တူးဆွခြင်း ( ရသ )

alinsettDecember 15, 20121min26226
222

445

xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx

ဓူဝံကြယ် ရှိရာ မြောက်အရပ်တွင်အေးမြသော လေတို့နှင့်အတူ ကျွန်တော် နေထိုင် ပါသည်။

ဓူဝံကြယ်၏ အောက်တည့်တည့်

မြေပြင်ပေါ်မှာ ကျွန်တော့် အိမ်ကလေး ရှိပါသည်။

တစ်ခါတစ်ရံ ကျွန်တော် စိတ်ညစ်နေသည့်အခါများတွင် ကျွန်တော့် အိမ် အနောက်ဘက် မြက်ခင်းပြင်ပေါ်မှာ ထိုင်ပြီး ကောင်းကင်ကို မော့ကြည့်လေ့ ရှိပါသည်။

ကောင်းကင်ကို မကြာခဏ မော့ ကြည့်တတ်တာ ကျွန်တော့် အကျင့်တစ်ခု ဖြစ်နေသည်။

မနေ့က ကျွန်တော် ကောင်းကင်ကို မော့ကြည့်ချိန်တွင် ကောင်းကင်သည် ည အိပ် ဝတ်ရုံ အနက်ကို ခြုံထားသည်။

ဝတ်ရုံ၏ အောက်ခံ အရောင် အနက် အပေါ် တွင် ဖြူ ဖွေး လင်းလက်သော အစက်အပြောက်ကလေးများ ရှိနေသည်။

ည သည် အမှောင်နှင့် ကောင်းကင် တသားတည်း ပေါင်းစပ်ကာ အလွန် သိုဝှက် လှပ ခဲ့သည်။

ကြည့်နေခိုက်မှာပင် ကြယ်ကလေးတစ်စင်း ဖျတ်ခနဲ ကြွေကျသွားသည်ကို ကျွန်တော် မမြင်ချင်ယောင် ဆောင် ပစ်လိုက်ပါသည်။

ကြယ်ကြွေတာကို မြင်ရချိန်မှာ တစ်ခုခု ဆုတောင်း ရင် တောင်းတဲ့ဆု ပြည့်တယ်. . .ဟု

ကောင်မလေးတစ်ယောက် ကျွန်တော့်ကို ပြောခဲ့ဖူးသည်။

ကျွန်တော် မယုံကြည်ပါ။

ဆုတောင်းခြင်းကို လည်းကောင်း / ကြယ်ကြွေ ဆုကို လည်းကောင်း ကျွန်တော် ……..မယုံကြည်ပါ။

xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx

ကျွန်တော့်ဘဝမှာ စိတ်ညစ်စရာ များစွာ ရှိခဲ့သည်။

စိတ်တစ်ခါ ညစ်လျှင် ပန်းတစ်ပွင့် ပွင့်လာ ကြေး ဆိုလျှင် ကျွန်တော် ပိုင်သည့်ပန်း တွေ အတော်များများ ရှိနေလောက်ပြီ ။

လူ နှင် ့ စာကို ရောထွေးပြီး ဝေဖန်ခြင်း ခံရသောအခါ /

မိုးသည်းသည်း ရွာ နေသောအခါ/

နေပူပူမှာ လမ်းလျှောက် နေရချိန်တွေမှာ /

အသံများဖြင့် ဆူညံကာ ပူလောင် မွန်းကျပ် နေသော ဘတ်စ်ကားတွေကို တိုးစီး နေရသောအခါ /

ဇာတ်ကောင်နှင့် စာရေးသုူု ကို တစ်ထပ်တည်းလိုလို ခံစားကြသောအခါ/

မနက်စောစော ထမင်းကြမ်းခဲ အေးစက်စက်ကြီးကို စားရသော အခါ /

ရောခ့် သီချင်း ဆူညံပေါက်ကွဲ အော်ဟစ်သံကိုကြားနေရသောအခါ /

တိုင်းရင်းသား မှန်း သိသာအောင် တိုင်းရင်းသား အသံ မဖြစ် ဖြစ်အောင် လုပ်ဆို ဆို နေသော အဆိုတော် ၏ သီချင်းကို ကြားရ သောအခါ/

စကားလုံး ရှားပါးရသည့်အထဲ ဟို အကြောင်း ရှောင် ရေး ….. ဒီစာသားကို မထည့်ပဲ ရေးပြီး လွတ်လပ်စွာ ပြောရေး

ဆိုခွင့် မရှိသည့်အခါ . . . . . . . .

