စတုတ္တအကြိမ်မြောက် မန္တလေးဂဇက်၏မွန်မြတ်သောအလှူဒါနမှတ်တမ်း
၂၀၁၂ခုနှစ်၊ ဒီဇင်ဘာလ (၁၆)ရက်နေ့၊ တနင်္ဂနွေနေ့
ကျွန်တော်တို့ မန္တလေးဂဇက်အင်တာနက်စာမျက်နှာတွင် စုစည်းမိကြသော ၀ါသနာအရစာရေးသူများ၊ အားပေးစာဖတ်ကြသူများ၏ စေတနာ စုပေါင်းပြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ်၊ ဘုရားကြီးကျေးရွာ၌တည်ရှိသော မင်္ဂလာလူငယ်ဖွံ့ဖြိုးရေးပရဟိတဂေဟာတွင် ဂဇက်ရွာ၏ သမိုင်းဝင်အလှူတစ်ရပ်ကို အောင်မြင်စွာကျင်းပခဲ့ကြပါသည်…
မနက် (၆)နာရီမှာ ပထမစုရပ်ဖြစ်သော တာမွေအ၀ိုင်းထိပ်မှ စတင်ထွက်ခွာလာသော ကျွန်တော်တို့ခရီးသွားကားသည် စုရပ်များတွင်လိုက်ပါလှူဒါန်းကြမည့်အလှူရှင်များကို ကြိုဆိုပြီး လှိုင်သာယာမှတဆင့် တွံတေးနှင့် ကော့မှူး၊ ကွမ်းခြံကုန်းလမ်းဆုံသို့ မနက်ပိုင်း (၈)နာရီကျော်ခန့်အချိန်တွင်ရောက်ရှိခဲ့ပြီး၊ ဘုရားကြီးကျေးရွာတည်ရှိရာ ကော့မှူး၊ ကွမ်းခြံကုန်းဘက်သို့ ထွက်ခွာခဲ့ကြရာ ဘုရားကြီးကျေးရွာမရောက်မီ လက်ဘက်ရည်ဆိုင်ငယ်တစ်ခုတွင် နံနက်စာစားသုံးခေတ္တနားခဲ့ကြပါသည်…
လမ်းခရီးတွင် လိုက်ပါလာသူများကို ဆီထမင်း၊ ကောက်ညှင်းပေါင်းများနှင့် တည်ခင်းဧည့်ခံပေးသော ရွာသူအစ်မနိုဗီအားလည်းကောင်း၊ စမူဆာဖြင့်တည်ခင်းဧည့်ခံသော ရွာသူညီမလေးမရွှေအိအားလည်းကောင်း၊ ဘုရားကြီးကျေးရွာသို့မရောက်မီ လမ်းပေါ်တွင်ရှိသော လက်ဘက်ရည်ဆိုင်တွင် ထမင်းဆီဆမ်း၊ ကော်ဖီ၊ လက်ဘက်ရည်ဖြင့် လိုလေသေးမရှိ ဧည့်ခံပေးသောကိုရဲစည်အားလည်းကောင်း ဒီနေရာမှ မှတ်တမ်းတင်ဂုဏ်ပြုလိုက် ပါတယ်ခင်ဗျာ…
ကျွန်တော်တို့မန္တလေးဂဇက်အဖွဲ့ ဘုရားကြီးကျေးရွာရှိ မင်္ဂလာလူငယ်ဖွံ့ဖြိုးရေးပရဟိတဂေဟာသို့ မနက် (၉)နာရီခွဲခန့်တွင်ရောက်ပြီးကြပြီး… ဘုန်းကြီးကျောင်းပေါ်တွင် ကော်ဖီများ၊ ဒေသတွက်မုန့်မျိုးစုံ၊ အကြော်များ၊ ငှက်ပျောသီးများနှင့် ကျောင်းတော်မှဆက်လက်ဧည့်ခံကြသည်ကိုလဲ အားနာမိလောက်အောင်တွေ့မြင်ခဲ့ရပါသည်…
ကျွန်တော်တို့ ရောက်ရှိပြီး မိနစ်(၃၀)ခန့်အကြာတွင် မင်္ဂလာလူငယ်ဖွံ့ဖြိုးမှုပရဟိတကျောင်းဆရာတော်က ကလေးများထမင်းစားချိန် အတွက် ကျောင်းပေါ်မှနေ၍ အသံချဲ့စက်ဖြင့် ကြေငြာပေးကြရာ… ပရဟိတကျောင်းရှိကလေးများက ယောင်္ကျားလေး… မိန်းခလေးခွဲခြားပြီး စနစ်တကျတန်းစီကာ ထမင်းစားဆောင်ကိုဝင်ရောက်ချိန်မှာ ကလေးငယ်များကို မုန့်ကလေးများပေးဝေလှူဒါန်းခဲ့သော မန္တလေးဂဇက်နှင့် ပတ်သက်သောမိသားစုတစ်ခုကိုလဲ ဒီနေရာမှမှတ်တမ်းတင်ပါသည်…
ကျွန်တော်တို့အဖွဲ့ပထမရောက်ရှိစဉ်က ထမင်းစားဆောင်မှာ တိုးချဲ့ထားခြင်းမရှိပါသဖြင့် ထမင်းစားချိန်တွင် နှစ်သုတ်ခွဲကျွေးရသောကြောင့် စေတနာရှင်တစ်ဦး၏ ရည်ရွယ်လှူဒါန်းငွေဖြင့် ထမင်းစားဆောင်အားထပ်မံတိုးချဲ့နေသည်ကို ၀မ်းမြောက်စွာတွေ့ရှိရပါသည်… ထမင်းစားဆောင် တိုးချဲ့ထားသော်လည်း ကျောင်းသားတစ်ထောင်ကျော်ဦးရေအား တစ်ပြိုင်နက် စီစဉ်ပေးနိုင်ခြင်းမရှိသေးသည်ကိုလဲ တွေ့ရှိရပါသည်… မည်သို့ပင်ဆိုစေကာမူ လအနည်းငယ်အချိန်အတွင်း ယခုကဲ့သို့တိုးတက်လာမှုကို တွေ့မြင်ရသောကြောင့် ၀မ်းသာပီတိလဲဖြစ်မိပါသည်…
