ဒီပို့စ်လေးဟာ နိုဝင်ဘာ ၁၀၊ ၂၀၁၂ က သူကြီးတင်ထားပေးခဲ့တဲ့ ရခိုင်အရေးအခင်းကိစ္စ အမြင်တောင်းခံခြင်း အတွက် ရွာသားတစ်ယောက်ဖြစ်တဲ့ စွယ်တော်ရွက်ရဲ့ အမြင်လေးကို တင်ပြခြင်းဖြစ်ပါတယ်၊ အသင့်တော်ဆုံး အဖြေတစ်ခု ရဘို့ ဘေးထွက်ထိုင်မနေဘဲ ၀ိုင်းဝန်းဆွေးနွေးကြပါစို့။

သူကြီးရေ၊

ရခိုင် နယ်စပ်မှာ တဖြည်းဖြည်း စိမ့်ဝင်လာပြီး အခုအင်အား ၉သိန်းကျော်ရှိလာနေပြီဖြစ်တဲ့ ဘင်္ဂါလီကိစ္စ ကျနော်သုံးချင်တဲ့နည်းလမ်းကတော့ အစ္စရေး နည်းလမ်းခင်ဗျ၊ မောင်မိုးသူ ဘာသာပြန်ထားတဲ့စာအုပ်

“ အိပ်ဇိုးဒပ်- နိုင်ငံတစ်ခုမွေးဖွားခြင်း ” ( မူရင်း= EXODUS written by Leon Uris , published 1958 ) ထဲကရတဲ့ အစ္စရေးတွေရဲ့ အသက်ရှင်သန်နေထိုင်နိုင်ရေး ( ပတ်ချာလည်ဝိုင်းနေတဲ့ ရန်သူတွေကြားထဲမှာနော် )  လက်တွေ့ဖြေရှင်းအောင်မြင်နေတဲ့နည်းပေါ့ဗျာ၊ နေရာဒေသ အခြေအနေ မတူညီတာလေးတွေရှိနေလို့ တိုက်ရိုက်ပုံတူကူးချလို့တော့ မဖြစ်ဘူးပေါ့။

( အခုတောင် ဟိုဘက်ကလူတွေ ဒီနည်းဘဲသုံးထားခဲ့ကြတာနေမှာ၊ အော်…..ညံ့ကြေး၊ ညံ့ကြေး ( C to F R ) )။

ဘင်္ဂါလီတွေရဲ့ စိမ့်ဝင်ထိုးဖေါက်လက်ဝါးကြီးအုပ်နယ်ချဲ့မှုကို နှစ်ပေါင်းများစွာ အနီးကပ်ရင်ဆိုင် အံတုခဲ့ရတာက ရခိုင်တိုင်းရင်းသားတွေပါခင်ဗျ၊ ဒါပေမဲ့လွဲမှားခဲ့တဲ့ အုပ်ချုပ်ရေးစနစ်နဲ့ ထိပ်ဆုံးအထိပါချင်ပါနိုင်တဲ့ အကျင့်ပျက် ခြစားမှုတွေကြောင့် စစ်ကူမရခဲ့တဲ့ ရခိုင်တွေခမျာ အသက်ကိုဖက်နဲ့ထုပ်ထားရင်း တဖြည်းဖြည်းပြည်မကြီးဘက်ကပ်လာရ

( နောက်ဆုတ်ပေးခဲ့ရ ) တော့တာပါ။ ပထမဦးဆုံးလုပ်ရမှာက အဲဒီလိုနောက်ဆုတ်ပေးနေရတဲ့ ရခိုင်တွေကို စစ်ကူပေးဘို့ပါ၊

