Comment ကို Reply လုပ်သည့်အခါ Email သို့ အကြောင်းကြားခြင်း

အားလုံးသော ဂဇက် ရွာသူားအပေါင်းတို့ ခညားးး

မင်္ဂလာ ရှိသော အချိန်အခါသမယ ဖြစ်ပါစေကြောင်း ဦးစွာ ပထမ ဆုတောင်း မေတ္တာ ပို့သလိုက်ပါသည် ခင်ဗျားးးး

ယခု ဒီပို့စ်ကတော့ဖြင့် မိမိရဲ့ Comment ကို တစ်စုံတစ်ယောက်သောသူမှ Reply လုပ်သည့်အခါတွင် ကွန်မန့်ပိုင်ရှင် သိရှိစေရန်အတွက် မိမိ၏ Email လိပ်စာသို့ အီးမေးလ်တစ်စောင် ပို့ပေးခြင်းနှင့် ပတ်သက်သည့် အကြောင်း အရာများအား ဆွေးနွေး တိုင်ပင်ကြရန်အတွက် ဖြစ်ပါသည်။

ကျနော်တို့ ပို့စ်တင်သည့်အခါတွင် ပို့စ်တွင် ကွန်မန့် တက်သည့်အခါတိုင်း မိမိ၏ အီးမေးလ်ဆီသို့ မေးလ်ပို့ သကဲ့သို့ Comment အား Reply လုပ်သည့် အခါတွင်လည်း ထိုနည်းတူစွာ မေးလ်ပို့စေရန် ဖြစ်ပါသည်။

Comment Reply နှင့် ပတ်သက်၍ ရွာသူား အသစ်တို့အတွက် အထူးတလည် ကိစ္စဟု မဆိုနိုင်သော်လည်း ရွာသူား အဟောင်းများအတွက်မူ လိုအပ်လှပါသည်။ (အဟောင်း၊ အသစ် ခွဲခြားခြင်းဟု မမှတ်ယူစေလိုကြောင်း) ရွာသူား အဟောင်းများ အနေဖြင့် မိမိ ကွန်မန့် ပေးထားသော ပို့စ်တစ်ပုဒ်အား ပေးပြီးစလစ် နံပါတ်တစ် ဟူ၍ ပစ်ထားလို့ မရပါ။ ပစ်လည်း မထားကြပါဘူး။ အဲ့ဒီပို့စ်မှာ ကွန်မန့်အသစ် တက်တိုင်း ကိုယ့်ကွန်မန့်များ ရီပလိုင်း လုပ်နေသလားဟဲ့ ဆိုပြီး ပြေးပြေး ကြည့်ရတာလည်း အမောပါပဲ ခင်ဗျာ။ ဒီနေရာမှာ ကျနော့် အနေနဲ့ ပြောရရင်တော့ ငါ့ကို ဘယ်သူများ လာတွယ်နေမလဲဟဲ့ ဆိုပြီး ပြေးပြေး ကြည့်ရတာပေါ့ ခင်ဗျာ။ :mrgreen:

ဒါကြောင့်မို့ မိမိရဲ့ Comment ကို Reply လုပ်တဲ့အခါမှာ မိမိရဲ့ မေးလ်ဆီကို အီးမေးလ် ပို့ပေးနိုင်စေရန် မည်သို့ မည်ပုံ ပြုလုပ်သင့်သည်ကို အကြံပြုပေးကြပါဦးလို့ …။ ဒီရွာထဲက ရွာသူားတွေဟာ (ကျနော်က လွဲလို့) ခပ်ညံ့ညံ့တွေ တစ်ယောက်မှ မပါဘူးလို့ ယုံကြည်ပါတယ်။ ဒါကြောင့် မိမိ တတ်သိသည့် အကြောင်းအရာများကို ဝင်ရောက် ဆွေးနွေး ပြောပေးကြပါလို့။

