အလှူဝင်နေ့

Yin Nyine NwayDecember 17, 20121min19320

ဒိနေ့ရှင်လောင်းလှည့်မဲ့ ရက်လေ
အနော် မနက် ကတည်းက အလုပ်များနေတယ်
မောဝ်းမောဝ်း၊ ပေးပေး တို့ကို ဘေးအိမ်က အမက မိတ်ကပ်အဖွေးသားလိမ်းခြယ်ပေးနေတယ်
ဒေါ်ဒေါ်နဲ့ ဦးလေတို့ကတော့ ရပ်ကွက်လူကြီးနဲ့ ဒီနေ့ကျွေးမဲ့ ကိစ္စ ရှင်လောင်းလှည့်ဖို့ ကားတွေ ပြင်ဆင်နေကြပါတယ်

မောင်ရင်လောင်းဘေးမှာ ကလေးတွေတန်းစီလို့
အားကျတဲ့မျက်နှာပေးတွေနဲ့ထိုင်ကြည့်နေကြပါတယ်
မောင်ရင်လောင်းဝတ်စုံမှာပါတဲ့ ဘော်ကြယ် လှလှလေးတွေကို ကိုင်ကြည့်ရင်း အထူးအဆန်းမျက်လုံးတွေနဲ့ပေါ့

လူပျိုတွေကတော့ မောင်ရင်လောင်းစီမဲ့ကားရယ် ပွဲတခုလုံးမှာ အနှောင့်အယှက်မဖြစ်စေဖို့ နတ်ကောင်းနတ်မြတ်ပင့်ထားတဲ့ နတ်ကား
ဘုရားပင့်ထားတဲ့ကားတွေကို အလှဆင်ကြပါတယ်အရင်ဆုံး ရှေ့ဆုံးမှာ ဘုရားကား
ဘုရားကားပေါ်မှာ ရွှေထီးနှစ်လက်ရယ် လူကြီးတယောက်ရယ်
ရှေ့ခန်းမှာ အနော့ပေါ့ပေါ့
သူ့ကားနောက်မှာ နတ်ကား နတ်ကားမှာ အုန်းငှက်ပျောပွဲရယ် ရွှေထီးနှစ်လက် သူ့နောက်မှာ
မောင်ရင်လောင်း အနော့အကို မောဝ်းမောဝ်း ကား
ရှေ့ခန်းမှာ ဦးဦးက သပိတ်ရယ် ယပ်ရယ်ကိုင်လို့ ဒေါ်ဒေါ်က သင်္ကန်း အလှဆင်ထားတဲ့ ဖလားကိုင်လို့
နောက်ခန်းမှာ မောဝ်းမောဝ်းက အလယ်မှာ အလှဆင်ထားတဲ့ ထိုင်ခုံပေါ်မှာ ရှင်လောင်းထိန်းလို့ခေါ်တဲ့ လူပျိုနှစ်ယောက်ကယောက်က မောဝ်းမောဝ်း နဘေးမှာ တယောက်က ရွှေထီးဆောင်းပေး
သူတို့နဘေးမှာ အပျိုချောချော နှစ်ယောက်က ပေါက်ပေါက်နဲ့ပိုက်ဆံ အကြွေရောထားတဲ့ ဖလားကိုယ်စီနဲ့ပေါ့
သူတို့ကားနောက်မှာ ပေးပေး တို့ကားကလဲ မောဝ်းမောဝ်းလိုပဲ ပေးပေး တို့ကား
ပေးပေး တို့ကားနောက်မှာ ပရိတ်အိုးသုံးအိုးရယ် ပန်းတောင်လေးတွေ ပါတဲ့ ဖလားတွေရယ် လဖက်ထည့်ထားတဲ့ ဖလားရယ် ပေါက်ပေါက် ထည့်ထားတဲ့ ဖလားတွေကို
အပျိုလေးတွေက ကိုင်ပြီလိုက်တယ်
အဲဒီနောက်မှာတော့ ဆွေတော်မျိုးတော် အပေါင်းကတစ်စီး
နောက်ဆုံးမှာတော့ ရှမ်းအိုးစည် မောင်း လဂွင်းနဲ့ ဝါးလက်ခုပ်ပါတဲ့တီးဝိုင်း ကားကတစ်စီး တန်းစီပြီး တောင်ကြီး မြို့လည် ဓမ္မာရုံကို အရင်ချီတတ်ကြပါတယ်