အစ္စရေးတွေ ရို့စ်ချိုင်းဖေါင်ဒေးရှင်း နဲ့စခဲ့သလို ရခိုင်ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးဖေါင်ဒေးရှင်း တစ်ခုဖွဲ့ပြီး ကျားကုတ်ကျားခဲ စီမံကွပ်ကဲပေးရပါမယ်။ နှစ်ပေါင်းများစွာစိမ့်ဝင်ထိုးဖေါက်ခြေကုတ်ရထားတဲ့ ဘင်္ဂါလီတွေနဲ့ အပြိုင် ရင်ဆိုင်ရမှာမို့ အဲဒီဖေါင်ဒေးရှင်းဟာ အင်အားတောင့်တင်းဘို့လိုပါတယ်၊ အဓိက အရေးအကြီးဆုံးက တရားမျှတတဲ့ စီမံကွပ်ကဲမှု Fair Management by Law  ပါ၊  နိုင်ငံတကာရဲ့ အကဲဖြတ်မှုကို ခံနိုင်ရပါလိမ့်မယ်။

အလျင်းသင့်တုံး သိချင်တာလေးတစ်ခု မေးပါရစေနော၊ ဟိုတလောက ( နိုဝင်ဘာလထဲမှာ ဘဲ ) ဂျာနယ်တစ်စောင်မှာ ဘင်္ဂလားဒေ့ရှ် ကမ်းခြေကိုရောက်လာတဲ့ လှေစီး ဘင်္ဂါလီတွေကို လက်မခံဘဲ ဘင်္ဂလားဒေ့ရှ် က ပြန်မောင်းထုတ်လိုက်တယ်တဲ့ သူတို့ဆီမှာ ဒုက္ခသည်ဘင်္ဂါလီ ၃ သန်း လက်ခံထားပြီးသားဖြစ်နေလို့ နောက်ထပ် လက်မခံနိုင်တော့လို့ပါတဲ့ခင်ဗျ။ အဲဒီ ၃ သန်းကို ဘင်္ဂလားဒေ့ရှ်တွေ ဘယ်လိုထားသလဲ သိချင်လိုက်တာ သူကြီးရာ??? Refugee Campတွေ လုပ်ပေးထားတာလား? လုပ်ကိုင်စားစရာမြေပေးထားတာလား? ဒါမှမဟုတ် ဈေးပေါပေါနဲ့ခိုင်းစား ( ကျွန်ပြု ) နေတာလား?

သိတဲ့သူ မျှပါဦးဗျို့။

နောက်ထပ်သိချင်တာက ဘင်္ဂလားဒေ့ရှ်မှာ ၃ သန်း၊မြန်မာနိုင်ငံထဲမှာက ၉ သိန်း စုစုပေါင်း ၄သန်းနည်းပါးရှိနေတဲ့ သူတွေရဲ့ မိခင်နိုင်ငံသတ်မှတ်ဘို့ပါ။ အဲဒီလောက်များတဲ့သူတွေ ရဲ့ ဇစ်မြစ်ကိုရှာဘို့ သူကြီးတို့ဆီက D N A နည်းပညာနဲ့ ကူညီနိုင်မလားခင်ဗျ

( ကြုံတုံးလေး ကီးဘုတ် ပိုရိုက်လိုက်တာပါ ) ပထမဆုံးလုပ်ရမှာက အဲဒီ ၉သိန်းအင်အားရှိနေပြီဖြစ်တဲ့ ဘင်္ဂါလီတွေဟာ နိုင်ငံမဲ့တွေဖြစ်နေလို့ လူဦးရေတိုးပွားနှုံးကို အရင်ဆုံး ထိန်းချုပ်ပေးရပါလိမ့်မယ်။ သူကြီးရဲ့ ပို့စ်၊ အဘဖေါရဲ့ ပို့စ်တွေမှာ မန့်ထားကြသလိုမျိုး Refugee Camp တွေ ဆောက်ပေးထားသင့်ပါတယ်၊နိုင်ငံတကာရဲ့ ထောက်ပံ့မှုတွေ ရယူဘို့လိုပါလိမ့်မယ်။ ပြီးရင် တတိယနိုင်ငံ တစ်ခုခုကို နည်းနည်းစီ ပို့ပေးခြင်းဖြင့် ကုန်အောင် ရှင်းသင့်ပါတယ်ခင်ဗျ။ အဲဒီ Camp တွေနဲ့ အနီးကပ်ရပ်ပေးရမယ့် ရခိုင်တိုင်းရင်းသားတွေကို အထောက်အကူပေးဘို့ ကျန်မြန်မာတိုင်းရင်းသားအားလုံးထဲက Volunteer တွေလိုပါလိမ့်မယ်။ အစ္စရေးတွေ သူတို့ရဲ့ ပိုင်နက်နယ်မြေလေးတွေကိုခိုင်အောင် စလုပ်ရတဲ့ ကိဘုရှ်လိုစခန်းငယ်လေးတွေ များများဆောက်ပြီးရင်ဆိုင်နိုင်မှဖြစ်မှာပါ။ ဟုတ်ကဲ့၊ အဲဒီ ကိဘုရှ်တွေမှာ သူတို့ကိုယ်သူတို့ကာကွယ်နိုင်ဘို့ လိုအပ်ပါတယ်၊ လိုအပ်ခဲ့ရင် လက်နက်ပါတတ်ဆင်ပေးရပါလိမ့်မယ်၊ တစ်ဘက်လူက နောက်ခံအင်အားတောင့်တဲ့ အင်အားကြီးအုပ်စုဖြစ်နေလို့ပါ။

