မေ့ချင်တဲ့ မနက်ဖြန်

ဒီနေ့

တကယ်ဆို မေ့နေသင့်တယ်…

 

နှစ်တိုင်း ဒီလိုညနေ

နင့်ကို ဖုန်းတွေခေါ်ခဲ့တယ်…

မနက်ဖြန်အတွက် Happy Birthday ပါလို့…

 

နှစ်တိုင်း ဒီလိုညမှာ

၁၂ နာရီကျော်အောင် ထိုင်စောင့်ဖူးတယ်…

Happy Birthday ကို တိုးတိုးလေးပြောဖို့…

 

နှစ်တိုင်း မနက်ဖြန်ဆို

အစောကြီးဖုန်းဆက်ခဲ့တယ်…

ပထမဆုံးမွေးနေ့ဆုတောင်းပြောဖို့…

 

နှစ်တိုင်း မနက်ဖြန်ညနေဆို

နင့်ဆီကို ရောက်အောင်လာတယ်…

တန်ဖိုးမကြီးလှတဲ့ မွေးနေ့လက်ဆောင်ပေးဖို့…

 

ငါ့မှတ်ဉာဏ်တွေရယ်…

ကျေးဇူးပြုပြီး မေ့သွားပေးပါ…

သူချစ်တဲ့သူ…သူ့ကိုချစ်တဲ့သူ…

ပြီးပြည့်စုံနေတဲ့ သူ့ကို…

ငါ့အိပ်မက်ထဲ ရောက်ရောက်လာတဲ့ သူ့ကို…

ငါ့ကိုမေ့နေမယ့် သူ့ကို…

မနက်ဖြန်မှာ ပျော်နေမယ့် သူ့ကို…

ပြီးတော့…

သူနဲ့ပတ်သက်တဲ့ အရာရာအာလုံးကို… ….။ ။

44 comments

  • Mobile

    December 17, 2012 at 10:08 am

    mဗျာလေးmို အားေuးသွားuါတw ်ဗျာ။ ခံစားချက်mို နားလည်uါတw ် ဒါေuမw ်
    ဘာမျှအားငw ် လွမ်းဆွတ်ကြေmွဲး သတိwနေစရာ မလိုuါဘူး လုံမလေးရေ
    အရာရာရှိတဲ့ အရာရာဖြစ်တဲ့ လောmကြီးမှာ သင့်တော်ရာ သင့်တော်ကြောင်း
    နောm်တစ်ေwာm် ပြောင်းလိုm်ရင် OK! သွားမှာ ဖြစ်uါကြောင်းးးးးးးးးးးးးးးးးးးးးးး

  • ခင်ခ

    December 17, 2012 at 10:11 am

    မေ့ချင်ရက် စက်စက်ယို
    မေ့မရတော့ ငိုရမလို
    မမေ့နိုင်လို့ ဆုတောင်းမယ်ပျို
    Happy Birthday ပါလို့—– ဆို။

  • မဟာရာဇာ အံစာတုံး

    December 17, 2012 at 10:36 am

    မေ့ပစ်ချင်ဆုံး အရာဟာ …
    မေ့ရ အခက်ဆုံး အရာပါပဲ ….။
    ဒါပေမယ့် ကြိုးစားရင် ဘုရားတောင် ဖြစ်နိုင်သေးတာပဲ ..
    အဲ .. ဘာမှလည်း ဆိုင်ဝူးးးနော် … :mrgreen:
    ကဗျာလေးကို အားပေးသွားပါတယ် လုံမလေးရေ ..