အဲမှာ ပန်းတောင်ကိုင် ပန်းကျဲ စတဲ့စတဲ့ မောင်ရင်လောင်း ဝေယာစ္စလုပ်တဲ့ သူတွေဟာ မိစုံ ဖစုံ ရှိရတယ်တဲ့
အနော်ကတော့ ၂ခါလောက်သာ ကိုင်ခဲ့ဖူးပါတယ်
ဗုံတွေမောင်းတွေနဲ့ဆိုတော့
ရောက်လေရာနေရာမှာ ဝိုင်းကြည့်ကြတော့တာပဲ

မြို့လည်ဓမ္မာရုံလည်းရောက် ဘုရားကန်တော့ ပြီးတာနဲ့ အရှေ့ဘက်တောင်ခြေမှာရှိတဲ့
အဘ ကိုးမြို့ရှင် အမေရေယဉ် ဦးမာဃခေါ် ဦးဦးချူးဂါး တို့က်ု မကန်တော့ပါဘူး သွားပြတယ်လို့ပြောပါတယ်
ဘာပြလည်းတော့ အနော် မတိ ပေါ့ပေါ့က အဲနေရာမှာ ဆြာကြီး စောင့်ရှောက်ပေးဖို့ ဘာဖို့ ညာဖို့ ရွတ်ဖတ်ပေးတယ်
နတ်ပြပြီးတာနဲ့ ဖိုးဖိုးဖွါးဖွါးအိမ်တွေကို တအိမ်ပြီးတစ်အိမ် ကန်တော့ကြ
ဖိုးဖိုးဖွားဖွားနဲ့ ဆရာ ဆရာမ တွေက ဆုပေးကြနဲ့ ရှင်လောင်းလှည့်ပြီးသွားပါလေရော
အိမ်ရောက်ပြီ
အိမ်ရောက်ပြီဆိုတာနဲ့ ရှေ့ကမောင်ရင်လောင်းပါတဲ့ ကားက မောင်ရင်လောင်းရဲ့ ပေါ့ပေါ့မဲ့မဲ့ ချပေးပြီးတာတဲ့ မောင်ရင်လောင်းခေါ်ပြီးပြေးတော့တာပဲ
အိမ်မှာ ကျန်နေခဲ့တဲ့ အပျိုလူပျိုခေါင်းဆောင်တို့က
အိမ်တံခါးသော့ခတ်ပြီးပုန်းနေ
မောင်ရင်လောင်းကို လည်ကုတ်မှာ တင်ချီပြီး မောင်ရင်လောင်းခြေထောက်နဲ့
ရှင်လောင်းထိန်း ကိုယ်ကိုကြိုးနဲ့ ချည်ပြီး စပြီး ကကြေတာ့တာပဲ
အဲဒီအချိန်ဆိုရင်တော့ ရွာက တတ်လာတဲ့သူတွေ လာတဲ့ ဧည့်သည်တွေက ံဂုဏ်ပြုဆုငွေတွေပေးကြ
အိမ်သော့ဖွဲ့ထားတဲ့လူတွေကလည်း ငွေနဲ့လဲဖို့တောင်းဆိုကြနဲ့ ပျော်စရာကြီးပေါ့
အဲမှာပြောစရာရှိတာက
အစကပြောတော့ ဒယိကာ ဒယိကာမတွေက ငွေမကိုင်ဘူးဆို
ဟုတ်ပါတယ်
လိုတဲ့ ငွေတွေ တွက်ချက်ပြီးတာနဲ့ ပိုတဲ့ ပိုက်ဆံပဲတောင်းတာပါ
ရှင်လောင်းမလှည်ခင်ကတည်းက ရပ်ကွက်လူကြီးက စီစဉ်ပြီးထည့်ပေးပြီးသားပါ
ပြီးတာနဲ့ ကျွေးမွေးရေးစတာပေ့ါ
ဒီနေ့တော့ မောလည်းမောဆာလည်းဆာနေမှာဆိုတော့ အများကြီးလည်း စားနိုင်မှာမလို့
~~ ကုလားပဲ ကြာဆန် ဟင်းရည်
~~ ခရမ်းချဉ်သီးသုတ်
ခရမ်းချဉ်သီးသုတ်ကတော့ အင်းသီး အစိမ်းကိုမြေပဲလှော်ထောင်း ကြက်သွန်ဖြူ ဆီသတ် ကြက်သွန်နီ ပါးပါးလှီးပြီး သုတ်ထားတာပါ
~~ ငရုတ်သီးခြောက်ကြော်
~~ ငါးမုန့် သားရေပွကြော်