……………………

ကျွန်တော် . . . . . စိတ်ညစ်ပါသည်။

_____________________________________________________

ဟိုတလောက ကျွန်တော် ဝတ္ထုတိုလေးတစ်ပုဒ် ရေးမိတာ တော်တော် နောင်တ ရ သွားသေးသည် ။

ဝတ္ထု ထဲမှ ဇာတ်ကြောင်း ပြောသူ ဇာတ်ကောင် (ကျွန်တော်ဆိုသောသူ ) က ချစ်သူနှင့်

ချစ်နယ် ကျွံ ပြီး ထို ဇာတ်ကောင် ၏ချစ်သူ မှာ ကိုယ်ဝန် ရှိသွားသည့် ဖြစ်ရပ်တစ်ခု………….

ဇာတ်လမ်း ဆင်၍ ရေးခဲ ့ မိပါသည်။

https://myanmargazette.net/150370/arts-humanities

ဒီလိုအရွယ်မို ့.. ဒီလိုစာတွေလည်း.ရေးမိသေးတယ် ။

ပြဿနာသည် ထို ဝတ္ထုတို ရေး အပြီး နောက် နာရီပိုင်းမှာပင်…. စ ပါတော့သည်။

ကျွန်တော့် မေးလ် ထဲကို အမေးစာလွှာများ

တစ်စောင်ပြီးတစ်စောင် ဝင်လာပါတော့သည်။

အမေးများ အားလုံး ၏ တစ်ခုတည်းသော အဓိပ္ပါယ်မှာ အဲဒီ ကလေးလေး ဘယ်ရောက်သွားလဲ . .

ဘာလေး မွေးလဲ . . . . တဲ ့။

စိတ်ပေါက်ပေါက်နဲ ့ မျောက်လေး မွေးတယ် ဟေ့ . . .

ဟုသာ ဖြေ ပစ်လိုက်ချင်သည်။

အဲဒီ ဝတ္ထု ထဲက ကျွန်တော်ဆိုသည့် ဇာတ်ကောင် သည် ကျွန်တော် စာရေးသူူ အလင်းဆက် ကြီးပဲ လို ့

ဘာလို့များ

သတ်မှတ် ပစ်လိုက်ကြပါလိမ့်။

ကျွန်တော်ဆိုသည့် နာမ်စား ( ဇာတ်ကောင် ) ဖြစ်ပျက်သမျှ သည် စာရေးသူ အလင်းဆက်ဖန်တီးထားသော

စိတ်ကူးယဉ် ဇာတ်လမ်းတစ်ပုဒ် လို ့ ဘာလို့ မမြင်ကြပါလိမ့် ။

အလင်းဆက်က ကလေး အဖေ ကိုး . . . . ဆိုတဲ့ မှတ်ချက်တွေ မေးလ်ထဲ ရောက်လာသောအခါ

ကျွန်တော် တော်တော့်ကို စိတ်ညစ်သွားပါ သည်။

အခုတော့ ဖြေသိမ့် လိုက်နိုင်ပါပြီ

ကျွန်တော် ရေးတဲ့ဝတ္ထု ကို တကယ့် အဖြစ် အပျက်လို ့ထင်ကုန်ကြတယ် ဆိုတာကိုက

ကျွန်တော် ရေးဖွဲ ့တာ ပီပြင် လွန်းလို ့ပေါ့………… ဟု ပြန် ဖြေသိမ့် ယူရပါတော့ သည။်

တစ်ခါတစ်ရံကျတော့လည်း ကိုယ့်မာနတွေ ကို ကိုယ် ဖိနပ် လုပ်၍ စီး…. ပစ်လိုက်ချင်သည် ။

လူ လောက ထဲမှာ…………..

မာနတွေ / အတ္တ တွေကို ကပိုကရို ဝတ်ဆင် ထားရတာ /

လူ လောက ထဲမှာ …………. သူများပြုံး ပြီးသား အပြုံးတွေကို ကျကျနန ကော်ပီကူး ယူင်္ပြီး ပြန်ပြုံးပြနေရတာ /

လူလောက ထဲမှာ . . . လူသားစစ်စစ် တစ်ယောက်ဖြစ် ဖို ့ ………..

အသေအလဲ ကြိုးစားနေရတာ ………….