ရခိုင်လူမျိုးတွေအားကောင်းလာဘို့ ရခိုင်ပြည်နယ်ရဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်လာအောင်လဲ လုပ်ပေးရပါမယ်။ ၂၀၀၇ လောက်တုံးက ရန်ကုန်- ဘုရင့်နောင် ငါးလုပ်ငန်းဦးစီးဌာနခန်းမကြီးမှာ လုပ်ခဲ့တဲ့ ဟောပြောပွဲ တွေမှာ အဲဒီကိစ္စတစ်ခါဆွေးနွေးဘူးပါတယ်၊ အခု သမ္မတ အကြံပေး အဖွဲ့မှာပါနေတဲ့  ဆရာကြီး ဒေါက်တာဦးမြင့်၊ ဂျပန်နိုင်ငံမှာ Ph.D သွားယူလာခဲ့တဲ့ စီးပွားရေးပညာရှင် ဒေါက်တာအောင်ကိုကို၊ နိုင်ငံတော်ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့ထဲမှာပါနေတဲ့ ဦးလှမောင်ရွှေ တို့တက်ရောက်တာကိုလည်း မှတ်မိပါသေးတယ်၊GTI ဆရာအဖြစ်က နှုတ်ထွက်ထားခဲ့တဲ့ ကျနော် စွယ်တော်ရွက်လည်း ပါဝင်ဆွေးနွေးခဲ့ပါတယ်ခင်ဗျ၊ ကျနော်ထောက်ပြခဲ့တာက ကုန်ကြမ်းအတိုင်းရောင်းစားနေတဲ့  သဘာဝဓါတ်ငွေ့တွေကို အသုံးချဘို့ပါ၊ ရခိုင်ပြည်နယ်ကထွက်တဲ့ဓါတ်ငွေ့ကို ရခိုင်ပြည်နယ်အတွက် အသုံးမပြုနိုင်ခဲ့တဲ့ အားနည်းချက်ကြီးပါ၊ ကုန်ကြမ်းကိုရောင်းစားတာထက် အကျိုးအမြတ်ပိုရမယ့် ကုန်ချောအဖြစ်ပြောင်းပြီးမှရောင်းစားဘို့ ဘာ့ကြောင့်မလုပ်သေးတာလဲဆိုတာ အံ့သြမဆုံးနိုင်ဖြစ်နေရဆဲပါ။

စွမ်းအင်အားလုံးထဲမှာ သယ်ယူပို့ဆောင်သုံးစွဲဘို့ရာ အလွယ်ဆုံးက လျှပ်စစ်စွမ်းအင်ပါ။ ရခိုင်ကထွက်တဲ့ဓါတ်ငွေ့ကို ရခိုင်မှာတင် လျှပ်စစ်ဓါတ်ထုတ်ဘို့လုပ်ရမှာပါ၊ အနီးကပ်ဆုံးရှိနေတဲ့ Buyer ဘင်္ဂလားဒေ့ရှ်ကိုရောင်းစားနိုင်ပါတယ်၊