~~ ငါးရံ့ ခြောက် ဆီပြန်ဟင်းနဲ့ပေါ့ ဂျင်း ကြက်သွန်ဆီသတ်ပြီး ငရံ့ခြောက်နဲ့ ရောချက်ထားတဲ့ ဟင်းဟာ
ပွဲတော်တော်များများမှာ မပါမဖြစ် နာမည်ကြီးဟင်းတခုပါ
စားပြီးသောက်ပြီးတာနဲ့ လက်ဖက် အကြော် နဲ့ အသီးတမျိုးမျိုးကို အချိုပွဲ အဖြစ် ဧည့်ခံပါတယ်
ညနေလည်းစောင်းသွားပြီ

ညနေရောက်တာနဲ့ မောင်ရင်လောင်းတွေခမျာ နားလည်းမနားရသေးဘူး
သူ့ကို ဂုတ်ပိုးပြီး ထပ်ကကြပါသေးတယ်

အဲလို ကနေစဉ်မှာပဲ
လူပျိုတချို့ နဲ့ အပျိုတချို့က နောက်နေ့ ပွဲကြီးနေ့အတွက် ပြင်ဆင်ကြပါတယ်

အပျိုတချို့က ထန်းလျက်ကြို တချို့က ဆန်ကို ပေါက်ပေါက်ဖောက်ကြရပါတယ်
အဲဒီဆန်ဟာ ကောက်သစ်ဖြစ်ရပါမယ်
ဆန်တအိုးလုံး အလေအလွင့်မရှိ အားလုံး တစေ့မကျန် ပေါက်တဲ့ အိုးမှသာလျှင် ယူပါတယ်
ရလာတဲ့ ပေါက်ပေါက်နဲ့ ထန်းလျပ်ရည်ပေါင်းပြီး ပေါက်ပေါက်ဆုတ်ရပါတယ်
ဒီပိုစ့်ရေးရတဲ့ အဓိက အကြောင်းရင်းပါ

ပေါက်ပေါက်ဆုတ်ပြီးတာနဲ့
နံရံကို ပစ်ပေါက်ရပါတယ်
အပျိုတွေပဲ ဆုတ်ရတာပါ
ပစ်ပေါက်လို့ကွဲရင်
အဲဒီအမျိုးသမီးဟာ အပျိုကြီး ဖြစ်တတ်ပါတယ်တဲ့ ခင်ညား
အနောမစမ်းဖူးပါ.
အနော်ထင်တယ်ဂျ အမှန်က
ပေါက်ပေါက်ဆုတ်က တနေ့လုံးထားရမှာဆိုတော့ ကွဲလို့မဖြစ်ဖူး.
ကွဲမှာကြောက်လို့ ကျစ်ကျစ်လုံးအောင် ခြမ်းချောက်လိုက်နဲ့သဘောလားမသိ
ဒါ့ပေမဲ့ ထန်းလျပ်စေးစေးမှာ ကျစ်ကျစ်ပါအောင်အားနဲ့ ဆုတ်မှတော့ တော်တော်နဲ့ ကွဲဘူးဂျ
နောက် မုန်နီ မုန့်ဖြူလို့ခေါ်တဲ့ မုန့်ဆီကြော်နဲ့ ကောက်ညင်းခွပ်ကြော်
သူတို့ကိုထပ်ထားတယ် ခွဲမထားဘူး
အဲလို လုပ်နေတဲ့ အချိန် အပျိုလူပျို စကားနိုင်လုကြတယ်
ဇောင်းမြောင်းပြီ သီချင်းဆိုတာပဲပေါ့
်ငယ်တုန်းက စာမှာ သင်ဖူးပါတယ်
စကားထာတွေဖွဲ့ကြ
တ ဝါးဝါး တဟားဟားနဲ့ ရယ်ကြပေ့ါ
ကတဲ့ အဖွဲ့ကလည်း က ကြတုန်း
ည ကိုးနာရီမှာတော့ မောင်ရင်လောင်းတွေကို
အနားပေး အလှူဒကာ ဒယိကာမတွေကို အနားပေးလိုက်ပေမဲ့
ကျန်သူတွေကတော့မနားကြပါဘူး
မနက်ဖြန်ကျွေးဖို့ ချက်ပြုတ်ကြရပါတယ်

ပွဲကြီးနေ့မှာ
~~~~ ဝက်သားနီဟင်း
~~~~ ကြက်သားဟင်း
~~~~ ငါးပိ ကောင်ချက်
~~~~ဆေးခါးဟင်း
~~~~ ငရုတ်သီးပွကြော်
~~~~ သရေပွကြော်
