ဖတ်မိသမျူ ဟာသလေးတွေ ပို ့လိုက်ပါတယ်…….

Yin Nyine NwayJuly 17, 20101min662

မဖတ်ရ

ကျနော်ပြောမယ်။ ဒီစာကို မဖတ်ပါနဲ့။ ဘာကြောင့်လဲဆိုတော့ ဒီစာကို ဖတ်လို့
ခင်ဗျားအတွက် ဘာမှ အကျိုးရှိမှာ မဟုတ်ဘူး။ တကယ် အကျိုးမရှိလို့
မဖတ်ရဆိုပြီး ခေါင်းစဉ် တပ်ထားတာပေါ့။ ခင်ဗျား ဆက်ဖတ်တာဟာ ခင်ဗျားရဲ့
ရွေးချယ်ပိုင်ခွင့်ပါ။ တားမြစ်လို့ မရပါဘူး။ ဒါပေမယ့် လုံးဝ မဖတ်ဖို့
ကျနော် ပြောချင်ပါတယ်။ ပြောနေရင်းနဲ့တောင် ခင်ဗျား ဆက်ဖက်နေသေးတယ်နော်။
ကျနော်က ခင်ဗျား အတွက် ပြောနေတာပါ။ ခင်ဗျား ဒါကို နားမထောင်ဘဲ ဆက်ဖတ်နေတာ
ခင်ဗျားအတွက် အကျိုး လုံးဝ မရှိလို့ပါ။ အခုတောင် ခင်ဗျား ဖတ်လာတာ
စာကြောင်းရေ တော်တော်များလာပြီ။ ကျနော်က ခင်ဗျား အကျိုးကို ရှေးရှူပြီး
မဖတ်စေချင်တာပါ။

ဆက်မဖတ်နဲ့တော့နော်။ လုံးဝကို အကျိုး မရှိဘူး။ အကျိုး လုံးဝလုံးဝ မရှိပါ။
အကျိုးမရှိတာကို မြန်မာလို ဒီထက်ရှင်းအောင် ကျနော် ပြောမပြတတ်တော့ဘူး။
အလားတူဘဲ .. မဖတ်ပါနဲ့ကိုလည်း ဒီထက်ရှင်းအောင် မြန်မာလို ရှင်းမပြတတ်ဘူး။
ဒီတော့ ရှင်းရှင်းပြောမယ်။ ဆက်မဖတ်နဲ့။ ပြောနေရင်းနဲ့တောင်
ခင်ဗျားဖတ်လာတာ များသထက် များလာပြီ။ ကျနော် ဘယ်လိုပြောရမလဲဗျာ၊
မဖတ်ပါနဲ့။ ဟုတ်ပြီလား၊ မဖတ်နဲ့တော့။ ဒီစာထဲမှာ ဘာမှပါမှာ မဟုတ်လို့
မဖတ်နဲ့လို့ ပြောနေရတာပေါ့ဗျာ။ လူ့စိတ်ကလည်း အခက်သား၊ မဖတ်ပါနဲ့ဆို
တိုးလို့ဖတ်ချင်တယ်။ ခင်ဗျား တိုးလို့ဖတ်လေ၊ ကျနော်က မဖတ်ဖို့
တားမြစ်ရလေဘဲဗျာ။ မဖတ်ပါနဲ့။ ဘာကြောင့်လဲဆိုတော့ မဖတ်စေချင်လို့ပါ။
အခုပြောရင်းနဲ့ စာတောင်တော်တော် ရှည်သွားပြီ။ ဒါဘဲ။ ကျနော်ပြောမယ်။

