ဒီိနေ့ရှင်လောင်းလှည့်မဲ့ ရက်လေ
အနော် မနက် ကတည်းက အလုပ်များနေတယ်
မောဝ်းမောဝ်း၊ ပေးပေး တို့ကို ဘေးအိမ်က အမက မိတ်ကပ်အဖွေးသားလိမ်းခြယ်ပေးနေတယ်
ဒေါ်ဒေါ်နဲ့ ဦးလေတို့ကတော့ ရပ်ကွက်လူကြီးနဲ့ ဒီနေ့ကျွေးမဲ့ ကိစ္စ ရှင်လောင်းလှည့်ဖို့ ကားတွေ ပြင်ဆင်နေကြပါတယ်

မောင်ရင်လောင်းဘေးမှာ ကလေးတွေတန်းစီလို့
အားကျတဲ့မျက်နှာပေးတွေနဲ့ထိုင်ကြည့်နေကြပါတယ်
မောင်ရင်လောင်းဝတ်စုံမှာပါတဲ့ ဘော်ကြယ် လှလှလေးတွေကို ကိုင်ကြည့်ရင်း အထူးအဆန်းမျက်လုံးတွေနဲ့ပေါ့

လူပျိုတွေကတော့ မောင်ရင်လောင်းစီမဲ့ကားရယ် ပွဲတခုလုံးမှာ အနှောင့်အယှက်မဖြစ်စေဖို့ နတ်ကောင်းနတ်မြတ်ပင့်ထားတဲ့ နတ်ကား
ဘုရားပင့်ထားတဲ့ကားတွေကို အလှဆင်ကြပါတယ်အရင်ဆုံး ရှေ့ဆုံးမှာ ဘုရားကား
ဘုရားကားပေါ်မှာ ရွှေထီးနှစ်လက်ရယ် လူကြီးတယောက်ရယ်
ရှေ့ခန်းမှာ အနော့ပေါ့ပေါ့
သူ့ကားနောက်မှာ နတ်ကား နတ်ကားမှာ အုန်းငှက်ပျောပွဲရယ် ရွှေထီးနှစ်လက် သူ့နောက်မှာ
မောင်ရင်လောင်း အနော့အကို မောဝ်းမောဝ်း ကား
ရှေ့ခန်းမှာ ဦးဦးက သပိတ်ရယ် ယပ်ရယ်ကိုင်လို့ ဒေါ်ဒေါ်က သင်္ကန်း အလှဆင်ထားတဲ့ ဖလားကိုင်လို့
နောက်ခန်းမှာ မောဝ်းမောဝ်းက အလယ်မှာ အလှဆင်ထားတဲ့ ထိုင်ခုံပေါ်မှာ ရှင်လောင်းထိန်းလို့ခေါ်တဲ့ လူပျိုနှစ်ယောက်ကယောက်က မောဝ်းမောဝ်း နဘေးမှာ တယောက်က ရွှေထီးဆောင်းပေး
သူတို့နဘေးမှာ အပျိုချောချော နှစ်ယောက်က ပေါက်ပေါက်နဲ့ပိုက်ဆံ အကြွေရောထားတဲ့ ဖလားကိုယ်စီနဲ့ပေါ့
သူတို့ကားနောက်မှာ ပေးပေး တို့ကားကလဲ မောဝ်းမောဝ်းလိုပဲ ပေးပေး တို့ကား
ပေးပေး တို့ကားနောက်မှာ ပရိတ်အိုးသုံးအိုးရယ် ပန်းတောင်လေးတွေ ပါတဲ့ ဖလားတွေရယ် လဖက်ထည့်ထားတဲ့ ဖလားရယ် ပေါက်ပေါက် ထည့်ထားတဲ့ ဖလားတွေကို
အပျိုလေးတွေက ကိုင်ပြီလိုက်တယ်
အဲဒီနောက်မှာတော့ ဆွေတော်မျိုးတော် အပေါင်းကတစ်စီး
နောက်ဆုံးမှာတော့ ရှမ်းအိုးစည် မောင်း လဂွင်းနဲ့ ဝါးလက်ခုပ်ပါတဲ့တီးဝိုင်း ကားကတစ်စီး တန်းစီပြီး တောင်ကြီး မြို့လည် ဓမ္မာရုံကို အရင်ချီတတ်ကြပါတယ်
အဲမှာ ပန်းတောင်ကိုင် ပန်းကျဲ စတဲ့စတဲ့ မောင်ရင်လောင်း ဝေယာစ္စလုပ်တဲ့ သူတွေဟာ မိစုံ ဖစုံ ရှိရတယ်တဲ့
အနော်ကတော့ ၂ခါလောက်သာ ကိုင်ခဲ့ဖူးပါတယ်
ဗုံတွေမောင်းတွေနဲ့ဆိုတော့
ရောက်လေရာနေရာမှာ ဝိုင်းကြည့်ကြတော့တာပဲ