~~~~ ဂျူးမြစ်သုတ်

ဝက်သားဟင်း ကြက်သားဟင်းတွေကတော့ ချက်နည်းတူပေမဲ့ ငါးပိကောင်ချက် တော့ တူမယ်မထင်ဘူးဂျ
အနော်တို့မှာ ပင်လယ်စာတွေ ရှားတယ်ဂျ … ပင်လယ်ထွက် ငါးပိ ငါးခြောက်လည်း ရှားတယ်

ငါးပိကောင် ကို ဂျူးမြစ် နဲ့ ငရုတ်သီးစပ်စပ်လေးက အရသာ တကယ်ရှိပါတယ်
ဂျူးမြစ်ကို နုတ်နုတ်လေးညှပ်ပြီး ကြက်သွန်ဖြူ ငရုတ်သီးစိ်မ်းလေးနဲ့ စပ်စပ်လေးက ထမင်းမြိန်စေပါတယ်

နောက် ဆေးခါးဟင် …. ဆေးခါးဟင်းဆိုတာ ဆောင်းနဲ့ နွေ အကူးမှာပွင့်တဲ့ ဆေးခါးပန်းကို နှင်းခံ နေလှမ်း အခြောက်ခံပြီး ထောင်းထားတဲ့ အမုန့်ကို
ပဲလုံး ဟင်းရေထဲ ထည့်သောက်ကြတာပါ
ဆေးခါးပန်းက ပွင့်ဖတ်ပေါ်မူတည်ပြီး အစွမ်းထက်တယ်လို့ဆိုပါတယ်
မဂဏန်း ပွင့်ဖတ်သာယူပြီး စုံဆို မယူဘူးလို့လဲ ဆိုပါတယ်
အပွင့်လေးတွေက သေးသေးလေးနဲ့ အဖြူရောင်လေးပါ

ပဲလုံးဆေးခါးချက်တာကတော့ နဲနဲခက်တယ်ဗျ
ပဲလုံး ကိုကြို ….
ပဲကြိုတဲ့နေရာမှာ ခရမ်းချဉ်သီး၊ ပဲပုတ် ၊ ဂျင်း၊ ကဆော့ခါးသီး (ကဆော့ချိုသီးတော့ တွေ့ဖူးကြမှာပါ အဲဒီအသီးရဲ့အခါးမျို)တွေကိုပါရောပြီး ကြိုပါတယ်
ပဲကျက်ရင် ဆယ်ပြီး ထောင်းပါတယ် … ခရမ်းချဉ်သီးကော ပဲပုတ် ဂျင်း ကဆော့ခါးသီးတွေကိုပါရောပြီးထောင်း ဆုံကျင်းပြီး ပြန်ထည့်…
အားလုံးညက်လို့ ကျက်ခါနီးရင် ကြက်သွန်ဖြုထောင်းပြီးထည့် … ဆား အချိုမုန့်ခတ်ပြီး
စားတဲ့အခါကျမှ ဆေးခါးခတ်ပါတယ်
ပွဲတွေမှာတော့ တခါတည်း ခတ်ထားလိုက်ပါတယ်
အရသာက ခါးသတ်သတ်နဲ့ တော်တော်စားကောင်းပါတယ်
လေနိုင်ပြီး ဆေးဘက်လည်းဝင်တာမလို့ ပွဲတော်တော်များများမှာ အရေသောက်အနေနဲ့ထည့်တဲ့ ဟင်းတခွက်ပါ
သူနဲ့လိုက်ဖက်တဲ့ အသုတ်ကတော့ ဂျူးမြစ်သုတ်ပါ

ဂျူးမြစ်ကို ရေဆေးပြီး အစည်းလိုက်ပြုတ်ပါတယ်
ပြုတ်တဲ့အထဲမှာ ဆီးဖြူသီးပါရောပြီးပြုတ်တယ် ဆီနွင်းနဲ့
နူးလာရင် ဆယ်ပြီး ပါးပါးလှီး …
ကြက်သွန်ဆီသတ်ရယ် … နှမ်းမဲထောင်းရယ်
ခရမ်းချဉ်သီး မီးဖုတ်ပြီး ပဲပုတ်ထောင်းထည့်ပြီး သုတ်ထားတာပါ (ပြောနေရင်း သားရေတောင်ကျလာဘီ)

ဆေးခါးဟင်းနဲ့ ဂျူးမြစ်သုတ်ကတော့ လိုက်ဖက်ဆုံး အတွဲပါပဲ
ချက်တဲ့သူကချက်
ပြင်တဲ့သူကပြင်ပေါ့ ….
