၂၀၁၂ခုနှစ်၊ ဒီဇင်ဘာလ (၁၆)ရက်နေ့၊ တနင်္ဂနွေနေ့

ကျွန်တော်တို့ မန္တလေးဂဇက်အင်တာနက်စာမျက်နှာတွင် စုစည်းမိကြသော ဝါသနာအရစာရေးသူများ၊ အားပေးစာဖတ်ကြသူများ၏ စေတနာ စုပေါင်းပြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ်၊ ဘုရားကြီးကျေးရွာ၌တည်ရှိသော မင်္ဂလာလူငယ်ဖွံ့ဖြိုးရေးပရဟိတဂေဟာတွင် ဂဇက်ရွာ၏ သမိုင်းဝင်အလှူတစ်ရပ်ကို အောင်မြင်စွာကျင်းပခဲ့ကြပါသည်…

မနက် (၆)နာရီမှာ ပထမစုရပ်ဖြစ်သော တာမွေအဝိုင်းထိပ်မှ စတင်ထွက်ခွာလာသော ကျွန်တော်တို့ခရီးသွားကားသည် စုရပ်များတွင်လိုက်ပါလှူဒါန်းကြမည့်အလှူရှင်များကို ကြိုဆိုပြီး လှိုင်သာယာမှတဆင့် တွံတေးနှင့် ကော့မှူး၊ ကွမ်းခြံကုန်းလမ်းဆုံသို့ မနက်ပိုင်း (၈)နာရီကျော်ခန့်အချိန်တွင်ရောက်ရှိခဲ့ပြီး၊ ဘုရားကြီးကျေးရွာတည်ရှိရာ ကော့မှူး၊ ကွမ်းခြံကုန်းဘက်သို့ ထွက်ခွာခဲ့ကြရာ ဘုရားကြီးကျေးရွာမရောက်မီ လက်ဘက်ရည်ဆိုင်ငယ်တစ်ခုတွင် နံနက်စာစားသုံးခေတ္တနားခဲ့ကြပါသည်…

လမ်းခရီးတွင် လိုက်ပါလာသူများကို ဆီထမင်း၊ ကောက်ညှင်းပေါင်းများနှင့် တည်ခင်းဧည့်ခံပေးသော ရွာသူအစ်မနိုဗီအားလည်းကောင်း၊ စမူဆာဖြင့်တည်ခင်းဧည့်ခံသော ရွာသူညီမလေးမရွှေအိအားလည်းကောင်း၊ ဘုရားကြီးကျေးရွာသို့မရောက်မီ လမ်းပေါ်တွင်ရှိသော လက်ဘက်ရည်ဆိုင်တွင် ထမင်းဆီဆမ်း၊ ကော်ဖီ၊ လက်ဘက်ရည်ဖြင့် လိုလေသေးမရှိ ဧည့်ခံပေးသောကိုရဲစည်အားလည်းကောင်း ဒီနေရာမှ မှတ်တမ်းတင်ဂုဏ်ပြုလိုက် ပါတယ်ခင်ဗျာ…

ကျွန်တော်တို့မန္တလေးဂဇက်အဖွဲ့ ဘုရားကြီးကျေးရွာရှိ မင်္ဂလာလူငယ်ဖွံ့ဖြိုးရေးပရဟိတဂေဟာသို့ မနက် (၉)နာရီခွဲခန့်တွင်ရောက်ပြီးကြပြီး… ဘုန်းကြီးကျောင်းပေါ်တွင် ကော်ဖီများ၊ ဒေသတွက်မုန့်မျိုးစုံ၊ အကြော်များ၊ ငှက်ပျောသီးများနှင့် ကျောင်းတော်မှဆက်လက်ဧည့်ခံကြသည်ကိုလဲ အားနာမိလောက်အောင်တွေ့မြင်ခဲ့ရပါသည်…

