Feeling out of sight

DSC00381

ကမ္ဘာကျော်ကဗျာစာဆိုဇနီးမောင်နှံ ရောဘတ်ဘရောင်းနင်း နဲ့ အယ်လီဇဘက်ဘရောင်းနင်း တို့ရဲ့ ကမ္ဘာကျော်အချစ် ကဗျာတစ်ပုဒ်။

HOW MANY WAYS DO I LOVE YOU?

How many ways do I love you? Let me count them.
I love you to the depth and breadth and height
my soul can reach, when feeling out of sight
For the ends of Being and Ideal Grace.
I love you to the level of every day’s
most quiet need, by sun and candle-light.
I love you freely, as men strive for rights;
I love you purely, as they turn from praise.
I love you with the passion put to use
In my old griefs, and with my childhood’s faith.
I love you with a love I seem to lose
With my lost saints, I love you with the breath,
Smiles, tears of all my life!- and if God choose,
I shall but love you better after death.
ချစ်ပုံချစ်နည်းကို ရေတွက်ပြမယ်တဲ့လေ။ ရေတွက်ပြခဲ့တဲ့သူကတော့ အယ်လီဇဘက်ဘရောင်းနင်းပါ။ တကယ်လို့သာ အယ်လီဇဘက်နဲ့ ရောဘတ်တို့ မဆုံတွေ့ခဲ့ဖူးဆိုရင် ဒီလိုကဗျာမျိုး ပေါ်ပေါက်လာနိုင်စရာအကြောင်းမရှိဘူးလို့ ယုံတဲ့အတွက် ကျွန်မကတော့ ဒီကဗျာကို နှစ်ဦးပိုင်နှစ်ဦးဆိုင်ကဗျာလို့ပဲယူဆထားပါတယ်။
ကမ္ဘာကျော်ကဗျာတစ်ပုဒ်ကို ဘာသာပြန်ဖို့ဆိုတာ တာဝန်ကြီးလှပါတယ်။ မူရင်းကဗျာကို ဖျက်လို့ဖျက်စီးလုပ်ရာလည်း ကျတယ်။ ခေါင်းကျိန်းစရာလည်းကောင်းတဲ့အပြင် ဂေဇက်မင်ဘာများအားလုံးလိုလို အင်္ဂလိပ်စာကိုဖိဖတ်နေမယ့်လူတွေ များမယ်ဆိုတာ သိထားလို့၊ ပြီးတော့ ဒီနာမည်ကြီးအချစ်ကဗျာကို အားလုံးလိုလိုဖတ်ဖူးရွတ်ဖူးမယ်ထင်လို့ ဘာသာပြန် မပြတော့ပါဘူး။ ကိုယ်ဘာသာပြန်မှ ကဗျာတစ်ပုဒ်လုံးပစ်ရမယ့်ကိန်းဆိုတာလည်း သိထားလို့ပါ။

ဒီကဗျာရဲ့စာသားတွေ စိတ်ထဲမှာအကြိမ်ကြိမ်ပြေးနေခဲ့တာ ဘဝမှာ နှစ်ကြိမ်တိတိရှိခဲ့ဖူးပါတယ်။ ဒုတိယအကြိမ်ကတော့ ၂ဝ၁၂ခု၊ နိုဝင်ဘာ ၂၁ရက်နေ့၊ ခွဲစိတ်ခန်းထဲကထွက်လာပြီး မွေးကာစသားလေးရဲ့ပုံကို ဖုန်းထဲမှာမြင်လိုက်ရတဲ့အချိန်ကစလို့  ဒီကဗျာဟာ ခေါင်းထဲမှာဖျတ်ခနဲပြေးသွားပြီး အစတစ်စကို မနည်းလှမ်းဆွဲ၊ တဖြည်းဖြည်းပြန်စဉ်းစားယူတာ ထုံဆေးပြယ်ချိန် မှာ ကဗျာကိုလည်း စိတ်ထဲကောင်းကောင်းရွတ်နိုင်သွားပါတယ်။ ပထမအကြိမ်ကတော့ လွန်ခဲ့တဲ့နှစ်များစွာ အသက်၂ဝကျော်အရွယ်။

