ချစ်သူသိရဲ့လား

MgMobileDecember 16, 20121min918

              “ချစ်သူသိရဲ့လား”

ချစ်ရတဲ့သူရယ် ငါ့ရဲ့ငိုကြွေးမှုတွေဟာ

မင်းအတွက် ပျော်ရွင်စရာတွေ ဖြစ်ခဲ့မယ်ဆိုရင်

ငါ့အတွက် အမှောင် အတိနေ့ရက်တွေက

မင်းအတွက် ပျော်ရွင်လှပမှုတွေ ဖြစ်ခဲ့မယ်ဆိုရင်

အမှတ်မထင်သာ တွေ့ဆုံခဲ့ကြပေမယ့်

မပြက်အစဉ်သာ တမ်းတမိတဲ့သူမို့

နေ့တိုင်းကြားချင်တာ မင်းရဲ့အသံ

နေ့တိုင်းတွေ့ချင်တာ မင်းရဲ့မျက်နှာ

မင်းရဲ့ အရိပ်အငွေ့တို့ အောက်မှာ

ငါ့ရဲ့ အတိတ်မေ့သလောက် စွဲးလမ်းရတဲ့သူမို့

ခွင့်လွှတ်ခြင်း အနစ်နာခံခြင်း တစ်ချို့တစ်ဝက်ဖြင့်

ချစ်သူလေးကို အမြဲးတမ်း တမ်းတလို့ မှန်းဆနေပါတယ်………………..

8 comments

  • အဟမ်းးး ဟမ်းးး
    အဗေတာ ထဲက ဘူလဲဟေ့ … :mrgreen:
    အိုက်ဒါ ချစ်သူ သိရဲ့လားလို့ ပြောတဲ့ လူလား ..
    အခြား လူလား … ချင်းချင်းပေါဘာ …
    လာရောက် အားပေးသွားပါတယ်ဗျို့ …

    ++++++

    ဒါနဲ့ ဟေ့လူ ..
    ခညားဂို ကျုပ်ရဲ့ ကွန်မန့် ရီပလိုင်း ပို့စ်မှာ သဂျီးက မေးနေဒယ် …
    အိုက်ဒါ သွားပေါလိုက်ဘာအုံးးးး

    • Mobile

      December 16, 2012 at 12:19 pm

      မဟာ ဘာဂျာကြီး မှုတ်ကောင်းတိုင်း စွတ်မှုတ်မနေပါနဲ့ ဟုတ်ပေါင်
      ပြေားကောင်းတိုင်းစွတ်ပြော မနေပါနဲ့ဂျ ။ ကျုပ်တိပါတယ် ကျုပ် email မှာ comment reply လုပ်တိုင်း
      အကြောင်းကြားပေးပါဒယ်ဆိုမှဂျာ။ ခက်လှချည်ရဲ့။ ကျုပ်ကို မသိဝူးထင်နေလား။

  • Mr. MarGa

    December 16, 2012 at 10:37 am

    ချစ်သူ သိမသိတော့ မသိဘူး
    ဦးမာဃတော့ ဝင်ဖတ်သွားပြီ

  • မောင်ပေ

    December 16, 2012 at 1:12 pm

    အိပ်မရလို ့လျှောက်ရေးတဲ့ ၊ အဘမောင်ပေ့လမ်းစဉ်နဲ ့နီးသူ မိုပိုင်း အတွက်
    အိပ်ရဖို ့ ကွန်မင့် မင့်လိုက်တာက ဒီလို
    “““
    သိရဲ ့လား
    ငပိထည့်စား
    မကြည့်နဲ ့ကုလား
    သတိနဲ ့သွား
    ”””

  • အလင်းဆက်

    December 16, 2012 at 1:58 pm

    ကဗျာလည်း ရတာပဲနော့်

    ရွာသားအားလုံးကို
    ဆက်ဆက်က
    လေးစား နေပါဒယ်

    • Mobile

      December 17, 2012 at 6:33 am

      ဦးမာဂရေ ယခုလို ဝင်ရောက် အားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်ခင်ဗျ။
      +++++++++++++++++++++++++
      ကိုပေ ရေမင်္ဂလာပါခင်ဗျာ မမေ့မလျော့ မပေါ့မဆပဲ သတိဖြင့်သာ နေဖို့သွန်သင်ဆုံးမတဲ့အတွက်
      အထူးကျေးဇူးပါခင့်ဗျ။
      +++++++++++++++++++++++++
      ဆက်ဆက်ရေ
      ကဗျာလည်း ရတယ်ဆိုတာက တောင်ရေးမြောက်ရေး ဖြစ်ပါတယ်ခင့်ဗျ။
      ကျနော်ရဲ့ ခံစားမှုလေးတွေကို ယခုလို ဝင်ရောက်အားပေးမှုအတွက် အထူးဝမ်းမြောက်မိကြောင်းပါခင်ဗျ။

  • ဗုံဗုံ

    December 16, 2012 at 4:35 pm

    အေးပါဟယ် မိုဘိုင်း ရယ် ငါလမ်းကြုံရင် ပြောလိုက်ပါ့မယ် :harr

  • Mobile

    December 17, 2012 at 6:36 am

    တီတီ ဗုံဗုံရေ ယခုလို တားတား အပေါ်စေတနာထား လမ်းကြုံရင်ပြောလိုက်ပါမယ်
    ဆိုတဲ့စကားလေးကြောင့် တီတီကို တာတားက အထူးကျေးဇူးတင်ရုံမက…………

Leave a Reply