ထမင်းမစားမီ မေတ္တာပို့ပေးသောကလေးငယ်များ၏ အသံများမှာလဲ အလှူရှင်များအပေါ်ဝမ်းသာပီတီဖြစ်စေသည်ကတော့ အတိုင်းထက်အလွန် ပါပဲခင်ဗျား… ကလေးသူငယ်များ ထမင်းစားချိန်တွင် ကျွန်တော်တို့အလှူရှင်များက ထမင်းလိုက်ခြင်း၊ ဟင်းလိုက်ခြင်းစသည့် ဝေယာဝစ္စအလုပ်များကို ၀ိုင်းကူလုပ်ကြရင်း မေတ္တာငတ်ခဲ့ကြရသောကလေးငယ်များကို ခေတ္တမျှမေတ္တာဝေငှခဲ့ကြပါသည်…
ကလေးသူငယ်များထမင်းစားပြီးချိန်တွင်တော့ ကျောင်းတွင်ချက်ပြုတ်ထားသော နေ့လည်စာကို ကျွန်တော်တို့အားရပါးရစားသောက်ခဲ့ရ ပါသေးသည်… ကြက်သားဟင်း၊ ပုဇွန်ကျော်၊ ငါးခူကြော် စသော နယ်ချက်လက်ယာမွန်လေးများကို ခရီးလဲပမ်း၊ လှုပ်ရှားထားသောအရှိန်များဖြင့် အတော်လေးစားကောင်းသော နေ့လည်စာတစ်ခုဖြစ်ခဲ့ပါသည်…
ထို့အပြင် အမေရိကန်နိုင်ငံ မန္တလေးဂဇက်၏အယ်ဒီတာအဖွဲ့ဝင် ဒေါ်နီလာစိန်မှလဲလိုက်ပါလာကြသူများအားလုံးကို ဘောလ်ပင်၊ သော့ချိတ်၊ နှုတ်ခမ်းနီစသော အမှတ်တရပစ္စည်းလေးများ မဲဖောက်ပြီးလက်ဆောင်ပေးခဲ့ပါသည်… လိုက်ပါလာကြသူအပေါင်း ၀မ်းမြောက်ဝမ်းသာဖြစ်ခဲ့ ရပါသည်…
နေ့လည်စာစားပြီးချိန်တွင် ကျွန်တော်တို့ လှူဒါန်းမှုအစုစုအတွက် အမျှပေးဝေရင်း အလှူရှင်များအားလုံးအပေါ် ဆရာတော်မှ မေတ္တာပို့ပေးခဲ့ ပါသေးသည်… မန္တလေးဂဇက်ရဲ့စတုတ္တအကြိမ်မြောက်အလှူငွေ ကျပ်နှစ်ဆယ့်လေးသိန်းတိတိ အပြင်၊ ဂဇက်မန်ဘာဖြစ်ဦးဖြစ်သူ aemoshu မှ ပေးပို့လှူဒါန်းသော ဗလာစာအုပ် (၁၀)ဒါဇင်နှင့် ဘောပင် (၃)ဗူးဖြင့် အားဖြည့်ခဲ့သလို… ရွာ့တံခါးစောင့်ကြီး ဦးဘလက်ချောကလဲ သင်္ကန်း(၃)စုံဖြင့် ဂဇက်အလှူအားပိုမိုစည်ပင်စေခဲ့ပါသည်…
မန္တလေးဂဇက်ရဲ့စတုတ္တကြိမ်မြောက်အလှူဖြစ်မြောက်ရေးအား အဖက်ဖက်မှ ၀ိုင်းဝန်းပံ့ပိုးကူညီပေးခဲ့ကြသော…
မြန်မာနိုင်ငံအထက်ပိုင်းမှ အလှူငွေကောက်ခံပေးသူ လေးပေါက် (ခေါ်) ကိုပေါက်(မန္တလေး) အားလည်းကောင်း၊ မြန်မာနိုင်ငံအောက်ပိုင်းတွင် အလှူငွေလိုက်လံကောက်ခံပေးသော ကိုအမတ်မင်း၊ ကိုMလုလင်၊ ကိုသူရဇော်၊ အိတုန်း၊ မရွှေအိတို့အားလည်းကောင်း၊ ခရီးသွားလာရေးအတွက် မော်တော်ယာဉ်စီစဉ်ရန် လှူဒါန်းခဲ့သော ကိုရဲစည်အားလည်းကောင်း၊ လိုက်ပါမည့်သူများကို စာရင်းပြုစုစုစည်းပေးခဲ့သော ကိုသူရဇော်အားလည်းကောင်း၊ စာရင်းအင်းများ ကူညီလုပ်ကိုင်ပေးခဲ့သော ညီမလေးချာတူးလန်အားလည်းကောင်း၊ အခက်အခဲရပ်ရပ်အား မျှဝေပြီး အကြံဥာဏ်ကောင်းများပေးခဲ့ကြသော ဦးဦးပါလေရာ၊ အန်တီပဒုမ္မာ နှင့် အန်တီမမတို့အားလည်းကောင်း၊ ဓာတ်ပုံမှတ်တမ်းတင်ပေးသော ရွာ့ဓာတ်ပုံဆရာ ကိုMလုလင်အားလည်းကောင်း၊ ယခုလို စုစည်းမိစေရန် www.myanmargazette.net ကိုတည်ထောင်ထားသော သူကြီးဖြစ်သူ ဦးခိုင်နှင့် အယ်ဒီတာအဖွဲ့ဝင်အားလုံးကိုလည်းကောင်း ဒီနေရာမှမှတ်တမ်းတင် ဂုဏ်ပြုလိုက်ပါသည်ခင်ဗျား…
ကျွန်တော်တို့သွားရာလမ်းခရီးအား အန္တရယ်ကင်းစွာဖြင့် လိုက်ပါပို့ဆောင်ပေးရုံတင်မက အလှူငွေပါထည့်ဝင်လာသော ကားဆရာကိုအေးကို၊ ကိုဝေယံလင်းတို့ သူငယ်ချင်း(၃)ဦးအားလည်း မှတ်တမ်းတင်အပ်ပါသည်ခင်ဗျား….