  • ဗုံဗုံ

    December 17, 2012 at 10:57 am

    မေ့လိုက်တော့ မမွန် လွမ်းမနေနဲ့တော့
    သူငယ်ချင်းတွေနဲ့ လျှောက်လည် မုန့်တွေဝယ်စား သိလား 🙂

  • ဘဲဥ

    December 17, 2012 at 11:51 am

    ပျောက်လှချည်လား နှင်းကေသရာမလေးရဲ့

    • မဟာရာဇာ အံစာတုံး

      December 17, 2012 at 12:06 pm

      ဟဲ့ ..
      ပျောက်တော့ နင့်အပူလား ဘဲဥမ ရဲ့ …
      လူကိုများ နှင်းကေသရာမလေး .. ဘာလေးနဲ့ ..
      ငါ ထုထည့်လိုက်ရ .. ကွဲတော့မယ် ..
      (ကိုယ်စား ပြောပေးဒါ) :mrgreen:

      • ဘဲဥ

        December 17, 2012 at 2:12 pm

        ဒင်းအကြံဒွေ နာတိနေဒယ်နော ဟွင်း ဟွင်း
        ဟိုမယ် ဟိုမယ် နင့်မိန်းမဆိုလား ထမီစွန်တောင်ဆွဲပီး လိုက်လာနေဘီ :harr:

        • Mobile

          December 17, 2012 at 2:24 pm

          မဟာဘာဂျာဂျီး ကြေားတော့ မိန်းမ ရှိဘူးချို အခုတော့ အလိမ်ပေါ်ဗီပေါ့။
          :harr:

    • လုံမလေးမွန်မွန်

      December 18, 2012 at 9:36 pm

      ဟုတ်ပါ့..မိဥရယ်… ကျုပ်မလည်း ကျုပ်ဒုက္ခနဲ့ကျုပ်..ရွာထဲမဝင်နိုင်ဝူးဖြစ်နေဒယ်…. (အလုပ်များခြင်းကို ဆိုလိုသည်.. 🙂 )

  • နွယ်ပင်

    December 17, 2012 at 1:24 pm

    မွန်ရေ … တစ်ခါတစ်လေကျတော့လည်း မမေ့ပဲထားတာက
    အမှတ်တရလေး ဖြစ်တာပေါ့နော် ….

  • Green Rose

    December 17, 2012 at 2:44 pm

    လုံမလေး မွန်မွန်ရေ

    ကဗျာလေးက ကောင်းတယ်။ ဒါပေမယ့် မမေ့နိုင်သေးပဲ မေ့ဖို့ကြိုးစားရတာ အရမ်းပင်ပန်းပါတယ်။ သတိရချင်လည်း ရပစေပေါ့ ၊ အချိန်ဆိုတဲ့ သမားတော်ကြီးက ကုစားသွားမှာပါ။
    မွန်မွန် ပျော်နေတယ်ဆိုတဲ့ ကဗျာမျိုးလေးတွေကို မျှော်နေမယ်နော်

    • လုံမလေးမွန်မွန်

      December 19, 2012 at 12:01 am

      အားပေးတာ ကျေးဇူးပါ နှင်းဆီစိမ်းလေးရေ…
      တကယ်က မေ့နေတာကြာပါပြီ..ဒါပေမယ့် ဆယ်စုနှစ်တစ်ခုနီးပါးလောက် လုပ်နေကျအကျင့်တစ်ခုက နီးလာတော့ ပြန်သတိရတဲ့သဘောဖြစ်မယ်ထင်ပါတယ်…
      ပျော်နေတဲ့ကဗျာလေးရေးပြီးရင် တင်လိုက်မယ်နော်..

  • Shwe Tike Soe

    December 17, 2012 at 3:04 pm

    ဟေ့ကောင်မလေး …
    မနက်ဖြန်မေ့ဖို.ထက်.. ဒီနေ.မေ့ဖို.ကြိုးစားပါ…
    မေ့ချင်တဲ့သူကို .. မေ့ဖို.မကြိုးစားနဲ.
    သူထက်သာသူတွေ လောကမှာအများကြီး…
    လူချင်ပေမယ့် မရလိုက်တဲ့ ပစ္စည်းကို အတင်းရအောင်ကြိုးစားနေမယ်အချိန်
    အဲဒီ ပစ္စည်းနဲ. ခပ်ဆင်ဆင်တူတာလေးကို လိုက်ဝယ်ရင် အခုလောက်ဆို ရနေလောက်ပေါ့…

