“နားနားနေနေ လှုပ်လှုပ်ရှားရှား သဘာဝ ပုံရိပ်များ ”

1 တစ်နိုင်တစ်ပိုင်
1 ငယ်ငယ်တုန်းက ဒို့ဘဝရယ် ပျော်စရာကောင်းလို့အောက်မေ့ဘွယ်( ယောင်ပေစူး× အကော်ဒီယံအုန်းကျော်)

 

2 တရားနာယူ
2 ဗြမ္မာနတ်လူအပေါ် ဒေသနာတော်ကြားလိုက်သော်( ဝင်းဦး…….)

 

"3အပြန်အပြန်

 

 

4 အေးရာအေးကြောင်း
4  ပပ ထူမှ ထမယ် (မင်းကုသ- ဝင်းဦး တင်တင်မြ)

 

5 ကိုယ်လက်သန့်ရှင်းရေချိုးဆင်းရာဝယ်(ရေချိုးဆိပ်-မြို့မငြိမ်း)
5 ကိုယ်လက်သန့်ရှင်းရေချိုးဆင်းရာဝယ်
(ရေချိုးဆိပ်-မြို့မငြိမ်း)

 

6 ရေပျော်ငါးးးးးးးးးးးးးးး(ထီးဆိုင် -ခမ်းလိတ်)
6 ရေပျော်ငါးးးးးးးးးးးးးးး
(ထီးဆိုင် -ခမ်းလိတ်)

 

7 ရွှေတံငါမဟုတ်တဲ့ ရေတံငါ
7 ရွှေတံငါမဟုတ်တဲ့ ရေတံငါ

 

10 သန့်အောင်လို့ ရေချိုးတာတဲ့ဗျာ
8 သန့်အောင်လို့ ရေချိုးတာတဲ့ဗျာ
9 လွန်မြောက် ကွယ်လွန် သေဆုံးအနိစ္စရောက် ဘယ်လိုပြောပြော အသက်မရှိတော့တာကတော့ သေချာတယ်
9 လွန်မြောက် ကွယ်လွန် သေဆုံးအနိစ္စရောက် ဘယ်လိုပြောပြော အသက်မရှိတော့တာကတော့ သေချာတယ်
8ထွန်ကြောင်းတွေဖွေပြီကွယ်....(သည်နွေသည်မိုးသည်ဆောင်း............ဝင်းဦး တင်တင်မြ ချိုပြုံး မာမာအေး)
10ထွန်ကြောင်းတွေဖွေပြီကွယ်….
(သည်နွေသည်မိုးသည်ဆောင်း…………ဝင်းဦး တင်တင်မြ ချိုပြုံး မာမာအေး)

 

“နားနားနေနေ လှုပ်လှုပ်ရှားရှား သဘာဝ ပုံရိပ်များ ”

 

 

ကျနော် ကင်မရာလေးတစ်လုံးလက်ထဲစရောက်တဲ့အချိန် အင်မတန်ကိုလက်တွေယားနေပါတယ်။

ဒါပေမယ့် လူတွေသွားလာနေတဲ့ကြားတဲ့မှာ ကင်မရာလေး ထုတ်ပြီး ဓါတ်ပုံရိုက်ရမှာစိတ်မရဲပါဘူး။

နောက်အလုပ်အားတဲ့ရက်ကလေးမှာ ကင်မရာလေးတကိုင်ကိုင်ပေါ့.။

ခရီးထွက်တဲ့အခါ သူများမြို့ရွှာဆိုတော့ရိုက်ရဲပါတယ်။

အဲတော့လဲ စစ်ကိုင်း ကောင်းမူတော် မေမြို့ ကို ရောက်တိုင်း လက်ဆော့တာပေါ့။

အဲဒီတုန်းကတော့ “ကိုပေါက်လက်ဆောင်အမြင်ဒေါင့်စောင်းစောင်းလေး” ဆိုတဲ့

အမည်နဲ့ ဓါတ်ပုံတွေတင်ပါတယ်။

 

စရိုက်စမှာ အရင်ကတည်းစိတ်ကူးယဉ်ခဲ့တဲ့ ရူ့ခင်းပုံတွေကို ရိုက်ဖြစ်ပါတယ်။

တစ်ခါတစ်လေ ပုံတစောင်းတွေဘာတွေဆော်တာပေါ့။
(အခုလဲ စိတ်ကူးပေါက်ရင် တစောင်းတွေရိုက်တုံးပါဘဲ)

အဲဒီတုန်းကတော့ ဆမ်ဆောင်းအိမ်သုံးလေးနဲ့ရိုက်တာပါ။

နောက် 2011 သင်္ကြန်တွင်းမှာတော့ တောင်သမန်အင်းမှာဈေးရောင်းရတော့

အားတိုင်းဓါတ်ပုံတွေရိုက်ပါတယ်။

အဲဒီက စပြီး ဘယ်နေရာရောက်ရောက် ဓါတ်ပုံရိုက်ရဲတဲ့ မိုက်သွေးကကြီးသွားပါတယ်။

ဘာလို့လဲဆိုတော့ နိုင်ငံခြားသားတွေလဲ ရိုက်တာပါဘဲ။

အဲဒီမှာ လူပုံတွေဘာတွေလဲရိုက်ရဲသွားပါတယ်။

 

