရား..ဖရား ဒီ ပစ္စည်းတွေကို ဘယ်အချိန်က ဘယ်လိုစုခဲ့တာလဲ
အနော်တို့ လူမျိုးမှာ ယုံကြည်ချက်တခုချိတယ်ဗျ …
အလှူလုပ်မယ်လို့ ဆုံးဖြတ်ချက်ချလိုက်တာနဲ့ … အစစ အရာရာ သူ့အလိုလို အဆင်ပြေသွားတတ်တယ်တဲ့

အဲဒီမှာ နောက်ထူးဆန်းတာတခုက အိမ်ကြီးကိုပါအပ်လိုက်တာဗျ
အနော့် ဦးလေး အဒေါ်က အထုတ်အပိုးတွေနဲ့ အိမ်ပေါ်ကနေဆင်းသွားတယ်
လူပျို အပျိုခေါင်းဆောင်ဆီ အိမ်ကြီးပေးလိုက်တယ်

ဧည့်သည်လို သဘောထားပြီးနေရတယ်
အစစ အရာရာ ၀င်မပါရဘူး
ဝင်မပြောဘူး
အလှူရှင်မှာ ရှိသမျှ ပေးထားပြီးပြီ ။။။ လိုအပ်တာ အားလုံး ရပ်ကွက်ကလုပ်ပေးတယ်တဲ့
အနော် သဘောမပေါက်ဘူးဂျ
ဘာလို့ အိမ်ပါပေးလိုက်ရတာလဲ !!!!!!!
နောက်မှ သိတယ်
အလှူ မှာ စိတ်ဖြတ်အောင်
အားလုံးကို နိဗ္ဗိန်န ပစ္စယော ဟောတု ဖြစ်အောင်
တွယ်မကပ်မနေအောင်တဲ့ဗျာ
ဘယ်လောက် ကောင်းလိုက်တဲ့အတွေးလဲ …
ရပ်ကွက်လူကြီးက ဘယ်သူက ဘာလုပ် ဆိုတာကို စီမံခန့်ခွဲပေးတယ်ဗျ
နောက် အစည်းပဝေးလာတတ်တဲ့သူတွေကော လာတဲ့သူတွေကပါ ပွဲကူလိုပခေါ်တဲ့ ငွေလေးတွေ လာပေးကြတယ်
ရသမျှကို ရပ်ကွက်လူကြီးနဲ့ အိုးသူကြီး (ထမင်းဟင်း တာဝန်ယူပေးမဲ့သူ)
က စုထားပေးတယ်
အလှူဒကာက မကိုင်ဘူး ငွေတွေကို
ဒီလိုနဲ့ အစည်းအဝေးပွဲလေး အောင်မြင်စွာပြီးဆုံးသွားတယ်
အလှူတခုမှာ ရက်4ရက်လိုတယ်ဂျ
အလုပ်အကိုင်နေ့ အဲနေ့မှာ အားလုံးအတွက် ကြိုတင်ပြင်ဆင်တယ်
ရပ်ဝေးဧည့်သည်လာတယ်
ဒုတိယ ရှင်လောင်းလှည့်နေ့ (အလှူဝင်နေ့) ပျော်စရာကောင်းဆူံးနေ့ပေါ့
တတိယ လက်ဖွံ့ခြည်မျှင်စွပ်တဲ့နေ့ (ပွဲကြီးနေ့) ပျော်လည်းပျော် ငိုလည်းငို၇တဲ့နေံ
အဲညမှာတော့ မီးဆူခံပြီး ကလေ့ ရှိကြတယ်
စတုတ္ထနေ့ အောင်ဆွမ်းကပ်တဲ့နေ့ (ကိုရင်တွေကို ဆွမ်းကပ်ကြတာ)
လက်ဘက်ရည်နဲ့ အကြော်နဲ့ ကျွှေးပြီး ….. ထိုနေ့ညလေး ကုန်ဆုံးသွားတော့တယ် ….