သမီးကိုမွေးတုန်းကတော့ ဒီကဗျာဟာ စိတ်အာရုံထဲမှာ မပြေးလွှားခဲ့ဘူး။ အချစ်ချင်းမတူဘူးလားလို့ အမေးရှိလာခဲ့မယ်ဆိုရင် ”မေတ္တာဆိုတာမျိုးဟာ နှိုင်းကောင်းတဲ့အရာမျိုးမဟုတ်ဘူး၊ မိဘဆိုတာ သားသမီးကို အတူတူချစ်တာချည်းပဲ” စသဖြင့် ထုံးမီစံကျဖြေပေးသင့်ပါတယ်။ တကယ်လို့သာ အယ်လီဇဘက်လိုပဲ အချစ်ကို လက်တွေ့ကျကျခွဲခြမ်းပြရမယ်ဆိုရင်တော့  သမီးကိုချစ်တဲ့အချစ်ဟာ တန်ဖိုးထားပြီးချစ်ရတဲ့အချစ်။ သားကိုကျတော့ ပီတိတစ်မျိုးမျိုးပြည့်အင့်သွားတဲ့အချစ်။ စိတ်ပျက်စရာတွေများလွန်းခဲ့တဲ့ ဘဝတစ်လျှောက်လုံးမှာ ကျွန်မအတွက်ခုချိန်ကတော့ လသာတဲ့အချိန်။ ကျန်ဘဝတစ် လျှောက်လုံးမှာ သမီးနဲ့သားကပေးတဲ့ခွန်အားကြောင့် အချိန်ပြည့်လသာနေလိမ့်မယ်လို့ ယုံကြည်စိတ်အပြည့်နဲ့ ဂေဇက်ရွာကြီးတစ်ရွာလုံးကို ပြိုင်စံကင်းအချစ်ကဗျာလေးတစ်ပုဒ်လက်ဆင့်ကမ်းရင်း နောက်တိုးရွာသားလေးအကြောင်း ကြေငြာလိုက်ပါတယ်ရှင်။

 

34 comments

  • ဝင့်ပြုံးမြင့်

    December 15, 2012 at 11:33 pm

    ဂေဇက်မှာ အခုလို ကိုယ်ရေးကို်ယ်တာလေးတွေ ပေါ့ပေါ့ပါးပါးရေးတင်ရင်း ရွာကြီးကို လူမှုအသိုင်းအဝိုင်းလေး တစ်ခုလို ခင်ခင်မင်မင်နေခွင့်ရတာ ကျေးဇူးတင်စရာကောင်းပါတယ်ရှင်။ အွန်လိုင်းမီဒီယာရဲ့ အားသာတဲ့အချက်တစ်ခုလို့ ပြောရင်ရမလားမသိ။ အထူးသဖြင့် ပြုံးလို လူ့ဂွစာတစ်ယောက်အတွက် အင်မတန် အဆင်ပြေတဲ့နေရာလေးတစ်ခုဖြစ်ကြောင်း ပြောလိုပါတယ်။

  • အရီးခင်လတ်

    December 15, 2012 at 11:36 pm

    ဟေး
    BIG BIG Congratulations Ma Pyone!!!!
    He is so adorable & lovely!!!

    မပြုံး ရေ
    ချစ်ဖို့ကောင်းတဲ့ သမီးလေး ၊ သားလေး တွေ နဲ့ ဘဝ မှာ ပိုပြီး အောင်မြင်ပျော်ရွှင်ပါစေ။
    နေကောင်းရဲ့လား။
    အားလုံး အဆင်ပြေလား။
    သားလေးက ကွန်ပျူတာသုံးဖို့ လက်ကို Ready လုပ်ထားနေပြီ အမေကြီးရေ့။
    အရမ်းချစ်ဖို့ကောင်းတယ်နော်။
    ရွာကို သတိတရ နဲ့ သတင်းပေးတာ အရမ်းလဲဝမ်းသာတယ်။ ပျော်လဲ ပျော်သွားတယ်။
    မမ ပြောသလိုဘဲ ရေစက်က မြင်းကောင်ရေအား တကယ်များသကိုး။
    ဆက်ပြီး စာတွေ ရေးပါဦးနော်။

  • ခင်ခ

    December 15, 2012 at 11:38 pm

    ( သမီးကိုချစ်တဲ့အချစ်ဟာ တန်ဖိုးထားပြီးချစ်ရတဲ့အချစ်။ သားကိုကျတော့ ပီတိတစ်မျိုးမျိုးပြည့်အင့်သွားတဲ့အချစ်။ )
    ချစ်တတ်လိုက်ကြတာနော်။ အဲဒီအချစ်တွေကြောင့် လမင်းကြီးလည်း ထိန်ထိန်သာ အချိန်တိုင်းပါဗျာ ဆိုသလိုရှိပါစေ မဝင့်ပြုံးမြင့် ခင်ဗျ။

  • padonmar

    December 15, 2012 at 11:42 pm

    ဟယ် ချစ်ဖွယ်လေး။
    ကလေးသေးသေးလေးတွေ မချီရတာကြာပြီ။အမျိုးထဲမှာ လူပျိုကြီးအပျိုကြီးတွေများများလာလို့။