အမှန်က ဒီပို့စ်ကလည်း အခြားပို့စ်တွေကြားမှာ ဆွေးနွေးနေတာထက် စာရင် သီးသန့် ဆွဲထုတ်ပြီး ဆွေးနွေးနိုင်ဖို့ အတွက် တင်လိုက်တဲ့ ပို့စ် ဖြစ်ပါကြောင်း။ လောလောဆယ် ကျနော်တို့ သူကြီးမင်း ဦးခိုင် လည်း တစ်ခု စမ်းသပ် ထားပါတယ်။ သို့ပေသိ အလုပ် မလုပ်သေးဘူးလို့ ထင်မိပါတယ်။

ကိုင်းဗျာ ထားပါတော့။ ကျနော်က စပြီး ပြောကြည့်ပါ့မယ်။။။။။။။။။။။

သူကြီးရေ …

ကျနော် Wp Plugin လေး တစ်ခု တွေ့ထားပါသေးတယ်။ comment-reply-notifier ဆိုတဲ့ Plugin လေးပါပဲ။ (Plugin Download) ဒီ Plugin လေးမှာ Notify Me ဆိုတဲ့ Check Box လေး ပေါ်မယ့် setting လည်း ပါပါတယ် ခင်ဗျာ။ ကိုယ့် ကွန်မန့် Reply လုပ်တဲ့အခါ အီးမေးလ်ကို ပို့စေလိုရင် အဲ့ဒါလေးကို ခေါက်ကလေး ခြစ်ပေးပေါ့။ Default အနေနဲ့ ခေါက်ခြစ်ပြီးသားလေး ထားလို့ ရစေနိုင်ပါတယ်။

ဒီ Plugin ကို အင်စတော လုပ်ပြီးသွားတဲ့အခါ Deactive ဘေးနားက သူ့ရဲ့ Settings ကိုသွားပြီး လေးခုမြောက်က ဟာလေးကို ရွေးပေးရင် ကွန်မန့်တွေ အောက်မှာ ဒီလို Notify Me ဆိုတဲ့ Check Box လေး ပေါ်လာပါလိမ့်မယ် ခင်ဗျာ။ ပြီးတော့ အဲ့ဒီ settings ထဲမှာလည်း အီးမေးလ် ပို့တဲ့အခါ ပေါ်စေမယ့် header, mail စတာတွေကိုလည်း ပြင်လို့ ရနိုင်ပါသေးကြောင်း။ ဒါလေးကို စမ်းကြည့်ချင် ကြည့်ပါလားလို့။ ဘာမှ ဖြစ်မသွားလောက်ပါဘူးလို့။ အလုပ်မဖြစ်ရင် ပြန်ဖြုတ်လိုက်ပေါ့လို့။ ဟုတ်ဘူးလားလို့ …. :mrgreen:

44 comments

  • မောင်ပေ

    December 15, 2012 at 7:15 pm

    ဟဲ့ မဟာလဘာဂျာရဲ ့
    အဲဒါ..အဲဒါ တစ်ခါမှ မသိခဲ့ဘူးဟဲ့
    စမ်းလုပ်ကြည့်ဦးမယ်
    ကောင်းတယ်ဆိုရင်
    နှပ်ဆေးရေ 92 နဲ ့ ၅၀ဝဖိုးကျွေးမယ်

    • ဟေ့လူ ..
      ကျုပ်က နှပ်ဆေး ၉၂ နဲ့ မကြိုက်ဘူး
      ဗမာဆေး နွယ်ချိုလေးနဲ့မှ ကြိုက်တာ …
      (အလကား ကျွေးမှာတောင် ချေးများတတ်သေး) :mrgreen:

    • Shwe Tike Soe

      December 17, 2012 at 12:56 pm

      နှပ်ဆေးရည် အုန်းသီးစိမ်းနဲ. ၂၀ဝဖိုးလောက်

      • ဘဲဥ

        December 17, 2012 at 5:41 pm

        ဝါးပီးခွံ့ကျွေးမယ်လေ စားမလား :harr:

    • တိမ်မည်း

      December 17, 2012 at 3:22 pm

      ကွမ်းတော့ မစားတက်ဖူးဗျာ…

      ပီကေလေးများရရင် မစခဲ့ပါ……

  • Mr. MarGa

    December 15, 2012 at 7:21 pm

    ဖြစ်စေချင်နေတာလဲ ကြာပြီ
    စမ်းစေချင် နေတာလဲ ကြာပြီ
    သဂျီးလဲ စမ်းမယ်ထင်တယ်
    အလုပ်ဖြစ်ရင် မောင်အံကို နောက်ထပ် နတ်သမီးတစ်ပါး ပို့ပေးမယ်