နောက်ဆုံး နေ့လည်(၁)နာရီခန့်တွင် ကျွန်တော်တို့ကိုယ်စားပြုသွားရောက်လှူဒါန်းသူများသည် မင်္ဂလာလူငယ်ဖွံ့ဖြိုးရေးပရဟိတကျောင်းမှ ပြန်လည်ထွက်ခွာလာပြီး တွံတေးရွှေဆံတော်၊ ဗောင်းတော်ချုပ်နှင့် ကျိုက်ပါစေတီတော် များကို ဒေသံသရဗဟုသုတအဖြစ်သွားရောက်ခဲ့ကြောင်းကိုလဲ သတင်းအဖြစ်တင်ပြလိုက်ရပါသည်…
ပါဝင်ခဲ့ကြသော အလှူရှင်များနှင့် အလှူငွေများကို ထပ်မံဖြည့်စွက်မှတ်တမ်းတင်အပ်ပါသည်…
(၁) ဦးဘလက်ချော -50,000
(၂) ကြောင်ဝတုတ် – 100,400
(၃) ဦးပါလေရာ – 50,000
(၄) အန်တီပဒုမ္မာ – 100,000
(၅) ဘုရင့်နောင်စုပေါင်းဒါနအဖွဲ့ – 100,000
(၆) ဦးနေးချား – 10,000
(၇) အန်တီမမ – 30,000
(၈) အစ်မ ပုခ်ျ – 30,000
(၉) Fall Guy – 50,000
(၁၀) ကိုရဲရင့်လှိုင် – 84,400
(၁၁) ထိုင်ဝမ်မှကိုအောင် – 100,000
(၁၂) အန်ကယ်ကြီး – 20,000
(၁၃) ကိုဂျစ်ပစီ (ခ) ဦးအဂျစ် – 20,000
(၁၄) စောင့်ကြည့်သူ – 20,000
(၁၅) မနှင်းနှင်း – 50,000
(၁၆) ဦးသက်ဝင်း – 50,000
(၁၇) ဦးမြင့်ဆွေ – 50,000
(၁၈) ကိုကျော်စွာဝင်း – 10,000
(၁၉) Natalie Nwe Linn Htet – 85,000
(၂၀) မဝေေ၀ – 15,000
(၂၁) မမိုးမိုးအေး – 15,000
(၂၂) ကိုရွာစားကျော် – 10,000
(၂၃) မခင်မြ၀င်း – 10,000
(၂၄) မခိုင်ဇာ (စင်ကာပူ) – 100,000
(၂၅) ကိုနိုဇိုးမိ – 20,000
(၂၆) ရွာသားတစ်ဦး – 50,000
(၂၇) နန်းတော်ရာသူ – 20,000
(၂၈) မတင်တင်ထွေး – 10,000
(၂၉) စိမ်းကျော် (မလေးရှား) – 100,000
(၃၀) ကိုထွန်းဝင်းလတ် – 10,000
(၃၁) မနှင်းမြတ်သူ – 10,000
(၃၂) ကိုသုဝေ – 20,000
(၃၃) ဒေါက်တာစည်သူထွန်း (UK) – 100,000
(၃၄) နှင်းနှင်း(ရွှေလီ) – 10,000
(၃၅) မရီရီဝင်း – 100,00
(၃၆) အဘဖော – 100,000
(၃၇) မနိုဗီ – 15,000
(၃၈) ဦးကြီးမိုက် – 30,200
(၃၉) ဦးစွယ်တော်ရွက် – 10,000
(၄၀) Candle – 30,000
(၄၁) နွယ်ပင် + အာဂ – 10,000
(၄၂) မွန်မွန် – 10,000
(၄၃) ငြိမ်းငြိမ်း – 5,000
(၄၄) ရွှေအိ – 20,000
(၄၅) မအိ – 50,000
(၄၆) အမတ်မင်း – 20,000
(၄၇) အမည်မဖော်လိုသူ သူရဇော် – 10,000
(၄၈) ပင်လယ်ပျော် နှင့် ခိုင်ခိုင် – 10,000
(၄၉) AKKO နှင့် အိတုန်း – 30,000
(၅၀) ချာတူးလန် – 20,000
(၅၁) အိန္ဒိယနွယ်ဖွားရွာသားတစ်ဦး – 30,000
(၅၂) ရိုစ့်မင်း – 5,000
(၅၃) ကိုစန်းဦး + မမိမိတင် – 5,000
(၅၄) ရွှေကြည် – 10,000
(၅၅) လေပြေရိုင်း – 10,000
(၅၆) အိုဘားမား – 35,000
(၅၇) ချစ်စ/ဆရာ + မိုက်ကယ်ဂျော်နီအောင်ပု – 103,500
(၅၈) ဂျူးဂျူးမ – 10,000
(၅၉) အညာတမာ နှင့် မအိပု – 30,000
(၆၀) Mလုလင် – 15,000
(၆၁) ရွှေတိုက်စိုး – 20,000
(၆၂) မြတ်နိုး – 5,000
(၆၃) ကိုအေးကို နှင့် ကိုဝေယံလင်း – 11,500
(၆၄) ကိုရဲစည် – 210,000
(၆၅) ဒေါ်နီလာစိန် – 10,000
———————————————
အလှူတွေငွေစုစုပေါင်း – 2,400,000 ကျပ်
ကျပ် နှစ်ဆယ့်လေးသိန်းတိတိ ကို လက်ခံရရှိပြီးလှူဒါန်းခဲ့ကြပါသည်…
လှူဒါန်းမှုအစုစုအတွက် မန္တလေးဂဇက်စာဖတ်သူ… စာရေးသူများအားလုံးနှင့် ၄င်းတို့၏မိသားစုးများအားလုံးအား အမျှပေးဝေပါကုန်၏… အားလုံးအမျှရကြသည်ဖြစ်၍ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာရွှင်လန်းနိုင်ကြပါစေကြောင်း ဆုမွန်ကောင်းတောင်းလိုက်ရပါသည်…
ခင်မင်လေးစားစွာဖြင့်-
ကြောင်ဝတုတ်
၂၀၁၂၊ ဒီဇင်ဘာ
ဗရာကြော် ဒိုဇင်ပလွတ်
ဗရာကြော် ဖွတ်တီးကွတ်
:harr:
Was this answer helpful?
LikeDislikeသာဓု .. သာဓု .. သာဓု ပါဗျို့ …

တကယ့်ကို ဝမ်းမြောက်ဝမ်းသာနဲ့ သာဓု ခေါ်ပါတယ် …
ကလေးတွေ ထမင်းစားခါနီး ပုံကို မြင်ရတော့ တစ်မျိုးဖြစ်သွားတယ် ..
ဒါနဲ့ စကားမစပ် ..
အမည်မဖော်လိုသူ သူရဇော် ဆိုဒါ ဘူဒုံးဟင်င် ..
Was this answer helpful?
LikeDislikeကျနော့်ရဲ့ပေါ့ဆမှုကြောင့်ပုံတွေမစုံလင်ဘူးဖစ်သွားတယ်
မနက်ဖြန်ပုံအသစ်တွေထပ်တင်ပေးပါလိမ့်မယ်ခည။
အမည်မဖော်လိုသူ သူရဇော် ဆိုဒါ ….
အသားအနက်နုနု အရပ်ပုပုမာင်းမောင်းနဲ့ အင်မတန်ခန့်တဲ့လူပါ
ချိရို့စဒါနော်…
Was this answer helpful?
LikeDislikeအနက်နုရောင်လေးတော့ လုပ်ဘာအေ…….. နာ ဟိုကိစ္စကို လျှောက်ဖွမှာနော်…. ဟွင်း
ဒုံစိန်မရဲ့
Was this answer helpful?
LikeDislikeမောင်မောင်အံက .. မလိုက်တွားဘူးလား … မာမီကလိုက်တွားတယ်ထင်တာ …
Was this answer helpful?
LikeDislikeမာမီကို ကြုံဒုံး
တစ်ခါတည်း တိုင်ရအုံးမယ် ..
ဟိုလူဂျီးဂလေ ..
သားသား လိုက်ချင်ဒါဂို .. ခေါ်ဘူးဒဲ့ ..
အိုက်ဒါဂျောင့် .. မလိုက်ရဒါ .. ဟီးဟီးးး
မမအာပေတူး ..