  • ဦးကြောင်ကြီး

    December 15, 2012 at 11:47 pm

    အချစ်ကဗျာ
    အနှစ်ရှာ
    မေတ္တာ
    အစစ်ပါ
    သစ်လာ
    ပစ်မခွာ
    ဟစ်ရွာ
    သစ္စာ..။

  • အမေ Mobile (MGZ ပါတီ)

    December 15, 2012 at 11:51 pm

    အားပေး ကူးယူ လိုက်ပါကြောင်းးးးးးးးးးးးးးးးးးးးးးးးးး

  • မင်းနန္ဓာ

    December 16, 2012 at 12:01 am

    သားကို ချစ်ရတဲ့ အချစ်တော့ ခံစားဖူးပြီ..
    နောက်တစ်ယောက် သမီးလေးမွေးပါစေ ဆုတောင်းနေတယ်..
    `ဘယ်လိုလူတွေလဲဟေ့ .. ငါ့သမီးစာကျက်နေတယ်.. ဖုန်းဆက်လိုက်ရမလား..` လို့ ပြောချင်လို့ 😛

  • pooch

    December 16, 2012 at 12:24 am

    အူယားစရာ နီတာရဲလေး ။ ကျမလည်းနောက်နှစ်လောက်ဆို တူ သို့မဟုတ် တူမလေး ချီရတော့မယ်။ ကလေး ပိစိလေးတွေ ဝေးနေတာကြာပြီ ။

    ကလေးက အသားဖြူမဲ့ပုံပဲ ။ ကလေးရော လူကြီးရော ကျန်းမာတဲ့အတွက် ဝမ်းသာပါတယ် ။ 😀

    နောက်အမပြောတဲ့ နေအင်္သချေ လအင်္သချေ စာအုပ်က ဘယ်ဆိုင်မှာမှ မရတော့ပါဘူး။ ကုန်နေတယ် ပြောကြပါတယ်။

    tina2005@wwlmail.com လေးကို ပို့ပေးပါ အမ။ အဆင်ပြေတဲ့ အချိန်မှပါ။ ကျေးဇူးတင်ပါတယ်။

    ဒီဇင်ဘာဖွားဆိုတော့ ဆောင်းဆိုတဲ့ နာမည်လေး ပါအောင် ကဗျာဆန်ဆန်လေး မှည့်ပေးရင်ကောင်းမယ်။

  • kai

    December 16, 2012 at 2:28 am

    ဘယ်နှပေါင်နဲ့မွေးတာလည်းဗျ..
    အင်း..
    လက်ကလေးတွေများထောင်လို့.. ။ ဒီအရွယ်.. ဒီလိုထောင်တာ.. ရှားတယ်လေ..။ :kwi:

    တက်ကြွသော သားယောက်ျားလေးတယောက်.. ကမ္ဘာမြေက..ရသတည်း…။
    မိခင်နှင့် ကလေးအပေါ်…. ကောင်းချီးမင်္ဂလာ..အဖြာဖြာတို့.. ကျရောက်ပါစေ…။

  • သကြားလုုံးကြော်

    December 16, 2012 at 4:22 am

    congratulation ဆရာမ ပြုံး။ ချစ်စရာလေး။ ပန်းရောင် သားရေခံလေးကြောင့် စကြည့်ကြည့်လိုုက်ချင်း မိန်းကလေးမှတ်လိုု့။ ဟီဟီ။

  • Foreign Resident

    December 16, 2012 at 5:08 am

    ” နောက်တိုးရွာသားလေးအကြောင်း ကြေငြာလိုက်ပါတယ်ရှင်။ ”

    ဟဲ ဟဲ ၊ နောက်တိုး ရွာသားလေး ဆိုဘဲ ။
    ကြိုတင်ပြီး စရံသတ်ထားတာပေါ့လေ ။
    Congratulations ပါ မ ဝင့်ပြုံးမြင့် ရေ ။

  • အန်တီ ဝင်းရေ …

    ကွန်ဂရက်ကျူလေးရှင်းပါဗျို့ …
    ကလေးလေးက နီတာရဲ ချစ်စရာလေး …
    ဒီရွာသားလေး ရွာထဲဝင်လာတဲ့အခါ ကျုပ်ကို ဦးဦး လို့ ခေါ်လေမလားလို့တောင်မှ
    တွေးလိုက်မိသေးးး