    • ဟမငေးးး
      နတ်သမီး လိုချင်ဒေါ့ဘာဝူးးး ဥမာဃဂျီးရယ် .. :mrgreen:
      ကျေးဇူးလည်း တင်ဘာရဲ့ …
      ဒါနဲ့ .. သဂျီးတော့ ခုထိ ကျိုးနေတုန်းလား မသိဘူးးးး
      သူလည်း နေ့ခင်းတုန်းက ဟိုပို့စ် ဝင်ပြော၊ ဒီပို့စ် ဝင်ဖောလိုက်နဲ့ မောသွားရော နေမှာပေါ့ … :mrgreen:

      • Mr. MarGa

        December 16, 2012 at 10:23 am

        ဒီတစ်ခါ တကယ်ပေးမှာပါကွယ်
        အော် ဒုက္ခ ဒုက္ခ
        ခခယယနဲ့ တောင်းပန်ပြီး ယူခိုင်းနေရတယ်
        :kwi:

  • အမေ Mobile (MGZ ပါတီ)

    December 15, 2012 at 7:35 pm

    မဟာ ဘာဂျာကြီရေ
    မိမိရဲ့ ကွန်မန်းကို Reply လုပ်တဲ့အခါ အကြောင်းကြားပေးတာက
    ဘယ်လိုလုပ်ရသည်တော့မသိ ကျနော် ရဲ့ Email မှာတော့
    အကြောင်းပြန်ပေးသဗျ။ တစ်ခုကူညီနိုင်တာက ကိုဘာဂျာ ကြီးအနေဖြင့် အထူးတလည်
    လိုအပ်နေသည်ဆိုပါက ကျနော်၏ မန်ဘာ အကောင့်နှင့် ကိုဘာဂျာ ကြီးရဲ့ မန်ဘာ အကောင့်ကို
    အနစ်နာခံပြီး တစ်ရွာထဲသားpp လဲပေးပါမယ်။
    စိတ်ဝင်စားတယ်ဆိုပါက mobilemobile130@gmail.com မှာလျှို့ဝှက်ဆက်သွယ်နိုင်ပါတယ်။

    • အန် …
      ဂယ်ဂျီးလားဟင်င်င်
      နောက်ဒါလားဟင်င်င်
      ဂယ်ဆိုရင်ဒေါ့ ဒို့ဘဂျီး မျက်နှာလိုက်ဒါဘဲ .. :mrgreen:
      အို … ဘာဘဲ ဖြစ်ဖြစ်ဘာ ..
      လူတိုင်း သူ့ကုသိုလ်နဲ့ သူပေါ့လေ ..
      ကိုရင်ဖုန်း ကိုလည်း မနာလိုစရာ ချိဘာဘူး .. လဲလည်း လဲဒေါ့ဘူးဝူးးး
      ငွင်းးး ငွင်းးး :mrgreen:

    • kai

      December 16, 2012 at 5:21 am

      ကိုရင်မိုဘိုင်းရေ..
      ရတဲ့ပြန်စာလေး.. ကျုပ်ဆီဖေါဝပ်လုပ်ပေးပါလား..
      စိစစ်ပြင်ရမှာဖြစ်လို့..
      kai@myanmargazette.net

      • Mobile

        December 16, 2012 at 8:36 am

        ဟုက်ကဲ့ခင့်ဗျ သူကြီးရေ
        အခုပဲ ဖော်ဝပ် လုပ်ပေးလိုက်ပါ့မယ်

      • မင်းနန္ဓာ

        December 16, 2012 at 8:44 am

        ကိုယ်ရေးထားတဲ့ပို့စ်ထဲ လာမန့်ရင် မေးလ်ထဲ နိုတီဝင်တာနဲ့ မောင်မိုဘိုင်း ရောသွားပြီ ထင်ပါတယ်..

