မျက်ရည်သွန်းဖြိုး ကရုဏာမိုး

kaung kinDecember 16, 20121min813

***မျက်ရည်သွန်းဖြိုး ကရုဏာမိုး***

သာသနာ့မြေ ယမ်းငွေ့ဝေလို့

သွေးမြေကျကာ ဝဋ်ကြမ္မာတွေ
ဖန်လာနှိပ်စက် အမျိုးဖျက်၍
ရက်စက်ခံထား သံဃာများအား
လေးစားသမှု ပြုပါ၏။

ပြည်သူတွေအား အရေးထားကာ
ပွားများမေတ္တာ ငြိမ်းချမ်းစွာနှင့်
ခန္ဓာအသက် အပ်နှင်းဆက်ကာ
သွေးစက်မြေခ စတေးကြတဲ့
များလှသံဃာ လေးစားစရာ။

ကိုယ်ကျိုးမပါ သာသနာကို
ရောင်ဝါအဆင်း မပျက်ယွင်းအောင်
သိမ်းသွင်းစုစည်း လုထုကြီးနှင့်
မငြီးမငြူ ဘဝတူလို
အပူမျှဝေ အသက်သေ၍
သွေးမြေကျလည်း မလျှော့ဇွဲနဲ့
ရဲရဲဖော်ထုတ် နောက်မဆုတ်ပဲ
မယုတ်စိတ်ထား သံဃာများအား
လေးစားသမှု ပြုပါ၏။

လူထုအတွက် အဖက်ဖက်က
ပေးဆက်ကြလို့ လူလုံးမပြောင်
ဘဝဘောင်ဝယ် ငရဲနှယ်ကျ
သွယ်သွယ်ဒုက္ခ မီးစွဲကြလျှက်
ရခဲ့ဒဏ်ရာ ဝေဒနာကို
မြင်လာတာမို့ ရင်ဝယ်ဆို့လျှက်
အနံ့သက်မှာ အခံခက်လာ
မသက်သာပဲ မျက်ရည်ဝဲကာ
ချုံးပွဲချလို့ ငိုမိတယ်။

 

3 comments

  • Mr. MarGa

    December 16, 2012 at 10:51 am

    မျက်ရည်လေးတွေ ချန်ထားပါဦးကွယ်
    ဝမ်းသာမျက်ရည် ကျရအောင်

  • Mobile

    December 16, 2012 at 1:09 pm

    ကျုပ်ကြားဖူးထားတာကတော့ဗျာ ငိုငို မနက်လင်းရင် ဒီထက်ငိုရမယ်ဆိုလားဗျာ။
    ကဗျာလေးက စာသားလေးတွေ မဆိုးလှပါဘူး ကောင်းကင် ရေ
    အားပေးသွားပါကြောင်းးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး

Leave a Reply