မြို့လည်ဓမ္မာရုံလည်းရောက် ဘုရားကန်တော့ ပြီးတာနဲ့ အရှေ့ဘက်တောင်ခြေမှာရှိတဲ့
အဘ ကိုးမြို့ရှင် အမေရေယဉ် ဦးမာဃခေါ် ဦးဦးချူးဂါး တို့က်ု မကန်တော့ပါဘူး သွားပြတယ်လို့ပြောပါတယ်
ဘာပြလည်းတော့ အနော် မတိ ပေါ့ပေါ့က အဲနေရာမှာ ဆြာကြီး စောင့်ရှောက်ပေးဖို့ ဘာဖို့ ညာဖို့ ရွတ်ဖတ်ပေးတယ်
နတ်ပြပြီးတာနဲ့ ဖိုးဖိုးဖွါးဖွါးအိမ်တွေကို တအိမ်ပြီးတစ်အိမ် ကန်တော့ကြ
ဖိုးဖိုးဖွားဖွားနဲ့ ဆရာ ဆရာမ တွေက ဆုပေးကြနဲ့ ရှင်လောင်းလှည့်ပြီးသွားပါလေရော
အိမ်ရောက်ပြီ
အိမ်ရောက်ပြီဆိုတာနဲ့ ရှေ့ကမောင်ရင်လောင်းပါတဲ့ ကားက မောင်ရင်လောင်းရဲ့ ပေါ့ပေါ့မဲ့မဲ့ ချပေးပြီးတာတဲ့ မောင်ရင်လောင်းခေါ်ပြီးပြေးတော့တာပဲ
အိမ်မှာ ကျန်နေခဲ့တဲ့ အပျိုလူပျိုခေါင်းဆောင်တို့က
အိမ်တံခါးသော့ခတ်ပြီးပုန်းနေ
မောင်ရင်လောင်းကို လည်ကုတ်မှာ တင်ချီပြီး မောင်ရင်လောင်းခြေထောက်နဲ့
ရှင်လောင်းထိန်း ကိုယ်ကိုကြိုးနဲ့ ချည်ပြီး စပြီး ကကြေတာ့တာပဲ
အဲဒီအချိန်ဆိုရင်တော့ ရွာက တတ်လာတဲ့သူတွေ လာတဲ့ ဧည့်သည်တွေကံဂုဏ်ပြုဆုငွေတွေပေးကြ
အိမ်သော့ဖွဲ့ထားတဲ့လူတွေကလည်း ငွေနဲ့လဲဖို့တောင်းဆိုကြနဲ့ ပျော်စရာကြီးပေါ့
အဲမှာပြောစရာရှိတာက
အစကပြောတော့ ဒယိကာ ဒယိကာမတွေက ငွေမကိုင်ဘူးဆို
ဟုတ်ပါတယ်
လိုတဲ့ ငွေတွေ တွက်ချက်ပြီးတာနဲ့ ပိုတဲ့ ပိုက်ဆံပဲတောင်းတာပါ
ရှင်လောင်းမလှည်ခင်ကတည်းက ရပ်ကွက်လူကြီးက စီစဉ်ပြီးထည့်ပေးပြီးသားပါ
ပြီးတာနဲ့ ကျွေးမွေးရေးစတာပေါ့
ဒီနေ့တော့ မောလည်းမောဆာလည်းဆာနေမှာဆိုတော့ အများကြီးလည်း စားနိုင်မှာမလို့
~~ ကုလားပဲ ကြာဆန် ဟင်းရည်
~~ ခရမ်းချဉ်သီးသုတ်
ခရမ်းချဉ်သီးသုတ်ကတော့ အင်းသီး အစိမ်းကိုမြေပဲလှော်ထောင်း ကြက်သွန်ဖြူ ဆီသတ် ကြက်သွန်နီ ပါးပါးလှီးပြီး သုတ်ထားတာပါ
~~ ငရုတ်သီးခြောက်ကြော်
~~ ငါးမုန့် သားရေပွကြော်
~~ ငါးရံ့ ခြောက် ဆီပြန်ဟင်းနဲ့ပေါ့ ဂျင်း ကြက်သွန်ဆီသတ်ပြီး ငရံ့ခြောက်နဲ့ ရောချက်ထားတဲ့ ဟင်းဟာ
ပွဲတော်တော်များများမှာ မပါမဖြစ် နာမည်ကြီးဟင်းတခုပါ
စားပြီးသောက်ပြီးတာနဲ့ လက်ဖက် အကြော် နဲ့ အသီးတမျိုးမျိုးကို အချိုပွဲ အဖြစ် ဧည့်ခံပါတယ်
ညနေလည်းစောင်းသွားပြီ