  • Fall Guy

    December 16, 2012 at 9:20 am

    ချစ်စရာဖြူဖြူဖွေးဖွေးလေးပါလား…။
    Congratulations ပါဆရာမရေ…..။

  • Moe Z

    December 16, 2012 at 10:37 am

    ချစ်စရာကောင်းလိုက်တဲ့ကလေးလေး
    ဝမ်းမြောက်ဂုဏ်ယူပါတယ် ဆရာမရှင့်..
    မိဘအပေါ်မူတည်ပြီး ကလေးရဲ့အနာဂတ်ကို မှန်းလိုက်တော့
    သားလေးအတွက်လည်း ဝမ်းသာမိပါတယ်
    မိုးစက်လည်း တူလေးတစ်ယောက်ရပြီ 🙂
    အံ့ဩစရာကောင်းတာက ကိုယ်တိုင်အရမ်းရွံတတ်ပေမယ့်
    တူလေးကိုချစ်တဲ့စိတ်နဲ့ ကိုယ့်ပေါ်ရှူးတွေ အီးတွေထွက်ကျရင်တောင် မရွံတော့ဘူး
    အမေလုပ်သူကတော့ ပြောဖွယ်ရာမရှိပြီပေါ့
    မိဘတွေရဲ့မေတ္တာကို စဉ်းစားမိတိုင်း ညည်းမိတဲ့သီချင်းလေးတစ်ပုဒ်ရှိတယ်..

    And when you need me
    I’ll be there for you always
    I’ll be there your whole life through
    I’ll be there this I promise you, Mamma

    Mamma, I’ll be
    I’ll be your beacon through the darkest nights
    I’ll be the wings that guide your broken flight
    I’ll be your shelter through the raging storm
    And I will love you ’till forever comes

    • ဝင့်ပြုံးမြင့်

      December 18, 2012 at 1:31 pm

      သီချင်းလေးက ကဗျာလိုပဲနော်။ ကာရံမိနေတယ်။
      ””မိဘအပေါ်မူတည်ပြီး ကလေးရဲ့အနာဂတ်ကို မှန်းလိုက်တော့
      သားလေးအတွက်လည်း ဝမ်းသာမိပါတယ်””
      မိုးဇက်ရေ — မိဘတွေကို အထင်မကြီးပါနဲ့ ။ ခပ်ညံ့ညံ့ထဲကပါ။

  • ဝင့်ပြုံးမြင့်

    December 16, 2012 at 10:43 am

    အရီးလတ်ရေ — သားလေးက ကွန်ပျူတာသုံးဖို့ လက်ကိုအသင့်ဖြစ်နေပြီဆိုတာ အရီးပြောမှပဲ တွေးမိတော့တယ်။

    ဆရာခင်ခရေ — တခါတုန်းကတော့ ကိုရှုံးလူ(စိုင်းကွမ်းခေး) ကိုဖြေပေးတဲ့ ကွန်မင့်တစ်ခုမှာ သမီးကို living together ကိစ္စခွင့်ပြုမှာပါလို့ ပြောခဲ့ဖူးပါတယ်။ ဒီလိုပြောတာ သမီးကို တန်ဖိုးမထား၊ လွတ်လပ်ခွင့်ထင်သလိုပေးတယ် လို့ ကောက်ချက်ချနိုင်တယ်။ တကယ်က အဲဒီသဘောမျိုး မဟုတ်ဘူးနော်။ မိဘတွေဟာ ကိုယ့်သားသမီးကို လေးစားရမယ်လို့ ကျွန်မ ခံယူထားတယ်လေ။ ကိုယ့်သားသမီးရဲ့ ရွေးချယ်မှုကို အလေးအနက်ရှိဖို့၊ ကိုယ့်သားသမီးရဲ့ အသိဉာဏ်ကို ယုံဖို့လိုတယ်လို့ ထင်တယ်လေ။ သမီးကို ကျွန်မ အဲဒီလောက်ထိ ယုံတယ်။ ဒါကြောင့် သမီးကသာ ဒီကိစ္စကိုရွေးချယ်ရင် ကိုယ့်ဘက်က အလေးအနက်ရှိမှာပါ။ သမီးကို အဲဒီလိုတန်ဖိုးထားတာ ဆရာခင်ခရေ။

    အန်တီပဒုမ္မာရေ — ဒီတစ်ခေါက် မွေးတာ ခံရတယ်။ ပထမတစ်ခါတုန်းကလို မဟုတ်ဘူး။ စီကာစဉ်ကာ ပြောလိုက်ရင် ရွာထဲက အပျိုကြီးလုပ်ဖို့ တာစူနေတဲ့ ရွာသူတွေ အကြောင်းပြချက်ကောင်းကောင်း ရသွားမှာစိုးလို့ ခံရပုံတွေ မပြောတော့ပါဘူး။ အနာကောင်းကောင်းမကျက်လို့ ဆေးရုံမှာ အကြာကြီးနေခဲ့ရတယ်။