ခုလို တိုသူရကို ပုံဖော်ပြဒါ ကျေးကျေးဘာ ..
Was this answer helpful?
LikeDislikeဘယ်လူဂျီးက ငါ့သား သားမက်လေးကို ခေါ်တာဒုန်း … မာမီကိုပြောစမ်း … မာမီက သားသားလိုက်ချင်လိုက်လို့ရအောင် နေရာတောင် (၂)နေရာစာတောင်းထားတာ … ခုတော့ အမိမဲ့သားရေနည်းငါးလို ငါ့သားလေးကိုလုပ်ရက်တယ် … တွေ့မယ် တွေ့မယ် …
Was this answer helpful?
LikeDislikeသူရဇော်ဘာဆို အဒူဒုံးဆိုဒေါ့ဘိုပြောရပါ့ ခြောက်ဖက်မရယ်
Was this answer helpful?
LikeDislikeသိဝူးးးလေ ..
ရှေ့မှာဂ .. အမည် မဖော်လိုသူ ..
ဆိုဒါဂျီး ပါနေဒါဂိုးလို့ …
Was this answer helpful?
LikeDislike၀င်ရောက် မွှေနှောက်၍
သာဓု ခေါ်ဆိုပါကြောင်းးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး
ရွှာသူား များ၏ ကောင်းမှုကုသိုလ် ပြုလုပ်ကြပုံများကို ၀မ်းသာပိတိ ဖြစ်ရပါကြောင်းးးးးးးးးးးးးးးး
Was this answer helpful?
LikeDislike၀မ်းမြောက်ဝမ်းသာစွာဖြင့် ကြည်နူးသာဓုခေါ်ပါတယ်ဗျာ။
Was this answer helpful?
LikeDislikeမိဘမဲ့ ကလေးတွေရဲ့ ပုံရိပ်လေးတွေကို မြင်ရတဲ့ အချိန်နဲ့ ထမင်းစားခါနီး
ကလေးတွေရဲ့ မေတ္တာပို့ပေးသံကို ကြားရတော့ စိတ်ထဲ ဘယ်လိုကြီးမှန်းမသိဘူး …
ဒါပေမယ့် ထမင်းတွေကို အားပါးတရစားရင်း လက်ညှိုးလေးတွေထောင်လို့ ထမင်းလိုက်ပွဲလေး
လိုက်ထည့်ပေးရတဲ့ အချိန်မှာတော့ ပိတိလေးနဲ့ ပျော်နေမိတယ် …
ဘာပဲပြောပြော အလှူတစ်ခုပြီးမြောက် အောင်မြင်သွားပြန်ပါပြီ …
နောက်ထပ် နောက်ထပ်လည်း ဒီ၇ွာကြီးက ရွာသူားတွေနဲ့ အခုလို ကောင်းမူ
အလှူလေးတွေ ထပ်လုပ်ခွင့် ရချင်ပါသေးတယ် …..
Was this answer helpful?
LikeDislikeကလေးတွေရဲ့ မေတ္တာပို့ပေးသံကို ကြားရတော့ … ကြက်သီးတွေထလာတာလေ
တစ်ပြိုင်နက်ထဲထွက်လာတဲ့ အသံကညီညာပီး အားပါလို့
လက်ညှိုးလေးတွေထောင်ပီးလိုက်ပွဲတောင်းတာက လက်ညှိုးတစ်ချောင်းဆို ထမင်း
လက်နှစ်ချောင်းဆို ဟင်းချို သို့မဟုတ် အရံဟင်း တောင်းတဲ့ အဓိပ္ပာယ်ပါတဲ့ခညာ …
Was this answer helpful?
LikeDislikeတကယ်ကို လိုက်ပါချင်ပါတယ် …. အလှူတစ်ခုကို လှူဒါန်းပြီး ကိုယ်တိုင်ကိုယ်ကျ လှူဒါန်းရတာ အင်မတန်ပျော်စရာလည်းကောင်း အပေါ်က သွားခဲ့သူတွေလို ပီတိတွေခံစားရတာနဲ့တင် ကုသိုလ် အင်မတန်ရလှပါတယ် …. မေမေ့ရဲ့ခွင့်ပြုချက်မရပဲ ခရီးမသွားချင်တာရယ် … နောက်တစ်ယောက်ဆီက ခွင့်ပြုချက်တရားဝင်မရတာရယ် … မိမိရဲ့ ကျန်းမာရေးအခြေအနေကြောင့် မလိုက်ဖြစ်လိုက်ရတာ ၀မ်းနည်းမိတယ် ….. အလှူအတန်းတွေ ဒီလမှာ ဆက်တိုက်လုပ်ဖြစ်တာလေးနဲ့ပဲ ၀မ်းသာပီတိဖြစ်ခဲ့ပါတယ် …
Was this answer helpful?
LikeDislikeစတုတ္တအကြိမ်မြောက် မန္တလေးဂဇက်၏မွန်မြတ်သောအလှူဒါနမှတည်
နောက်ထက်နောက်ထက်အကြိမ်များစွာ အလှူပွဲများကို
ဆင်နွဲချင်ပါတယ်ရှင်
Was this answer helpful?
LikeDislikeမနိုရေ နောက်ထပ်ပေါင်းများနဲ့ ဆုံတွေ့ကြုံတွေ့ကြရဦးမှာပါ…… ဂဇက်ရွာကြီးအစဉ်တည်တံစေသော်ဝ်
Was this answer helpful?
LikeDislikeအလှူပွဲကြီး အထမြောက်အောင်မြင်သွားပြီပဲ သာဓုပါတော်
Was this answer helpful?
LikeDislikeသာဓု ၊ သာဓု ၊ သာဓု ပါကွယ် ။
Was this answer helpful?
LikeDislikeထုံးစံအတိုင်း ..
အဲဒီဓါတ်ပုံထဲက ရွာသူားတွေကို.. ရာထူးတိုးပေးမလို့ပါ..
ကျန်နေသူတွေကိုပေါ့..
ရွာထဲကနာမယ်လေးတွေနဲ့.. စာရင်းလုပ်ပေးပြီး.. အီးမေလ်းပို့ပေးပါလား ကိုရင်လောကပါလခင်ဗျ..။
Was this answer helpful?
LikeDislikeစိတ်ချပါ.. ပို့ပေးပါ့မယ်သူကြီးခင်ဗျား…
ခင်မင်လျက်-
ကြောင်ဝတုတ်
Was this answer helpful?
LikeDislikeသဂျီးဆီ ပို့ဖြစ်ရင် ..
ကျုပ်ဆီကိုလည်း ဟိုလေ .. ဖော်ဝပ်လေး တစ်စောင်လောက်များ
ရနိုင်လေမလားလို့ .. အဟီးး
လူဒွေနဲ့ နာမည်နဲ့ တွဲပြီး သိချင်ရို့ဘာ …
Was this answer helpful?
