အရှေ့ကိုလျှောက်ပါလို့ အနောက်ကိုတဲ့မျှော်လိုက်ရင် တံခွန်တိုင်ရွေကုက္ကားနဲ့ ဘုရားကိုမြင် ……(1)

Yin Nyine NwayDecember 15, 20121min25118

ဒီနှစ် အနော်တို့ရွာမှာ ရှင်ပြုပွဲလေးရှိသည် …
နွေရာသီ ကျောင်း3လပိတ် မှ ကျောင်းပိတ်တုန်းလေး ရှင်ပြုပေးရတာမလား
ရှင်တခါပြုပေးရတာ မလွယ်တာမလို့
အနော်တို့မြို့မှာ ရှင်ပြုပွဲတခုဆို ဖြစ်ဖို့မလွယ်
ဒီနှစ်ရှင်ပြုဖို့အတွက် လွန်ခဲ့တဲ့ လေးငါးနှစ်ကတည်းက စုဆောင်းထားရတာမဟုတ်လား
ဒီနှစ်တော့ အားလုံးပြည့်စြုံပီမလို့ အဒေါ်တို့ မိသားစု အလှူလုပ်မည်

အနော်တို့ ကလေးဒွေ ပျော်နေကြသည် ….
ဒီလိုအလှူရှိရင် ပျော်ရတာမဟုတ်လား..
အဝတ်အစား အသစ်ရတယ်
လုပ်ကူ ကိုင်ကူဖို့ လက်ကိုင်ပဝါလေးနဲ့ ဖိတ်တော့ လက်ကိုင်ပုဝါလေး ရမယ်
တထည်မှ 200 ဆိုပေမဲ့ … အနော်လိုချင်ပါသည် …

ဒီလိုနဲ့ စာမေးပွဲ နောက်ဆုံးနေ့လေးရောက်လာဘီ
မနက်ဖြန်မှာ ပွဲအတွက်စပြင်မယ်တဲ့
အနော်ရင်တွေ ခုန်နေပါသည် …
ဘာဒွေ ဘယ်လိုလုပ်ကိုင်ကြလဲ သိချင်တာကိုး

မနက်ဖြန်လည်းရောက်ရော အနော့် အကိုတွေ မောင်တွေကို အဒေါ်က အလှူလုပ်မဲ့ ဘုန်းကြီးကျောင်းပို့တယ်
သင်္ကန်းတောင်းစာ သင်ဖို့တဲ့
သင်္ကန်းကို အဒူနားတွားတောင်းမှာတုန်း
ဘုန်းဘုန်းဆီကနေ ဒီအတိုင်း မဝတ်ရဘူးတဲ့ တောင်းယူပြီးမှ ဘုန်းဘုန်းက ခွင့်ပြုမှ ဝတ်ရတယ်တဲ့

“ တက္ကလ ဝတ်ထ မဝတ်တက်ရင် ကျွတ်ကျ ” အနော့်အကို လာဆိုပြတာလေး
ဘာတုန်းဟ … နင့်သင်္ကန်းတောင်းစာကလဲ (အရင်က တကယ်ပဲ အဲလိုပဲသိခဲ့တာအမှန်)

သူတို့ကို ဘုန်းကြီးကျောင်း ပို့နေချိန် အိမ်မှာ အလှူလုပ်ဖို့ ဖိတ်စာရိုက်ဖို့ပြင်ကြတယ်
တခုထူးနေတာက ရင်းနှီးပြီး မလာမနေရ အမျိုးတွေ အရေးကြီးတဲ့ လူကြီး အိမ်တွေရဲ့ဖိတ်စာဗျ
အဲဒီမှာ အနော်မြင်တာကတော့ အပ်ကလေး ထိုးစိုက်ထားတယ်
အဲဒီအပ်ပါရင် မလာမနေရ မသွားမနေရ သွားရတယ်တဲ့ (အင်းလေး ဓလေ့)

နောက် ညနေပိုင်းရောက်တော့ အနော့် အိမ်မှာ တအိမ်လုံး ဧည့်သည်တွေနဲ့ ပြည့်နေတယ်
အစည်းအဝေး လုပ်တာတဲ့
ခေါင်းရင်းမှာ ရက်ကွက်လူကြီး ပြီးတော့ အမှုဆောင်အရာချိ
သူက အားလုံးနဲ့ မျက်နှာချင်းဆိုင်ပေါ့
ပရိသတ်ရဲ့ရှေ့ဆုံးမှာတော့ အလှူရှင် အနော့် ဦးလေးနဲ့ ဒေါ်ဒေါ်
ပီးတော့ လိုအပ်မဲ့လူတွေ အစည်းအဝေးက အားလုံးကိုခေါ်တာဆိုပဲ
စိတ်ဝင်စားရင်တက်နိုင်တယ်တဲ့