    ကိုကြီးကြောင်၊ ကိုအရွေ့ — ကျေးဇူးပါနော်။

    ကိုမင်းနန္ဒာ — သမီးက ပိုအားထားရမယ်ဆိုတာ သေချာပေါက်ပြောလိုက်ပါရစေ။

    မယ်ပုရေ- စာအုပ်ပို့ပေးမယ်နော်။ pdf လုပ်တာ မလုပ်တတ်ဘူး။ ဒါကြောင့် မေးလ်ကိုပဲ ၆စောင်လောက်ခွဲပြီး ပို့ပေးလိုက်မယ်။ သားလေးက အသားကတော့ မြန်မာကြိုက်ပေါ့။ ဖြူဥနေမယ့်အသားမျိုး။
    နာမည်ကိုတော့ ထွေထွေထူးထူး မစဉ်းစားဘဲ (သမီးနာမည်က ပြုံးမြင့်မို ဆိုတော့ ) ပြုံးမြင့်မောင် လို့ပေးလိုက်တာ ဗေဒင်တတ်တဲ့သူတွေနဲ့ နှစ်ဖက်ဆွေမျိုးတွေက တစ်စက်မှ မကောင်းတဲ့နာမည်လို့ ပြောကြတယ်လေ။ တခြားနာမည်လည်း စဉ်းစားလို့ မထွက်ဘူး။ ဘယ်လိုထင်လဲ။ ဒီတစ်ခါ ဗေဒင်ကို စိန်ခေါ်ပြီး ဒီနာမည်ပဲပေးသင့်လား။

    သူကြီးရေ — ခလေးက ရပေါင်ကျော်ကျော်လေးပဲ ရှိတယ်။ အဲဒီလောက်ရဖို့ကိုတောင် တစ်ရက်ကို ဖီးကြမ်းငှက်ပျောသီး ၁၂ လုံးစားထားတာ ၅လလောက်ရှိတယ်။ အခုပုံလေးကတော့ ၄ရက်သားပါ။

    သကြားလုံးကြော် — သားလေးက ကြီးလာရင် ကိုရီးယားမင်းသားရှုံးအောင် မိန်းမချောလေး ဖြစ်ဖို့များနေတာနော်။ အသားက ကြည်စင်နေတာ။ ကြိုတင် စရံသတ်ထားနိုင်အောင် ပြောတာပါ။

    ဘဖော၊ ကိုအံစာ၊ Fall Guy — ကျေးဇူးအထူးပါရှင်။

    • pooch

      December 16, 2012 at 9:31 pm

      အမရေ ကျေးဇူးတင်ပါတယ်နော်။ ကျမတကယ်ကို ဖတ်ချင်နေလို့ပါ။

      နောက် ပေးထားတဲ့ ပြုံးမြင့်မို ပြုံးမြင့်မောင် ဆိုတဲ့ နာမည်လေးတွေက တခါကြားပြီးရင် မေ့နိုင်စရာ မရှိတဲ့ နာမည်လှလှလေးတွေပါ။

      ဗေဒင်နဲ့ ကိုက်မကိုက်တော့ ကျမလည်း မပြောတတ်ဖူးအမရေ ။ ကျမ မှာလည်း အရင်က နာမည် တခု ရှိခဲ့ဖူးပါတယ်။ အမေ့စိ်တ်ကြိုက်ပေးခဲ့တာပါ။

      ဗေဒင်အရ မကိုက်လို့ မှတ်ပုံတင် လုပ်တော့မှ ပြောင်းထားတဲ့ နာမည်ကို အတည်လုပ်ပြီး အခုနာမည်ဖြစ်လာတာပါ။ တခုတော့ ရှိတယ ်။ ဇာတာထဲမှာ ဗေဒင်က ပေးတဲ့ နာမည်ကို ထည့်ထားရင်လည်း အဆင်ပြေပါတယ်။ အိမ်က အဒေါ်က ဇာတာမှာ နေ့နံသင့်တဲ့ နာမည်ထည့်ထားတယ်။

      အပြင်မှာတော့ စိတ်ကြိုက်နာမည်နဲ့ နေပါတယ်။ စတိသဘောမျိုးလောက်ဆိုလည်း ရတာပါပဲ ။ ဆိုတော့ ဒီနာမည်လေးတွေ မှည့်ချင်ရင် ဒီလိုလေး လုပ်လို့ ရမလားပဲ ။ ကျမတော့ ဒီနာမည်လေးတွေ ကြိုက်တယ်။ 😀

  • Mr. MarGa

    December 16, 2012 at 11:06 am

    ရွာသားလောင်း တစ်ဦး တိုးလာပြီပေါ့ဗျာ
    ကွန်ဂရက်ကျူလေးရှင်းပါ ဆရာမပြုံးရေ

  • မောင်ပေ

    December 16, 2012 at 1:33 pm

    သားဦးလေးမွေးတယ်ဆိုတော့ မဝင်းပြုံးမြင့်တစ်ယောက် ယောက်ခထီး ယောက်ခမ ရဲ ့အထူးစပါရှယ် မျက်နှာသာပေးခံရတော့မှာ ၁၀၀%ပါပဲ
    မဝင်းတို ့တစ်မိသားစုလုံး ကျန်းမာချမ်းသာကြပါစေ