………………………………….

အခုတော့ အတော်လေး စိတ်ပျက်မိပါပြီ ။

တစ်ခါတစ်ရံမှာ တော ့ အားလုံးနှင့် ဝေးရာ ကို ……………….

မပြော / မဆို တိတ်တိတ်ကလေး

ထွက်ခွါသွားလိုက်ချင်ပါသည်။

အားလုံး အားလုံးနှင် ့ ဝေးရာ . . ……………………………………..

တကယ့်ကို …………………………………………………..

အားလုံးနှင့် ဝေးရာ . . . . . . . . . . . . . . . . . . . . . . . . . . .

____________________________________________________________________

( ဘာရယ်မဟုတ် … တွေးမိတာလေးကို..ဖြစိသလိုလေး ချရေးမိတာပါ ။ )

______________________________________________________________________

လေးစားစွာဖြင့်

အလင်းဆက်

အသိပေး ကြေငြာချက်….

26 comments

  • ဦးကြောင်ကြီး

    December 15, 2012 at 8:19 pm

    တူးဆွ
    ဗူးထ
    ပြူးလှ
    ထူးပ
    ဦးဝ
    ဟူးကြွ
    ဖြူးသ
    ဒူးမ..။

  • အလင်းဆက်

    December 15, 2012 at 8:33 pm

    ဗူး ထ ပေမယ့် ..
    ရူး လှ ပါဘူး.ဦးကြောင်…
    ပြူး.လှ မှာပေါ့ ..
    တူးဆွ ထားတာကို.ဦးကြောင်…
    ထူး ပ မှာပေါ့….
    မြူ.ကြွ စွာ..
    ဒူး..မ ပြီး.. ရေးလိုက်တာကိုး…
    ဥိးကြောင်…

    ဒူး မချောင်ခင်..
    ပြူးပြောင် ပြီး… ဖတ်ရှု ခံစားသွားလို ့.. ကျေးကျေးဘာ..လို ့..။

    အဟိ ။
    စတာ..

  • မောင်ပေ

    December 15, 2012 at 8:40 pm

    တူးဆွခြင်း
    ဘူးထရှင်း
    မူးကနင်း
    ရူးမကွင်း
    ခူးပြတင်း
    ပူးရလင်း

  • အလင်းဆက်

    December 15, 2012 at 8:49 pm

    အဲ…
    လာပြန်ပဟ…
    —————

    တူးဆွခြင်းပါ..လေးလေးပေ..
    ဗူး ထခြင်း နဲ ့ နည်းနည်းတော့ ဆင် တာပေါ့
    မူး နင်းတာကလည်း…

    အဲ..
    အဲ…
    တ်ိတော့ဝူး…ဂျာ..။

    🙂

  • Mr. MarGa

    December 15, 2012 at 8:49 pm

    တူးဆွကာ ဖော်ထုတ်ပါသော
    အလက်ဆင်းရေ
    စိတ်ညစ်ခြင်းကို တွေးနေရင်တော့ စိတ်ညစ်တယ်ပဲ ဖြစ်နေမှာနော်
    အဲဒီတော့
    တွေးမနေနဲ့
    ဖွင့်ချလိုက်

  • အလင်းဆက်

    December 15, 2012 at 8:51 pm

    ဟုတ်…။
    ဟေ..ဟေ့ …
    သားသားပိုစ့်ထဲကို….
    သိကြားမင်းကြီး.ကိုယ်တိုင် ဆင်းလာပြီ..

    ပျော်လိုက်ထှာ..

    လေးလေး.မာဃ ရေ…
    ကျေးကျေး။။။
    နော့ ..။

  • မဟာရာဇာ အံစာတုံး

    December 15, 2012 at 10:08 pm

    ဂလိုပေါ့ကွယ် …
    စိတ်ညစ်မိတိုင်း ရေတစ်ခွက် သောက်ရမယ်ဆိုရင်
    ဘီယာ သောက်တာထက် ပိုထွက်မယ်တောင် ထင်ပါရဲ့ ..
    ဘာမှလည်း ဆိုင်ဝူးးးး :mrgreen:
    အားပေးတွားပါတယ်ဗျို့ …