အစည်းအဝေးမှာ .. ဦးလေးက သူ4နှစ်လောက်စုလာတဲ့ ပိုက်ဆံ၊ ပြီးတော့ ဖြေးဖြေးချင်းစုဆောင်းထားတဲ့ ဆန်၊ ငရုတ်သီးခြောက်၊ ပဲလုံးတွေ၊ ကြက်သွန်ဖြူတွေ၊ ဆီတွေ အားလုံးကို ရပ်ကွက်လူကြီးကိုအပ်တယ် … ဖရား..ဖရား ဒီ ပစ္စည်းတွေကို ဘယ်အချိန်က ဘယ်လိုစုခဲ့တာလဲ
အနော်တို့ လူမျိုးမှာ ယုံကြည်ချက်တခုချိတယ်ဗျ …
အလှူလုပ်မယ်လို့ ဆုံးဖြတ်ချက်ချလိုက်တာနဲ့ … အစစ အရာရာ သူ့အလိုလို အဆင်ပြေသွားတတ်တယ်တဲ့

အဲဒီမှာ နောက်ထူးဆန်းတာတခုက အိမ်ကြီးကိုပါအပ်လိုက်တာဗျ
အနော့် ဦးလေး အဒေါ်က အထုတ်အပိုးတွေနဲ့ အိမ်ပေါ်ကနေဆင်းသွားတယ်
လူပျို အပျိုခေါင်းဆောင်ဆီ အိမ်ကြီးပေးလိုက်တယ်

ဧည့်သည်လို သဘောထားပြီးနေရတယ်
အစစ အရာရာ ဝင်မပါရဘူး
ဝင်မပြောဘူး
အလှူရှင်မှာ ရှိသမျှ ပေးထားပြီးပြီ ။။။ လိုအပ်တာ အားလုံး ရပ်ကွက်ကလုပ်ပေးတယ်တဲ့
အနော် သဘောမပေါက်ဘူးဂျ
ဘာလို့ အိမ်ပါပေးလိုက်ရတာလဲ !!!!!!!
နောက်မှ သိတယ်
အလှူ မှာ စိတ်ဖြတ်အောင်
အားလုံးကို နိဗိ္ဗန်န ပစ္စယော ဟောတု ဖြစ်အောင်
တွယ်မကပ်မနေအောင်တဲ့ဗျာ
ဘယ်လောက် ကောင်းလိုက်တဲ့အတွေးလဲ …
ရပ်ကွက်လူကြီးက ဘယ်သူက ဘာလုပ် ဆိုတာကို စီမံခန့်ခွဲပေးတယ်ဗျ
နောက် အစည်းပဝေးလာတတ်တဲ့သူတွေကော လာတဲ့သူတွေကပါ ပွဲကူလိုပခေါ်တဲ့ ငွေလေးတွေ လာပေးကြတယ်
ရသမျှကို ရပ်ကွက်လူကြီးနဲ့ အိုးသူကြီး (ထမင်းဟင်း တာဝန်ယူပေးမဲ့သူ)
က စုထားပေးတယ်
အလှူဒကာက မကိုင်ဘူး ငွေတွေကို
ဒီလိုနဲ့ အစည်းအဝေးပွဲလေး အောင်မြင်စွာပြီးဆုံးသွားတယ်
အလှူတခုမှာ ရက်4ရက်လိုတယ်ဂျ
အလုပ်အကိုင်နေ့ အဲနေ့မှာ အားလုံးအတွက် ကြိုတင်ပြင်ဆင်တယ်
ရပ်ဝေးဧည့်သည်လာတယ်
ဒုတိယ ရှင်လောင်းလှည့်နေ့ (အလှူဝင်နေ့) ပျော်စရာကောင်းဆူံးနေ့ပေါ့
တတိယ လက်ဖွံ့ခြည်မျျှင်စွပ်တဲ့နေ့ (ပွဲကြီးနေ့) ပျော်လည်းပျော် ငိုလည်းငိုရတဲ့နေံ
အဲညမှာတော့ မီးဆူခံပြီး ကလေ့ ရှိကြတယ်
စတုတ္ထနေ့ အောင်ဆွမ်းကပ်တဲ့နေ့ (ကိုရင်တွေကို ဆွမ်းကပ်ကြတာ)
လက်ဘက်ရည်နဲ့ အကြော်နဲ့ ကျွှေးပြီး ….. ထိုနေ့ညလေး ကုန်ဆုံးသွားတော့တယ် ….