    • မောင်ပေ

      December 16, 2012 at 1:35 pm

      ဆောတီးပါဗျို ့ ပထမ သမီးလေးမွေးထားတာကို ကျော်ဖတ်မိသွားလို ့ ပါခင်ဗျ

  • အလင်းဆက်

    December 16, 2012 at 1:38 pm

    ချစ်စရာ ရွာသားလေးတစ်ယောက်
    တိုးလာတာပေါ့
    စာရေးတတ်ပြီ ဆိုတာနဲ့
    ကွန်ပူတာ သင်ပေးတော့
    ရွာသားအဖြစ် မန်ဘာ ဝင် တော့
    ပြီးရင်

    သားသားလို
    က = ကလေးငယ် ချစ်စဖွယ်
    ခ = ခရေကုံး မလေးပြုံး
    ဂ = ဂဏန်းသင် ပြုံး ရွှင်ရွှင်

    စသဖြင့်
    ရေး စေ သတည်း
    ဟီးဟီး
    =============
    အစ်မရေ
    ကလေးလေးက နီတာရဲ ချစ်စရာလေး
    ချီချင်လိုုက်တာ

    :kwi:

  • ဗုံဗုံ

    December 16, 2012 at 4:42 pm

    ဟေးးးး ပျော်လိုက်တာ အန်တီ့ကို ယောက်ဂမဂျီးတော် လိုက်ပြီနော် မိဗုံအရင်ပြောထားတာနော်
    ဘယ်သူ့မှမပေးရဘူးနော် ကျောက်ပြင်ရွက်ပြီးစောင့်နေမှာ :harr:
    အန်တီကျန်းမာပါစေရှင်

  • MaMa

    December 16, 2012 at 9:53 pm

    မပြုံးရေ-
    ကလေးပုံလေးတွေ့ကတည်းက ပြုံးတော့ မွေးပြီ။ ကလေးရော လူကြီးပါ ကျန်းမာပါတယ်လို့ ရွာထဲကို အကြောင်းကြားလိုက်သလိုမို့ ဝမ်းသာပါတယ်။

    ချစ်စရာ လက်နှစ်ဖက်လုံးထောင်နေတဲ့ကလေး နှယ်နှယ်ရရတော့ မဟုတ်လောက်ဘူး။

    ကလေးနာမည်ကို (ကွန်ဆာဗေးတစ်မို့) သေသေချာချာ မေးမြန်းပြီး ပေးစေချင်ပါတယ်။
    ဘဝတစ်လျှောက်လုံးနာမည်ဟာ လူတစ်ယောက်အတွက် ပညတ်ဖြစ်လို့ အရေးကြီးတယ် ထင်ပါတယ်။

    ပြောရရင် ဦးကျောက်ခဲရဲ့ အာဝေနိက ချစ်ဒုက္ခမှာလည်း ဗေဒင်ဆရာရဲ့ ဆိုဒ် ပြောထားသေးတယ်။
    စိတ်ဝင်စားရင် သွားကြည့်လိုက်နော်။

  • ကထူးဆန်း

    December 17, 2012 at 7:48 am

    Congratulation ပါ ဆရာမရေ ။
    နံမည်ကတော့ ကိုယ့်အတွက် ဘာ အယူမှ မရှိလည်း အခြားသူများ စိတ်အေး စိတ်ချမ်းသာအောင် သူတို့ အလို လိုက်ပေးလိုက်တာ အားလုံး ကောင်းစေမယ် ထင်ကြောင်းပါ ။

  • အလင်းဆက်

    December 17, 2012 at 10:38 am

    ဆောင်းရာသီမှာ မွေးဖွါးသော
    ထိုသူငယ်အား
    နှင်းစက်ကလေးများ၏ လှပခြင်း ပါဝင်အောင်
    နှင်းနု
    ဟု ပေးစေချင်ပါကြောင်း

    မောင်နှင်းနု ဟု မခေါ်တွင်ရ

    :kwi:

    အစ်မရေ
    အစ်မသားလေးကို
    ချစ်လို့
    စ တာ နော့်
    🙂

  • Hnin Hnin

    December 17, 2012 at 10:43 am

    သားလေးမွေးတာ ဝမ်းသာပါတယ် အစ်မရေ…

    အစ်မပြုံးရဲ့ သားလေးက ချစ်စရာလေး..တူလေးအတိုင်းပဲ…
    အသားက ဆွတ်ဆွတ်ဖြူ၊ ပါးနှစ်ကွက်က နီရဲနေတာ….
    သမီးကတော့ သားလေးနဲ့အသက်ကွာတော့ အစ်မပြုံးနဲ့ကလေးအတွက် ကူဖော်ရမယ် ထင်တယ်…