( တရုတ်ကြီးနားရွက်ကိုတော့တံတွေးထပ်ဆွတ်မိသွားပြီနဲ့တူရဲ့ )

ပါလက်စတိုင်းဒေသကို လျှပ်စစ်ဓါတ်အား နှင့်ရေ ဖြန့်ဝေပေးထားခြင်းနည်းနဲ့ အစ္စရေးတွေက အညှာကိုင်ထားသလိုမျိုး ဘင်္ဂလားဒေ့ရှ်ကို ချိန်ခွင်လျှာ ညှိထားရမှာဖြစ်ပါတယ်။

နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးနဲ့ပတ်သက်ပြီး ဖိလစ်ပိုင်နိုင်ငံက သင်ခန်းစာလေးတစ်ခုပြောခွင့်ပေးဦးနော၊ ကိန်းဂဏန်းတွေ အတိအကျ မတင်ပြနိုင်တာကိုတော့ခွင့်လွှတ်ပေးပါဗျာ၊ ၁၉၉၈ က ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့ကို ပညာတော်သင်သွားခဲ့ရတုံးက သိခဲ့ရတာလေးပါ။ အများသိကြတဲ့အတိုင်း ဖိလစ်ပိုင်နိုင်ငံကလည်း ဖါဒီနန်မားကို့စ် ရဲ့လက်အောက်ကနေ လွတ်အောင် ရုန်းထွက်ခဲ့ရတာပါ။ မားကို့စ်လက်ထက် ကျဆင်းသွားခဲ့ရတဲ့ ဖိလစ်ပိုင်နိုင်ငံဟာ ကိုရာဇန် အကွီနို နဲ့ ဖီဒယ်ရာမို့ တို့လက်ထက်ကြမှ ပြန်ပြီးခေါင်းထောင်တိုးတက်လာတာပါခင်ဗျ၊ အဲဒီလိုပြန်ပြီးခေါင်းထောင်လာနိုင်ရခြင်းရဲ့ အကြောင်းရင်းတွေထဲမှာ အရေးအပါဆုံးက နိုင်ငံအတွက်လိုအပ်တဲ့ စွမ်းအင်စီမံခန့်ခွဲမှု ဘဲလို့ လေ့လာမှတ်သားခဲ့ရပါတယ်၊ ကျနော်တို့ရဲ့ဆရာ ဖိလစ်ပိုင်တစ်ယောက်က ရှင်းပြခဲ့တာကတော့– မားကို့စ်လက်ထက်မှာ နိုင်ငံရဲ့စွမ်းအင် ( Electricity )ဟာ လိုအပ်ချက်ရဲ့ထက်ဝက်ဘဲရှိခဲ့ပါတယ်တဲ့ ( လက်ရှိ မြန်မာနိုင်ငံလိုနေမှာပေါ့ဗျာ ) ဖီဒယ်ရာမို့ လက်ထက်မှာ Energy Management ကောင်းအောင်လုပ်လိုက်တာ ကျနော်တို့ရောက်သွားခဲ့တဲ့ ၁၉၉၈ မှာ Electricity ဟာ လိုအပ်ချက်ကိုပြည့်မှီနေရုံမက နောက်ထပ်တစ်ဆလောက် ထပ်သုံးနိုင်သေးတယ်လို့ လက်မထောင် ၀ံ့ကြွား နေနိုင်ပါပြီဗျာ၊ လျှပ်စစ်စွမ်းအင်ရှိတော့ ပြည်ပရင်းနှီးမြုပ်နှံမှုနဲ့အတူ စက်မှုလုပ်ငန်းတွေ အပြိုင်းအရိုင်းတိုးတက်ထွန်းကားလာခဲ့တဲ့ အနီးကပ်ဆုံး ဥပမာတစ်ခုပါ။