LikeDislikeကိုအန်ဆာဂျီးရခဲ့ရင် ကျုပ်ဆီကိုလဲ ဘာတဲ့ ဖော်ဝပ် ဆိုလား
အဲ့ဒါလေး လုပ်ပေးပါဦးဗျို့…..
Was this answer helpful?
LikeDislikeလက်တွေ့မ မြင်ရသေးခင်တော့ ကြားရတာနဲ့ သူတို့လေးတွေဘ၀ ကို ပထမ စိတ်မကောင်းဘူး..။ လက်တွေ့မြင်ရတော့ ၀မ်းနည်းမိတယ်။
ဆရာတော်က ကလေးတွေကို.. ထမင်းစားရင် စကားမပြောနဲ့ ဆိုတော့ မပြောကြတာမှ ထမင်းထပ်ယူဦးမလားလို့မေးတာတောင် လုံးဝမပြောဘူး။ နောက်သူတို့ ထမင်းစားခါနီး ဆုတောင်းတော့ မျက်ရည်လည်မိတယ်။ နောက် ကိုယ်ကိုယ်ကိုယ် ဒီခေတ်မှာ ဒီလို အဆင့်နဲ့ လူဖြစ် ရတာ စိတ်အားငယ်နေတဲ့ အချိန် မှာ ဒီလို ကိုယ် ထက် ဆိုးတဲ့ ဘ၀ ပေါင်းများစွာ ကိုမြင်ရတော့ စိတ်ထဲ အတွေးတစ်မျိုး ၀င်မိသွားတယ်။..။ ဘာပဲပြောပြော ရင်ထဲမှာ သဒ္ဒါ တရားနဲ့ ပိတီ တရား အပြည်အ၀ဖြစ်ခဲ့ ပါတယ်။…။
Was this answer helpful?
LikeDislikeအလှူကို မလိုက်လိုက်ရပေမယ့် ဘယ်သူများ ဘယ်တော့ ပိုစ့်တင်မလဲဆိုပြီး မနက်အစောကြီးကတည်းက ဖွင့်ကြည့်မိသေးတယ်။
လိုအပ်သူတွေကို လိုအပ်တဲ့နေရာမှာ လှူရတာမို့ ၀မ်းသာစရာပါ။
နောက်လာမယ့် အလှူပွဲကို စောင့်ကြိုကြပါအုံးစို့လား။ :hee:
Was this answer helpful?
LikeDislikeအခုလိုအကျိုးရှိတဲ့နေရာလေးမှာ လှူဒါန်းကြတဲ့အတွက် လှူရကျိုးနပ်ပြီးဝမ်းသာပီတိဖြစ်ရပါတယ်။
နောက်အလှူတွေမှာလည်း ကိုယ်တိုင်လိုက်ပါ ကြည်နူးချင်ပါတယ်။
အခုလို မှတ်တမ်းပုံလေးတွေရိုက်ကူးတင်ပေးတာကိုကြည့်ရတာနဲ့တင် စိတ်ချမ်းသာမိပါတယ်။
..
အောက်ဆုံးပုံမှာ တို့လုံမလေး ကြားထဲညှပ်နေတယ်နော်… :harr:
ဓာတ်ပုံအောက်မှာ ဘယ်သူတွေဆိုတာလေး ရေးပေးပါဦးလား ကိုဖက်ကတ်ရေ
Was this answer helpful?
LikeDislikeဒီထက်မကတဲ့ ကုသိုလ်တွေ အကျိုးရှိရှိပြုနိုင်ကျပါစေလို့ ဆုတောင်းပါတယ်ဗျာ။
Was this answer helpful?
LikeDislikeမနေ့ညကထဲက မျှော်နေတာ ဒီပို့စ်….
ဖတ်ပြီးတော့ ပီတိဖြစ်ရပါတယ်…သာဓု..သုံးကြိမ် ခေါ်ခဲ့ပါတယ်…
ပုံတွေလည်း ရှိသေးရင် ထပ်တင်ပေးပါအုံးရှင့်….
့
ပုံအရ ရွာသူ၊ရွာသား ၂၀ကျော်သွားခဲ့တာမှာ ရွာသူတွေက ပိုများတယ်…
ကုသိုလ်ရေးဆို အမျိုးသမီးတွေက ပိုများတယ်ဆိုတာ မှန်နေပြီ…
Was this answer helpful?
LikeDislikeHNIN HNIN ရေ ပုန်းလျှိုးကွယ်လျှိုးရွာသားဒွေကို မမြင်လို့ဖြစ်ပါလိမ့်မယ်….. ရွားသားဒွေကို အများကြီးဘဲ အဲဒီမှာတွေ့ခဲ့တာ….ဟီးဟီး
Was this answer helpful?
LikeDislikeဓာတ်ပုံ ၂ ပုံလုံးမှာ ၈ ယောက်လောက်ပဲ တွေ့တော့ အဲ့လို ယူဆမိသွားတာပါ..
ဝန္ဒာမိပါ… ဒါဆို နတ်ပြည်မှာ အရင်ရှိပြီးသား အချိုးနဲ့မတူတဲ့ နတ်သားနဲ့နတ်သမီး
အရေအတွက် တူကြတော့မယ် ထင်တယ်…
အာ့ဆို သွားပြီးတော့ ပုံထဲမပါတဲ့သူတွေ ရာထူးတိုးပေးဖို့ ကျန်နေသေးတဲ့လူတွေ
မတိုးပေးရင် သူကြီးမင်းကြီး မတရားရာ ကျတော့မယ်…
ပုံတွေက နည်းနေတော့ ကြည့်ရတာ မ၀ဘူးရှင့်…
မဟုတ်မှလွဲရော(မဟုတ်လို့လွဲရင် ဘွာတေး :mrgreen:)
ကြာသပတေးနံတွေ အသုံးပြုထားတဲ့ ရွာသူ အချောအလှနှစ်ယောက်က
မမအိ နဲ့ မနို(ပန်းရောင်ဝမ်းဆက်လေးနဲ့)များလား…
မျက်မှန်လေးတွေတပ်လို့၊ပန်းရောင်လုံချည်၊အင်္ကျီလေးတွေနဲ့၊ပိုက်ဆံအိတ်ကြီးတွေ
ကလည်း ကိုင်ထားလိုက်သေး… ဒေါ်နီလာစိန် မဲဖောက်ပေးတဲ့ ဘောလ်ပင်၊ သော့ချိတ်၊
နှုတ်ခမ်းနီတွေ ပေါက်ပေါက်၊မပေါက်ပေါက် ကျုံးထည့်ထားကြတာ ဖြစ်ရမယ်…
Was this answer helpful?
LikeDislikeပို့စ်မျှော်နေတာ မနက်ကအလုပ်ကနေခန၀င်ကြည့်လိုက်သေးတယ်။
သာဓု သာဓု သာဓု ပါလို့။ တကယ်ကိုကြည်နူးပီတိဖြစ်မိပါတယ်။
အလှူအထမြောက်အောင်မြင်အောင် စီစဉ်ပေးသူအားလုံးကိုကျေးဇူးအထူးတင်ပါတယ်လို့။
Was this answer helpful?
