ဒီနေ့

တကယ်ဆို မေ့နေသင့်တယ်…

 

နှစ်တိုင်း ဒီလိုညနေ

နင့်ကို ဖုန်းတွေခေါ်ခဲ့တယ်…

မနက်ဖြန်အတွက် Happy Birthday ပါလို့…

 

နှစ်တိုင်း ဒီလိုညမှာ

၁၂ နာရီကျော်အောင် ထိုင်စောင့်ဖူးတယ်…

Happy Birthday ကို တိုးတိုးလေးပြောဖို့…

 

နှစ်တိုင်း မနက်ဖြန်ဆို

အစောကြီးဖုန်းဆက်ခဲ့တယ်…

ပထမဆုံးမွေးနေ့ဆုတောင်းပြောဖို့…

 

နှစ်တိုင်း မနက်ဖြန်ညနေဆို

နင့်ဆီကို ရောက်အောင်လာတယ်…

တန်ဖိုးမကြီးလှတဲ့ မွေးနေ့လက်ဆောင်ပေးဖို့…

 

ငါ့မှတ်ဥာဏ်တွေရယ်…

ကျေးဇူးပြုပြီး မေ့သွားပေးပါ…

သူချစ်တဲ့သူ…သူ့ကိုချစ်တဲ့သူ…

ပြီးပြည့်စုံနေတဲ့ သူ့ကို…

ငါ့အိပ်မက်ထဲ ရောက်ရောက်လာတဲ့ သူ့ကို…

ငါ့ကိုမေ့နေမယ့် သူ့ကို…

မနက်ဖြန်မှာ ပျော်နေမယ့် သူ့ကို…

ပြီးတော့…

သူနဲ့ပတ်သက်တဲ့ အရာရာအာလုံးကို… ….။ ။

လုံမလေးမွန်မွန်

About လုံမလေးမွန်မွန်

has written 169 post in this Website..

ကိုယ်ချစ်တဲ့သူတွေကို ကိုယ့်ရဲ့မေတ္တာတရားကို ပြသဖို့ ၀န်မလေးပါနဲ့... ဘ၀ဆိုတာ တိုတိုလေးရယ်ပါ... .... CJ # 11202010

   Send article as PDF