ဒီစာကို ခင်ဗျား မဖတ်နဲ့။

——————————

————————————————————————————————————

နင်.ကို ငါ အလုပ်ထုတ် တယ်

ကျွန်တော် ရဲ. အားထားရတဲ. အတွင်းရေးမှူး ဝန်ထမ်းမ လေး ကို ပြီးခဲ.တဲ.
အပတ်က အလုပ်ထုတ် ပစ်ခဲ.ပါတယ်။ ဇာတ်လမ်းက ဒီလိုဗျ။ ပြီးခဲ.တဲ. အပတ်က
ကျွန်တော်. အသက် ၄ဝ ပြည်. မွေးနေ.ပေါ.ဗျာ။ ဒီတော. ထိုနေ. မနက်စောစောထ
ပြီး အိမ်အောက်ဆင်း ရင် မိန်းမ က “Happy Birthday” လို.ပြောတာ ကြည်နူးမယ်
ပြီးတော. အနည်းဆုံးလက်ဆောင်တခုခု ကို လက်ခံမယ် ဆိုတဲ.
ခံစားချက်နဲ.ပေါ.ဗျာ။ တကယ်တမ်းကျတော. သူမ က ကျွန်တော. ကို ဂရုတောင်
မစိုက်ပဲ မီးဖိုချောင်ထဲမှာ အလုပ်ရူပ် နေပါတယ်။ အင်း ငါ.မှာ ကလေးတွေ
ရှိသေးတာပဲ သူတို.ကို ဒီအသက်အရွယ် ရှိ ကျွေးမွေး လာမှ တော. ငါ.ကို
“ံHappy Birthday Daddy” တော. ပြောကောင်းပါတယ်။ ဟာ… ကလေးတွေလဲ ကျွန်တော.
ကို ဂရုမစိုက်ပဲ မနက်စာ ပဲ ငုံ.စား နေခဲ.တယ်လေ။

ဒီလိုနဲ. စိတ်ပျက်လက်ပျက်နဲ. ရုံးကိုသွားခဲ.ပါတယ်။ ရုံးတံခါးလဲ ဖွင်.ကော

အတွင်းရေးမှူး က “Good Morning ဆရာ၊ ဒါနဲ. ကနေ. က ဆရာ.မွေးနေ.နော်။” ဟာ
ဒီတော. ကျွန်တော် အလွန်အံ.အားသင်.သွားခဲ.ပြီး “ဟုတ်တယ် ကွယ်.”
ဆိုပြောခဲ.တယ်။
ရုံးဆင်းချိန်လဲ ရောက်ရော အတွင်းရေးမှူး ကောင်မလေး က တံခါးခေါက်ကာ

အတွင်းရေးမှူး – ဆရာ ကနေ. ဟာ အရမ်းကို မင်္ဂလာရှိတဲ. နေ.ပဲ၊
နောက်ပြီးဆရာ.ရဲ. မွေးနေ.လဲ ဖြစ်နေတော. ညစာ ထွက်စားရအောင်လား။
ကျွန်တော် – ဟာ ကောင်းတာပေါ.ကွ။လာ သွားကျမယ်။

ဒီလိုနဲ. စားသောက်ဆိုင်ရဲ. သီးသန်. အခန်းထဲမှာ ၂ယောက်တည်း စကားတွေ
တဝပြီးပြောရင်း အရက်ကလေး သောက်ရင်း စားသောက်ခဲ.ကျပါတယ်။ အဲ.နောက်တော.
သူမကို အိမ်ပြန်ပို.ပေးမယ် လို. ပြောလိုက်တော.သူမက “ဆရာ သမီး အခန်းကို
လိုက်ခဲ.ပါလား။ ဒီနားလေးမှာပဲ။” ဆိုတော. လိုက်သွားခဲ.တယ်။ သူမ
ထပ်တောင်းဆိုပြန်ပါတယ်။ “ဆရာ အခန်းထဲထိ လိုက်ခဲ.ပါနော်.. နော်…
သမီးတစ်ယောက်တည်း နေတာပါ”။ ကဲ ဒီတော.လဲ အခန်းထဲသို. ထိရောက်သွားခဲ.တယ်။

ကျွန်တော်လည်း အခန်း ထဲ ရောက်ကော သူမ က “ဆရာ သမီး ရေဝင်ချိုးလိုက်ဦးမယ်
ခဏလေးစောင်.နော် ” ဆိုပြီး အခန်းလေး တခုထဲ ဝင်သွားတယ်။ တအောင်.နေတော. သူမ
က မွေးနေ.ကိတ် အကြီးကြီး ကို ကိုင်လာပြီး ကျွန်တော. မိန်းမနဲ. ကလေး တွေ က
နောက်ကနေ ထွက်လာကျပါတယ်။
ဒါနဲ. ကျွန်တော်လဲ ချက်ချင်းဆိုသလိုပဲ “ဟေ. ကောင်မ နင်မနက်ဖြန်
ရုံးတက်စရာ မလိုတော. ဘူး နင်.ကို ငါချက်ချင်း အလုပ်ထုတ်တယ် ” ဆိုပြီး
လက်ညိူး ထိုးပြီး အော်ခဲ.တယ်။