စရင်းနောက်ရင်းနဲ့ ညလုံးပေါက် ပြင်ကြတယ်
ဒီလိုနဲ့ပဲ အလှူဝင်နေ့ ပြီးသွားပါလေရော ~~~~

20 comments

  • Mon Kit

    December 17, 2012 at 1:55 pm

    ~~~~ ဝက်သားနီဟင်း
    ~~~~ ကြက်သားဟင်း
    ~~~~ ငါးပိ ကောင်ချက်
    ~~~~ဆေးခါးဟင်း
    ~~~~ ငရုတ်သီးပွကြော်
    ~~~~ သရေပွကြော်
    ~~~~ ဂျူးမြစ်သုတ်
    အနော်ရေ… ဝက်သားနီဟင်း ကလွဲလို့ ကျန်ဟင်းတွေ သားရည်ကျရင်း စိတ်ထဲတင် မြည်းစမ်းသွားတယ်…
    ဆက်ရန်ရှိသေး.. ဟုတ်!

    • Yin Nyine Nway

      December 17, 2012 at 3:03 pm

      ရက်စ် ချိတေးတယ် ပွဲကြီးနေ့ရယ်…
      အောင်ပွဲခံတာရယ် ….

  • Mobile

    December 17, 2012 at 2:02 pm

    အလှူနဲ့ပတ်သတ်လို့ ကျုပ်တို့ ငယ်ငယ်က နယ်ဖက်မှာ အလှူ လှည့်တာလေးတွေနဲ့
    ပတ်သတ်ပြီး သတိယမိတယ်ဗျာ ချင်းတွင်း ဒိုးသံလေးကို ပိုပြီး သတိယမိပေသပေါ့။
    ပေါက်ပေါက် ဆုပ်ပြီး နံရံ ပစ်ပေါက်လို့ ကွဲရင် အပျိုကြီးဖြစ်တယ်တဲ့ အဆန်းပါလား
    ဖြစ်မဖြစ် စမ်းကြည့်ချင်သား။ ပစ်ပေါက်တာကွဲလို့ အပျိုကြီးဖြစ်မယ် သတ်မှတ်ခံထားရတဲ့
    အပျိုကြီးလောင်းပေါ့ အဲ့ဒီတစ်ယောက်ရဲ့ လိပ်စာလေးရယ် ဖုန်းနံပါတ်လေးရယ် နာမည်လေးရယ်
    ကိုယ်ရေး အကျဉ်းလေးရယ် စတဲ့အချက်အလက်လေးတွေ ရမယ်ဆိုလို့ကတော့
    အပျိုကြီးဖြစ်မဖြစ် တစ်ပွဲတစ်လမ်းတော့ လောင်းတမ်းတောင် ချလိုက်ချင်တယ်။

    • Yin Nyine Nway

      December 17, 2012 at 3:08 pm

      ဖြစ်မဖြစ်တော့ မသိပေမဲ့ အယူသီးမှုတခုနေမှာပါ
      အနော်တို့ဘက်မှာ အယူသီးမှုတွေ များတယ်
      တခုခုဆို အယူ သိပ်သည်းကြတယ်
      ပြီးတော့ ကြည့်ရပုံ ချိန်းခြောက်တာလားမသိပေမဲ့
      ယုံကြည်သူကတော့ ယုံကြည်နေကောင်းတုန်း
      ဥပမာ ဖောင်တော်ဦးဘုရားလှေကို ဆွဲခဲ့ဖူးတဲ့လုက
      နောက်တခါ မဆွဲရင် နူနာဖြစ်တတ်တယ်တဲ့
      အနော့်အကိုမှ ရုပ်ချော လာတာမှဖြင့် ခုဆို ထိုင်းမှာ ရုပ်ရှင်တောင် ရိုက်နေပြီ
      အဲလိုဆို ဘယ်လိုလုပ်မလဲ

      • Mobile

        December 17, 2012 at 6:00 pm

        မှန်ပေသပေါ့ဗျာ ကျုပ်ဆိုလိုတဲ့ အဓိကလိုရင်က ဒါပဲဗျ။
        ရှေးအစဉ် အဆက် အယူတစ်ခုကို လူတွေက လက်ခံလားခဲ့ကြတယ်
        အသိဉာဏ် အကြားအမြင် ဗဟုသုတ နည်းပါးသူတွေက ဒါကို စွဲးမြဲး
        လက်ခံလာကြတော့ ကြာလာရင် ဓလေ့တစ်ခုလို ဖြစ်လာတာပေါ့။
        အသိဉာဏ် ဖြင့်ယှဉ်၍ ရှေးထုံးကိုလဲ ပယ်သင့်ပယ် ဈေးသုံးကိုလဲ