    လူငယ်ဆိုတာ လွမ်းနေဖို.အချိန်သိပ်မရှိဘူး………ဒါပဲ

    • MaMa

      December 17, 2012 at 3:59 pm

      ဟုတ်ပါ့။
      ရွှေတိုက်ကို အားကျလိုက်စမ်းပါ။
      ဒါ့ထက် အုပ်အုပ် ပျောက်လို့ ရွှေတိုက်ငိုနေတယ်ဆိုလားးးးးးးးးးး :kwi:

      • Shwe Tike Soe

        December 17, 2012 at 4:04 pm

        မီဒီယာသမားဒွေ ဖွတာကို မယုံပါနဲ အန်တီမမရယ်.. သားဖြင့်ပျော်လို. ဟိဟိဟိဟိ

        • pooch

          December 17, 2012 at 4:17 pm

          တိုက်တိုက် ညားခါစကို ဘာလို့ ဒီလေသံထွက်လာရတာလဲ စိတ်နာချင်စရာကြီး 👿
          ( အုပ်အုပ်ကိုယ်စား ရန်ထောင်ပေးတာ )

          လေဒီတွေ သတိထားကြပါ ဗျို့……………

          မရခင် ဖျာလိုလိပ် ခေါင်းပေါ်တင် ရလည်း ရပြီးရော ပျော်လို့တဲ့ ဟောဒီမှာ :mrgreen:

          မွန်မွန်ရေ အချိန်လေးတော့ ပေးရပါတယ်။ အနာကျက်ပြီးသွားရင် မယုံနိုင်လောက်အောင် ကြံ့ခိုင်သွားပါလိမ့်မယ်။

          တချို့ကျပြန်တော့လည်း ကြံ့ခိုင်လွန်ပြီး မာသွားလို့ အစွန်းရောက်သွားပြန်တယ် 🙁

        • Shwe Tike Soe

          December 17, 2012 at 4:39 pm

          အမလေးနော်…အဲဒါ အပျိုကြီး ဂျွတ်တက် တွေလေသံအစစ်
          သေချာမစဉ်းစားဘူး မိန်းခလေးဒွေဘက်က နာမယ်ဆိုတာချည်းပဲအေ.. ပုချိချိခ်..
          ဒီမယ် ဗျ.. ချစ်လို.ယူထားတာ တန်းဖိုးမထားစရာလား..

          လုံမလေးအတွက်ပြောတာ.. တစ်ခါတလေ စိတ်ပျော့နေရင် ခံရခတ်တယ် မာနေအောင်ကြိုးစားဖို.ပြောဒါ…
          နားလည်လား အပျိုကြီး ဂျွတ်တက်ရေ… မိန်းမတွေဘက်ကချည်းနာမနေနဲ.အုံး…

          အချိန်မပေးနဲ. မွန်မွန် သွားပြီဆိုရင် လှည့်မကြည့်တာကောင်းတယ်.. ဒါပဲ..

          အပျိုကြီး ဂျွတ်တက် ဂွတ်နိုက် ခိခိခိ :kwi: :kwi:

        • pooch

          December 17, 2012 at 4:47 pm

          ဟီး ပြောမှာပဲ ညည်းတို့တွေကပြောနိုင်မှ တော်ကာကျတာ :mrgreen:

          နာက ဂျွတ်တတ်ရုံမက ဆွေးတောင်နေပြီ နောက်နှစ်လောက်ဆို အမှုန့်တောင်ဖြစ်တော့မှာ ဟီး

          ဝမ်းနည်းသွားပြီ ကိုယ့်ဘဝကိုယ် 😥

        • ဟာဂျာ ..
          ဂျီးဒေါ်ဂျွတ်တက် .. အဲလေ .. ယောင်လို့ ..
          ဂျီးဒေါ်ပုချ်ဂလည်း ..
          လူမသေ ငွေမရှားဒဲ့ဂျ …
          အဟီးး ဘာမှလည်း ဆိုင်ဝူးးး :mrgreen:

        • လုံမလေးမွန်မွန်

          December 19, 2012 at 12:15 am

          အစ်မပုချ် နဲ့ တိုက်တိုက်…

          စိတ်က တစ်ခါတစ်လေ အမာဘက်ကို လွန်ထွက်ပြီး အပျော့ဘက်ပြန်ရောက်သွားမှာစိုးလို့ မနည်းထိန်းနေရတယ်..