LikeDislikeသာဓု သာဓု သာဓု ပါဗျာ..
စုပေါင်းအလှူတစ်ခု အောင်မြင်သွားပြန်ပြီပေါ့..
မိဘမဲ့ဖြစ်ရရှာတဲ့ ကလေးတွေရဲ့ မေတ္တာငတ်မှုကို တစုံတခုသော အတိုင်းအတာအထိ ဂရုစိုက်ပေးနိုင်လိုက်တာပါ..
ဝမ်းသာပီတိ ဖြစ်မိပါတယ်ဗျားးး
Was this answer helpful?
LikeDislikeသာဓုပါကွယ်
သာဓု သာဓု
Was this answer helpful?
LikeDislikeအလှူငွေမထည့်လိုက်ရပေမဲ့ မျှဝေ တဲ့ ကုသိုလ်ကောင်းမှု အတွက် သာဓု၊ သာဓု၊ သာဓု ခေါ်ပါတယ်။
အလှူဖြစ်မြောက်အောင် ဦးစီးပံ့ပိုး ပေးသူများ နှင့်တစ်ကွ အလှူရှင်များ အားလုံးလဲ
ဘဝ မှာလဲ ပိုမို အောင်မြင် တိုးတက် ကြပါစေ။
လောကီရော၊ လောကုတ္တရာ ဘက်မှာပါ နှစ်ဖြာသော အကျိုးကျေးဇူးများ ရရှိခံစားနိုင်ကြပါစေ။
လိုအပ်ရာနေရာ တွေကို ဆက်လက်ပြီး ကူညီနိုင်ကြပါစေ။
မောင်လုလင်ရဲ့ ပရိုလက်ရာများထဲ က ကလေးတစ်အုပ် နဲ့ ခွေးလေးတွေ ကို အလွန်ကြိုက်ပါတယ်။
:hee:
Was this answer helpful?
LikeDislikeဦးစွာပထမပြောလိုတာကတော့ သည်အကြောင်းကို အလှူ လို့သာ သာမန်ပြောလိုပါတယ်
)
အလှူဆိုတာဟာ ( Hold out ) လို့အဓိပ္ပါယ်ဖွင့်ဆိုလိုက်ပါတယ်
ဆိုလိုတာက
ကျုပ်တို့( ကျွန်ပ်တို့ ) ဟာ ( ငါ ) ဆိုတာကို အကြောင်းပြုပြီး ဆုပ်ကိုင်ထားကြပါတယ်
( ငါ့ ) ကိုအကြောင်းပြုပြီး ပေးမယ်မပေးဘူး စွန့်လွှတ်မယ် မစွန့်လွှတ်ဘူး ဖြစ်နေကြတယ်မဟုတ်ပါလား
ဒါပေသိ ဤအကြောင်းမှာ သဒ္ဓါ ဖက်ကိုဦးတည်ပြီးပြောလိုတာမို့ အချို့ကို ချန်လှပ်ထားလိုက်ပါမယ်
ဆိုခြင်တာက လွန်လေပြီေးသာ ဘယ်နေရာလည်းမသိ မန်ဘာတစ်ယောက်ရေးဘူးဘာတယ်
မုဒိတာ .. လား ဘာလားမသိ ??? !!!!!!!!!!!
( မှတ်ချက်။ ။ ဂေဖက်ကို လုံးစေ့ပတ်စေ့ဖတ်ပြီးမှ ဝေဖန်ပါ )
( မုဒိတာဆိုတာ ပြည့်စုံသူ၏ ပြုမူနေထိုင်ခြင်းတွင်လည်း မူတည်ပေသည် )
ဆိုခြင်တာက
တစ်ဖက်သားပြုသမျှမှာ ကျေနပ်သည် မကျေနပ်သည် ( မုဒိတာ ) ဆိုတာဟာ
ပြုသူရဲ့ ( တစ်ဖက်သားရဲ့ ) ပြုသမျှ မှာ ကျေနပ်သည်မကျေနပ်သည် ပေါ်မှာလည်းမူတည်ပါတယ်
ဥပမာ
တစ်စုံတစ်ယောက်သည် အလှူကိုပေးသည်
ငါလိုလူရှိလို့လား ( မာန ) ကို အဓိ ( အထူးပြုသောအခါ ) စိတ်၏ ညစ်ညူးကြောင်း ( မာန ) သည်
ထိုသူကို နှိပ်စက်သောအခါ မာန ( မစ္ဆရိယ ) စိတ်ကြောင့် ထိုအလှူသည် ပြည့်စုံသောအလှူမမည်။
ထိုနှင့် ဒွန်တွဲလာသည်မှာ
ထိုသူ၏ အခြားတို့သည် ထိုသူ၏ အပြုမူတွင်တည်၍ တန်ပြန်ခြင်းသဘောပင်တည်း။
( အလှူသည် အလှူသည်သာတည်း )
ဆိုပါစို့
ဤသောယ္ခုအလှူတွင်
ငါ ( မာန ) သည် ကင်း၏သည်သောသဘောဝယ်
ကျွန်ပ်တို့သည် ဤသောအလှူကို ပြုကြကုန်၏ဟု အသိပေးသောအခါတွင်
( ဤသော အကြောင်းအရာကိုဖတ်ရှု့သူတို့သည် ပိတိဖြစ်ကုန်၏ ကျေနပ်ကုန်ကုန်၏ )
အလှူတို့၏ သဘောတွင်
လှူရန်ဆန္ဒရှိသူတို့ကို လှူကြပါဟု တိုက်တွန်းနှိုးဆော်ခြင်းသည် အလှူဖြစ်၏
မည်သည်ကို လှူရပါ့ဟု့ အလှူ၌ မသေခြာသူတို့ကို လမ်းညွှန်ခြင်းသည် အလှူဖြစ်၏
ငါတို့ ( ငါ ) သည် လှူခဲ့ ပြီးလေပြီဟု ကြွေးကြော်နိုင်ခြင်းသည်အလှူဖြစ်၏
ငါ ( ငါတို့ ) ကဲ့သို့ လှူကြကုန်ဟု တိုက်တွန်းခြင်းသည် အလှူမည်၏
ငါ ( ငါတို့ ) ၏ အလှူ၌ ဝမ်းသာကြကုန်ဟု ဝေမျှခြင်းသည် အလှူမည်၏
( ကျုပ် ဆက်ပြီးရေးရရင်တော့ ခင်ဗျားတို့ အိမ်ကဟာတွေ ကျုပ်ကို ဝိုင်းဆဲကြလိမ့်မယ်
Was this answer helpful?
LikeDislikeဆိုခြင်တာက အလှူဆိုတာ
အိမ်ကဟာကြီးတွေကိုပါ လှူရတာလေ
Was this answer helpful?