ဘာလို.လဲ ဆိုတော. ကျွန်တော် က သူမ ခုတင်ပေါ်မှ ကိုယ်တုံးလုံး ကြီး နဲ. လှဲ
နေခဲ.လို.ပါပဲ။

————————————————————————————————————————

ခင်နဲ.မောင်

အချက်အပြုတ်……….မောင့်အလုပ်
ထင်းမီးသွေးဝယ်……..မောင်ပဲကွယ်
ဆန်ဆီဆားလဲ……….မောင်ပါပဲ
ကလေးထိန်းကျောင်း….. မောင်ပဲကောင်း
အဖွတ်အလျျော်………မောင်ပဲနော်
သို့သော်…သို့သော်
အလှပြင်ဆိုင်……..ခင်ပဲထိုင်
ဗိုလ်ချူပ်ဈေးသွား…..မောင်မတား
ဆလင်းဘတ်အသစ်…..ခင်အတွက်ဖြစ်
ဘာပဲပြောပြော……..ခင်သဘော…..။

———————————————————————————————————————

အင်ဂျင်နီယာ ဆိုသည်မှာ

တစ်ခါတုန်းက အိနိ္ဒယနိုင်ငံမှာ တိရစ္ဆာန်ဆေးကုဆရာဝန်တစ်ယောက်ဆီကို
လူတစ်ယောက် ဆေးခန်းလာပြပါတယ်။

လူနာ။ ဆရာ ကျွန်တော်အားလပ်ရက်တစ်လရပါတယ်။ အဲဒါ ဒီတစ်လအတွင်း ကျွန်တော်
ကိုယ့်ကိုကိုယ် ကောင်းကောင်းကုစားလို့ ရပါ့မလား သိချင်ပါတယ်။

တိရစ္ဆာန်ဆေးကုဆရာဝန်။ ကျွန်တော် ပြောချင်တာကတော့ ခင်ဗျား မျက်နှာချင်း
ဆိုင်က ဆေးခန်းကို သွားပြရင် ကောင်းမယ်ထင်တယ်။

လူနာ။ မဟုတ်ပါဘူး ဆရာ။ ကျွန်တော် ဆရာ့ ဆီကိုပဲ လာတာပါ။

တိရစ္ဆာန်ဆေးကုဆရာဝန်။ ဒါပေမယ့် ကျွန်တော် က တိရစ္ဆာန် ဆေးကု ဆရာဝန်ပါ။
လူတွေကို ကျွန်တော် မကု ပါဘူး ခင်ဗျ။

လူနာ။ ကျွန်တော် ဆရာ့ ကိုကောင်းကောင်းသိပါတယ်။ ဒါကြောင့်လဲ ဆရာ့ ဆီကို လာတာပါ။

တိရစ္ဆာန်ဆေးကုဆရာဝန်။ မဖြစ်နိုင်ပါဘူးဗျာ။ ဘာလို့လဲ ဆိုတော့ ခင်ဗျား က
ကျွန်တော့် လို စကားပြောတယ်၊ ကျွန်တော့် လိုတွေးတယ်။ ဒါကြောင့်
ခင်ဗျားလည်း လူပဲ လို့ ကျွန်တော် ထင်ပါတယ်။

လူနာ။ ကျွန်တော် ကိုယ့် ကိုကိုယ် လူဆိုတာ ကောင်းကောင်းသိပါတယ် ဆရာ။
ဒါပေမယ့် ကျွန်တော် ရှင်းပြတာကို ဆရာ နားထောင်ပါဦး။

