ဆည်းဆာ

နာကျင်မှုတွေ ပေးပေး
ဝမ်းနည်းမှုတွေ ပေးပေး
မင်းကို ကျေးဇူးတင်လျှက်ပါ…
အထီးကျန် ခြောက်သွေ့နေတဲ့ဘဝ
မင်းကြောင့် သာယာ လှပလာခဲ့
တစ်ခါတလေ ထိရှနာကျင်ခဲ့ရတယ် ဆိုရင်တောင်
ငါ့ခံစားမှုတွေကို ဘောင်ခတ်ပေးတဲ့အတွက်
အဲဒီလောင်မြိုက်ခြင်းတွေကို ငါ ကျေနပ်တယ်
ငါ့ရဲ့ ကျောက်ဆစ်နှလုံးသား
ရှင်သန်နိုးကြားလာရတာ
မင်းကြောင့်ပဲမဟုတ်လား
တစ်ချိန်မှာ
အဝေးဆုံးကို ထွက်ခွာသွားရင်တောင်
ငါလေ…
နောင်တတွေ မရပါဘူး
ရေးသမျှ စာ
ဖွဲ့သမျှ ကဗျာတွေတိုင်း
မင်းရဲ့ မှတ်တမ်းတစ်စိတ်တစ်ဒေသ
ခံစားမှုဆိုတာကလည်း
နှလုံးသားအတွက် လိုအပ်တဲ့အာဟာရပဲလေ
ပကာသနတွေ မဖက်ပါနဲ့
တစ်ခဏ, တစ်ဘဝ
သံသရာက ရှည်လွန်းနေသလိုလို
ငါ့အတွက်က
နေမွန်းတည့်ဆို ဆိုသလောက်
ဆည်းဆာကိုတောင် ကြောက်သွားမှာစိုး
မင်းက အရမ်းရိုးသားလွန်းတော့လည်း
ပွန်းပဲ့သွားတဲ့ငါ့အသည်းကို
ငါ့ညနက်တွေထဲမှာပြန်ပြီးမြှုပ်န­ှံ
သုဿာန် သို့မဟုတ်
ရုပ်နာမ်တွေ ပုပ်အက်ဆွေးမြေ့သွားရင်တောင်
မင်းပေးနေကျ ဆင်ခြေလေးတွေအတွက်
ငါ့ရင်ကို
ဟက်တက်ခွဲဖို့ အသင့်ပြင်ထားပြီးသားပါ…။

တောက ကိုရင်
၂၈.၀၇.၁၂

About တောက ကိုရင်

တောက ကိုရင် has written 40 post in this Website..

   Send article as PDF