သင်္ကြန်အပြီးမှာတော့ အလုပ်က ဝယ်ပေးတဲ့ ကင်နွန်A3000ကင်မရာလေးလက်ထဲရောက်လာပါတယ်။

အဲဒီကင်မရာလေး နဲ့ ရိုက်တော့ ပုံလေးတွေရဲ့အရောင်အသွေးကပိုကြွလာပါတယ်။

အဲတော့ ပိုပြီးရိုက်ဖြစ်ပါတယ်။

ပုံကလဲ နေရာမျိုးစုံဒေါင့်မျိူးစုံရိုက်တော့ ပုံလေးတွေကိုလည်းနာမယ်ပြောင်းလိုက်ပါတယ်။

“ကိုပေါက်ရဲ့ စနက်ရှော့မဟုတ်တဲ့လက်ဆော့”ပေါ့။

နောက်ခရီးသွားရင်းရိုက်တဲ့အခါမှာတော့

“ ကိုပေါက်လမ်းသလားနေသည်  “

အဲလိုရိုက်နေရင်းက 2012မှာတော့ ရုံးက ကင်မရာက အလုပ်နဲ့ရိုက်တဲ့အခါသုံးပြီး

ကိုယ်ရို်က်ချင်တာရိုက်ဘို့အတွက် A2200ဆိုတဲ့ကင်မရာလေးတစ်လုံးဝယ်လိုက်ပါတယ်။

အခုနောက်ပိုင်းမှာတော့ ကိုယ့်နိုင်ငံက လှတာလေးတွေသူများသိစေချင်တော့

“ကိုပေါက်လက်ဆောင်မြန်မာပြည်မှအလှတရားများ” ဆိုတဲ့နာမယ်နဲ့ ပြောင်းတင်ရင်း

ဖေစ်ဘုတ်ကိုလဲ တွဲသုံးပါတယ်။

အရင်ကတော့ ဖေ့စ်ဘုတ်မှာ သိ်ပ်မတင်ပါဘူး။

အခုတော့ ဓါတ်ပုံလေးတွေကို နှစ်သက်သူများလာတော့ ပိုတင်ဖြစ်ပါတယ်။.

ရူ့ခင်းပုံလေးတွေကိုလဲ ပိုရိုက်ဖြစ်ပါတယ်။

အရင်က ကြုံမှရိုက်ပေမယ့် အခုကိုစိန်သော့တို့ Mလုလင်တို့နဲ့တွဲ့မိတော့

တကူး တက ထွက်ရိုက်ဖြစ်ပါတယ်။

ဟိုတစ်ရက်ကတော့ သဘာဝပုံလေးတွေတင်ပါအုံးလိုု့ဆိုလာတော့

တကယ်ကိုလက်ဆော့ထားတဲ့ ပုံလေးတွေတင်ပေးလိုက်ပါတယ်

 

 

ကိုပေါက်ရဲ့စနက်ရှော့ မဟုတ်တဲ့ လက်ဆော့

(16-12-2012)

 

 

 

14 comments

  • ဆူး

    December 22, 2012 at 10:25 am

    ပုံစံမျိုးစုံ စတိုင်မျိုးစုံ သဘာဝ အတိုင်း ရှိနေတာကို မှတ်တမ်း တင်ထားတာကောင်းပါတယ်.. နောင်တချိန်မှာ ဒီပုံတွေ မှတ်တမ်း အဖြစ် ကျန်ရှိနေနိုင်ပါတယ်။
    တခါတလေ ဖေ့ဘွတ်မှာတွေ့တယ်.. ကျိုက်ထီးရိုးဘုရားပုံတောင် လွတ်လပ်ရေး မရခင်တုန်းက ပုံနဲ့ အခု လက်ရှိပုံတောင် တော်တော် ကွာခြားသွားတယ်.. နောင် နှစ်ပေါင်း များစွာ ကြာရင်လည်း ဒီပုံတွေရဲ့ မှတ်တမ်းတွေက အများကြီးကွာခြား သွားနိုင်မှာပဲနော်.. သမိုင်းတွင်နိုင်တဲ့ ပုံတွေ စုဆောင်းသူတောင် ဖြစ်နိုင်တယ်။ ဆက်လက် ချီတက်ပါ။

    • မယ်ဆူးရေ
      ရွာထဲပြန်ဝင်လာပြီလားဟေ့။
      ပုံတွေက အစက ဝါသနာအရ နောက်ပိုင်းမှတ်တမ်းအရဖြစ်သွားပါတယ်။
      ဥပမာပေးရရင်
      2010တုံးကရယ် 2011 ရယ် 2012 တောင်သမန်ဓါတ်ပုံသွားရိုက်တော့
      မြောက်ဘက်ကန်စပ်က ထန်းပင်လေးနှစ်ပင် မှာ အခုတစ်ပင်မရှိတော့ဘူးလေ။
      အရင်နှစ်ပင်က မှတ်တမ်းပေါ့။
      ဒီလထဲတောင်သမန်ကို နှစ်ခါရောက်ပြီးပြီ။
      မှတ်တမ်းတွေတင်ထားတာပေါ့။