တိုးတက်စေချင်သလား? လျှပ်စစ်မီးကောင်းကောင်းရအောင်သာလုပ်ပေးလိုက်ပါ တဲ့ ခင်ဗျ၊

ရခိုင်ပြည်နယ်ကိုအားကောင်းစေချင်ရင် ရခိုင်ကထွက်တဲ့ဓါတ်ငွေ့ကို ရခိုင်ပြည်နယ်ထဲမှာတင် လျှပ်စစ်စွမ်းအင်အဖြစ်ပြောင်းလိုက်နိုင်မယ့်ဓါတ်ငွေ့တာဘိုင်တွေ အရင်ဆုံးတည်ဆောက်ရမှာပါ၊ အခု ဘင်္ဂါလီကိစ္စနဲ့ နိုင်ငံတကာက အာရုံစိုက် ကူညီမယ်ပြောနေကြတုံး ဂျပန်လို ယူအက်စ် လို နိုင်ငံကနေအထောက်အပံ့ယူပြီး တည်ဆောက်လိုက်သင့်ပါတယ်၊ လျှပ်စစ်မီးရပြီဆိုတာနဲ့ စက်မှုလုပ်ငန်းတွေ ခေါင်းထောင်ထလာမှာပါ၊ ဟိုဘက်မှာ ပင်လယ်ထွက်ပေါက်ကြီးလည်းရှိနေတော့ အအေးခန်းလုပ်ငန်းလုပ်ဘို့ ထိုင်းတွေဝင်လာပါလိမ့်မယ်။ အရှေ့ အလယ်ပိုင်းဒေသမှာ Burma Fish ဆိုပြီး ဈေးကွက်ရှိနေပြီဖြစ်တဲ့ ရေခဲရိုက်ငါးလုပ်ငန်းတွေမှာ Product of Myanmar ဆိုပြီးဝင်တိုးနိုင်ပါလိမ့်မယ်။ (လောလောဆယ်တော့ Burma Fish ဆိုလို့ကြည့်လိုက်ရင် ထိုင်းနဲ့ ဘင်္ဂလားဒေရှ် က ထုတ်ပိုးထားတာတွေချည်းဘဲ၊ ကုန်ချောထုတ်ပိုးမှုလေးတစ်ခုနဲ့တင် မြန်မာငါးတွေအပေါ်မှာ သူတို့တွေ အမြတ်ရနေတော့တာ၊ အဘဖေါ ပြောခဲ့တဲ့ ညံ့ကြေးတွေလေ)။

Refugee Camp တွေမှာ မီးပေးနိုင်မယ်ဆိုရင် ဟိုဘက် ဘင်္ဂလားဒေ့ရှ်က အထည်ချုပ်လုပ်ငန်းတွေ လာလုပ်ခွင့်ပေးထားနိုင်ပါတယ်၊ ၉သိန်းအထိရှိနေသူတွေကို တစ်ဖြည်းဖြည်း ပြောင်းရွှေ့ပေးရမှာ ဖြစ်ပါတယ်၊ သားသမီးပွားစီးနိုင်မယ့်သူတွေကို အရင်ဆုံးရွှေ့ပေးသင့်တာပါ။

နှစ်ပေါင်းများစွာကတည်းက လုပ်သင့်လုပ်ထိုက်တာတွေမလုပ်ခဲ့မိတဲ့ အကြွေးဆိုတော့ …. နှစ်နဲ့ချီပြီး ဖြေရှင်းမှရနိုင်တော့မှာပါ။ မူဝါဒကောင်းကောင်း မှာ ခိုင်ခိုင်မာမာရပ်တည်ပြီး စိတ်ရှည်ရှည်နဲ့ဖြေရှင်းရမယ့်ကိစ္စဖြစ်ပါကြောင်း။

ကိဘုရှ် စခန်းလေးတွေ အတွက် Volunteer တွေလိုမယ်ဆိုရင် စွယ်တော်ရွက်လည်း ရှေ့ဆုံးမှ လိုက်ပါတာဝန်ထမ်းဆောင်မည်ဖြစ်ပါကြောင်း။

ရွှင်လန်းချမ်းမြေ့ကြပါစေ၊ အနာရောဂါကင်းကြပါစေ။

With respect,

Swal Taw Ywet.

 

About Swal Taw Ywet

has written 64 post in this Website..

The motto of world best British soldiers SAS is " Who dare win ", so dare to face. Try your best for our mother land. OK? CJ # 1102012