        ကြွယ်သင့်ကြွယ် ရပေမပေါ့။
        ဈေးသုံး မကြွယ်မိလို့ ကျုပ်ဆီမှာ ဂျင်းထည့်ခံ ထားရတဲ့ ပစ္စည်းတွေ
        တော်တော်များများ အောင်းနေတယ်ဗျာ။
        :byae: :byae: :byae:
        ဒါကြောင့် အသိဉာဏ်ဖြင့် ယှဉ်၍ ရှေးထုံးလဲ ပယ်သင့် ပယ်၍
        ဈေးသုံးလဲ ကြွယ်သင့် ကြွယ်ရမည်ဖြစ်ပါကြောင်းးးးးးးးးးး

  • MaMa

    December 17, 2012 at 4:19 pm

    အဲ- အလှူလုပ်တာကိုဖတ်ပြီး ရှမ်းဟင်းလေးတွေတောင် စားချင်လာပြီ။ :hee:

  • pooch

    December 17, 2012 at 5:05 pm

    ဆေးခါးဟင်းရည်က မန်းမှာတော့ ဝင်းစံပါယ်မှာ ဥပုသ်နေ့တိုင်း ဒါန ပြုတယ်။
    ခုပြောပြတဲ့ ရှမ်းစာလေးတွေတချို့လည်း အဲ့ဒီဆိုင်မှာ ရတတ်တယ်။

    အဖိုးကြီးကျော် ဆိုတာလေးကလည်း အရမ်းစားကောင်းတယ်။

    မူစယ် နာမ့်ခမ်း ဘက်မှာတော့ ရှင်လောင်းထိမ်းတဲ့ စုံတွဲကို မဲ့လိင်စောင် မဲ့လိင်မောင်လို့ ခေါ်ကြတယ်မှတ်တယ်။ ( စာလုံးပေါင်းမှားမယ်ထင်တယ်)

  • မောင်ပေ

    December 17, 2012 at 7:05 pm

    အားပါးပါး ရှလွတ်စ်
    ထမင်းစားနေတုန်း ဖတ်မိတာနဲ ့ကွက်တိပဲ
    မင်းသိင်္ခလိုမျိုး စာဖတ်သူကို စားချင်စိတ် လိုင်စင်းဓါတ် အပြည့်ပေးသော တီးမိန်မိန်

  • Mr. MarGa

    December 17, 2012 at 8:13 pm

    နောက် ဆေးခါးဟင်း …. ဆေးခါးဟင်းဆိုတာ ဆောင်းနဲ့ နွေ အကူးမှာပွင့်တဲ့ ဆေးခါးပန်းကို နှင်းခံ နေလှမ်း အခြောက်ခံပြီး ထောင်းထားတဲ့ အမုန့်ကို
    ပဲလုံး ဟင်းရေထဲ ထည့်သောက်ကြတာပါ
    ဆေးခါးပန်းက ပွင့်ဖတ်ပေါ်မူတည်ပြီး အစွမ်းထက်တယ်လို့ဆိုပါတယ်
    မဂဏန်း ပွင့်ဖတ်သာယူပြီး စုံဆို မယူဘူးလို့လဲ ဆိုပါတယ်
    အပွင့်လေးတွေက သေးသေးလေးနဲ့ အဖြူရောင်လေးပါ

    သမ္ဘူလရေ
    ဦးမာဃတော့ အဲဒီ ဆေးခါးဟင်းကို မိုင်းသောက် သွားတုန်းက တစ်ခါ စားဖူးတယ်
    လျှာကို လည်သွားတာပဲ :kwi:
    ဒါနဲ့
    ဦးမာဃက ဘာလို့ ကိုးမြို့ရှင်ရယ် အမေရေယဉ် ရယ်နဲ့ တစ်တန်းတည်း ဖြစ်နေတာလဲ
    အဲဒါလေး နည်းနည်း ရှင်းပေးပါဦး
    ဟဲဟဲ

    • Yin Nyine Nway

      December 18, 2012 at 12:43 pm

      အနော် နတ်အကြောင်းတော့ သိပ်မတိဘူး အူးအူးချူးဂါး
      ထားတာကတော့ တစ်တန်းတည်းပဲ
      အားလုံးကိုလိုက်ပြတာပဲ
      ကိုးမြို့ရှင်ကတော့ မကိုးကွယ်မနေရ ကိုးကွယ်ရတယ်ပြောတယ်
      အနော့်အိမ်မှာတော့ မချိဘူး 😛
      နောက် အမေမော်တော် (အမေ ရေယာဉ်)ကတော့ အင်းသူအင်းသားတွေ မကိုးကွယ်မနေရတဲ့
