မိုး အတွက် မိုး

မိုးရိပ်ဆင် မိုးထင်မှ
မိုးကျလွန် မိုးသွန်ဆဲ
မိုးသည်းနေ မိုးလေပြင်း
မိုးမင်းရွာ မိုးလာခို
မိုးညိုမှောင် မိုးရောင်သန်း
မိုးဖြန်းစေ မိုးစွေလျှက်
မိုးစက်မှုန် မိုးတုန်ဟီး
မိုးသီးကြွေ မိုးလေထန်
မိုးမာန်တင်း မိုးညှင်းကဲ
မိုးသည်းစိမ့် မိုးသိမ့်တုန်
မိုးဟုန်ပျံ့ မိုးနံ့သင်း
မိုးဝင်းလက် မိုးသက်ဆင်
မိုးသွင်မှန်း မိုးတမ်းဖွေ
မိုးတွေညို မိုးပြိုနိုး
မိုးကြိုးလက် မိုးသက်တန့်
မိုးလန့်ငို မိုးဆိုမုန်း
မိုးတုန်းမှ မိုးညထဲ
မိုးသည်းပျော် မိုးမျှော်ငေး
မိုးဝေးလို့ မိုးသို့ထံ
မိုးပြန်တမ်း မိုးလွမ်းတုန်း
မိုးသုဉ်းပျက် မိုးစက်သွေ
မိုးကြွေလွင့် မိုးသင့်ဆောင်း
မိုးနှောင်းမှ မိုးကညို
မိုးစိုရွှဲ မိုးထဲမှာ
မိုးလာပြန် မိုးသံကြား
မိုးခါးစွေ မိုးမြေလူး
မိုးဦးမိုး မိုးခိုးရယ်
မိုးဆွယ်လို့ မို့ညို့မှိုင်း
မိုးလှိုင်းလွန့်မိုးကွန့်မြူး
မိုးရူးဆဲ မိုးစဲနေ
မိုးသေလို မိုးကိုရည်
မိုးမိမှာမို့ မုန်းမေ့မည်…။ ။

တောက ကိုရင်
၀၅.၀၈.၂၀၁၂

About တောက ကိုရင်

တောက ကိုရင် has written 40 post in this Website..