    အစ်မဝမ်းကွဲတွေက သူတို့မမွေးခင် နာကျင်ခံစားရတာ(ရိုးရိုးမွေးရော၊ခွဲမွေးရော)၊ မွေးပြီးတော့
    လည်း ခံစားရတာတွေက ဆေးရုံသွားနေနေတဲ့အခိုက်တော့ တွေ့ခဲ့ရတာပဲ….
    နှင်းနှင်းကပါ ကလေးလေးတွေကြည့်ရင်း ဝမ်းသာနေပြီး နီတာရဲဆိုတာ ဒီလိုချစ်စရာကောင်း
    တာပဲဆိုပြီး ကြည့်မဝနဲ့ ပျော်ရတာလေ…
    မိဘတွေရဲ့ ခံစားချက်ကတော့ နှိုင်းမရဘူး ထင်တယ်…

    အစ်မပြုံးရဲ့ သာလေးမွေးတုန်းက အတွေ့အကြုံကိုလည်း အလျဉ်းသင့်ရင် ရေးပါလား…
    မိခင်တစ်ယောက်ရဲ့ ” ဝေဒနာ နဲ့ ပီတိ ” တွဲနေတဲ့ စာအစစ်မို့ ကောင်းမှာပါ…
    အစ်မပြုံးရဲ့ အရေးကောင်းပုံတွေကြောင့် အပျိုကြီးလုပ်ဖို့ တာစူနေတဲ့ ရွာသူတွေလည်း
    မိခင်ဖြစ်ချင်စိတ်တွေ ပေါ်ကောင်းပေါ်လာနိုင်ပါတယ်…. 🙂

  • kyeemite

    December 17, 2012 at 3:31 pm

    Congratulation ပါ ဆရာမရေ ။
    ကိုခင်လတ်(ရွာ့အခေါ်-အရီး) ပြောသွားသလိုပဲဗျာ…
    “သားလေးက ကွန်ပျူတာသုံးဖို့ လက်ကို Ready လုပ်ထားနေပြီ အမေကြီးရေ့။
    အရမ်းချစ်ဖို့ကောင်းတယ်နော်။”
    တဲ့…
    အမှန်ပဲဗျို့..ကွန်ပြူတာလက်ကွက်တောင် အော်တိုတတ်လာမလားပဲ..
    ကလေးငယ်များ ဒီလိုလက်အနေအထားနဲ့ အိပ်တာမတွေ့ဖူးဘူးဗျ…
    သေချာပေါက်ထူးမဲ့ကလေးပါဗျို့….
    ကျနော့သား ဘေဘီမိုက် ငယ်ငယ်က ထိုင်တတ်ခါစလေး…
    တီဗီရမုကို လက်လေးနှစ်ဖက်နဲ့ ကိုင်ပီး တီဗီရှိရာချိန် နှိတ်ထည့်လိုက်တာ
    လိုင်တွေပြောင်းကုန်လို့…မိသားစုတွေရီလိုက်ရတာဗျာ….“ဇ” ပါလာတာလေ..
    ဟောခုတော့ လည်း ကွန်ပြူတာ၊ ဟန်းဖုန်း ကလိသလားမမေးနဲ့..
    ၆တန်းပဲရှိသေး…ဟန်းဆက်မှာတစ်ခုခုမသိရင်သူ့မေးရတယ်ဗျာ…လက်လန်တယ်ဆိုပါတော့..
    ဒါပေမဲ့ ကျနော်ကတော့အလွန်သဘောကျပါဂျောင်းးးး
    ခင်တဲ့.. :kwi:
    ကြီးမိုက်။ 🙂

  • အလင်းဆက်

    December 17, 2012 at 7:34 pm

    pooch ခင်ဗျ

    နေအင်္သချေ လအင်္သချေ စာအုပ်ကို

    ရန်ကုန် ၈ မိုင် လမ်းဆုံနားက..

    ဂျန်းရှင်း 8 အထဲက စီးတီးမတ် စာအုပ်ဆိုင် မှာ..

    တစ်အုပ်တွေ ့ခဲ့ကြောင်း..