ကျွန်တော်တို့ ရောက်ရှိပြီး မိနစ်(၃၀)ခန့်အကြာတွင် မင်္ဂလာလူငယ်ဖွံ့ဖြိုးမှုပရဟိတကျောင်းဆရာတော်က ကလေးများထမင်းစားချိန် အတွက် ကျောင်းပေါ်မှနေ၍ အသံချဲ့စက်ဖြင့် ကြေငြာပေးကြရာ… ပရဟိတကျောင်းရှိကလေးများက ယောင်္ကျားလေး… မိန်းခလေးခွဲခြားပြီး စနစ်တကျတန်းစီကာ ထမင်းစားဆောင်ကိုဝင်ရောက်ချိန်မှာ ကလေးငယ်များကို မုန့်ကလေးများပေးဝေလှူဒါန်းခဲ့သော မန္တလေးဂဇက်နှင့် ပတ်သက်သောမိသားစုတစ်ခုကိုလဲ ဒီနေရာမှမှတ်တမ်းတင်ပါသည်…

ကလေးသူငယ်များအား မုန့်ပေးဝေးစဉ်

ကလေးသူငယ်များအား မုန့်ပေးဝေးစဉ်

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

ကျွန်တော်တို့အဖွဲ့ပထမရောက်ရှိစဉ်က ထမင်းစားဆောင်မှာ တိုးချဲ့ထားခြင်းမရှိပါသဖြင့် ထမင်းစားချိန်တွင် နှစ်သုတ်ခွဲကျွေးရသောကြောင့် စေတနာရှင်တစ်ဦး၏ ရည်ရွယ်လှူဒါန်းငွေဖြင့် ထမင်းစားဆောင်အားထပ်မံတိုးချဲ့နေသည်ကို ဝမ်းမြောက်စွာတွေ့ရှိရပါသည်… ထမင်းစားဆောင် တိုးချဲ့ထားသော်လည်း ကျောင်းသားတစ်ထောင်ကျော်ဦးရေအား တစ်ပြိုင်နက် စီစဉ်ပေးနိုင်ခြင်းမရှိသေးသည်ကိုလဲ တွေ့ရှိရပါသည်… မည်သို့ပင်ဆိုစေကာမူ လအနည်းငယ်အချိန်အတွင်း ယခုကဲ့သို့တိုးတက်လာမှုကို တွေ့မြင်ရသောကြောင့် ဝမ်းသာပီတိလဲဖြစ်မိပါသည်…

ကလေးများထမင်းစားကြစဉ်

ကလေးများထမင်းစားကြစဉ်

ထမင်းမစားမီ မေတ္တာပို့ပေးသောကလေးငယ်များ၏ အသံများမှာလဲ အလှူရှင်များအပေါ်ဝမ်းသာပီတီဖြစ်စေသည်ကတော့ အတိုင်းထက်အလွန် ပါပဲခင်ဗျား… ကလေးသူငယ်များ ထမင်းစားချိန်တွင် ကျွန်တော်တို့အလှူရှင်များက ထမင်းလိုက်ခြင်း၊ ဟင်းလိုက်ခြင်းစသည့် ဝေယာဝစ္စအလုပ်များကို ဝိုင်းကူလုပ်ကြရင်း မေတ္တာငတ်ခဲ့ကြရသောကလေးငယ်များကို ခေတ္တမျှမေတ္တာဝေငှခဲ့ကြပါသည်…

ကလေးသူငယ်များထမင်းစားပြီးချိန်တွင်တော့ ကျောင်းတွင်ချက်ပြုတ်ထားသော နေ့လည်စာကို ကျွန်တော်တို့အားရပါးရစားသောက်ခဲ့ရ ပါသေးသည်… ကြက်သားဟင်း၊ ပုဇွန်ကျော်၊ ငါးခူကြော် စသော နယ်ချက်လက်ယာမွန်လေးများကို ခရီးလဲပမ်း၊ လှုပ်ရှားထားသောအရှိန်များဖြင့် အတော်လေးစားကောင်းသော နေ့လည်စာတစ်ခုဖြစ်ခဲ့ပါသည်…