LikeDislikeဦးစွာပထမပြောလိုတာကတော့

အိမ်ကဟာကြီးကို လှူလိုက်တော့ ဘယ်သူက လာပြီး စားစရိတ်တွေ၊ အိမ်စားရိတ်တွေ ပေးမှာ တဲ့တုန်း။
ဒုတိယ ဝင်ရွှီး မှာကတော့ “မုဒိတာ” ပါ။
မုဒိတာ ဆိုတာ “သူများ ချမ်းသာကြွယ်ဝ တင့်တောင့်တင့်တယ် ရှိသည်ကို တွေ့မြင်ရချိန် မှာ ၀မ်းမြောက် ရှိသော စိတ်သဘော” ကို ခေါ်တယ်လို့ ကြားဖူးပါတယ်။
ဒီ အလှူကြီး ဖြစ်မြောက်သွားအောင် ဝိုင်းဝန်းကြ သူတွေ ရဲ့ မြင့်မြတ်လှတဲ့ သဒ္ဒါတရား ကို လှိုက်လှဲဝမ်းမြောက်စွာ မုဒိတာပွါး နိုင်ပါတယ်။
မုဒိတာနဲ့ တွဲဖက် “ဂရုဏာ” ကတော့ “ကိုယ် (သို့) စိတ်ဆင်းရဲ ဒုက္ခရောက်နေတဲ့ သူတွေကို သနား ကြင်နာသော စိတ်သဘော” လို့ သိမိပါတယ်။
ဒီ မိဘမဲ့ ကျောင်းလေးက ကလေးတွေ ကို ကြည့်ပြီး ဂရုဏာပွါး သနား မိချိန် မှာ
ဒီ ကလေးတွေ ကို ပြုစုပျိုးထောင်ပေးရာမှာ သုံးရမဲ့ ပြည်သူ့ဘဏ္ဍာတွေ ကို ကိုယ့် ဘဏ္ဍာ လုပ်ပြီး ကြီးပွါးချမ်းသာနေ သူတွေ ကိုတော့ ဘယ်လို လုပ်ပြီး မုဒိတာပွါးရပါ့။
ဒီတော့ ကြားဖူးနားဝ ရှိတဲ့ “ဥပေက္ခာ” ဆိုတာ ကို လက်စွဲလုပ်ပြီး စိတ်ဖြေဖို့ ရှာပါတယ်။
“ဥပေက္ခာ” ရဲ့ အနက် ကို
“ဒုက္ခ ရောက်သူကို မြင်၍လည်း သနားကြင်နာစိတ် မဖြစ်ပေါ်၊ သုခချမ်းသာ ရှိနေသူ ကိုလည်း မုဒိတာ မဖြစ်ပဲ သတ္တ၀ါတိုင်း မိမိတို့ ပြုလုပ် ထားသည့် ကုသိုလ် အကုသိုလ် ကံတရားအတိုင်း ဖြစ်ကြရတာ
လို့လျစ်လျူရှု လိုက်တဲ့ အလယ် အလတ် စိတ်သဘော” လို့သိမိတဲ့ အချိန် …….
သူကြီးမင်း ရဲ့ သုံးကိုယ်ခွဲ စကား ပေါ်လာလို့
ဘယ်လိုများ စိတ်သဘော ထားသင့်ကြောင်းလေး မျှဝေပေးပါဦး ဘပု ရယ်။
ကျေးဇူး မမေ့ပါဘူး။
လမ်းကြုံရင် တည်းခိုဖို့ ဝင်လာပါ့မယ်။
:harr:
Was this answer helpful?
LikeDislikeအကြောင်းကြောင်းတွေကြောင့် အလှူမလိုက်နိုင်ခဲ့ပေမယ့် ဓါတ်ပုံတွေကြည့်ပြီး ကိုယ်တိုင်သွားရသလို ခံစားပါတယ် …
အလှူအတွက် ၀မ်းမြောက်ဝမ်းသာ သာဓု ခေါ်ပါတယ် … သာဓု သာဓု သာဓု
Was this answer helpful?
LikeDislikeသဂျီးကရာထူးတိုးပေးမယ်ဆိုမှ ကျနော်ပုံက ကောင်မလေးတွေနဲ့ကွယ်နေပါလား……..
ဒီတစ်ခါတော့ရှိပါစေတော့…..။ နောက်တစ်ကြိမ် အလျင်းသင့်ရင် လိုက်ပြီးရှေ့ဆုံးက ဓါတ်ပုံရိုက်ခံဦးမယ်..။
ကလေးတွေနဲ့ခွေးလေးတွေပုံကြည့်ပြီးသူတို့ဘဝ သာယာနိုင်ပါစေလို့ဆုတောင်းမိတယ်………………။
အလှူအတွက်ဝမ်းသာပီတိ ဖြစ်မိပါတယ်..။ သာဓု သာဓု သာဓု ပါဗျာ……။
Was this answer helpful?
LikeDislikeဆိုင်ရာဆိုင်ရာ ဓာတ်ပုံ များကို ဆိုင်ရာဆိုင်ရာ များထံသို့ ပို့ ပြီးပါကြောင်း ……. ကျွန်တော့ ရဲ့ cat walk model များထဲမှ ဓာတ်ပုံ မရ သေးသူများ .. အကြောင်းကြားပါရန် … :harr:
Was this answer helpful?
LikeDislikeသာဓုပါ ဗျာ…..
Was this answer helpful?
LikeDislikeလိုက်ဖို့စာရင်းပေးပြီးမှ ပန်းမြိုင်လယ်ကဥယျာဉ်မှူးဖြစ်နေလို့ မလိုက်ဖြစ်တာကိုအရင်ဆုံးတောင်းပန်ပါတယ် ကိုကြောင်ဝတုတ်ရေ ဝမ်းလျှောနေတာကိုပြောတာ
နောက်ပြီး ကိုကြောင်ဝတုတ် အနောက်မှာ ကွယ်ပြီးရပ်နေလိုက်တော့မှဓာတ်ပုံကလူတွေအားလုံးဆန့်သွားတော့တယ်ထင်တယ်
Was this answer helpful?
LikeDislikeတကယ်ပျော်စရာကောင်းတဲ့ အလှူပါ… ကလေးတွေက သံပြိုင်ဆိုပြီး မေတ္တာပို့လိုက်တော့ ကြက်သီးတောင်ထတယ်… လက်ညှိုးအပြိုင်အဆိုင်ထောင်ပြီး ထမင်းတောင်းတဲ့ပုံမြင်ရတော့ ကြည်နူးသလို၊ စိတ်မကောင်းသလို…. ဘယ်လိုခံစားရမှန်းမသိဘူး…
မရောက်ဖူးသေးတဲ့ တွံ့တေးကဘုရားတွေကိုလည်း သွားဖူးရတယ်….
နောက်များလည်း ထပ်လှူကြရအောင်နော်….
Was this answer helpful?
LikeDislikeသာ….ဓု သာ….ဓု သာ….ဓု ပါဗျာ….