ညနေရောက်တာနဲ့ မောင်ရင်လောင်းတွေခမျာ နားလည်းမနားရသေးဘူး
သူ့ကို ဂုတ်ပိုးပြီး ထပ်ကကြပါသေးတယ်

အဲလို ကနေစဉ်မှာပဲ
လူပျိုတချို့ နဲ့ အပျိုတချို့က နောက်နေ့ ပွဲကြီးနေ့အတွက် ပြင်ဆင်ကြပါတယ်

အပျိုတချို့က ထန်းလျက်ကြို တချို့က ဆန်ကို ပေါက်ပေါက်ဖောက်ကြရပါတယ်
အဲဒီဆန်ဟာ ကောက်သစ်ဖြစ်ရပါမယ်
ဆန်တအိုးလုံး အလေအလွင့်မရှိ အားလုံး တစေ့မကျန် ပေါက်တဲ့ အိုးမှသာလျှင် ယူပါတယ်
ရလာတဲ့ ပေါက်ပေါက်နဲ့ ထန်းလျပ်ရည်ပေါင်းပြီး ပေါက်ပေါက်ဆုတ်ရပါတယ်
ဒီပိုစ့်ရေးရတဲ့ အဓိက အကြောင်းရင်းပါ

ပေါက်ပေါက်ဆုတ်ပြီးတာနဲ့
နံရံကို ပစ်ပေါက်ရပါတယ်
အပျိုတွေပဲ ဆုတ်ရတာပါ
ပစ်ပေါက်လို့ကွဲရင်
အဲဒီအမျိုးသမီးဟာ အပျိုကြီး ဖြစ်တတ်ပါတယ်တဲ့ ခင်ညား
အနောမစမ်းဖူးပါ.
အနော်ထင်တယ်ဂျ အမှန်က
ပေါက်ပေါက်ဆုတ်က တနေ့လုံးထားရမှာဆိုတော့ ကွဲလို့မဖြစ်ဖူး.
ကွဲမှာကြောက်လို့ ကျစ်ကျစ်လုံးအောင် ခြမ်းချောက်လိုက်နဲ့သဘောလားမသိ
ဒါ့ပေမဲ့ ထန်းလျပ်စေးစေးမှာ ကျစ်ကျစ်ပါအောင်အားနဲ့ ဆုတ်မှတော့ တော်တော်နဲ့ ကွဲဘူးဂျ
နောက် မုန်နီ မုန့်ဖြူလို့ခေါ်တဲ့ မုန့်ဆီကြော်နဲ့ ကောက်ညင်းခွပ်ကြော်
သူတို့ကိုထပ်ထားတယ် ခွဲမထားဘူး
အဲလို လုပ်နေတဲ့ အချိန် အပျိုလူပျို စကားနိုင်လုကြတယ်
ဇောင်းမြောင်းပြီ သီချင်းဆိုတာပဲပေါ့
်ငယ်တုန်းက စာမှာ သင်ဖူးပါတယ်
စကားထာတွေဖွဲ့ကြ
တ ဝါးဝါး တဟားဟားနဲ့ ရယ်ကြပေါ့
ကတဲ့ အဖွဲ့ကလည်း က ကြတုန်း
ည ကိုးနာရီမှာတော့ မောင်ရင်လောင်းတွေကို
အနားပေး အလှူဒကာ ဒယိကာမတွေကို အနားပေးလိုက်ပေမဲ့
ကျန်သူတွေကတော့မနားကြပါဘူး
မနက်ဖြန်ကျွေးဖို့ ချက်ပြုတ်ကြရပါတယ်