ထို့အပြင် အမေရိကန်နိုင်ငံ မန္တလေးဂဇက်၏အယ်ဒီတာအဖွဲ့ဝင် ဒေါ်နီလာစိန်မှလဲလိုက်ပါလာကြသူများအားလုံးကို ဘောလ်ပင်၊ သော့ချိတ်၊   နှုတ်ခမ်းနီစသော အမှတ်တရပစ္စည်းလေးများ မဲဖောက်ပြီးလက်ဆောင်ပေးခဲ့ပါသည်… လိုက်ပါလာကြသူအပေါင်း ဝမ်းမြောက်ဝမ်းသာဖြစ်ခဲ့ ရပါသည်…

နေ့လည်စာစားပြီးချိန်တွင် ကျွန်တော်တို့ လှူဒါန်းမှုအစုစုအတွက် အမျှပေးဝေရင်း အလှူရှင်များအားလုံးအပေါ် ဆရာတော်မှ မေတ္တာပို့ပေးခဲ့ ပါသေးသည်… မန္တလေးဂဇက်ရဲ့စတုတ္တအကြိမ်မြောက်အလှူငွေ ကျပ်နှစ်ဆယ့်လေးသိန်းတိတိ အပြင်၊ ဂဇက်မန်ဘာဖြစ်ဦးဖြစ်သူ aemoshu မှ ပေးပို့လှူဒါန်းသော ဗလာစာအုပ် (၁၀)ဒါဇင်နှင့် ဘောပင် (၃)ဗူးဖြင့် အားဖြည့်ခဲ့သလို… ရွာ့တံခါးစောင့်ကြီး ဦးဘလက်ချောကလဲ သင်္ကန်း(၃)စုံဖြင့် ဂဇက်အလှူအားပိုမိုစည်ပင်စေခဲ့ပါသည်…

ဆရာတော်ပေးသောဩဝါဒနှင့် ပို့သသောမေတ္တာ

ဆရာတော်ပေးသောဩဝါဒနှင့် ပို့သသောမေတ္တာ

 

 

 

 

 

 

 

 

 

 

 

မန္တလေးဂဇက်ရဲ့စတုတ္တကြိမ်မြောက်အလှူဖြစ်မြောက်ရေးအား အဖက်ဖက်မှ ဝိုင်းဝန်းပံ့ပိုးကူညီပေးခဲ့ကြသော…

မြန်မာနိုင်ငံအထက်ပိုင်းမှ အလှူငွေကောက်ခံပေးသူ လေးပေါက် (ခေါ်) ကိုပေါက်(မန္တလေး) အားလည်းကောင်း၊ မြန်မာနိုင်ငံအောက်ပိုင်းတွင် အလှူငွေလိုက်လံကောက်ခံပေးသော ကိုအမတ်မင်း၊ ကိုMလုလင်၊ ကိုသူရဇော်၊ အိတုန်း၊ မရွှေအိတို့အားလည်းကောင်း၊ ခရီးသွားလာရေးအတွက် မော်တော်ယာဉ်စီစဉ်ရန် လှူဒါန်းခဲ့သော ကိုရဲစည်အားလည်းကောင်း၊ လိုက်ပါမည့်သူများကို စာရင်းပြုစုစုစည်းပေးခဲ့သော ကိုသူရဇော်အားလည်းကောင်း၊ စာရင်းအင်းများ ကူညီလုပ်ကိုင်ပေးခဲ့သော ညီမလေးချာတူးလန်အားလည်းကောင်း၊ အခက်အခဲရပ်ရပ်အား မျှဝေပြီး အကြံဉာဏ်ကောင်းများပေးခဲ့ကြသော ဦးဦးပါလေရာ၊ အန်တီပဒုမ္မာ နှင့် အန်တီမမတို့အားလည်းကောင်း၊ ဓာတ်ပုံမှတ်တမ်းတင်ပေးသော ရွာ့ဓာတ်ပုံဆရာ ကိုMလုလင်အားလည်းကောင်း၊ ယခုလို စုစည်းမိစေရန် www.myanmargazette.net ကိုတည်ထောင်ထားသော သူကြီးဖြစ်သူ ဦးခိုင်နှင့် အယ်ဒီတာအဖွဲ့ဝင်အားလုံးကိုလည်းကောင်း ဒီနေရာမှမှတ်တမ်းတင် ဂုဏ်ပြုလိုက်ပါသည်ခင်ဗျား…