      အနော့်အိမ်မှာတော့ မချိဘူး
      နတ်နန်းမှာ ချိချိသမျှ ချူဂါးကော မော်တော်ကော စုံစိနေအောင် ထားပြီး စုံစိနေအောင်တော့ ပြကြတာပဲ
      ဘယ်နတ်ကို ပြလည်းတော့မသိပေမဲ့
      သေချာတာကတော့ ကိုးမြို့ရှင်၊ အမေမော်တော်နဲ့ ဖိုးချူးဂါးကို အဓိက ပြကြတယ်

      • San Hla Gyi

        December 19, 2012 at 9:48 pm

        နှစ်ယောက်စလုံး မှားများ နေသလားလို့။ ကျနော့်စိတ်ထင် မရင်ငြိမ်းနွယ် ရေးတာ မှားနေတယ် ထင်တယ်။ ကိုးမြို့ရှင်နဲ့ အမေရေယာဉ် မဖြစ်နိုင်ဘူး ထင်တယ်။ ကိုးမြို့ရှင်နဲ့ ပုလဲယာဉ် ဖြစ်ပါလိမ့်မယ်။ သူတို့က မောင်နှမတွေပဲ။ အမေရေယာဉ်က သပ်သပ်ပါ။

  • အရီးခင်လတ်

    December 18, 2012 at 5:02 am

    တော်ရုံ စုဆောင်းထားရုံနဲ့ ဒီလို ကျွေးပြီး လှူနိုင်မယ် မထင်ဘူး။
    အခု ၃နပ်လုံး အပျံစားချက်ကျွေးတာပါလား။
    နောက်ရက်တွေကျန်သေး။
    ဒါကြောင့် ပြောတာ တာထင်တယ်။
    “တစ်မူးရလို့ တစ်ပဲလှူ တို့ရှမ်းတောင်သူ တူနိုင်ရိုးလား” ဆိုလား။ စကားတောင်ရှိတာ။
    ပေါက်ပေါက်ဆုတ် ဇာတ်လမ်း ကို အခုမှ ကြားဖူးတယ်။
    ရုပ်ရှင်ကားလေးကို ဆက် ကြည့်ဖို့ မျှော်နေပါတယ်။

    • Yin Nyine Nway

      December 18, 2012 at 12:34 pm

      ဟုတ်တယ် အရီး…. ဒါ့ကြောင့် ဘယ်နှစ်မှာ အလှူလုပ်မယ်ဆိုပြီး
      ဆုထားဆောင်းထားကြတာပေါ့
      ပထမပိုင်းမှာ ကတည်းက အလှူမလုပ်ခင် အစည်းအဝေးမှာကတည်းက
      သူတို့မှာ ရှိရှိသမျှ စုထားတဲ့ပစ္စည်းတွေကိုပေးတာပေါ့
      နောက် အလှူကြီးနေ့ကျရင်လည်း အရပ်က လာတဲ့ သူတွေက ပွဲကူဆိုပြီးပေးပေးသွားတာနဲ့ဆို
      အဆင်ပြေပါတယ်
      လိုအပ်တာကိုလည်း ရပ်ကွက်က စိုက်ထားပေးလေ့ရှိတယ်
      ပြီးမှ ပြန်ပေးပေါ့
      အဆင်မပြေတဲ့ ပွဲတော့ မတွေ့ဖူးသေးသလို
      လောက်မင ဖြစ်တဲ့ ပွဲလည်းမတွေ့ဖူးသေးဘူး
      အားလုံးက သူ့အလိုလိုဖြစ်သွားကြတယ်
      စိတ်စေတနာဖြူပြီး အလှူမှာ ဒါနစိတ် ထားလို့ထင်ပါ့
      ပြီးတော့ လိုတာမလိုတာ အလှူရှင်တောင် မသိလိုက်ဘူး
      အားလုံးဝိုင်းကူလုပ်ဆိုတော့
      စိတ်ချလက်ချ ဧည့်ခံနိုင်တာပေါ့
      နို့မဟုတ်ရင် အလှူလုပ်ပြီး နမျောတာတွေ တို့တိုတာတွေ ဖြစ်လာမယ်ထင်တယ်

  • kyeemite

    December 18, 2012 at 3:42 pm

    ငယ်ငယ်ကတော့ ရှမ်းအလှူ(ရှင်ပြု) သွားစားဖူးတယ်…
    မေမြို့မှာနေတုံးကပါ…တော်တော်ပျော်စရာကောင်းသလို
    စားလို့လည်းအရမ်းကောင်းပဲ..