  • ဦးကြောင်ကြီး

    December 15, 2012 at 8:15 pm

    အဲလိုမျိုး ပြောနေကြတာ များပြီ။ ဒီတခါတော့ ပြသနာသာမက ဖြေရှင်းနည်းပါ အကြံပြုတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ကျနော်အပါအဝင် လူအတော်များများက (ပညာတတ်လေ ပိုဆိုးလေ) ပြသနာသာ ညွှန်းတတ်တယ် အဖြေမပြောတတ်ကြဘူး။ ဒါနဲ့ပဲ စာတမ်းတွေ ဝေဖန်ချက်တွေ ဖောင်းပွကုန်တာ။ တလက်စထဲ ပြောချင်တာ မြန်မာပြည်ဂျီး တိုးတက်ဖို့ စည်းကမ်းရှိရမယ်၊ အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရမယ်၊ အထက်အောက် အမိန့်ပေးစနစ် ဖျက်သိမ်းရမယ်ဗျ….။ :kwi:

    • ဦးကြောင် ..

      ကဗျာနဲ့ မဟုတ်ဘဲ
      အတည်အတံ့ စာနဲ့ ဝင်အားပေးတာ ကျေးကျေးဘာ … :mrgreen:
      အိုက်ဒါလေး အဆင်ပြေသွားရင်တော့ မိုက်မယ်ဗျ …
      ကိုယ့်ကို ဘယ်သူ ဆော်ပီလဲဆိုတာ သိရတာပါ့ … :mrgreen:

    • အရီးခင်လတ်

      December 16, 2012 at 4:09 am

      { မြန်မာပြည်ဂျီး တိုးတက်ဖို့ စည်းကမ်းရှိရမယ်၊ အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရမယ်၊ အထက်အောက် အမိန့်ပေးစနစ် ဖျက်သိမ်းရမယ်ဗျ….။}
      အဲဒါတွေ အတွက် အဖြေလေး 🙄 😆

      မောင်အံပြောတဲ့
      {အလုပ် မလုပ်သေးဘူးလို့ ထင်မိပါတယ်။}
      မှန်ပါတယ်။ အလုပ်မလုပ်သေးပါ။ အိပ်ပျော်နေဆဲ။

      • အရီးးး

        အိပ်ပျော်နေဆဲ ဆိုတာ ဘူ့ဂို ကြောဒါဒုံးဟင်
        ကေနဲ့စတဲ့ ဟိုလူဂျီးကို ပေါဒါလားဟင်င် … :mrgreen:

  • သကြားလုုံးကြော်

    December 16, 2012 at 4:11 am

    တက်ကနီကွေး မောင်အံဇာက ဦးဆောင်စဉ်းစားပေးနေမှတော့ သူဂျီးလက်ကောင်းကောင်းထဲရောက်နေပြီ။ မကြာခင်အောင်မြင်တော့မယ်။ လောလောလတ်လတ် ကိုုယ်မွှေးလိုုက်တဲ့ မီးကိုု သဂျီးကိုုယ်တုိုင်လုိုက်ငြှိမ်းနေမှတော့ မကူညီရင် ဦးကြောင်ပြောတဲ့ အမိန့်ပေးစာရင်းထဲဝင်သွားဦးမှာ စိုုးလိုု့ မနေသာဘူး။

    ၁) အံဇာတုုံးအပေါ်မှာညွှန်ထားတဲ့ comment reply notification plug-in က ဒါထင်တယ်၊ ဟုုတ်လား။
    http://theme10.com/comment-reply-notification/

