အချစ်သည် တစ်ခါတရံ၌…

တောက ကိုရင်December 17, 20121min854

အချစ်သည် တစ်ခါတရံ၌…

ဆောင်းမှာ အိပ်ယာဝင်ပြီး
မိုးရေစက်တွေနဲ့
နွေမှာ မျက်နှာသစ်ဖို့ကြိုးစားရင်း
မနေ့က သောက်တာ
ဒီကနေ့မှာ မူးလို့
မနက်ဖန်မှ အန်ထွက်
(အဟက်…)
အချစ်ကို နှစ်ခြိုက်စွာ စားသုံးကာမှ
နှလုံးသားတွေ သေဆုံးရသတဲ့…။
အဆိပ်ခတ်ထားတဲ့ ပျားရည်တစ်စက်က
ဝိုင်ချိုထက်ပိုပြီး မူးယစ်ရီဝေ
ဓါးသွားပေါ်မှာက နှင်းရည်တစ်စက်
မနက်မှာခါးပြီး နေ့လည်မှာချို
ညနေမှာ ဆည်းဆာကို ပျိုစေမတဲ့…။
သန်းခေါင်မှာ နေကိုထွက်ခိုင်း
ကောင်းကင်ယံမှာ လှိုင်းကြမ်းတွေ ဆင်
ရောင်နီမှာ အမှောင်ကိုစေလို­့
အလင်းကိုမြင်မှ အရုဏ်ဝေနိုင်လွန်း
ဝင်ရိုးစွန်းမှာအပူလွန်ကဲသတဲ့…။
မျက်ကန်းကလည်း ကမ္ဘာကို တစ်ပတ်
ကာရန်ကိုဖျက်တဲ့ကဗျာ
ခံစားချက်ကို လွန်ကြူးစွာဖွဲ့မှ
ရသတွေပျက်ရသတဲ့…။
စိတ်တွေ သေမသွားစေဖို့
စကားလုံးတွေ မျက်ရည်ဝဲချိန်မှာ
ပန်းတွေက အပြုံးကို ဆင်
ညကောင်းကင်တောင်နေသာသတဲ့…။
နွေဦးက တိုးတိုးတိတ်တိတ­်
မဖိတ်ခေါ်ဘဲ အရောက်လာလို့
လေပြည်မှာသင်းတဲ့ရနံ့ကို ရှူရင်း
အိပ်မက်တွေလည်း မြူးတူးကခုန်ကြ
တိမ်ပြာတွေက ဝေဒနာတွေ ရွာချမှ
နှလုံးသားတွေ ပျော်ရွှင်ကြသတဲ့…။
သံစဉ်တွေ တီးခတ်ပေမယ့်
တေးသွားတွေ မညည်းတတ်လေတော့
နားနှစ်ဖက်ကို လက်နဲ့ ပိတ်
ရင်ဘတ်ထဲမှာ တိတ်ဆိတ်မှုကိုပြန်ရှာ
ကိုယ့်ကိုယ်ကို ပြန်မြင်သွားမှာကြောက်သလိုမျိုး
အသိသညာတွေကိုလည်း ဘောင်ခတ်လို့
လောင်တတ်တဲ့ မီးကိုပျိုး
ပရိဒေဝကို အတိုးနဲ့ ယူငှားသတဲ့…။
အိုဘယ့် … လူသားရယ်
အယူမှား…………….. ရက်လေခြင်း။ ။

တောက ကိုရင်
၂၂.၀၇.၂၀၁၂

4 comments

  • Mobile

    December 17, 2012 at 12:41 pm

    ကိုရင်ရေ မိုက်တယ်ဗျို့ ဘုန်ကြီးသာဆိုရင် ဒီထက်ပိုလန်းမလားပဲ
    စားသားလေးတွေ ကာရံလေးတွေကို အင်မတန်မှ နှစ်သက်မိလေခြင်း
    သမင် နဲ့ ကျားရည်းစားထား
    မြွေကဖားကို ချစ်ရေးဆိုလို့
    မိုနဲ့မြေကြီးလက်ခုပ်တီးမှ ဒို့ကိုမေမယ်ဆို
    ဆိုင်လားမဆိုင်လားတော့ မသိ အဲ့ဒီစာသားလေးတွေကိုတော့ သွားပြီးသတိယမိတယ်ဗျ။
    :harr:

    • တောက ကိုရင်

      December 18, 2012 at 6:47 am

      ပိတောက်တွေ ပြာ
      ခါးတမာတွေ ချို
      တောင်မြင်မိုရ်ကွဲအက်
      ကမ္ဘာပျက်တိုင် မမေ့နိုင်

  • rain pricess

    December 17, 2012 at 1:33 pm

    အချစ်ကို နှစ်ခြိုက်စွာ စားသုံးကာမှ
    နှလုံးသားတွေ သေဆုံးရသတဲ့…။
    ကောင်းလိုက်တဲ. စာသား….

Leave a Reply