    ခု..ယဉ်ငြိမ်းနွေး အလှူအကြောင်းသရုပ်ပါအောင်ရေးပြတော့
    မျက်စေ့ထဲမြင်ယောင်လာသလို ဗိုက်ပါဆာလာပါဂျောင်းးးး :hee:

    • Yin Nyine Nway

      December 19, 2012 at 5:09 pm

      အလှူဆိုရင်တော့ အဝစားမှာလား အလှစားမှာလားမေးကြတယ်
      အနော်တို့လူမျိုးဆိုရင်တော့ အဝစားပေါ့
      ဆန်းကိုချိ်န်တဲ့အခါ အနော်တို့လူမျိုးတွေက 1ပြည်ကို 8ယောက်နှုန်းပဲ
      တခြားလူမျိုးဆိုရင်တော့ 1ပြည် 10ယောက်နှုန်း တွက်တယ်

  • နွေးသီး
    မထူးဘူးအေ ညည်းမင်္ဂလာဆောင်ရင် ငါတို့ အဖွဲ့တောင်ကြီးလိုက်လာမယ်
    အဲလိုချက်ကျွေးခိုင်းအေ

    • Shwe Ei

      December 18, 2012 at 4:24 pm

      ဟတ်ကဲ့ လေးပေါက်ပျောသလိုဘာဘဲ :harr:

  • Green Rose

    December 18, 2012 at 4:55 pm

    မျက်လုံးထဲမှာမြင်ယောင် စိတ်ကူးထဲမှာ ပျော်မြူး၊ လက်တွေ့မှာ သွားရည်ကျပြီး ဖတ်သွားပါတယ်၊

    `ဆန်တအိုးလုံး အလေအလွင့်မရှိ အားလုံး တစေ့မကျန် ပေါက်တဲ့ အိုးမှသာလျှင် ယူပါတယ်
    ရလာတဲ့ ပေါက်ပေါက်နဲ့ ထန်းလျပ်ရည်ပေါင်းပြီး ပေါက်ပေါက်ဆုတ်ရပါတယ်´
    ဆိုတော့…….. တစ်အိုးလုံး မပေါက်တဲ့အိုးတွေကို ဘာလုပ်လိုက်လဲဟင်………

  • uncle gyi

    December 18, 2012 at 10:30 pm

    ပွဲကြီးနေ့မှာ
    ~~~~ ဝက်သားနီဟင်း
    ~~~~ ကြက်သားဟင်း
    ~~~~ ငါးပိ ကောင်ချက်
    ~~~~ဆေးခါးဟင်း
    ~~~~ ငရုတ်သီးပွကြော်
    ~~~~ သရေပွကြော်
    ~~~~ ဂျူးမြစ်သုတ်

    အလှူမှာအဲလိုဟင်းတွေအမြဲကျွေးသလားရင်ငြိမ်းရေ
    အညာအလှူမှာတော့အဲလိုဟင်းဆိုလူတိုင်းမကျွေးနိုင်ဖုူး
    ငါးခြောက်ချက်နဲ့ပြီးတာများတယ်
    ရှင်ပြုရင်အဲဒီနတ်ပြတယ်ဘာပြတယ်ညာပြတယ်ဆိိုတာဘယ်သူလုပ်ခဲသလဲမသိဖူးနော်
    ဘုရားရှင်သက်တော်ထင်ရှားရှိစဉ်ဇာတ်တော်တွေဖတ်ရတဲ့အထဲမပါဖူးလားလို့

  • ဦးကြောင်ကြီး

    December 19, 2012 at 11:31 am

    အလှူဝင်နေ့
    မယူခင်တွေ့
    ဇမ္ဗူရှင်မြေ့
    ကလူခြင်္သေ့…။

Leave a Reply