      • ဆူး

        December 22, 2012 at 1:15 pm

        ရွာထဲ ဒီတလော ပြန်ဝင်ပြီး သောင်းကျန်းမလားလို့တော့ တွေးနေတယ်.. အလုပ်နည်းနည်း အားနေလို့.. ဟိဟိ
        ရွာက သံယောဇဉ် ဖြတ်ရခက်တော့ အလုပ်များတဲ့ အချိန်ဆိုရင် ရှော့တိုက် ခံရသလိုပဲ.. ဟိုလိုလို ဒီလိုလို နဲ့ အရမ်းဆိုးတယ်.. အဲ့ဒါတွေကို စိတ်ပျက်လို့.. အဆက်ဖြတ်ထားတာ..

  • ခင်ခ

    December 22, 2012 at 10:32 am

    ဓာတ်ပုံကို ကိုပေါက်က
    ရိုက်ရင်းနဲ့ လေ့လာ
    လေ့လာရင်းလည်း ရိုက်။
    လေ့လာပါများတော့ ရိုက်တာများလာ
    ရိုက်ပါများတော့ ထပ်ရိုက်ချင်လာ
    ထပ်ရိုက်ချင်လို့ ရိုက်ပြန်တော့လည်း
    ရိုက်လို့ကမဆုံး။
    အဲဒီတော့လည်း ရိုက်ပြီးရင်း ရိုက်ရင်းပေါ့ဗျာ။

  • Mr. MarGa

    December 22, 2012 at 12:02 pm

    လေးပေါက်ရေ
    ဝါသနာအရ လက်ဆော့သူတွေထဲမှာ လေးပေါက်ကတော့ စံတင်လောက်သဗျ
    ဆက်ရိုက်ပါဗျာ အားပေးပါတယ်
    ပုံတွေ အကုန်လုံးကို မကြည့်ဖြစ်၊ ကွန်းမန့် မပေးဖြစ်ပေမယ့်
    တင်သမျှ ပုံတွေကို ကြိုက်မိပါတယ်
    ကူးလဲ ကူးမိပါတယ်
    အဲဒါလေးကိုလဲ ခွင့်ပြုပေးပါဦးလို့
    တစ်ခါတစ်လေကျ ခွင့်တောင်းဖို့ မေ့တတ်လို့

  • MaMa

    December 22, 2012 at 4:03 pm

    ဓာတ်ပုံရိုက်တာ ဝါသနာပါတယ်။
    အရင်ကတည်းက ဓာတ်ပုံရိုက်တဲ့ အကျင့်ရှိတယ်။
    ဒါပေမယ့် ခုရွာသူားဖြစ်ပြီးတော့ ပိုရိုက်ဖြစ်တယ်။
    လှတာလည်းရိုက်၊ မလှတာလည်း ရိုက်။
    အမှတ်တရလည်း ရိုက်၊ တကူးတကလည်း ရိုက်။ :hee:

  • ဒီဝါသနာလေးက အင်မတန်မှ စိတ်ချမ်းသာစရာကောင်းတဲ့ဝါသနာလေးပါ မမရေ
    ရိုက်သာရိုက်
    အားရပါးရရိုက်
    ကျနော်ကတော့ အခွင့်အရေးရသမျှရိုက်နေအုံးမှာပါ

  • ခိုင်ဇာ

    December 22, 2012 at 5:04 pm

    ကိုကြီးပေါက်ရေ လာအားပေးသွားတယ်။
    :hee:

  • မင်းနန္ဓာ

    December 22, 2012 at 6:14 pm

    လယ်ထွန်နေတဲ့ပုံလေး တကယ်ကြိုက်တယ်ဗျာ

  • ဦးကြောင်ကြီး

    December 22, 2012 at 9:56 pm

    သဘာဝ
    ပဏာရ
    စာဂ
    သာမ
    ရွာလှ
    ကြာပွ
    လာဘ
    ငါကွ..။

  • uncle gyi

    December 22, 2012 at 11:16 pm

    ဖြေးဖြေးလေးနဲ့ငြိမ့်ငြိမ့်လေး ကိုသန်းနိုင်ပလေးဘွိုင်း
    သီချင်းလိုကိုပေါက်လက်ရာကဖြေးဖြေးချင်တက်တက်လာတာ
    နောက်ဆိုတကိုယ်တော်ပြပွဲလုပ်လို့ရပြိီ
    ဝါသနာကိုမတားနဲ့ရှင် ဘယ်သူလဲမသိတော့ဖူး
    သီချင်းလို ကိုပေါက်ရိုက်ချင်စိတ်ကိုလည်းမတားပါဖူးဗျာ

Leave a Reply