တိရစ္ဆာန်ဆေးကုဆရာဝန်။ ကောင်းပြီလေ။ ပြောပါဦး။

လူနာ။ ကျွန်တော် ဟာ ခွေးတစ်ကောင်လိုပဲ အလုပ် အကြောင်းစဉ်းစားရင်းနဲ့ အိပ် ပါတယ်။
မနက် ရောက်ရင် မြင်းတစ်ကောင်လို ပဲ ထရပါတယ်။
အလုပ် ကို တော့ သမင် တစ်ကောင်လို ပြေးသွား ရပါတယ်။
အလုပ် ထဲမှာ တော့ တစ်နေကုန် မြည်း တစ်ကောင်လို လုပ် ရပါတယ်။
ပြီးတော့ ဆယ့်တစ်လ လုံးလုံး နားရက် မရှိပဲ နွားတစ်ကောင်လို ရုန်းရပါတယ်။
သူဋ္ဌေး ရှေ့မှာတော့ အမြဲတမ်း အမြှီးလေးကုပ်ထားရပါတယ်။
အားချိန်လေးများ နည်းနည်း ရရင်တော့ မျောက် တစ်ကောင်လို ပဲ သားတွေ
သမီးတွေနဲ့ ကစားရပါသေးတယ်။
မိန်းမ ရှေ့ရောက်ရင်တော့ ယုန်တစ်ကောင်လိုပေါ့ဗျာ။

အဲဒီမှာ ဆရာဝန်က ဖြတ်မေးပါတယ်။
တိရစ္ဆာန်ဆေးကုဆရာဝန်။ ခင်ဗျား အင်ဂျင်နီယာထင်တယ်။
လူနာ။ ဟုတ်ပါတယ် ဆရာ။
တိရစ္ဆာန်ဆေးကုဆရာဝန်။ ဒါများ ဗျာ ဒါတွေရှင်းပြနေရသေးတယ်။ အစ ကတည်းက
ကျွန်တော် အင်ဂျင်နီယာပါ လို့ပြောလိုက်ရင် ပြီးရော။ လာလာ ခင်ဗျား ကို
ကျွန်တော် ကလွဲ ရင် ဘယ်သူမှ ကုပေးလို့ ရမှာ မဟုတ်ဖူး။

Forward email တစ်ခုမှ ရပါသည်။ ရေးသူအမည် မသိပါ။

[+/-] Show Full Post…

[+/-]Hide Full Post…

6:45 PM | Labels: ဟာသ | 3 Comments

ယောကျင်္ားရေ မိန်းမခေါင်းကိုက်လိုက်တာ

ရဲ ဝန်ထမ်း တယောက် သည် တပတ်လုံး ညဆိုင်း တာဝန်ကျ နေရာ က တရက်မှာ သူ
အလုပ်စော ပြီး တာနဲ. အိမ်ကို စောစောပြန်လာ ပါတယ်။ မနက် ၂ နာရီ
ခါတိုင်းထက် ၄နာရီ စောပြီး ပြန်လာပါတယ်။
ရဲဝန်ထမ်း ဟာ သူ.မိန်းမ အိပ်နေတာ အိပ်ရေးပျက်မှာ ဆိုးသည်နှင်.
မီးမဖွင်.အမှောင်ထဲမှာ တင် ယူနီဖောင်း အင်္ကျီ ကို ချွတ်ချလိုက်ပြီး
ကိုယ်လုံး ဗလာဖြင်. ခုတင်ပေါ် တက်လိုက်ပါတယ်။
ဒီအခါမှာ သူ.မိန်းမ က ကယောင်းကတန်းနှင်.
မိန်းမ – “ယောကျင်္ား ရေ ဒီမှာ ခေါင်းကိုက်လိုသေတော.မယ် ။ ဟို ၂၄ နာရီ
ဆေးဆိုင်က ခေါင်းကိုက်ပျောက်ဆေးလေး သွားဝယ်ပေးပါလား ဟင်”
ရဲဝန်ထမ်း – “ဝယ်ပေးရမှာပေါ. မိန်းမရယ်၊ ခဏလေးစောင်.နော်”
လို. ဆိုပြီး ကမန်းကတန်း အကျင်္ီ ကောက်ဝတ်ပြီး ဆေးဆိုင်ကိုသွားပါတော.တယ်။
ဆေးဆိုင်ရောက်တော. အရောင်းဝန်ထမ်းက အံ.ဩပြီး
အရောင်းဝန်ထမ်း – “ခင်ဗျား က ဟိုဘက်မြို.နယ် က ရဲမဟုတ်လား”
ရဲဝန်ထမ်း – “ဟုတ်တယ်လေ ဘာလို.လဲ”
အရောင်းဝန်ထမ်း – “ဒါဆို ခင်ဗျား ဘာလို. မီးသတ်သမား ဝတ်စုံကြီး ဝတ်ထားရတာလဲ”
ရဲဝန်ထမ်း – “ဟေ”