          အားပေးတာ တကယ်ကျေးဇူးတင်ပါတယ်နော်..

    • လုံမလေးမွန်မွန်

      December 19, 2012 at 12:04 am

      ဟုတ်…မတွေ့တာကြာပေါ့ တိုက်တိုက်ရဲ့…
      လိုချင်တာကိုမရလိုက်မှတော့ တူတာကိုလည်း မလိုချင်ပါဝူး..သူ့ထက်လှတာကိုပဲ ရှာမှာပေါ့..နော့… :mrgreen:

      မလွမ်းတော့ပါဝူးအေ… ဟုတ်တယ်အေ့..အချိန်လည်း သိပ်မရှိဝူး..ရှိတဲ့အချိန်ထဲက စားဖို့နဲ့ အိပ်ဖို့လည်း ဖယ်ရသေးတယ်.. 😛

      ကျေးဇူးနော်…

  • အမွန်ရေ ခံစားချက်လေးကို ထပ်တူခံစားအားပေးခဲ့ပါတယ်…

    အမေ-“ငါ့သမီး ချစ်သူရွေးမယ်ဆိုရင် ကိုယ်ချစ်ကိုမရှာနဲ့၊သူချစ်ကိုရှာကွယ့်”
    သမီး-“အမေပြောတဲ့ သူချစ်ဆိုတဲ့နာမည်ကိုရှာတာ ကိုချစ်တွေချည့်ပဲတွေ့တယ်”

    ဆိုတဲ့ဟာသလေးကိုသတိရမိတယ်…
    ဘာပဲပြောပြော အသည်းကွဲမှ ကဗျာရေးလို့ကောင်းတာတော့အမှန်ပဲအမွန်ရေ..
    :harr:

    • လုံမလေးမွန်မွန်

      December 19, 2012 at 12:06 am

      အမှန်ပဲ အစ်မရေ… ဒီနေ့ကို သတိရလိုက်မိတာ..ကဗျာတစ်ပုဒ်ထွက်လာတယ်…

      စကားမစပ်..အဲ့ သူချစ်ဆိုတာကို ရှာပေး.. :mrgreen:

  • Mr. MarGa

    December 17, 2012 at 6:39 pm

    အသည်းကွဲတော့ ကဗျာလေးတွေထွက်လာ
    အဲဒီကဗျာလေးတွေကို ဂေဇက်ပေါ်တင်တော့ စာမူခလေးတွေထွက်လာ
    ရွာသူားတွေက အားပေးတော့ စိတ်ဓာတ်လေးတွေတက်လာ
    အဲဒီလိုနဲ့ မေ့နိုင်ဖို့ခွန်အားတွေ ရသွားလောက်မယ်လို့ ထင်ပါတယ်
    မေ့လိုက်တော့နော်

  • အလင်းဆက်

    December 17, 2012 at 8:17 pm

    ခံစားချက် ကို ပြင်းပြင်းပြပြ ဖော်ပြ သွားတာလေး…
    ကောင်းလိုက်တာ ။
    ကဗျာဆိုရင်..
    စာလုံးများများ..ဆို
    ကာရန် ပါပါ ဆို..
    သိပ် ရင်မခုန်တတ်တဲ ့
    ကျွန်တော်…

    အခု ကဗျာလေးကိုတော့………….

