မိုင်တိုင် 17/10

တောက ကိုရင်December 19, 20121min731

မိုင်တိုင် 17/10

အောက်တိုဘာ တစ်ဆယ့်ခွန်
အချိန်ကာလတွေ လွန်မြောက်
ဒီမွေးနေ့ တစ်ကြိမ်ထပ်ရောက်ပြန်ပြီ…။

ရက်ကို လ,စား .. ခုနှစ်တွေသာ များလို့
ပြက္ခဒိန်တွေ ဟောင်းသွားပေမယ်­့
ငါကရော ဘာတွေ ပြောင်းလဲသွားခဲ့ပြီလဲ…။

တိုးတက်ခြင်းနဲ့ဆုတ်ယုတ်ခြင်း
အောင်မြင်ခြင်းနဲ့ ကျရှုံးခြင်း
လောကဓံ ဖြစ်ပျက်ခြင်းတွေနဲ့လည်း
ရင်းနှီးပြီးသား…။

အတ္တတွေ များများလာတာ
မာနတွေ ခါးခါးလာတာ
ဒီသံသရာ ခရီးကြမ်းမှာလေ…။

မနေ့က အတွေးဟောင်းတွေကို လွှင့်ပစ်
မနက်ဖန်ကို စိတ်ကူးအသစ်တွေနဲ့ ထုဆစ်ဖို့
အနာဂါတ်ကို အားမာန်တွေနဲ့ ရွက်လွှင့်ဖို့
အမေ… ကျနော့်ကို မွေးဖွား
ခွန်အားတွေ ပေးထားခဲ့တာ
ဦးခိုက်ပါတယ် အမေ…။

တစ်နှစ်ပြီး နောက်တစ်နှစ်
သက္ကရာဇ်တွေကို ကျနော် ဖြိုဖျက်
လောကကြီးထဲက အခက်အခဲတွေ
ရဲရဲ ရင်ဆိုင်…
ဘဝရဲ့ ဒိုင်ယာရီကို လှပစွာ ရေးနိုင်ဖို့…
သမိုင်းမှတ်တမ်းတစ်စိတ်တစ်ဒေသ
မိုင်တိုင် အမှတ် (-) မှာ
ကျောက်စိုင်လို ခိုင်မာစွာ ရပ်တည်
နေ့သစ်တွေဆီ ကျနော် ချီတက်
နာရီတွေကို ထည့်မတွက်တော့ဘူး
မွေးဖွား… ရှင်သန်…
ကျနော့်အတွက် နေရာမှန် တစ်ခုရဖို့…
ဒီကနေ့ ဒီအချိန်က စလို့
ရှေ့သို့သာ ဦးတည်
ကျနော့်ရဲ့ ရည်မှန်းချက်တွေပြည့်ဖို့…
မနှစ်ကနဲ့ ဒီတစ်နှစ်
ကျနော်လေ အသွင်သစ်နဲ့
အမေ့အမြင်မှာလည်း သစ်ဖို့…
မျက်လုံးကိုဖွင့် မျက်နှာသစ်
(ဒီနေ့သစ်နဲ့ အတူ)
ကျနော့်ရဲ့ နှစ်သစ်တစ်ခုကိုဖွင့်လှစ်လိုက်ပြီ…..။ ။

(ကိုထက် အတွက် မွေးနေ့ အမှတ်တရ…)

တောက ကိုရင်
၁၇.၁၀.၂၀၁၂

One comment

  • မောင်ပေ

    December 19, 2012 at 8:31 pm

    အဲဒီကိုထက် အတွက် ဆုတောင်း
    မာရှည်ကြီးကြာ ပစေ
    မာ= ကျန်းမာ
    ရှည် = အသက်
    ကြီး = စီးပွား
    ကြာ = အောင်မြင်

Leave a Reply