စစ်ကိုင်းတောင်အရှေ့ဘက်မှ အနောက်ဘက်သို့မျှော်ကြည့်ခြင်း

1 အရှေ့ဘက်က မြင်ရတဲ့ စစ်ကိုင်း ဆွမ်းဦးပုညရှင်
1 အရှေ့ဘက်က မြင်ရတဲ့ စစ်ကိုင်းတောင်ပေါ်က ရွှေစေတီ
2 သဲလွှမ်းနေတဲ့ ဧရာဝတီ
2 သဲလွှမ်းနေတဲ့ ဧရာဝတီ

 

3 မင်းဝံတောင်ရိုးကစေတီ
3 မင်းဝံတောင်ရိုးကစေတီ

 

4 အဝေးက တောင်ပေါ်စေတီ
4 အဝေးက တောင်ပေါ်စေတီ
5ေ တာင်ပေါ်က ရွှေအိုး
5ေ တာင်ပေါ်က ရွှေအိုး

 

 

 

6 မင်းဝံပေါ်က တိမ်
6 မင်းဝံပေါ်က တိမ်

 

 

7တောင်ပေါ်စေတီ
7တောင်ပေါ်စေတီ

 

 

8 တိမ်ပြာပြာ စေတီနဲ့သောင်
8 တိမ်ပြာပြာ စေတီနဲ့သောင်

 

“ စစ်ကိုင်းတောင်အရှေ့နားဆီက“

 

ဒီဇင်ဘာဆောင်းတစ်ရက် ရန်ကုန်မှာရွာသူတစ်ယောက်မန်းလေးကိုဖြတ်လို့ စစ်ကိုင်းတောင်ဆီကို

ရောက်လာပါသတဲ့။

အဲဒီမှာသူက မန်းလေးက ရွာသူားတွေကိုတွေ့ချင်တော့ ဖုန်းဆက်လာပါတယ်။

အဲတော့လဲ မန်းလေးက ရွာသူတွေက အပြင်ထွက်လာသူမရှိ။

ရွာသားများဘဲရှိလို့အကြောင်းပြန်ရင်း ရွာသားတွေကို ပေါင်းစုရအောင်မောင်းထုပါတယ်။

(ခေတ်သစ်မောင်းကတော့ ဟန်းဖုန်းပါဘဲ)

ညကတော့ ဟိုလူလဲပါ။

ဒီလူလဲပါ။

ဓါတ်စာပညာရှင် က သူ့ကားနဲ့သွားမယ်ဆိုတာနဲ့အားလုံးကိုကျနော့်ရုံးမှာချိန်းလိုက်ပါတယ်။

ချိန်းထားတာက ဆယ်နာရီ။

ရောက်မလာသေးတော့ အားလုံးကိုထပ်ဆက်သွယ်တော့

တစ်ယောက်က လူကြီးနောက်ဂေါက်ရိုက်။

တစ်ယောက်ကတော့ ကျောက်ကိုက်လို့ အိပ်ယာမထနိုင်။

ဒါနဲဘဲ လာသူသုံးယောက်နဲ့ ကျနော် ပေါင်းလေးယောက်စစ်ကိုင်းတောင်ကို ခရီးဆက်။

ချောင်ကိုမရောက်ဘူးတော့ ရွာသူဆီ ဖုန်းဆက်လို့နေရာမေး။

ဟိုမေးဒီမေးနှစ်ခါလောက်ဆိုတော့ သွားလိုတဲ့နေရာရောက်။

တွေ့ဘူးသူနှစ်ယောက် က မတွေ့ဘူးသူနှစ်ယောက်ကို မိတ်ဆက်။

ရောက်တာနဲ့လက်ဆော့ဘို့ပြင်တဲ့ကျနော်ကို့ ထမင်းအရင်စားပါလို့ပြောပါ၏။

ဒါနဲ့ဘဲ  အလှူထမင်းတွေ ဝဝစား အချိုပွဲချပေးတော့လဲထပ်စား။

စားပြီးတာနဲ့တောင်ပေါ်က ဘုရားတွေကို အလှု့ရှင်ရွာသူမမ ကလိုက်ပြ။

တောင်ပေါ်ကို နည်းနည်းလေးတက်ရပါတယ်။

တောင်အနောက်ဘက်ခြမ်းလဲရောက်ရော။

ကျနော်မြင်ချင်တယ်ဆိုတဲ့ စစ်ကိုင်းတောင်မြင်ကွင်းတွေကို တွေ့ရပါတော့တယ်။

ကျနော်လက်ဆော့ကောင်းနေတုန်း

“လေးပေါက် …….အပေါ်ထပ်တက်ရင် ဒီထက်ပိုလှတယ်နော်” ဆိုတာနဲ့

………………………………………………………………………………….