ပွဲကြီးနေ့မှာ
~~~~ ဝက်သားနီဟင်း
~~~~ ကြက်သားဟင်း
~~~~ ငါးပိ ကောင်ချက်
~~~~ဆေးခါးဟင်း
~~~~ ငရုတ်သီးပွကြော်
~~~~ သေ၇ပွကြော်
~~~~ ဂျူးမြစ်သုတ်

ဝက်သားဟင်း ကြက်သားဟင်းတွေကတော့ ချက်နည်းတူပေမဲ့ ငါးပိကောင်ချက် တော့ တူမယ်မထင်ဘူးဂျ
အနော်တို့မှာ ပင်လယ်စာတွေ ရှားတယ်ဂျ … ပင်လယ်ထွက် ငါးပိ ငါးခြောက်လည်း ရှားတယ်

ငါးပိကောင် ကို ဂျူးမြစ် နဲ့ ငရုတ်သီးစပ်စပ်လေးက အရသာ တကယ်ရှိပါတယ်
ဂျူးမြစ်ကို နုတ်နုတ်လေးညှပ်ပြီး ကြက်သွန်ဖြူ ငရုတ်သီးစိမ်းလေးနဲ့ စပ်စပ်လေးက ထမင်းမြိန်စေပါတယ်

နောက် ဆေးခါးဟင် …. ဆေးခါးဟင်းဆိုတာ ဆောင်းနဲ့ နွေ အကူးမှာပွင့်တဲ့ ဆေးခါးပန်းကို နှင်းခံ နေလှမ်း အခြောက်ခံပြီး ထောင်းထားတဲ့ အမုန့်ကို
ပဲလုံး ဟင်းရေထဲ ထည့်သောက်ကြတာပါ
ဆေးခါးပန်းက ပွင့်ဖတ်ပေါ်မူတည်ပြီး အစွမ်းထက်တယ်လို့ဆိုပါတယ်
မဂဏန်း ပွင့်ဖတ်သာယူပြီး စုံဆို မယူဘူးလို့လဲ ဆိုပါတယ်
အပွင့်လေးတွေက သေးသေးလေးနဲ့ အဖြူရောင်လေးပါ

ပဲလုံးဆေးခါးချက်တာကတော့ နဲနဲခက်တယ်ဗျ
ပဲလုံး ကိုကြို ….
ပဲကြိုတဲ့နေရာမှာ ခ၇မ်းချဉ်သီး၊ ပဲပုတ် ၊ ဂျင်း၊ ကဆော့ခါးသီး (ကဆော့ချိုသီးတော့ တွေ့ဖူးကြမှာပါ အဲဒီအသီးရဲ့အခါးမျို)တွေကိုပါရောပြီး ကြိုပါတယ်
ပဲကျက်ရင် ဆယ်ပြီး ထောင်းပါတယ် … ခရမ်းချဉ်သီးကော ပဲပုတ် ဂျင်း ကဆော့ခါးသီးတွေကိုပါရောပြီးထောင်း ဆုံကျင်းပြီး ပြန်ထည့်…
အားလုံးညက်လို့ ကျက်ခါနီးရင် ကြက်သွန်ဖြုထောင်းပြီးထည့် … ဆား အချိုမုန့်ခတ်ပြီး
စားတဲ့အခါကျမှ ဆေးခါးခတ်ပါတယ်
ပွဲတွေမှာတော့ တခါတည်း ခတ်ထားလိုက်ပါတယ်
အရသာက ခါးသတ်သတ်နဲ့ တော်တော်စားကောင်းပါတယ်
လေနိုင်ပြီး ဆေးဘက်လည်းဝင်တာမလို့ ပွဲတော်တော်များများမှာ အရေသောက်အနေနဲ့ထည့်တဲ့ ဟင်းတခွက်ပါ
သူနဲ့လိုက်ဖက်တဲ့ အသုတ်ကတော့ ဂျူးမြစ်သုတ်ပါ

ဂျူးမြစ်ကို ရေဆေးပြီး အစည်းလိုက်ပြုတ်ပါတယ်
ပြုတ်တဲ့အထဲမှာ ဆီးဖြူသီးပါရောပြီးပြုတ်တယ် ဆီနွင်းနဲ့
နူးလာရင် ဆယ်ပြီး ပါးပါးလှီး …
ကြက်သွန်ဆီသတ်ရယ် … နှမ်းမဲထောင်းရယ်
ခရမ်းချဉ်သီး မီးဖုတ်ပြီး ပဲပုတ်ထောင်းထည့်ပြီး သုတ်ထားတာပါ (ပြောနေရင်း သားရေတောင်ကျလာဘီ)

ဆေးခါးဟင်းနဲ့ ဂျူးမြစ်သုတ်ကတော့ လိုက်ဖက်ဆုံး အတွဲပါပဲ
ချက်တဲ့သူကချက်
ပြင်တဲ့သူကပြင်ပေါ့ ….
စရင်းနောက်ရင်းနဲ့ ညလုံးပေါက် ပြင်ကြတယ်
ဒီလိုနဲ့ပဲ အလှူဝင်နေ့ ပြီးသွားပါလေရော ~~~~

About Yin Nyine Nway

Yin Nyine Nway has written 358 post in this Website..

I m web developer