  • ဝင့်ပြုံးမြင့်

    December 15, 2012 at 11:45 pm

    “တစ်ခါတစ်ရံကျတော့လည်း ကိုယ့်မာနတွေ ကို ကိုယ် ဖိနပ် လုပ်၍ စီး…. ပစ်လိုက်ချင်သည် ။
    လူ လောက ထဲမှာ…………..
    မာနတွေ / အတ္တ တွေကို ကပိုကရို ဝတ်ဆင် ထားရတာ /
    လူ လောက ထဲမှာ …………. သူများပြုံး ပြီးသား အပြုံးတွေကို ကျကျနန ကော်ပီကူး ယူင်္ပြီး ပြန်ပြုံးပြနေရတာ /
    လူလောက ထဲမှာ . . . လူသားစစ်စစ် တစ်ယောက်ဖြစ် ဖို ့ ………..
    အသေအလဲ ကြိုးစားနေရတာ ………….”

    ရေးထားတာ ဆန်းသစ်လှချည်လား ကိုသူရရေ။ ကိုသူရရဲ့ ပို့စ်အဟောင်းတွေ မဖတ်ရသေးဘူး။ နောက်မှပဲ ပြန်ရှာပြီးဖတ်တော့မယ်။ တင်ထားသမျှပို့စ်အဟောင်းတွေကို သိမ်းထားဖို့ အကြံပေးချင်တယ်။ အဲဒါတွေကို စာလုံးကျစ်လျစ်အောင် လုပ်ထားပြီး အချိန်ရမယ်ဆိုရင် ပရင့်ဘက်ကို ကြိုးစားကြည့်ပါလား ကိုသူရရေ။

  • အမေ Mobile (MGZ ပါတီ)

    December 15, 2012 at 11:54 pm

    အားပေးတွာပါဒယ်ဗျားးးးးးးးးးးးးးးး

  • အရီးခင်လတ်

    December 16, 2012 at 3:42 am

    အရီးငယ်ငယ်က စာရေးဆရာကြီး အောင်ပြည့်ရဲ့ ဝတ္ထုတစ်ပုဒ် အခုထိမှတ်မိသေးတယ်
    “ပလီနွဲ့လို့ ရီတဲ့သို့ချစ်သမီး သို့” တဲ့။
    အဆုံးမှာ သူ့ (ဇာတ်ကောင် – စာရေးဆရာ) သမီးလေး က သွေးလွန်တုတ်ကွေး နဲ့ ဆုံးသွားတာ။
    စိတ်ထဲမှာ မကောင်းလိုက်တာ။
    သူ့ ကိုယ်တွေ့လို့ ထင်တာ။ နောက်မှ မဟုတ်တာ သိတာပါ။

    စာရေးဆရာ ဆိုတာ အဲလို ထင်အောင် ကို mood သွင်းရေးနိုင်မှ အောင်မြင်တဲ့စာဖြစ်တာများလား။
    အလင်းဆက် လဲ အောင်မြင်တဲ့ စာရေးဆရာကြီး ဖြစ်လာမှာ သေချာပါတယ်။
    ဆက်ကြိုးစားပါကွယ်။

  • အလင်းဆက်

    December 16, 2012 at 8:13 am

    ဦးဦးအံဇာ
    တင်စားချက်ကလေးက
    လှချက် တော်
    :kwi:

    =================
    မမပြုံး ရေ
    အဲဒိ အကြံ ပေးချက်ကလေးကြားတော့မှ
    ကျွန်တော်
    ပရင့်မီဒီယာ ဘက်နဲ ့ အတော်လေး
    ဝေးကွာ နေသေးတယ်ဆိုတာ
    သတ်ိရ သွားတယ်ဗျာ

    ကျေးကျေးဘာ အစ်မရေ

  • အလက်ဆင်းရဲ့အရေးအသားကောင်းလွန်းလို့နေမှာပါ။
    အစ်မလည်း စာစရေးစက ကျွန်မလို့ထည့်ရေးတိုင်း ကွန့်မန့်တွေမှာ အစ်မလို့ထင်တဲ့ပုံတွေနဲ့မန့်ကြတယ်။
    နောက်တော့ အစ်မလည်း စိတ်ကုူးယဉ်သက်သက်ပါလို့ ထည့်ရေးရတယ်။
    ထင်လည်း ဘယ်လိုမှသဘောမထားတော့ဘူး။
    ကိုယ်ရေးတဲ့စာက ထိရောက်တယ်လို့မှတ်ပါ.
    :chee:

  • အလင်းဆက်

    December 16, 2012 at 10:08 am

    အမေ Mobile ရေ

    ခံစား ပေးလို ့ကျေူးဇူးတင်ပါတယ်
    ခည။
    ================

    အရီး ရေ
    သားကို တစ်နေ ့ အောက်မြင်တဲ့
    စာရေးဆရာ တစ်ယောက်ဖြစ်မှာပါ
    ဆိုတဲ့ အားပေးစကားလေးကြောင့်
    အားတက်ရပါတယ်။
    အဲဒီလို စာရေးဆရာ တစ်ယောက်ဖြစ်လာဖို ့
    သားလည်း အဆက်မပြတ် ကြိုးစားနေမိမှာပါ
    သားကိုယ်တိုင်က
    စာရေးခြင်းကို မက်မော တွယ်တာတယ်
    ပြီးတော့ ဒီရွာ ကိုလည်း အင်မတန်မှ
    သံယောဇဉ် တွယ်ငြိနေမိပါါပြီ
    အရီးရေ
    အစစအရာရာ အတွက် ခင်မင်လေးစားစွာ
    ကျေူးဇူးတင်လျက်ပါဗျ

  • အလင်းဆက်

    December 16, 2012 at 10:12 am

    အဲ အောက်မြင်တဲ့ စာရေးဆရာ လို ့ဖစ်တွားဘီ ။
    ဖုန်းထဲကနေ စာလုံးသေးသေးလေးတွေ နဲ ့ရေးလိုက်လို့ပါ

    အောင်မြင်တဲ့ စာရေးဆရာ လို ့ မှတ်ယူပေးနော်

    အဟိ

  • သားသားလေး အလင်းဆက်ရေ
    (သားကို တစ်နေ ့ အောက်မြင်တဲ့)ဒါလေးအရင်ပြင်လိုက်ပါအုံးဟေ့။
    ကျနော်ဖတ်ဘူးတာကတော့ စာရေးသူများ (အထူးသဖြင့် ကျနော် ကျမလို့ရေးတတ်သူများ)သူဖန်တီးလိုက်တဲ့ အနုပညာကို ဖတ်သူအများစုက
    သူ့အကြောင်းလို့ မှတ်ထင်တတ်ကြပါတယ်တဲ့။.
    အဲလိုမဖြစ်စေချင်ရင်တော့ တဲ့ ဇာတ်လမ်းဆင်ရေးတဲ့အခါမှာ တစ်ပုဒ် နဲ့ တစ်ပုဒ် မတူသောအတွေး
    မတူသော ဥပမာ ဥပမေယျများနဲ့ ရေးပါတဲ့။
    ဘယ်သူပြောခဲ့လဲတော့ ကျနော်မမှတ်ဘူး။
    ကျနော်က ကြုံရာကျပန်း ရောက်တဲ့နေရာမှာ တွေ့ကရာကောက်ဖတ်ခဲ့တဲ့အကျင့်ကြောင့်ပါ.။
    ကိုယ်ရေးချင်တာကို သာ ရေးဘို့အတွက်စိတ်ထဲထားပါ။
    ကျျန်တာကိုမေ့ထားပါ။

  • အလင်းဆက်

    December 16, 2012 at 4:37 pm

    ဟတ်ကဲ့ လေးလေးပေါက်

    =======

    သား ပိုစ့်တွေ မှာ အရင်ကဆို ကွန်မန့်ကိုပါ
    ပြန်ပြင်လို ့ရဒယ်
    ခုတော့ ပြင်လို့ရတော့ဝူး

    ဘာလို့လဲ ဟင် ။
    အားလုံးလည်း အဲလိုပဲလား
    မတိ

    အောက်မြင်တဲ့ စာရေးဆရာ
    ဆိုတာလေးလည်း
    အင်း. . .
    ဆိုပါဘူး ဂျ

    :kwi:

  • ဗုံဗုံ

    December 16, 2012 at 4:39 pm

    ဦးလေး အလက်ဆင်း ပျောက်နေပါတယ်မှတ်တာ လိုက်ပြီးတူးဆွနေတာကိုး :kwi:
    အားပေးသွားပါတယ်တော့ တူးဆွခြင်းပြီးရင် မြုပ်နှံခြင်းကို စောင့်နေမယ်နော် 🙂