ကဲ……………………

ရန်ကုန်ကလာတဲ့ ရွာသူ ဘယ်သူပါလဲ?

မန်းလေးက သွားတဲ့လေးယောက်ကဘယ်သူတွေလဲ?

  မလိုက်တဲ့သူနှစ်ယောက်က ဘယ်သူတွေပါလဲ

သိသူနှစ်ယောက် မသိသူနှစ်ယောက်က ဘယ်သူတွေပါလဲ?

 

အပျင်းပြေဖြေကြည့်စမ်းပါအုံး၊

မှန်တယ်ဆိုရင် ပေးမယ့်ဆုကတော့ မနာစေရပါဘူးနော်။

 

ကိုပေါက်လမ်းသလားနေသည်

(18-12-2012)

 

 

 

 

 

 

 

6 comments

  • မဟာရာဇာ အံစာတုံး

    December 30, 2012 at 10:56 am

    ကျုပ်တို့ မြန်မာပြည်မှာ
    လက်ညိုးထိုး မလွဲတဲ့ အထဲမှာ
    ဘုရားစေတီတွေ ပါတယ် …..။
    လက်ညိုးညွှန်ရာ စေတီရှိတယ် … လို့ ဆိုနိုင်လေမလားပဲ …။
    ပုံတွေကို အားပေးသွားပါတယ်ဗျို့ …။

  • Mobile

    December 30, 2012 at 11:20 am

    ကိုအံကြီးရေ ကျုပ်ကတော့ ဒီလိုလေး ပြောလိုက်ချင်တယ်ဗျ
    မြန်မာနိုင်ငံလောက် ဘုရားပေါးသောနိုင်ငံသည် ဂဗာမှာ နတ်ထိ မရှိ
    ကိုပေါက်ရိုက်သောလက်ရာလောက် ကောင်းသော ဒါ့ပုံ သည်လည် ဂဗာမှာ နတ်ထိ မရှိလို့
    ကိုပေါက်ရေ ပုံလေးတွေ အကုန်မိုက်တယ်ဗျ အကုန်လုံးကို ကြိုတ်တယ်ဗျို့

  • Mr. MarGa

    December 30, 2012 at 11:25 am

    ဖြေကြည့်မယ်
    အကုန်တော့ တိဝူးဗျို့
    :hee:

  • မဟာရာဇာ အံစာတုံး

    December 30, 2012 at 11:43 am

    ရန်ကုန်ကလာတဲ့ ရွာသူ ဘယ်သူပါလဲ?
    မန်းလေးက သွားတဲ့လေးယောက်ကဘယ်သူတွေလဲ?
    မလိုက်တဲ့သူနှစ်ယောက်က ဘယ်သူတွေပါလဲ
    သိသူနှစ်ယောက် မသိသူနှစ်ယောက်က ဘယ်သူတွေပါလဲ?

    ==============

    အိမ်းးးးးး :mrgreen:
    နံပါတ်တစ် … မနိုဗွီ .. ပိုသေချာသွားအောင် .. ရွာသူဆိုတော့ အမျိုးသမီးတစ်ဦး ဖြစ်ရမယ် …
    နံပါတ်နှစ် … ဖေပေါက်ဂျီး အသေအချာကို ပါစေရမယ် .. ဟီဟိ
    နံပါတ်သုံး …လူတွေဖြစ်မှာ အသေအချာဘဲ ….
    နံပါတ်လေး … မျက်လုံးနှစ်လုံးစီ ပါတဲ့လူတွေ …..
    ငွင်းးး ငွင်းးး :mrgreen:

    ကိုင်း … ဖြေပြီးပြီ ….
    ကျုပ်ကို တူမလေးနဲ့ ပေးစားဒေါ့ … ဒါဗျဲ

  • ဗုံဗုံ

    December 30, 2012 at 3:28 pm

    ဖြေတော့ပါဘူးလေ သူများတွေ သနားပါတယ် ဆုရချင်ရှာမှာဘဲ :harr:

Leave a Reply