    ——————————

    မွန်လေးရေ…
    ညည်းကတော့…
    ကဗျာဘက်မှာလည်း.. တော်ချက်…
    🙂

    • လုံမလေးမွန်မွန်

      December 19, 2012 at 12:21 am

      တော်ပါဝူးရှင်… ခံစားချက်နဲ့ဆိုတော့ စကားလုံးတွေ ထွက်လာတာပေါ့…
      အားပေးတာ ကျေးဇူးပါ ကိုအလက်ဆင်း.. 🙂

  • မောင်ပေ

    December 18, 2012 at 12:33 pm

    ဟက်ပီဘက်ဒေး
    တက်စီလှမ်းမေး
    လက်ကီရမ်းခွေး
    ဖက်တီသမ်းအေး
    ရှက်ကီလန်းနွေး

  • Shwe Ei

    December 18, 2012 at 12:57 pm

    ဝမ်းဂိုး တူးကမ်း သရီးရယ်ဒီ ဖိုးဝိတ် ဖိုက်စတန်းဘိုင် လို့ မနက်အိပ်ယာနိုးတိုင်း
    ဖနောင့် တချက်စီပေါက်ပီး ရွတ်ပါလေ။ :mrgreen:
    (အိပ်ပျော်နေသူတေ ဝိုင်းဆဲကျပါလိမ့်မည် ခိခိ)

    • လုံမလေးမွန်မွန်

      December 19, 2012 at 12:35 am

      သူတို့ကို နှိုးစက်မပေးနဲ့တော့လို့..ငါနှိုးပေးမယ်လို့ ပြောလိုက်ရင် အိုကေမယ်ထင်တယ်နော်.. :mrgreen:

  • ခိုင်ဇာ

    December 18, 2012 at 1:07 pm

    မနေ့က ပြောတဲ့ မနက်ဖြန်ဆိုတော့ ဒီနေ့ပေါ့။
    မွန်မွန့်စာလေးဖတ်ပြီး ကိုယ်နဲ့မပတ်သက်ပေမဲ့ စိတ်ထဲ တစ်မျိုးကြီးပါပဲ။
    မမေ့နိုင်တဲ့ကိစ္စဆိုတာမျိုးတော့ အတင်းကြီးမေ့ပါလို့ ခိုင်းလို့တော့ မရဘူးပေါ့လေ။
    မှတ်ဉာဏ်ထဲက မှေးမှိန်သွားမဲ့ အချိန်ကိုပဲ စောင့်ဆိုင်းရမှာပါပဲ။
    တစ်သက်လုံး မမေ့နိုင်အောင် ကောင်းလွန်းတဲ့ မှတ်ဉာဏ်ရှိရင်တော့လည်း………….

    • လုံမလေးမွန်မွန်

      December 19, 2012 at 12:38 am

      ဟုတ်..ဒီနေ့ပါပဲ…အစ်မရေ…
      မွန်မွန်လည်း ကိုယ့်ကဗျာကိုယ်ဖတ်ပြီး ဘယ်လိုကြီးလည်းမသိဝူး.. 🙂
      မေ့နေရင်တော့ ပြန်သတိရအောင်လုပ်တဲ့ အကြောင်းတရားတွေက မျက်စိရှေ့တင်ရှိနေတော့လည်း….

  • ရွှေ ကြည်

    December 18, 2012 at 8:52 pm

    အမွန်ရေ သတိရနေတာကိုမတားပါနဲ့လွှတ်ပေးထားလိုက်ပါ အားရအောင်သာ သတိရပစ်လိုက်စမ်းပါ။
    အားမရရင်ငိုပါငိုလိုက်ဦး ပြီးသွားရင်တော့ခေါင်းကိုမော့ပြီးမျက်ရည်တွေသုတ်လိုက်။
    စာတွေဖတ် သီချင်းနားထောင် အလုပ်တွေကြိုးစားလုပ်လို့ အချိန်ကိုဖြတ်သန်းရင်း အသားကျသွားမှာပါ။
    ကဗျာလေးက သိပ်ကောင်းတယ်။

    • လုံမလေးမွန်မွန်

      December 19, 2012 at 12:42 am

      အစ်မရွှေကြည်ရေ..အားပေးတာ ကျေးဇူးပါနော်..
      ငိုတော့ မငိုပါဝူး.. အေးဆေးပေါ့နော်.. 🙂

Leave a Reply