ကျွန်တော်တို့သွားရာလမ်းခရီးအား အန္တရယ်ကင်းစွာဖြင့် လိုက်ပါပို့ဆောင်ပေးရုံတင်မက အလှူငွေပါထည့်ဝင်လာသော ကားဆရာကိုအေးကို၊ ကိုဝေယံလင်းတို့ သူငယ်ချင်း(၃)ဦးအားလည်း မှတ်တမ်းတင်အပ်ပါသည်ခင်ဗျား….

Untitled-4

 

 

 

နောက်ဆုံး နေ့လည်(၁)နာရီခန့်တွင် ကျွန်တော်တို့ကိုယ်စားပြုသွားရောက်လှူဒါန်းသူများသည် မင်္ဂလာလူငယ်ဖွံ့ဖြိုးရေးပရဟိတကျောင်းမှ ပြန်လည်ထွက်ခွာလာပြီး တွံတေးရွှေဆံတော်၊ ဗောင်းတော်ချုပ်နှင့် ကျိုက်ပါစေတီတော် များကို ဒေသံသရဗဟုသုတအဖြစ်သွားရောက်ခဲ့ကြောင်းကိုလဲ သတင်းအဖြစ်တင်ပြလိုက်ရပါသည်…

Untitled-5

 

 

 

 

 

 

 

 

 

 

ပါဝင်ခဲ့ကြသော အလှူရှင်များနှင့် အလှူငွေများကို ထပ်မံဖြည့်စွက်မှတ်တမ်းတင်အပ်ပါသည်…