[+/-] Show Full Post…

[+/-]Hide Full Post…

6:10 PM | Labels: ဟာသ | 3 Comments

ပေးလိုက်တဲ့အကြံက

ဝေဒနာရှင်လူနာတစ်ယောက်က နာမည်ကြီးစိတ်ရောဂါအထူးကုဆရာဝန်ကြီး ထံလာပြ၍
ညည်းတွားပြောဆိုပါတယ်..

ဝေဒနာရှင် ။ ။ “ဆရာ..ကျနော့်စိတ်ထဲကစွဲလမ်းမှူတွေကြောင့်ဒုက္ခရောက်နေတာ
နှစ်ပေါင်းမနည်းတော့ဘူးဆရာ..
အခုထိဘယ်သူမှလဲကောင်းကောင်းမကုသပေးနိုင်ဘူး..”

အထူးကုဆရာဝန် ။ ။ “အခုချိန်ထိမင်းကို နောက်ဆုံးဘယ်သူကုပေးလိုက်လဲ။”

ဝေဒနာရှင် ။ ။ “အထူးကုဆရာဝန်ဦးဟိုဒင်း ပါဆရာ။”

အထူးကုဆရာဝန် ။ ။ “ဆရာဝန်ဦးဟိုဒင်းလား ..ဟာသိတာပေါ့..
အဲဒီဆရာဝန်ကဘာမှသိတာမဟုတ်ဘူး၊ တော်တော်တုံးတဲ့ဆရာဝန်ပဲဗျ။ ဒါနဲ့
နေပါဦး.. သူကခင်ဗျားကို ဘာတွေများအကြံပေးလိုက်လဲ?”

ဝေဒနာရှင် ။ ။ ” သူက..ဆရာ့ဆီကိုသွားပြ ဖို့လမ်းညွှန်လိုက်ပါတယ်။”

Source: Reader’s Digest Best Jokes

[+/-] Show Full Post…

[+/-]Hide Full Post…

3:47 PM | Labels: ဟာသ | 1 Comments

အမလေး ရှင်မပြန်သေးဘူးလား?

အိမ်ထောင်ရှိသူ အမျိုးသားတစ်ယောက် က သူ.ရဲ. small လေး ဆီကို
အလည်သွားပါတယ်။ သူ.ရဲ. small လေးကလဲ သူ.ကိုတွေ.တိုင်း

Small လေး – “ရှင်.ရဲ. ပသိုင်းမွေး တွေ ကို ရိတ်လိုက်ပါလား ရှင်။ ဒါမှ
ရှင်ရဲ. အင်မတန် ခန်.ညားတဲ. ရုပ်ကို ကျွန်မ ကောင်းကောင်းကြီး
ခံစားလို.ရမှာ”
အမျိုးသား – “ငါ.အိမ်က အဖွားကြီးက အဲ.ဒီ အမွေးကို ကြိုက်တယ်ဟ။ ငါ.သာ
အဲ.ဒီ ပသိုင်းမွေး ကို ရိတ်လိုက် ရင် ငါကို သတ်မှာ။ ဒါဆို ချစ်လေးနဲ.
ဝေးပြီ။”
Small လေး – “တိုတို ကလဲ ရိတ်လိုက်ပါ ချို အဟွန်.အဟွန်.”