  • အလင်းဆက်

    December 16, 2012 at 4:43 pm

    ဒါဘေမယ့် ပေါ့နော်

    အဲသလိုပေါ့နော်

    သားသားလို ကလေးပဲရှိသေးတဲ့
    ကလေးလေးတစ်ယောက်ကို ပေါ့နော်

    ကလေးအဖေ ကြီးလို ့
    ထင်ကုန် ကြတော့ပေါ့နော်

    သားသား အတွက် မိန်းမ ရ ကိန်းမှာပေါ့နော်
    လာဘ် ပိတ်တယ်ပေါ့နော်

    စိတ်ညစ်တွားဒယ် ပေါ့နော်

    အဟိ အဟိ ပေါ့နော်

    အဟ်ိအဟိ

    :kwi:

  • အလင်းဆက်

    December 16, 2012 at 4:44 pm

    ဒါဘေမယ့် ပေါ့နော်

    အဲသလိုပေါ့နော်

    သားသားလို ကလေးပဲရှိသေးတဲ့
    ကလေးလေးတစ်ယောက်ကို ပေါ့နော်

    ကလေးအဖေ ကြီးလို ့
    ထင်ကုန် ကြတော့ပေါ့နော်

    သားသား အတွက် မိန်းမ ရ ကိန်းမှာပေါ့နော်
    လာဘ် ပိတ်တယ်ပေါ့နော်

    စိတ်ညစ်တွားဒယ် ပေါ့နော်

    အဟိ အဟိ ပေါ့နော်

    အဟ်ိအဟိ

    :kwi:

  • အလင်းဆက်

    December 16, 2012 at 5:05 pm

    အံမယ် အံမယ်
    မိဗုံ
    ပျောက်ချက်သားကောင်းနေတာက
    အူးလေးမဟုတ်ပါဘူးကွယ်
    ငါ့တူမ မိဗုံသာ ပျောက် နေတာပါ
    🙂
    ဇာတ်လမ်းတွဲ လေး ဘာလေး
    ရေးပါအုံးကွယ့်

    တူးဆွခြင်းပြီးရင်
    မြုပ်နှံခြင်းကို စောင့်နေတယ်ဆိုတာလေးကြားရတော့

    ဟိဟိ

    ကြက်သီး ထ လိုက်တာ ငါ့တူမ ရယ်

    ငါ့တူမက အရောက် ပို ့ တတ်ပါ့

    🙂

  • MaMa

    December 17, 2012 at 7:20 am

    အလက်ဇန္ဒြား အလက်ဆင်းရေ-
    ဇာတ်ကောင်ကို စာရေးဆရာနဲ့ တွဲမြင်သွားတာ သရုပ်ဖော်ကောင်းလွန်းလို့လို့ ဂုဏ်ယူလိုက်စမ်းပါ။
    ရုပ်ရှင်သရုပ်ဆောင်တွေဆိုရင် ဇာတ်ကောင်နဲ့တသားတည်းလို့ မြင်အောင် ကြိုးစားကြရတယ် မဟုတ်လား။
    :hee:
    လာဘ်ပိတ်တယ်လို့ ခံစားရရင်….
    လာဘ်ပွင့်မယ့် ဇာတ်လမ်းတွေ ထပ်ရေးပစ်လိုက်ပေါ့။ :kwi:

  • အလင်းဆက်

    December 17, 2012 at 10:21 am

    ဟုတ်ပြီ
    အန်တီမမ ရေ
    အဲဒီ အကြံ လေး ဂွတ်ဒယ် ဗျို ့
    ဒီတော့
    နောက်လာမယ့် အက္ခရာ
    ဝ = မှာ
    ဝ = ဝါသနာအရ နှုးဘာ ဂိုဏ်း သို ့ ဝင်ရောက်ခြင်း

    ဆိုတာလေး ရေး ဖို့ စဉ်းစားလိုက်ပြီ
    အဟိ

    လာဘ်ပွင့် အောင်

    :kwi:

  • kyeemite

    December 17, 2012 at 1:09 pm

    ဆရာမ ဝင့်ပြုံးမြင့် ပြောသလိုပဲ…
    အလင်းဆက်အရေးအဖွဲ့လေးတွေတော်တော်လှပါတယ်…
    အတွေးလည်းလှသလို အသုံးအနှုံးလည်းလှပါဂျောင်းးး

  • အလင်းဆက်

    December 17, 2012 at 3:22 pm

    ဦးကြီး မိုက် ရေ
    လူလေးကလည်း အချော အလှ လေးပါဗျ

    ဟိဟိ
    :kwi:

Leave a Reply