နာမည်က `ညှို့မဂ္ဂဇင်း´ပါတဲ့..။

မျက်နှာဖုံးရှင်မိန်းကလေးရဲ့ ၀တ်စားပုံ၊ ဓာတ်ပုံရိုက်ထားတဲ့ ကိုယ်နေဟန်၊ အပြင်အဆင်တွေက အလန်းစား..

မဂ္ဂဇင်းရဲ့ မျက်နှာဖုံးအောက်ခြေမှာ အရွယ်မရောက်သေးသူများ မဖတ်ရလို့ စာလုံးအနီနဲ့ ထင်ထင်ရှားရှားကြီး သတိပေးတားမြစ်ထားတဲ့ စာတမ်းဖတ်ရတာကိုက တစ်မျိုးဆွဲဆောင်နေသယောင်ရယ်။

Issue1

အမှတ်(၁) မျက်နှာဖုံး

ဒီမဂ္ဂဇင်း မထွက်ခင်ကတည်းက လူတွေပါးစပ်ဖျားမှာ တိုးတိုးတမျိုး၊ မကြားတကြားတဖုံ သဖန်းပိုးနေကြသလို… အင်တာနက်စာမျက်နှာများပေါ်မှာတော့ ပလူပျံလို့ပေါ့။

အသစ်အဆန်းဆို စိတ်ဝင်စားတတ်တဲ့ လူငယ်တွေ ကြားထဲမှာရော ဤလိုမဂ္ဂဇင်းမျိုး တသက်နဲ့တကိုယ် (နိုင်ငံခြားမဂ္ဂဇင်းများကို မဆိုလို) မတွေ့မကြုံဖူးတဲ့ လူကြီး/သူမတို့ ကြားမှာရော နာမည်ကြီးနေခဲ့တယ်ဆိုတာ ပြောဖို့မလိုတော့ပါဘူး။

စာနယ်ဇင်းလွတ်လပ်ခွင့်တွေ လျှော့ပေါ့ပေးလိုက်တဲ့အချိန်မှာ ဒီလိုမဂ္ဂဇင်းမျိုးအတွက် ဘယ်လောက်ထိ ဖွင့်ချခွင့်ပေးထားသလဲ၊ စီစဉ်သူတွေဘက်ကရော ဘယ်လောက်ထိ (ပွင့်လင်းမြင်သာလို့ သုံးလိုက်ရမလားပဲ) ထင်ထင်ပေါ်ပေါ် ချပြလာမလဲ စိတ်ဝင်စားမိပါတယ်။

maye'taye'မထွက်ခင်ကတည်းက `ဇ`ပြထားတဲ့ ညှို့မဂ္ဂဇင်းအတွက် အမှတ်စဉ်(၁) ထွက်ပြီးချိန်မှာ ဗိန်းမောင်းသံလေး ပါလာတယ်ပြောရမလား၊ မဂ္ဂဇင်းပါ အကြောင်းအရာများကြောင့် ပြန်ကြားရေးကနေ စာနယ်ဇင်းကောင်စီကို တိုင်တယ်လို့ ကြားပါတယ်။

ကျန်းမာရေးပညာပေးမဂ္ဂဇင်းလို့ တင်ပြီး လိင်ကိစ္စအသားပေးထားလို့ တိုင်တာလို့ အင်တာနက်မှာ ဖတ်လိုက်ရတယ်။ စာနယ်ဇင်းကောင်စီကလည်း ခေါ်ယူမေးမြန်းတာတွေ လုပ်ခဲ့ပါတယ်တဲ့။

`ညှို့မဂ္ဂဇင်း´ မှ စာမျက်နှာတစ်ခု

`ညှို့မဂ္ဂဇင်း´ မှ စာမျက်နှာတစ်ခု

မဂ္ဂဇင်းအယ်ဒီတာရဲ့ ပြောပြချက်အရ စာနယ်ဖင်းကောင်စီအနေနဲ့ တရားဝင်တားတာ ဆီးတာမလုပ်သေးကြောင်း၊ အမှတ်(၂) လည်း ထပ်မံထွက်ဖို့ ပြင်ဆင်နေကြောင်း သိရပါတယ်။ ပြန်ကြားရေးက မသင့်တော်ဘူးထင်တာတွေ ဆင်ခြင်သွားမှာဖြစ်ပေမယ့်.. အမှတ်(၁)နဲ့ လုံးဝမတူအောင် လိုင်းပြောင်းသွားမှာတော့ မဟုတ်ဘဲ နည်းနည်း ထိန်းထိန်းသိမ်းသိမ်း လုပ်မှာလို့ ဆိုပါတယ်။ နိုင်ငံတကာမှာလည်း ဒီလိုမဂ္ဂဇင်းမျိုး ရှိနေတာပဲမို့၊ ကျွန်တော်တို့ဆီက လူငယ်တွေ လိင်ပိုင်းဆိုင်ရာ အသိအမြင် ဗဟုသုတအားနည်းလို့ မဖြစ်သင့်တာတွေ ဖြစ်သွားရတတ်တဲ့ ဒီကွက်လပ်လေး ဖြည့်တာပါရယ်လို့ အင်ဒီတာကြီးက ပြောပြသွားပါတယ်..။

… xxx …

ဒီကနေ့ အင်တာနက်မှာ ဟိုမွှေဒီမွှေလုပ်ရင်း အဆိုပါမဂ္ဂဇင်း ဒေါင်းရလို့ စိတ်ကူးပေါက်လာတာပါ။

ရွာထဲမှာလဲ (သတိထားမိသလောက်) ဒီအကြောင်း ပို့စ်တင်တာ ပြောဆိုဆွေးနွေးတာ မတွေ့မိသေးဘူးလားလို့ (တင်ပြီးသွားရင်လည်း ခွင့်လွှတ်ပါ)

မန်းဂေဇက် ပွင့်လင်းမြင်သာ ဒီမိုရွာက အိမ်နီးနားချင်းတွေ မိတ်ဆွေသူငယ်ချင်းတွေအနေနဲ့.. ညှို့မဂ္ဂဇင်းလို စာပေမျိုးဟာ အပြောင်းအလဲလမ်းပေါ် စလျှောက်နေတဲ့ ကျနော်တို့ နိုင်ငံအတွက်..