========================================

နောက်နေ့ မနက်ရောက်လာတာနဲ့
လူပျိုခေါင်းဆောင်က လက်ကိုင်ပုဝါတွေကို လိုက်ဝေတယ်
ပွဲမှာ ကူမဲ့ လူပျိုတွေကို
အပျိုခေါင်းဆောင်ကလည်း အဲလိုပဲ
ဖတ်စာဖိတ်မဲ့သူတွေကလည်း သူ့တာဝန်အလိုက် လိုက်ပို့ပေးတယ်

တချို့လူပျိုတွေကတော့ တောင်ပေါ်တက် ဝါးခုတ်ပြီး မဏ္ဍပ်ထိုးတယ်
တချို့တွေက ကွယ်လွန်သူရည်စူးပြီး လိုက်ကာတွေလှူတတ်တယ်
အဲဒီ လိုက်ကာကြိးတွေ ချိတ်ပေါ့
ခုံတွေ စားပွဲတွေချ
အင်းလေးက အမျိုးတွေ နောင်ကား၊ စတဲ့ ပအိုဝ့်ရွာကအမျိုးတွေလည်းတတ်လာကြတယ်
လူတိုင်းက တခုမဟုတ်တခု ယူလာကြတယ်
ကြက်သွန်ဖြူ နီ ငရုတ် ဂျင်း စတာတွေ စတာတွေကို ယူလာကြတယ်
ပြီးတော့ အားလုံးက ထိုုင်ရင်း စကားပြောရင်း တယောက်အကြောင်းတယောက်ပြောကြရင် ဆူညံစွာနဲ့ ကြက်သွန်ဖြူခွါသူပခွါ စသဖြင့် လိုအပ်တာတွေ လုပ်ကူကြတယ်

နှစ်ဘက် အဖိုးအဖွါး ဆရာ ဆရာမ လူကြီး သူမတွေကို ကန်တော့ဖို့
ဘုန်းကြီးကျောင်းအတွက်မတည်ငွေတွေကို ပဒေသာပင်လေး လုပ်သူကလုပ်

ပရိတ်အိုးမှာ ပရိတ်ချည်လေးတွေ ချည်ပြီး အလှဆင်
သင်္ကန်းအိုး ၊ ပရိက္ခယာ စတာတွေကို အလှဆင်တဲ့သူကဆင် အလုပ်ကိုယ်စီနဲ့ပေါ့

အဲဒီနေ့မှာတော့ ဖရုံသီး နဲ့ ဝက်ရိုးနဲ့ ချက်
ချက်နည်းလေးကတော့ ====
ဖရုံသီးတွေကို အခွံခွါ အတုံးတွေတုံး
ကြက်သွန်နီ /ဖြူ ဂျင်းတွေ ကို ထောင်း၊
ခရမ်းချည်သီး ပါးပါးလှီးထားတာရယ် ဝက်သားတွေကို ရောပြီးထည့်တည်လိုက်တာဂျာ
တခုချင်စီ ဆီမသတ်တော့ဘူး
ဝက်သားနူးတာနဲ့ ရေထည့်ပြီး ဖရုံသီးလေး ထည့်လိုက်တော့ အရသာကောင်းတဲ့ ဖရုံသီးဟင်းကို အချိန် တိုတိုလေးနဲ့ရတာပေါ့
ငရုတ်သီး လုံးကြော် ..ဆားနဲ့
သရေပွကြော်/ ငါးမုန့်ကြော်၊
သရက်ချဉ်သုတ်
ဝက်သားမစားသူတွေအတွက်
ငါးနဲ့ ငရုတ်သီးရောချက်ထားတဲ့ ပရုတ်သီးစိမ်းချက် (အနေ်ာ အကြိုက်ဆုံးဟင်း)
အနော့် အမေပေါင်းတဲ့ ထမင်းပေါင်းနဲ့ လာသမျှလူ စားစေဗျား ….
…….. အချိန်မချ်တော့လို့ အပိုင်း (2)လေးမျှော် …