    သတင်းပေးပါရစေ…

    ဒီညနေ ကျွန်တော်..ဝင်ကြည့်ခဲ့သေးတဲ ့အထိတော့.ရှိနေသေးပါတယ် ။

    တစ်အုပ်ထဲ.ကျန်တော့တာပါ ။

    တန်ဖိုး 3000 လို့ရေးထားပါတယ် ။

    ———————-

    • pooch

      December 18, 2012 at 11:40 pm

      ကျမက မန်းလေးက ဆိုင်တွေကို ပြောတာ ရှင့်။ ရန်ကုန်ရောက်ဖြစ်ရင်တော့ မွှေကြည့်ပါအုန်းမယ်။ သတင်းပေးလို့ ကျေးဇူးပါ။

  • may flowers

    December 17, 2012 at 9:36 pm

    သားသားလေး ကျန်းမာချမ်းသာပြီး အသက်ရာကျော်ရှည်ပါစေလို့ ဆုတောင်းပေးပါတယ်နော်။

    Congratulation ပါ ဆရာမရေ ။

  • weiwei

    December 17, 2012 at 11:02 pm

    တူ တူမလေးတွေ ခွဲခန်းက ထွက်ထွက်ချင်းလေးတွေ မြင်ဖူးခဲ့တုန်းက ကလေးဆိုတာ တော်တော်ချစ်စရာကောင်းပါလားလို့ ခံစားခဲ့ဖူးတယ် …
    မပြုံးရဲ့ သားလေးကို မြင်ရတာလဲ ချစ်စရာကောင်းလိုက်တာလို့ ခံစားရတယ် …

  • ဝင့်ပြုံးမြင့်

    December 18, 2012 at 1:48 pm

    ကွန်မင့်ပေးသူအပေါင်းနှင့် ဖတ်ရှုသူအပေါင်းကို ကျေးဇူးတင်ပါတယ်ရှင်။ ခလေးကိစ္စ လုံးပန်းနေရတာနဲ့ မအားလို့ ပြန်မဖြေပေးဖြစ်တာပါ။
    ဆရာပေရေ – ပြုံးရဲ့ ယောက်ခထီးယောက်ခမ တွေက ဆုံးသွားရှာပါပြီ။
    ဗုံဗုံရေ – အန်တီလို့မခေါ်နဲ့နော်။ ချိတ်ချိုးပစ်လိုက်မှာ။ ခုမှ ၄ဝ ထဲရှိသေးတာကို။ ဘဝကဖြင့် ခုမှစတာ။ 🙂
    မမရေ – ဦးကျောက်ခဲရဲ့ ပို့စ် မဖတ်ရသေးဘူး။ ရှာပြီးဖတ်လိုက်ပါ့မယ်။
    နှင်းနှင်းရေ- အားပေးတာ ကျေးဇူးပါနော်။ အချိန်ရရင် ရေးကြည့်ပါဦးမယ်။ ပါစင်နယ်များနေမှာစိုးလို့ စဉ်းစားနေတာပါ။
    စီဂျေကြီးရေ – နာမည်ကိစ္စပြန်စဉ်းစားရဦးမယ်။ ပြုံးက အဲဒါတွေ အယူအဆ မရှိလို့ လက်ခံဖို့ခက်ခဲနေတယ်။
    ဦးကြီးမိုက် – ဘေဘီမိုက် ကို သည်းသည်းလှုပ်ဖြစ်နေတယ်ပေါ့။ ဒီခေတ်ခလေးတွေက ဦးနှောက်အသစ် ဖြစ်နေကြတယ်။ တကယ်ပြောတာပါ။
    မဝေ၊ မေဖလားဝါး – ကျေးဇူးပါနော်။ ရွာ့အသိုက်အဝန်းလေးထဲ နေရတာ တစ်မျိုးပဲ၊ အပြင်လောကနဲ့ မတူဘူးဖြစ်နေတယ်။ အစ်မက ခင်တတ်ပါတယ်နော်။

  • blackchaw

    December 18, 2012 at 4:00 pm

    Congratulation ပါ ဆရာမရေ…။
    ဒီရက်ပိုင်း ဆရာမရဲ့ စာအုပ်အသစ်ကြော်ငြာလေး တစ်ခု
    သတင်းစာထဲ ဖတ်မိလို့ သတိရနေမိပါသေးတယ်…။
    ဝယ်ဖြစ်အောင် ဝယ်မယ်လို့ လည်း တေးထားပါတယ်…။
    လေးစားခင်မင်တဲ့…
    ဘလက်ချော…။

  • Shwe Ei

    December 18, 2012 at 4:14 pm

    ယောက်ခမရီးကျန်းမာပါစေ။ နောက်ကျမှဆုတောင်းပေးဖြစ်လို့
    စိတ်မဆိုးပါနဲ့လို့ သားသားလေးကိုပြောလိုက်ပါနော် ။
    (ကျောက်ပျဉ်ကြီးကြီးရွက်ထားတဲ့ မရွှေအိ)
    :harr:

Leave a Reply