အဆိပ်သင့် ဝိုင်အို

ငါကို ရင်တွေခုန်တတ်လာအောင်
နင်ပဲ အဓမ္မ သင်ပေးခဲ့တာ…
ငါ့ရင်ခုန်နှုန်းတွေ မြန်လာကာမှ
တစ်မျှင်ချင်း အစဖြည်ဆွဲထုတ်
သံစဉ်တွေလုပ်ပြီး တီးခတ်
နင် အပျော်ကဖို့သက်သက်လား…
မုသားတွေ ချိုမြိန်စေရုံ
အာစွတ်ရုံသောက်တဲ့ ဝိုင်ချိုတစ်ခွက­်
ငါ့အချစ်တွေနဲ့ နင်မြည်းရက်တယ်.
(ပစ်စလက်ခတ်)
ငါ့ရင်ဘတ်ကို ဟက်တက်ခွဲလို့
ငါ့ပါးပြင်ပေါ် ငရဲမီးတွေ သွန်ချ
အကြိမ်ကြိမ်အခါခါ ကျဆုံးပြီးမှတောင်
နင့်ရဲ့သရော်တဲ့အကြည့်လေးကို တမ်းတမြဲ
လမ်းမထဲလျှောက်တဲ့ အရူးလို…
(စူးစူးရဲရဲ)
နင့်မျက်ဝန်းထဲကအတ္တခဲတွေကို
စွဲလန်းစွာ အသိအမှတ်ပြုခဲ့မိပြီးမှ
နုံအချင်ယောင် ဟန်ဆောင်ပြီး မျက်ကွယ်ပြုခဲ့တာ
အသိခေါက်ခက်တယ် ဆိုတာထက်
ငိုပါလျှက်နဲ့ မျက်ရည်မကျတာမျိုး
သက်သေပြသမျှက နင့်အတွက် ရိုးလွန်းနေတော့­လည်း
ငါ့ဝဋ်ကံလို့ပဲ ထားလိုက်ပါလေ…
နင့်အရုဏ်တွေ ရီဝေမနေပါနဲ့
နေခြည်ရဲ့ အနွေးဓါတ်အောက်မှာ
နင့်ရဲ့နှလုံးသားကို လန်းဆန်းနေစေဖို­့
(ပြီးတော့…)
နင့်ရင်ဘတ်ထဲမှာနေညိုလာတိုင်း
နင်အာသာပြေမယ့် ဝိုင်အိုကို
ငါ့နှလုံးသားနဲ့ရောစပ်စီမံလို့
မနက်ဖန် မနက်ဖန်တွေတိုင်းအတွက်
ငါ့ရဲ့ခံစားမှုတွေကို တပ်မက်လွန်းခဲ့တဲ့နင့်ကို
အပြစ်မဆိုရဲ
ဟစ်ငိုဆဲ ရင်တွင်းတစ်နေရာကနေ
နင့်စိတ်ကျေနပ်သလောက် မူးယစ်ပျော်ပါးနိုင်ဖို့
ငါ့ညတွေကို ထုပ်ပိုးပြီး
ငါ့အရုဏ်တွေကို သိမ်းဆည်းထားလို­က်ပါရစေတော့…
ခလုတ်တိုက်တယ် ဆိုတာမျိုး
နင့်အိပ်မက်တွေ ညဥ့်နက်သွားတာမျိုး
နင့်အသိတွေထဲ ငါရှိနေဆဲ ဆိုတာမျိုး
နင့်ဘက်ကသာ ရိုးသားနိုင်ပါစေ…။ ။

တောက ကိုရင်
၂၂.၀၇.၂၀၁၂

About တောက ကိုရင်

တောက ကိုရင် has written 40 post in this Website..