Small လေး ရဲ. အချွဲကောင်းမူကြောင်. ထိုအမျိုးသားလဲ သူ.ရဲ. ပသိုင်းမွေး
ကို ရိတ်လိုက်ပါတယ်။
အဲဒီည မှာ ပဲ သူက ကျောပေးပြီး အိပ်နေသော သူ.မယားကြီး ခုတင်ပေါ်ကို
တိတ်တိတ်လေး တက်ပြီး လဲလိုက်စဉ်။ မယားကြီး က ရုတ်တရက် နိုးလာပြီး
လှည်.မကြည်.ပဲ သူ. ရဲ. မျက်နှာ ကို ပွတ်သတ်အာရုံခံလိုက်ခါ “အမလေး
ရှင်မပြန်သေးဘူးလား။ ခဏ နေရင် အိမ်က နွားကြီး ပြန်လာတော.မှာနော်”

[+/-] Show Full Post…

[+/-]Hide Full Post…

8:30 PM | Labels: ဟာသ | 8 Comments

ငှက်ကလေး တစ်ကောင်

ပင်လယ်ကမ်းခြေတွင် ယောကျင်္ား လေး တစ်ယောက် ကိုယ်တုံးလုံး ဖြင်. နေပူစာ
လှုံ နေစဉ် သူ.ဆီကောင်မလေး တစ်ယောက် ဦးတည်၍ လျှောက်လာပါတယ်။ ဒါနဲ. သူကလဲ
ရှက်တာနဲ. သူ.ပစ္စည်း ကို သူဖတ်နေတဲ. သတင်းစာ နဲ.အုပ်ထားလိုက်ပါတယ်။

ကောင်မလေး – ရှင်.သတင်းစာ အောက်မှာ ဘာရှိလဲဟင်။
ကောင်လေး – ငှက်တကောင်ရှိတယ်။

အဲဒီနောက် ကောင်မလေး ကထွက်ပြေးသွားပြီး ကောင်လေး က အိပ်ပျော်သွားခဲ.တယ်။

ဒါနဲ. ကောင်လေး ကနိုးလာတော. နာကျင်စွာဖြင်. သူဆေးရုံရောက်နေမှန်းသိတော.တယ်။
ဒီတော. သူ.ကို ဆေးရုံခေါ်လာတဲ. ရဲက မေးပါတယ် ။

ရဲ – မင်းဘာဖြစ်လာတာလဲ။
ကောင်လေး – မသိဘူး၊ ကျွန်တော် ပင်လယ်ကမ်းခြေမှာ လဲလျှောင်းနေတုန်း
ကောင်မလေး တယောက် က ကျွန်တော. ပစ္စည်းအကြောင်းလာမေးတယ်။
အဲ.နောက်မမှတ်မိတော.ဘူး။

အဲဒီတော. ရဲ က ပင်လယ်ကမ်းခြေ ရှိ ထိုကောင်မလေး ကို သွားရောက်မေးမြန်းပါတော.တယ်။

ရဲ – နင် ဟို ကိုယ်တုံးလုံးနဲ.ကောင်လေး ကို ဘာလုပ်လိုက်တာလဲ။
ကောင်မလေး – အော်သူ.ကိုလား။ ဘာမလုပ်ပါဘူး။ ကျွန်မ က
ငှက်ကလေးနဲ.ဆော.နေတုန်း ငှက်က ကျွန်မကို တံတွေးနဲ. ထွေးတယ်လေ။
ဒါနဲ.ကျွန်မလဲ စိတ်တိုပြီး ငှက်ရဲ.လည်ပင်းကို ချိုးပစ်တယ်၊ ငှက်ဥ ကို
ခွဲပစ်လိုက်ပြီး အသိုက်ကိုပါ မီးရိူ. ပစ်လိုုက်တယ်။

2 comments

  • kopauk mandalay

    July 17, 2010 at 3:42 pm

    ယောက်ျားနဲ့မိန်းမဖောက်ပြန်တဲ့ဟာသတွေက မရီရတော့အပြင်
    ရွံစရာကောင်းလာပါပြီ။
    ဒီပြင်ဟာသလေးတွေတင်ပေးပါအုံးနော်။

  • Myo Min Oo

    June 16, 2012 at 4:30 pm

    အသစ်လေးတွေမျှော်နေမယ်နော်

Leave a Reply