18 comments

  • Mr. MarGa

    December 15, 2012 at 4:38 pm

    ဝေးးးးးးးးးးးးးသမ္ဘူလရေ
    ခေါင်းစဉ် မပါဘူးဝေးးးးးးးးးးးးးးးးး
    အလှူက အခန်းဆက်မယ်ထင်တယ်ဝေးးးးးးးး
    မြန်မြန်တင်ပေးပါဝေးးးးးးးးးးးးးးး

  • Yin Nyine Nway

    December 15, 2012 at 4:43 pm

    ဟီး ctrl + S နှိပ်မိလိုက်တာဂျ ရဘီ ခု အရင်မန့်လို့ ကျေးဇူး အူးအူးချူးဂါး
    မနက်ဖြန်မှ အူးအူးချူးဂါးကို ကန်တော့တော့မယ်…ဟီး
    ခုတော့ ရုံးဆင်းရတော့မယ်ဂျ

  • uncle gyi

    December 15, 2012 at 4:52 pm

    ရင်ငြိမ်းရေ
    မတူတဲ့ဓလေ့လေးတွေဖတ်ရတာ
    ဗဟုသုတရသလို
    တောင်ပေါ်သားတွေရဲ့ချစ်စရာ့ဓလေ့လေးတွေဖတ်ရလိုသဘောကျပါ့ဗျာ
    ဒါပေမဲ့အလှူတောင်အခန်းဆက်နဲ့ဆိုေတော့သံသရာမပြတ်ပဲနေမယ်နော်

    • Yin Nyine Nway

      December 15, 2012 at 4:56 pm

      ဟုတ်ဝူးဂျ
      အနော် ရေးတာ အချန်မရလို့ဂျ
      ရက်က 4ရက်တောင်
      ဘီးတော့ ဓလေ့တွေက ထူးထုူးဆန်းဆန်းတွေ မျုားတယ်ဂျ
      အဲဒါလေးတွေကြောင့် ရှည်မှာ တရက်စီရေးမှ အဆင်ပြေမှာဂျ
      အားလုံး အရှည်လိုက်ရေးလိုက်ရင် ဖတ်ချင်တော့မှာမဟုတ်တော့ဘူးဂျ
      ဘီးတော့ အနော်က ကျွေးနဲ့ဟင်း ချက်နည်းလေးတွေပါထည့်ချင်တာဂျ
      အဲဟင်းတွေက ပွဲတွေမှာမှ စားရလို့လေ…
      ဝင်ရောက်အားပေးလို့ ကျေးဇူးပါချင့်

      • နွေးသီးးးးးးးးးးးးးးးးးးးးးးးးး
        ညည်းအစောကြီးကတည်းက ဒီလိုပိုစ်တွေရေးရမှာအေ့

  • အမေ Mobile (MGZ ပါတီ)

    December 15, 2012 at 6:30 pm

    ဝင်ရောက် ဖတ်ရှု့အားပေးသွားပါ၏။

  • မောင်ပေ

    December 15, 2012 at 7:31 pm

    အားပါးပါး
    ညစာစားချိန်မှ ဝင်ဖတ်မိတယ် တီးလေးရေ
    ငါးနဲ ့ငရုတ်သီး ၊ ပရုတ်သီးစိမ်းချက် ဆိုတာလေး ကို ချက်ပုံချက်နည်းလေးနဲ ့ရွာထဲမှာ တင်ပေးပါကွယ်

    • Yin Nyine Nway

      December 17, 2012 at 9:44 am

      ဟုတ်ကိုပေ ….
      ပွဲဟင်းလေးတွေချက်နည်းလေးကို
      သပ်သပ်ရေးဖို့ ချိပါတယ်ချင့်

  • ဦးကြောင်ကြီး

    December 15, 2012 at 10:23 pm

    ထမင်းပေါင်း
    သတင်းကောင်း
    ငါးမြင်းရောင်း
    ပုလင်းချောင်း
    ဖါးစင်းလောင်း
    ယမင်းသောင်း
    ဒညင်းမြောင်း
    အလင်းဖောင်း…

  • မင်းနန္ဓာ

    December 15, 2012 at 11:31 pm

    အလှူ မှာ စိတ်ဖြတ်အောင်၊ အားလုံးကို နိဗိ္ဗန်န ပစ္စယော ဟောတု ဖြစ်အောင်
    တွယ်မကပ်မနေအောင် အိမ်ပါအပ်ပြီး လှူတယ်ဆိုတဲ့ဓလေ့က ချစ်စရာကောင်း
    သာဓုလည်း သုံးကြိမ် ခေါ်ပါရဲ့ဗျာ..
    စားရတာတော့ အချိန်မချိတော့ ကသုတ်ကယက်ကြီး.. :harr:

  • ခင်ခ

    December 15, 2012 at 11:42 pm

    အနော်ရေ ဖတ်ကောင်းဗျာ။ ဒါပေသိ ဆက်အုံးနော်။
    တောင်ပေါ်ဓလေ့လေးတွေ သိရတာပ။

  • အရီးခင်လတ်

    December 16, 2012 at 12:01 am

    အနော်လေးရေ။
    ဖတ်လို့ ကောင်းပါ့တော်။
    ဆက်ဖတ်ဖို့ စောင့်နေပါတယ်။
    ထမင်းပေါင်းနဲ့ ကျန်းမာရေး နဲ့ ညီညွတ်မဲ့ ဟင်း တွေ ကို တစ်ဝ စားသွားတယ်။

    ကပေါက်ကြီး Post ထဲ ကလိုတော့ ရှင်လောင်းမပျောက်လောက်ပါဘူးနော်။ 😆

  • MaMa

    December 16, 2012 at 9:41 pm

    ယဉ်ငြိမ်းရေ-
    ရှမ်းရိုးရာ ရှင်ပြုပွဲလေးက တမျိုးဆန်းတယ်။
    ကိုယ့်ရိုးရာမို့ သေချာသိလို့ ရေးပြနိုင်တာ။
    စောင့်မျှော်အားပေးပါ့မယ်။ :hee:

    • Yin Nyine Nway

      December 17, 2012 at 9:53 am

      ပျောက်ဘူး အန်တီမမ ..
      အိမ်သော့မပေးတာ
      အိမ်သော့မပေးပဲ … တောင်းသလောက် ပိုက်ဆံနဲ့ ပြန်လဲရဒယ်ဂျ

  • pooch

    December 16, 2012 at 10:00 pm

    “ဓလေ့တွေက ထူးထုူးဆန်းဆန်းတွေ မျုားတယ်ဂျ ”
    အဲ့ဒါလေးတွေ စိတ်ဝင်စားပါတယ် စောင့်ဖတ်နေပါတယ်။

  • စိုင်း ကွမ်းခေး

    December 16, 2012 at 10:26 pm

    ဟဲဟဲ…

    ဂလိုဆိုတော့လဲ တောင်ပိုင်းတစ်ခွင်မှာ နေကာမျက်မှန်ဝိုင်းလေးတပ်ပြီး ချာလီထီးဆောင်း နားကျပ်တပ်ပြီး မြင်းကြီးကိုလွှားကနဲ လွှားကနဲ စီးတဲ့ ကိုယ်တော်တွေအကြောင်းရယ်..

    ကျောက်မဲမှာ ဘယ်လိုရှင်ပြုတယ်၊ ရှင်ပြုမှာ သျှမ်းအငြိမ့်တွေ ဘယ်လိုကတယ်ဆိုတာ ရေးချင်လာပြန်ရော…

    ရေးတော့ပါဘူး၊ မေ့နေဘီ

    :harr:

  • koaung

    December 17, 2012 at 2:50 am

    ဖတ်လို့ကောင်းတယ်ဗျိုး ငယ်ငယ်ကမြောက်ပိုင်းမှာ ကြီ:ပြင်းသလိုနေလာခဲ့ပေမဲ့ တောင်ပိုင်းကိုတခေါက်တော့ရောက်ဖူ:ပါရဲ့ တောင်ပိုင်:ရဲ့ ဒေသလှပတာကို မမေ.နိုင်သလို ရိုးရာစာတွေကလည်း မရိုးနိုင် ပါဗျာ ဆက်ပါဦးဗျိုး

  • Mon Kit

    December 17, 2012 at 11:07 am

    အနော် .. အနော် နဲ့ ပြောတတ်သူလေးရေ…
    တစ်ကျောင်း တဂါထာ.. တစ်ရွာ တစ်ပုဒ် ဆန်းဆိုသလို.. ထူးဆန်းတဲ့ ရပ်ရွာဓလေ့လေးတွေ ဗဟုသုတလည်းရ.. ဖတ်လို့လည်းကောင်း ပါတယ်ကွယ်…
    နောက်အပိုင်းများလည်း ဆက်မျှော်နေပါ့မယ်…

Leave a Reply