ဆည်းဆာ

တောက ကိုရင်December 18, 20121min1146

ဆည်းဆာ

နာကျင်မှုတွေ ပေးပေး
ဝမ်းနည်းမှုတွေ ပေးပေး
မင်းကို ကျေးဇူးတင်လျှက်ပါ…
အထီးကျန် ခြောက်သွေ့နေတဲ့ဘဝ
မင်းကြောင့် သာယာ လှပလာခဲ့
တစ်ခါတလေ ထိရှနာကျင်ခဲ့ရတယ် ဆိုရင်တောင်
ငါ့ခံစားမှုတွေကို ဘောင်ခတ်ပေးတဲ့အတွက်
အဲဒီလောင်မြိုက်ခြင်းတွေကို ငါ ကျေနပ်တယ်
ငါ့ရဲ့ ကျောက်ဆစ်နှလုံးသား
ရှင်သန်နိုးကြားလာရတာ
မင်းကြောင့်ပဲမဟုတ်လား
တစ်ချိန်မှာ
အဝေးဆုံးကို ထွက်ခွာသွားရင်တောင်
ငါလေ…
နောင်တတွေ မရပါဘူး
ရေးသမျှ စာ
ဖွဲ့သမျှ ကဗျာတွေတိုင်း
မင်းရဲ့ မှတ်တမ်းတစ်စိတ်တစ်ဒေသ
ခံစားမှုဆိုတာကလည်း
နှလုံးသားအတွက် လိုအပ်တဲ့အာဟာရပဲလေ
ပကာသနတွေ မဖက်ပါနဲ့
တစ်ခဏ, တစ်ဘဝ
သံသရာက ရှည်လွန်းနေသလိုလို
ငါ့အတွက်က
နေမွန်းတည့်ဆို ဆိုသလောက်
ဆည်းဆာကိုတောင် ကြောက်သွားမှာစိုး
မင်းက အရမ်းရိုးသားလွန်းတော့လည်း
ပွန်းပဲ့သွားတဲ့ငါ့အသည်းကို
ငါ့ညနက်တွေထဲမှာပြန်ပြီးမြှုပ်န­ှံ
သုဿာန် သို့မဟုတ်
ရုပ်နာမ်တွေ ပုပ်အက်ဆွေးမြေ့သွားရင်တောင်
မင်းပေးနေကျ ဆင်ခြေလေးတွေအတွက်
ငါ့ရင်ကို
ဟက်တက်ခွဲဖို့ အသင့်ပြင်ထားပြီးသားပါ…။

တောက ကိုရင်
၂၈.၀၇.၁၂

6 comments

  • မောင်ပေ

    December 18, 2012 at 12:19 pm

    ဆည်းဆာ
    မီးလာ
    ကီးရှာ
    တီးနာ
    ဘီးခါ
    ဇီးမာ
    မြည်းကွာ

    • တောက ကိုရင်

      December 18, 2012 at 7:10 pm

      ဆည်းဆာကိုကြို
      မီးမလာလို့ ငိုသလား
      မီးလာဖို့ မလို
      ကီးရှာလို့ ပျိုနားမယ် သံစဉ်ကြူး
      ရင်မှာမြူးသည့် တေးသံကြား

  • Mobile

    December 18, 2012 at 2:57 pm

    မြို့က ဘုန်းကြီးရေ အားပေးသွားပါကြောင်းဗျာ
    ကာရံလေးတွေ လန်းလှပါ၏။

    • တောက ကိုရင်

      December 18, 2012 at 7:14 pm

      ကျေးဇူးပါဗျား
      ကြိုးစားလျက်ပါ

  • ဦးကြောင်ကြီး

    December 19, 2012 at 11:00 am

    ဆည်းဆာ
    နီးလာတဲ့အခါ
    ညည်းလာမိတာ
    အီးပါချင်တယ်ဗျို့…
    (နောက်ထှာ စိတ်အဆိုးနဲ့နော် ကာရံအလွယ် ရှာမရလို့၊ တေဂျင်းဇိုး ကာလနာကြောင်ဇုတ်…. ကိုရင့်ကိုယ်စား ဆဲပေးလိုက်တယ်၊ ကြေပီနော်..) :hee:

    • တောက ကိုရင်

      December 19, 2012 at 2:21 pm

      အဲဗျာ
      ဆဲသဟာဖြင့်
      သည်းမနာသင့်ပေဘူး
      အမြဲသာ ချစ်ရည်လူးခဲ့
      နှစ်တွေကူးလို့ ရာသီပြောင်း
      ဌာနီဟောင်းက စိတ်သစ်နဲ့ကြို
      မိတ်စစ်ဖို့ကို လိုလား
      နှစ်ကိုယ်ကြား စကားတွေဖလှယ်ပေါ့
      သည်တကြိမ်ဆော့ ခွင့်လွှတ်ရမှာပလေ
      ဟေဟေ

Leave a Reply