========================================

နောက်နေ့ မနက်ရောက်လာတာနဲ့
လူပျိုခေါင်းဆောင်က လက်ကိုင်ပုဝါတွေကို လိုက်ဝေတယ်
ပွဲမှာ ကူမဲ့ လူပျိုတွေကို
အပျိုခေါင်းဆောင်ကလည်း အဲလိုပဲ
ဖတ်စာဖိတ်မဲ့သူတွေကလည်း သူ့တာဝန်အလိုက် လိုက်ပို့ပေးတယ်

တချို့လူပျိုတွေကတော့ တောင်ပေါ်တက် ၀ါးခုတ်ပြီး မဏ္ဍပ်ထိုးတယ်
တချို့တွေက ကွယ်လွန်သူရည်စူးပြီး လိုက်ကာတွေလှူတတ်တယ်
အဲဒီ လိုက်ကာကြိးတွေ ချိတ်ပေါ့
ခုံတွေ စားပွဲတွေချ
အင်းလေးက အမျိုးတွေ နောင်ကား၊ စတဲ့ ပအိုဝ့်ရွာကအမျိုးတွေလည်းတတ်လာကြတယ်
လူတိုင်းက တခုမဟုတ်တခု ယူလာကြတယ်
ကြက်သွန်ဖြူ နီ ငရုတ် ဂျင်း စတာတွေ စတာတွေကို ယူလာကြတယ်
ပြီးတော့ အားလုံးက ထိုင်ရင်း စကားပြောရင်း တယောက်အကြောင်းတယောက်ပြောကြရင် ဆူညံစွာနဲ့ ကြက်သွန်ဖြူခွါသူပခွါ စသဖြင့် လိုအပ်တာတွေ လုပ်ကူကြတယ်

နှစ်ဘက် အဖိုးအဖွါး ဆရာ ဆရာမ လူကြီး သူမတွေကို ကန်တော့ဖို့
ဘုန်းကြီးကျောင်းအတွက်မတည်ငွေတွေကို ပဒေသာပင်လေး လုပ်သူကလုပ်

ပရိတ်အိုးမှာ ပရိတ်ချည်လေးတွေ ချည်ပြီး အလှဆင်
သင်္ကန်းအိုး ၊ ပရိက္ခယာ စတာတွေကို အလှဆင်တဲ့သူကဆင် အလုပ်ကိုယ်စီနဲ့ပေါ့

အဲဒီနေ့မှာတော့ ဖရုံသီး နဲ့ ၀က်ရိုးနဲ့ ချက်
ချက်နည်းလေးကတော့ ====
ဖရုံသီးတွေကို အခွံခွါ အတုံးတွေတုံး
ကြက်သွန်နီ /ဖြူ ဂျင်းတွေ ကို ထောင်း၊
ခရမ်းချည်သီး ပါးပါးလှီးထားတာရယ် ၀က်သားတွေကို ရောပြီးထည့်တည်လိုက်တာဂျာ
တခုချင်စီ ဆီမသတ်တော့ဘူး
ဝက်သားနူးတာနဲ့ ရေထည့်ပြီး ဖရုံသီးလေး ထည့်လိုက်တော့ အရသာကောင်းတဲ့ ဖရုံသီးဟင်းကို အချိန် တိုတိုလေးနဲ့ရတာပေါ့
ငရုတ်သီး လုံးကြော် ..ဆားနဲ့
သရေပွကြော်/ ငါးမုန့်ကြော်၊
သရက်ချဉ်သုတ်
ဝက်သားမစားသူတွေအတွက်
ငါးနဲ့ ငရုတ်သီးရောချက်ထားတဲ့ ပရုတ်သီးစိမ်းချက် (အနော် အကြိုက်ဆုံးဟင်း)
အနော့် အမေပေါင်းတဲ့ ထမင်းပေါင်းနဲ့ လာသမျှလူ စားစေဗျား ….
…….. အချိန်မခ်ျတော့လို့ အပိုင်း (2)လေးမျှော် …

About Yin Nyine Nway

Yin Nyine Nway has written 358 post in this Website..

I m web developer