    ၂) နောက် တနည်းက subscribe to comments ဆိုုတဲ့ plug in ။ ဒီတခုုက လွယ်ပုုံရတယ်။ ကျမကတော့ ဒီတခုုကိုု စမ်း စေချင်တယ်။
    Install လုုပ်ပြီး activate လုုပ်ပြီးရင် ကွန်မန့်ဘောက် တိုုင်းဘေးမှာ “notify me of follow-up comments by email” check box လေး၊ ဒါမှမဟုုတ် ‘subscribe to emails’ ဆိုုတဲ့ လင့်လေး ပေါ်လာလိမ့်မယ်။ တခြား online ဘလော့တွေက ကွန်မန့်ဘောက်တွေမှာ တွေ့နေကျနဲ့ တူသလိုုမိုု့ ဒီတခုု အလုုပ်ဖြစ်နိုုင်လောက်တယ်။ Download တွေလည်းများပြီး review တွေလည်းမဆိုုးဘူး ထင်တာပဲ။
    အဲဒီ plug-in အကြောင်း http://wordpress.org/extend/plugins/subscribe-to-comments/
    Installation instructions နဲ့ download ဒီမှာကြည့်ပါ။ http://txfx.net/wordpress-plugins/subscribe-to-comments/

    စိတ်လိုုလက်ရ စမ်းကြည့်ပေးနေတဲ့ သဂျီးရော၊ ဦးဆောင်အကြံရှာပေးတဲ့ အံဇာတုုံးရော ၊ အစမ်းသပ်ခံ ဂွီနီပစ်တွေ ဖြစ်နေတဲ့ ရွာသူားတွေ ရောကိုု ကျေးဇူးတင်ပါတယ်။

    • kai

      December 16, 2012 at 4:36 am

      အစမ်းသပ်ခံ ဂွီနီပစ်တွေ

      အဲဒါ. အဲဒါ..
      အဲဒီလိုလုပ်အောင်.. ဘယ်သူစပြောတာလဲဗျို့..
      မိမိတို့မှမစ,ကြောင်း.. မလုပ်ကြောင်း..မသိကြောင်း..
      ( စစ်အစိုးရခေတ်… သတင်းစာရှင်းလင်းပွဲတွင် ပြန်ကြားရေး ဆိုသောသူများ၏ လေသံဖြင့်ဖတ်ပါ..) :harr:

      • အရီးခင်လတ်

        December 16, 2012 at 4:58 am

        အဲလာ
        အခု ဖတ်ရွေး ငှက်ကထအသစ်ကြီး က စပြီး ချွန် (အဲ) အကြံပြုခဲ့တာ။
        :kwi:

    • မ/ကို (သေချာ သိဝူးးး) သကြားလုံး … :mrgreen:

      ကျနော် ယူတဲ့ ပလက်အင်က အဲ့ဒီကတော့ မဟုတ်ပါဘူးးး
      ဒါပေမယ့် အသွင်တော့ တူတူဘာဘဲ …
      သကြားလုံး ညွှန်းတဲ့ ပလက်အင်လေးကလည်း မိုက်တယ် …
      ဆက်လက်ပြီး ဒို့ဘဂျီး ဘယ်လို ချီတက်မယ် မသိ …

      ဒါနဲ့ ဘဂျီးရေ …
      ဒါလေးကို အဆင်ပြေတဲ့ ထိအောင်တော့ လုပ်ပေးနော် …
      အဲ့လိုမှ မီဟုတ်ရင် ဘဂျီးဂို ဂျစ်တော့ဝူးးး
      ဒါဗျဲ ….. :mrgreen:

      • kai

        December 19, 2012 at 1:14 am

        Subscribe to Comments အဲဒါကို ထပ်စမ်းထားပါတယ်..
        Reply ရရင်အကြောင်းပြန်ကြပါ… :528;

        • သကြားလုုံးကြော်

          December 19, 2012 at 1:49 am

          ဟာ သဂျီးအောင်မြင်သွားပြီထင်တယ်။ “Notify me of followup comments via e-mail” checkbox တွေတွေ့နေရပြီ။ သူများတွေ အကြောင်းပြန်လာရင်ပြောမယ်။

        • ကျုပ်ပို့စ်ဖြစ်နေတော့ ကျုပ်အနေနဲ့ စမ်းကြည့်လို့ ရ၊ မရ မသိ …
          အောက်ဆုံးက စာ အရဆိုရင်တော့ …
          ပို့စ် ပိုင်ရှင်က သူ့ရဲ့ ဘယ်ကွန်မန့် မဆို subscribe လုပ်ပြီးသားပဲဗျ …
          ဒါကြောင့် ..
          ပိုပြီး သေချာသွားအောင် “သကြားလုံးကြော်” ကို အကူအညီ တောင်းပါမယ် …