ရိုးရာ ယဉ်ကျေးမှု အစဉ်အလာအရသော်လည်းကောင်း…

ကျန်းမာရေး အမြင်ရှုထောင့်အတွက်သော်လည်းကောင်း…

လူမှုဆက်ဆံရေး နယ်ပယ်အတွက်သော်လည်းကောင်း…

….. အတွက်သော်လည်းကောင်း မည်သို့သော အကျိုးဆက်တွေရနိုင်လို့ အကောင်းအဆိုးကို ဝေဖန်ဆွေးနွေးကြည့်ကြစို့လားဗျာ..

xxx +++ xxx

ပို့စ်တင်သူဖြစ်တာကြောင့် ကျနော့်ရဲ့အမြင်ကို အရင်ဆုံး ပြောပါမယ်။

ပထမဆုံး စီးပွားရေးအမြင်အရပြောရရင် သူတို့အနေနဲ့  ဒီနိုင်ငံမှာ ဘယ်သူမှ (ပွင့်ပွင့်လင်းလင်း သတိပေးစာနဲ့) မထုတ်သေးတဲ့ လမ်းကို စွန့်ဦးပြီး ဖောက်သွားတာပါ (ဖက်ရှင်မဂ္ဂဇင်းတွေ ဘယ်လိုလဲ အားလုံးအသိပါနော်)။ လုပ်ရကျိုးနပ်ပါတယ်၊ သတိပေးစာကြောင့်ထင့် တကယ် ပေါက်လဲ ပေါက်သွားပါတယ်..။ အပြင်မှာ ၀ယ်ဖို့ကို မလွယ်ဘူးလို့ ကြားပါတယ်။

ကျန်းမာရေးအရ ကျနော်တို့ သိထားသင့်၊ ဆောင်သင့် ရှောင်သင့်တာတွေ ပါပါတယ်။ အိမ်ထောင်ရှင်တွေရော၊ အပျော်ရှာ လက်တဲ့စမ်းချင်သူတွေရော၊ အရမ်းချစ်တတ်တဲ့ ရိုမီယို..ဂျူးလိယက်တို့ အတွက်ရောပေါ့။ ဒီလိုစာပေမျိုး ဆရာကြီးပီမိုးနင်းတို့ ရေးခဲ့တာ အများကြီးပါ.. ဖက်ရှင်ရေစီးကြောင်းကြောင့် သိုင်းဝိုင်း တင်ပြထားပုံတွေတော့ ကွာတာပေါ့.. အဟီး။ ပြောချင်တာက ယူတတ်ရင် ပညာပါလို့။

လူမှုရေးဖက်ကပြောရရင် ကျနော်တို့ မြန်မာ့ဓလေ့ နေထိုင်မှုအရ မောင်နဲ့နှမ သားနဲ့အမိ ဖတ်လို့တော့ ဘယ်ကောင်းမလဲနော်။ ဒါပေမယ့် ငါ့သားမင့် ဒါလေးတော့ သတိထားကွ.။ အင်း ငါ့သမီးလေး ဒါမျိုးကို သိထားသင့်တယ် ဆိုတာတွေ ပါတယ်နော်။ (ကိုသော်ဇင်ကြီး ပို့စ်နှစ်ခု ရှိထားတယ်မဟုတ်လားဗျာ)။ အမှတ်(၂) မှာ ထိန်းထိန်းသိမ်းသိမ်းလုပ်မယ် ပြောထားလေတော့ကာ..

ကျနော့် သဘောကတော့.. မချစ်ဘူးဆိုရင်တောင်မှ အောင့်ပြီးတော့ နမ်းသင့်တယ် ထင်ပါကြောင်းဗျာ..။

နောက်လာမယ့် အမှတ်(၂) မျက်နှာဖုံးပါတဲ့

နောက်လာမယ့် အမှတ်(၂) မျက်နှာဖုံးပါတဲ့

+++ xxx === xxx +++

ညှို့မဂ္ဂဇင်း အယ်ဒီတာရဲ့ ပြောစကားများကို ဆရာဟာဂျူလီ (ကသာ) ရဲ့ ဖေ့စ်ဘွတ် စာမျက်နှာမှ ဖတ်သိရပါတယ်။

credit: http://www.facebook.com/photo.php?fbid=382307595191429&set=a.110157345739790.24725.100002365754291&type=1&permPage=1

 

 

About ရွာစားကျော် မင်းနန္ဓာ

ရွာစားကျော် မင်းနန္ဓာ has written 71 post in this Website..

နတ္ထိတွေ အစာသွပ်ထားတဲ့ ရင်ဘတ်ထဲ ၀မ်းစာကလည်း ရှားပါးလို့ ပစ္စုပ္ပန်မှာ ငူငေါင်ငေါင်ရပ်ရင်း လှမ်းမျှော်ပြီးကြည့်တော့ အနာဂတ်ဟာ မှုန်ဝါးလို့နေရဲ့.. မထူးဇာတ်ခင်းကာ အတိတ်က အိပ်မက်တွေကို ပြန်တူးကြည့်တော့ ပုပ်သင်ဥတွေပဲ ထွက်လာတယ်.... CJ # 7202011