Dနေ့ ဆန်းဒေး…ငွေလိုချင်ရင် ဒါဖတ်…

johnnydeerDecember 16, 20121min942
မိန်းမယူလိုက်ပါတဲ့….ကောင်းတဲ့ မိန်းမနဲ့ ရရင် စိတ်ချမ်းသာရလိမ့်မယ်တဲ့…မကောင်းတဲ့ မိန်းမနဲ့ ရရင် တွေးခေါ်ပညာရှင်ဖြစ်လာလိမ့်မယ်တဲ့…ဆိုကရေးတီးက ပြောတာပါ…
ပေါက်တတ်ကရ ရေးတတ်တဲ့ ကျွန်တော်က နောက်တမျိုးပြောင်းပြောမယ်နော်..
.လောင်းကစားလုပ်လိုက်ပါ…နိုင်ရင် ပိုက်ပိုက်တွေ ရပြီး ပျော်လိမ့်မယ်…ရှုံးရင်တော့ ကိုယ့်တန်ဖိုးအမှန်ကို သိလိမ့်မယ်လို့…ကိုယ့်တန်ဖိုး အမှန်ဆိုတာက ဥပမာပေါ့လေ…ကိုယ်က ပိုက်ဆံလိုရော ခင်တယ်ထင်တဲ့ ရင်းတယ်ထင်တဲ့လူတွေဆီပဲ ပိုက်ဆံ ချေးရတာပေါ့…
အဲ့ဒီအချိန်မှာ ကိုယ့်လူတွေက ကိုယ့်ကို ဘယ်လောက်တန်ဖိုးဖြတ်ထားသလဲ..
ကိုယ့်တန်ဖိုးကဘယ်လောက်လဲ ကွက်ကွက်ကွင်းကွင်း သိရတော့တာပါပဲ…စိတ်ဆိုးစရာတော့ ရှိပါဘူး…ကျေးဇူးတောင်တင်ရဦးမှာ…မိတ်ဆွေတို့လဲ ကိုယ့်တန်ဖိုးလေး သိချင်ရင် ပိုက်ဆံ လိုက်ချေးကြည့်လေ…စမ်းကြည့်ပါ…ကိုယ့်အပေါ်မှာ ရှိတဲ့ ခင်မင်မှု၊ယုံကြည်မှုတန်ဖိုးအမှန်ကို သိရတာပေါ့…မရှိတဲ့ လူတော့ သွားမချေးကြည့်နဲ့နော်..အားနာစရာတွေ ဖြစ်ကုန်လိမ့်မယ်…
ကဲ..ထားပါ…ကျွန်တော်ပြောချင်တာ ဒါမဟုတ်ဘူး…ကျွန်တော် ဘော့လုံးခန့်မှန်းတွေဆို အမြဲ ကန်ပြီးမှ ဖတ်လေ့ ရှိတယ်…အဖြေသိပြီးမှ ဖတ်ကြည့် တအားရီရတာ…လွဲချက်တွေကတော့ လက်လန်တယ်…အဲ့ဒါနဲ့ ကိုယ်ကိုတိုင် ခန့်မှန်း ပေးချင်စိတ်ပေါ်လာရော..
.ဘော့လုံးပွဲမှာ လောင်းကစားဆိုတာထက် စဉ်းစားတွေးခေါ်မှု( Thinking )၊ကံကြမ္မာ( Luck )နဲ့
ရွေးချယ်မှု(Choice ) ဒီ ၃ခု က အခရာကျတယ်ထင်တာပဲ…ကဲ..ယုံချင်ယုံ မယုံချင်နေ…ဒီနေ့ တနင်္ဂနွေနေ့…ပြောပြီနော်…ဆွမ်ဆီးရယ်…ဝက်စ်ဟမ်းရယ်..တီးနားရယ်…ဘာကြောင့်လဲ ဆိုတာပြောပြရဦးမလား…(၁) ဆွမ်ဆီးနဲ့ကန်မှာက စပါး…ဆွမ်ဆီးက ဘော့လုံးစကီလ်း တအားကောင်းတယ်…စပါးက အဲ့လို အသင်းတွေနဲ့ တွေ့တိုင်း နိုင်အောင်မကန်တတ်ဘူး…(၂)ဝက်စ်ဟမ်းက ဝက်စ်ဘရွန်းနဲ့ ကန်မှာ..ဝက်စ်ဘရွန်းက ဘယ်လောက်တောင် ထိုးကျနေသလဲဆိုရင် အဝီစိကို ဖင်ဂျက်တတ်ပြီးဆင်းနေသလား အောက်မေ့ရတယ်…(၃) တီးနားကတော့ အိမ်ရောက်လို့ကတော့ လုံးဝ ဆရာပဲ…အညံ့ဆုံး ဆီနာကို အိမ်မှာတော့ အေးဆေးပါဘဲ ပူစရာမရှိပါဘူး…
ထပ်ပြောမယ်နော်…(၁) ဆွမ်ဆီး
(၂) ဝက်စ်ဟမ်း
(၃) ဖီအိုရင်တီးနား

ယုံကြည်တယ်ဆိုရင်တော့ ဒီနေ့ဖတ်…ဟားချင်တယ်ဆိုရင်တော့ နောက်နေ့မှဖတ်…
ကဲ…မနက်ဖြန်ကျမှဘယ်လိုအခြေအနေလဲ…စောင့်ကြည့်ပါဦး…

2 comments

  • Mobile

    December 16, 2012 at 9:25 am

    ဆွမ်ဆီး
    ဝက်စ်ဟမ်း
    FIO
    ကြိုတ်တယ်ဗျို့ ဒီသုံးသင်း ပုံအေားထားလိုက်မည်ဖြစ်ကြောင်းးးးးးးးးးးးးးးးးးးးးးးးးးးးးး

  • foot y

    December 16, 2012 at 3:33 pm

    ပွဲများရင် သေချာမှု ့နည်းသွားတတ်လို ့
    တစ်ပွဲကောင်းစောစောလေး ကိုင်မယ်ဆိုရင်…
    ကျွန်တော်ကတော့..သူငယ်ချင်းအားလုံးအတွက်
    johnnydeer ရဲ ့ဖီအိုရင်တီးနား ကိုယုံကြည်လိုက်ပါ..
    ပြီးရင်တော့ဘီယာလေးသောက်ပြီး..အနားယူလို ့ရပါပြီ..
    အားလုံး…………..good night ပါ…see u…………………….footy

Leave a Reply