          သကြားလုံးကြော်ရေ …

          အောက်ဆုံးမှာ သီးသန့် ကွန်မန့် ရေးပေးပါလား …
          Notify me of followup comments via e-mail ဆိုတာလေးကို ခေါက်လေး ခြစ်ထားရင်းနဲ့ပေါ့ ….
          ဒီအခါ ကျုပ်က Reply လုပ်လိုက်မယ် …
          အဲ့ဒီအခါ reply လုပ်ကြောင်း မေးလ် ရောက်၊ မရောက် စမ်းကြည့်ချင်လို့ပါ …
          ရဒယ်မီဟုတ်လားဟင်င်င် ….

        • မောင့်ကျက်သရေ ဂီ့

          December 19, 2012 at 6:45 am

          ကဲကဲ ရေးလိုက်ပီ အေ…
          စာရမရ အကြောင်းပြန်
          ဒါဗဲစ့်

          :kwi:

        • သကြားလုုံးကြော်

          December 19, 2012 at 7:00 am

          ရပြီဗျို့ ရပြီ။ Notification တွေဝင်လာတာ ဒီပိုု့စ်မှာ ထပ်ရေးလိုုက်တဲ့လူတွေရော၊ ကိုုဂီရဲ့ အိပ်ခြင်းပိုု့စ်မှာ အကြောင်းပြန်လာတာတွေရော အီးမေးထဲ ဝင်လာတယ်။ ဒိုု့ သဂျီးအောင်မြင်သွားပြီဟေ့။

        • kai

          December 19, 2012 at 7:07 am

          သဂျားလုံးကြော်ရေ…
          ရတာကို.. kai@myanmargazette.net ကိုဖေါ်ဝပ်လုပ်ပေးပါလား..
          ရွာသူားတွေရဲ့.. အီးမေးလ်.. အိုင်ပီ.. ဘာညာတွေပါမပါ သိရအောင်လို့ပါ…။

        • ရွှီးးးးး ဖြောင်းးး ဖြောင်းးးး

          အောင်မြင်သွားပီဒဲ့ ……..
          နာလည်း သူညားပို့စ် သွားပြီးတော့ မယောင်မလည်နဲ့ စမ်းကြည်ရဦးမယ် … ဟီဟိ ..

          ဒါ့ထက် ….
          ဟို Box ကြီးကို default ခေါက်ခြစ်ထားလို့ မရဘူးလားဟင်င် …
          အိုက်ဒါဆို ပိုကောင်းမယ် ထင်မိပါကြောင်း ……..။

        • သကြားလုုံးကြော်

          December 19, 2012 at 8:07 am

          ရတဲ့ထဲက ၂ခုု ဖော်ဝပ်လုုပ်လိုုက်ပြီသဂျီးရေ။

          ကိုုယ် subscribe လုုပ်ထားတဲ့ ပိုု့စ်တွေကိုု ဆက်မလိုုက်ချင်တော့ရင် Notification တွေထပ်မရအောင် manage your subscriptions အောက်မှာ ပြန်ဖယ်လိုုက်လိုု့ရတယ်။ အဲဒါတော့ မစမ်းရသေးဘူး။

        • စမ်းနေနဲ့ …..
          ရဘူးးးးးးးး
          You may not access this page without a valid key.
          ဒဲ့ ……….. ခွီခွိ …….။

        • သကြားလုုံးကြော်

          December 19, 2012 at 8:55 am

          ဟုုတ်ပါဘူး။ unsubscribe လုုပ်လိုု့ရပါတယ်။ အံစာတုုံးက ကိုုယ့်ပ်ုု့စ်ကိုုယ် ပြန် unsubscribe လုုပ်ဖိုု့ကြိုးစားလိုု့ မရတာဖြစ်မှာပါ (စမ်းပြီးသား)
          သူများပိုု့စ်တွေက တဆင့် Manage your subscription ကိုုသွားကြည့်ရင်ကော။

