သွေးသောက် ကာရန်

သွေးသောက်တွေဆို

ဘေးရောက်စေလိုသလား

သခင်မရယ်

ရင်မှတွယ်ယှက် နှောင်ကြိုးဖျက်ခြွေ

ဘယ်ဆီသွေခွာ နွေလာမှီချဉ်း

ရင်မီး တွင်းလျှံ မြိုထားအန်ထွက်

အဆိပ်တက်ဆို မငိုရဲဘဲ

မျက်ရည်ဝဲတက် မိုးစွေလျှက်နွမ်း

နှလုံးကျွမ်းမြေ့ အသိမေ့ချင်

မတွေ့မြင်လွမ်း တွေးထင်မှန်းဆ

အိပ်ပျက်ညအို သန်းခေါင်ကြိုလင့်

နေခြည်မြင့်တက် တစ်မနက်ကူး

အာရုံမူးဝေ မွန်းတည့်နေပြင်း

နေဆယ်စင်းလို ရင်လှိုက်ဖိုကျွမ်း

နေဝင်နွမ်းလျ အေးမြလရိပ်

တမှေးအိပ်စဉ် အိပ်မက်မြင်ဆဲ

စိတ်ထင်စွဲသည် လွမ်းတမြည်စိုး

ဘဝင်ညှိုးခွေ ညလေပြေဆိတ်

ပြတင်းပိတ်မှ အိပ်ခန်းကကျဉ်း

သူလာချဉ်းကပ် မျက်ဝန်းဟပ်မီး

ရေနှယ်စီးယို ချော်ရည်ဆိုလည်း

သွန်ထုတ်ဆဲမှာ ပါးပြင်သာစို

ထီးကျန်ငိုချင်းအက်ဆစ်ပြင်းလား

သခင်အားရ ကျေနပ်မှလျှင်…။။

(သက်ဆုံးထိတိုင်ပျော်ရွှင်ချင်…။။)

တောက ကိုရင်

၀၅.၀၈.၂၀၁၂

About တောက ကိုရင်

တောက ကိုရင် has written 40 post in this Website..