(၁) ဦးဘလက်ချော -50,000

(၂) ကြောင်ဝတုတ် – 100,400

(၃) ဦးပါလေရာ – 50,000

(၄) အန်တီပဒုမ္မာ – 100,000

(၅) ဘုရင့်နောင်စုပေါင်းဒါနအဖွဲ့  – 100,000

(၆) ဦးနေးချား – 10,000

(၇) အန်တီမမ – 30,000

(၈) အစ်မ ပုချ် – 30,000

(၉) Fall Guy – 50,000

(၁၀) ကိုရဲရင့်လှိုင် – 84,400

(၁၁) ထိုင်ဝမ်မှကိုအောင် – 100,000

(၁၂) အန်ကယ်ကြီး – 20,000

(၁၃) ကိုဂျစ်ပစီ (ခ) ဦးအဂျစ် – 20,000

(၁၄) စောင့်ကြည့်သူ – 20,000

(၁၅) မနှင်းနှင်း – 50,000

(၁၆) ဦးသက်ဝင်း – 50,000

(၁၇) ဦးမြင့်ဆွေ – 50,000

(၁၈) ကိုကျော်စွာဝင်း – 10,000

(၁၉) Natalie Nwe Linn Htet – 85,000

(၂၀) မဝေဝေ – 15,000

(၂၁) မမိုးမိုးအေး – 15,000

(၂၂) ကိုရွာစားကျော် – 10,000

(၂၃) မခင်မြဝင်း – 10,000

(၂၄) မခိုင်ဇာ (စင်ကာပူ) – 100,000

(၂၅) ကိုနိုဇိုးမိ – 20,000

(၂၆) ရွာသားတစ်ဦး – 50,000

(၂၇) နန်းတော်ရာသူ – 20,000

(၂၈) မတင်တင်ထွေး – 10,000

(၂၉) စိမ်းကျော် (မလေးရှား) – 100,000

(၃၀) ကိုထွန်းဝင်းလတ် – 10,000

(၃၁) မနှင်းမြတ်သူ – 10,000

(၃၂) ကိုသုဝေ – 20,000

(၃၃) ဒေါက်တာစည်သူထွန်း (UK) – 100,000

(၃၄) နှင်းနှင်း(ရွှေလီ) – 10,000

(၃၅) မရီရီဝင်း – 100,00

(၃၆) အဘဖော – 100,000

(၃၇) မနိုဗီ – 15,000

(၃၈) ဦးကြီးမိုက် – 30,200

(၃၉) ဦးစွယ်တော်ရွက် – 10,000

(၄၀) Candle – 30,000

(၄၁) နွယ်ပင် + အာဂ – 10,000

(၄၂) မွန်မွန် – 10,000

(၄၃) ငြိမ်းငြိမ်း – 5,000

(၄၄) ရွှေအိ – 20,000

(၄၅) မအိ – 50,000

(၄၆) အမတ်မင်း – 20,000

(၄၇) အမည်မဖော်လိုသူ သူရဇော် – 10,000

(၄၈) ပင်လယ်ပျော် နှင့် ခိုင်ခိုင် – 10,000

(၄၉) AKKO နှင့် အိတုန်း – 30,000

(၅၀) ချာတူးလန် – 20,000

(၅၁) အိန္ဒိယနွယ်ဖွားရွာသားတစ်ဦး – 30,000

(၅၂) ရိုစ့်မင်း – 5,000

(၅၃) ကိုစန်းဦး + မမိမိတင် – 5,000

(၅၄) ရွှေကြည် – 10,000

(၅၅) လေပြေရိုင်း – 10,000

(၅၆) အိုဘားမား – 35,000

(၅၇) ချစ်စ/ဆရာ + မိုက်ကယ်ဂျော်နီအောင်ပု – 103,500

(၅၈) ဂျူးဂျူးမ – 10,000

(၅၉) အညာတမာ နှင့် မအိပု – 30,000

(၆၀) Mလုလင် – 15,000

(၆၁) ရွှေတိုက်စိုး – 20,000

(၆၂) မြတ်နိုး – 5,000

(၆၃) ကိုအေးကို နှင့် ကိုဝေယံလင်း – 11,500

(၆၄) ကိုရဲစည် – 210,000

(၆၅) ဒေါ်နီလာစိန် – 10,000

———————————————

အလှူတွေငွေစုစုပေါင်း – 2,400,000 ကျပ်

ကျပ် နှစ်ဆယ့်လေးသိန်းတိတိ ကို လက်ခံရရှိပြီးလှူဒါန်းခဲ့ကြပါသည်…

သွားရောက်လှူဒါန်းခဲ့ကြသူများ

သွားရောက်လှူဒါန်းခဲ့ကြသူများ

 

 

 

 

 

 

 

 

 

 

 

လှူဒါန်းမှုအစုစုအတွက် မန္တလေးဂဇက်စာဖတ်သူ… စာရေးသူများအားလုံးနှင့် ၎င်းတို့၏မိသားစုးများအားလုံးအား အမျှပေးဝေပါကုန်၏… အားလုံးအမျှရကြသည်ဖြစ်၍ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာရွှင်လန်းနိုင်ကြပါစေကြောင်း ဆုမွန်ကောင်းတောင်းလိုက်ရပါသည်…

 

ခင်မင်လေးစားစွာဖြင့်-

ကြောင်ဝတုတ်

၂၀၁၂၊ ဒီဇင်ဘာ

 

About ကြောင်ဝတုတ်

ကြောင်ဝတုတ် has written 104 post in this Website..

တစ်ခါတစ်လေ... လောကကြီးအား ပြောင်းပြန်ကြည့်တတ်ပေသည်...