  • သကြားလုုံးကြော်

    December 16, 2012 at 4:24 am

    သဂျီးဘာကိုု စမ်းထားလဲတော့မသိဘူး၊ ကျမရဲ့ အပေါ်က ကွန်မန့် က “Your comment is awaiting moderation. ” တဲ့

  • အလင်းဆက်

    December 16, 2012 at 3:03 pm

    ဒီလို ကိစ ဒေ ကိုဒေါ့
    သားသားက ဘာမှ မတိ
    တူညားဒေ ပြောဒါကိုဘဲ
    ဖတ်ချု တွား နိုင်ဘာဒယ် ခညာ

  • Khaing Khaing

    December 17, 2012 at 2:41 pm

    အဲနည်းလေးကောင်းလိုက်တာ … နှိုမှုန့်ဆို … မောင်မောင်အံပြောသလိုပဲ … ကိုယ်ကကော်မန့်ပေးတဲ့ ပို့စ်တွေသွားရှာရတာအမော … တစ်ခါတစ်လေဆို မှတ်မိဘူး … အချိန်မရလို့ … ကိုယ့်အတင်းတုတ်လို့ တုတ်ထားမှန်းမသိဘာမသိနဲ့ဖြစ်တတ်တယ် …….. တစ်ချို့တွေဆို ကိုယ့်ကို ယောက္ခမတော်ချင်တာတို့ဘာ တို့ကရှိသေး … ဒါမျိုးဆို ပါးစပ်ကို သွေးပြီး … အဲဟုတ်ဝူး … လက်ကိုသွေးပြီး Reply ပြန်လုပ်ရမှာပေ့ါ …….

    • ဘဲဥ

      December 17, 2012 at 5:46 pm

      နာ့ မာမီ့ ကို ယောက္ခမတော်ဂျင်ဒါ ဘူလဲကွ
      ဇဂါးမစပ်လေး……. ကိုဝင်းကြည် ဘယ်အရွယ်ရောက်ပီလဲဂျ :mrgreen:

  • Green Rose

    December 17, 2012 at 3:00 pm

    မဟာရာဇာအံဇာတုံးရေ

    အောင်မလေး.. မောလိုက်တာ..
    Idea လေးကြိုက်ပါတယ်။ Green Rose လည်း ကိုယ် comment ပေးထားတာတွေအပေါ် ဘယ်သူတွေ ဘယ်လို reply ပြန်သလဲဆိုတာ mail ထဲကို ပို့ပေးရင် ကောင်းမှာပဲလို့ တွေးဖူးပါတယ်။ ဒါပေမယ့် အဲဒါဆိုရင် ရွာမလည်ရတော့ဘူးလို့ တွေးလိုက်မိတော့.. နည်းနည်း ဝမ်းနည်းသွားသလိုပဲ။ MG ရဲ့ အဓိက ချစ်စရာကောင်းတဲ့အချက်က ရွာလည်ကြတာလေ။ အိမ်ပေါက်စေ့လည်၊ ဟိုအတင်း ဒီအတင်း အဲ.. ဟုတ်ပေါင် ဟိုသတင်း ဒီသတင်း ဖလှယ်၊ ရန်ဖြစ်ကြ၊ ပြန်ချစ်ကြ လေ…

    လေးစားလျှက်

  • kyeemite

    December 17, 2012 at 3:39 pm

    ကျုပ်လည်းသဘောတော်ကျသဗျို့
    ဒါပေသိ..ကွန်ပူတာအကြောင်း ကောင်းကောင်းမသိတာမို့
    ဘေးကနေပဲစောင့်ကြည့်မည်ဖြစ်ပါဂျောင်းနဲ့
    အောင်မြင်အောင်ဆောင်ရွက်နိုင်ကြပါစေဂျောင်းးးးး :kwi:

  • အဆင်ပြေရင် သေသေချာချာရေးတင်ပေးပါဦး..Replyတွေကို ပြန်ပြန်ကြည့်နေရတာ ဆာဗာကတအားလေးတော့ တော်တော်လေး အချိန်ပေးနေရတယ်။
    ပြန်မကြည့်ပဲလဲမနေနိုင်ဘူး…သိတဲ့အတိုင်း စကားဝိုင်းတွေက တစ်နာရီနဲ့တစ်နာရီမျက်ခြေပျက်ရင်တောင်
    တစ်ခေတ်စာလောက်နောက်ကျသွားနိုင်တယ်လေ… :hee:

  • အဟဲ …
    သူညားပို့စ်တွေ လျောက်ပြီး လည်နေလိုက်ဒါ ..
    ကိုယ့်ပို့စ်တောင် မေ့တွားဒယ် ..
    အားလုံးဘဲ .. ချော်တီးးး :mrgreen:

    လာရောက်ပြီး မန့်မန့် ပေးတွားသူအပေါင်းကို
    ကျေးကျေး အကြီးကြီးဘာလို့ …….။

    ချစ်တဲ့ …..
    အံစာတုံး

  • Thuyazaw

    December 19, 2012 at 12:31 pm

    အံစာတုံးရေ…… အတင်းပြောလို့မရတော့ဘူးအေ့….. တစ်ယောက်ပြောပီးရင်း တစ်စောင်ဝင်ရင်း ဟေဟေ့………

    • မဟာရာဇာ အံစာတုံး

      December 19, 2012 at 12:46 pm

      အိုက်ဒါ ..
      ပီးရောပေါ့လို့ …
      ကိုယ် မရှိဘူး၊ မသိဘူးဆိုပြီး အတင်းတုတ်လို့ ရတော့ဘူးဟေ့ …
      ငွင်းး ငွင်းး
      မေးလ်ကတော့
      ကိုယ့်ကို Reply လုပ်မှ မဟုတ်ဘူး …
      ကိုယ် ကွန်မန့် ပေးခဲ့တဲ့ ပို့စ်ထဲကို ကွန်မန့်အသစ်တစ်ခု တက်တိုင်း
      တစ်စောင်ပြီး တစ်စောင်ဘဲ … :mrgreen:

      • amatmin

        December 19, 2012 at 2:20 pm

        ဟေ့လူ..အံစာတုံး ..
        ကျုပ်ဆီလည်းရောက်မရောက်စမ်းချင်လို့..
        အကြောင်းပြန်ဘာ..
        ဒါဘဲ..

        • ဟက်ရို .. ဟက်ရို ..
          ဥမတ် လား .. ဥမတ် လား …
          ရောက်လား .. ရောက်လား …
          မရောက်ရင် မရောက်ဘူးလို့ မှတ်ဘာ .. မှတ်ဘာ ..
          ရောက်ရင် ရောက်ဒယ်လို့ မှတ်ဘာ .. မှတ်ဘာ ..
          ငွင်းးး ငွင်းးးး

          ကိုမတ်ကြီး …
          ကွန်မန့်ဘောက်စ်ရဲ့ အောက်နားမှာ Notify Me ဘာညာ သာရကာ ပေါ့ဗျာ ..
          အဲ့ဒါလေး ပါတယ်လေဗျာ …
          အဲ့ဒါက ခေါက်ခြစ်ပြီးသားလေး ဖြစ်နေလိမ့်မယ်ဗျ …
          မခြစ်ရသေးရင် ခြစ်လိုက်ပေါ့ဗျာ … ခညားဂ ခြစ်တတ်တယ် မဟုတ်လား …
          ကွန်မန့်လည်း ပေးပြီးရော …
          အဲ့ဒီမှာ ကိုယ်ကွန်မန့်ပေးတဲ့ ပို့စ်ထဲမှာ တက်လာတဲ့ ကွန်မန့်တွေကို
          ကိုယ့်မေးလ်ဆီ ပို့ပေးတော့တာပဲ ….
          ကျနော်တို့တော့ လောလောဆယ် အဆင်ပြေနေတယ် ခင်ဗျ …
          ခင်ဗျားလည်း အဆင် ပြေပါစေဗျားးး

  • amatmin

    December 20, 2012 at 1:01 am

    ဟတ်လူရီး..အံစာတုံး…
    ခင်ညားပြောမှ.သဘောပေါက်တယ်.
    ဒါဘဲ…. 🙂

Leave a Reply