အလှူဖြစ်မြောက်ရေးစွမ်းဆောင်သူများအားလုံးနှင့်
ရွာသူားအပေါင်း ဆန္ဒ နဲ့ ဘ၀ တစ်ထပ်တည်းကျကြပါစေ… :hee:
Was this answer helpful?
LikeDislikeရွာသူားတွေ အလှူလုပ်နေတုန်း အစောင့်အရှောက်မဲ့ တစ်ယောက်ကို နေ.လည်စာထမင်း ဒါနပြုတဲ့ ဦးမိုက်ကြီးကို လဲ သာဓု သုံးကြိမ်ခေါ်ပါတယ်ဗျာ……….. အဟီးးးးးးးးး
Was this answer helpful?
LikeDislikeကျမ်းမာရေးအခြေအနေကြောင့် မလိုက်ခဲ့ရပေမယ့် ..
အလှူအတွက် ၀မ်းမြောက်ဝမ်းသာ သာဓုခေါ်ပါတယ်ဗျာ ..
Was this answer helpful?
LikeDislikeအဝေးကနေသာဓုခေါ်လိုက်ပါတယ်ဗျာ
မြင်လိုက်ရတဲ့ပုံတွေကအကုန်ကြည်နူးစရာပါဗျာ
စောင့်ရှောက်ထားတဲ့ဘုန်းဘုန်းတွေလည်းတာဝန်အတော်ကြီးမှာ
ပေးဝေကြတဲ့သူတွေလည်းသာဓုပါဗျာ
Was this answer helpful?
LikeDislike၀မ်းမြောက်ဝမ်းသာ သာဓုခေါ်ပါတယ်. သာဓု သာဓု သာဓုပါ..
အလှူဖြစ်မြောက်အောင် ၀ိုင်းဝန်းဦးဆောင်ကြတဲ့ အဖွဲ့သားအားလုံးကိုလည်းကျေှးဇူးတင်ပါတယ်….
နောက်ထပ် နောက်ထပ် အလှူတွေကိုလည်း ပျော်ပျော်ပါးပါး ပါဝင်ချင်ပါသေးတယ်…
Was this answer helpful?
LikeDislikeဒီအစီအစဉ်ကို စတင်စိတ်ကူးအကောင်အထည်ဖော်ကြတဲ့ ကိုကြောင်ဝတုတ်နဲ့ ရွာသူားများကို
လေးလေးနက်နက်နဲ့ သာဓု သုံးကြိမ်ခေါ်ပါတယ်ခင်ဗျာ။ အားလုံးလဲ ကောင်းသော သဒ္ဓါတရားကြောင့်
အားလုံးနောင်ဘ၀နတ်ပြည်မှာ ပြန်ဆုံကြဒါပေါ့နော်..။ စဉ်းစားမိတာလေးကတော့ အဲ့လို တခါတလေ
လှူတာထက်ပိုပြီး ဘာလုပ်ပေးရင်ကောင်းမလဲပေါ့..။ ရွာထဲမှာ ပညာတတ်တွေရှိတော့ အင်္ဂလိပ်စာလိုမျိုး
နွေရာသီပိတ်ရက်တွေမှာ အဲ့လို ကျောင်းလေးတွေကို ဂေဇက်ရွာ ဂရုလေးဖွဲ့ပြီး အခမဲ့ စပီကင်တို့ဘာတို့ သင်ကြားပေးရင်
သူတို့လဲ ပညာရ.. ကိုယ်တွေလဲ ပညာပီတီရ… မယ်လို့..။ တကယ် ဒီမိုကရေစီနိုင်ငံသွားရင်
မျက်နှာဖြူစာ ပြောတတ်၊ဖတ်တတ်၊နားထောင်တတ်၊ရေးတတ်ရမယ်.. ထင်မိကြောင်းလေး ၀င်လျှာရှည်သွားပါတယ်။
လုပ်နိုင်တဲ့သူများ ရှေ့ဆက်ကြိုးစားသင့်ပါကြောင်း ..
Was this answer helpful?
LikeDislikeကိုရင်စည်သူပြောတာမြင်မှ..သတိထားမိတာ လေးတခုဝင်ပွားအုန်းမှရယ်..
ကျောင်းမှာ မီဒီယာခန်းလည်း လုပ်ထားပီးသားရှိသဗျ..
ကွန်ပူတာကတော့ ဂဇက်အလှူလုပ်တဲ့နေ့တင်
တစ်လုံးလာလှူတာ မြင်မိလိုက်သေး..
ကျောင်းဝန်းထဲ လိုက်ရှင်းပြပေးတဲ့လူရဲ့စကားအရတော့..
လှူထားတဲ့ကွန်ပျူတာတွေကို ကလေးတွေအသုံးပြုဖို့ သင်ပေးနိုင်တဲ့ လုပ်အားပေးဆြာ.ဆြာမ ဒွေ တော့မရှိသေးဘူးဆိုလား..
ဆိုတော့ လုပ်နိုင်မဲ့သူများ ….
Was this answer helpful?
LikeDislikeသာဓု အကြိမ်ကြိမ်ခေါ်မိပါတယ်။
အလှူဖြစ်မြောက်ရေး ကြိုးပမ်းပေးသူများကိုလည်း ကျေးဇူးအများကြီးတင်ရှိပါကြောင်းနှင့်
နောင်အလှူများတွင်လည်း ကိုယ်တိုင် ကိုယ်ကျ လိုက်ပါနိုင်အောင် ကြိုးစားသွားပါဦးမည်။
Was this answer helpful?
LikeDislikeသေချာဖတ်တော့.. မမှားပေမယ့်.. မမှန်တာ၂ခုထပ်တွေ့တယ်..
အမေရိကန်နိုင်ငံဆိုတာရယ်.. အယ်ဒီတာအဖွဲ့ဝင်ဆိုတာရယ်ပါ…
အမေရိကန်က.. ယူအက်စ်မှာနေတဲ့.. နိုင်ငံသား(Citizen)တွေကိုခေါ်တာဖြစ်ပြီး… မြန်မာသမ္မတကြီးမိန့်ထားသလို.. (အမေရိကန်)လူမျိုးလည်းမဟုတ်ကြောင်းပါ..
Is “American” an ethnicity?
if someone asks someone who was born and raised in …let’s say, the U.S., can they say American?
or would saying the other nationalities (such as Swedish, Italian, Japanese, etc) and then adding “American” at the end be correct?
Best Answer – Chosen by Voters
native american is an ethnicty american is a nationality.
ဒေါ်နီလာစိန်က.. Ads Director ဖြစ်ပါတယ်နော…။ အယ်ဒီတာမဟုတ်ပါ..။
ဒီဝက်ဘ်ဆိုက်မှာလည်း.. ရွာသူားအဖြစ်.. အကောင့်မရှိပါ…။
မြန်မာနိုင်ငံအဆင့်ရေကူးချန်ပီယန်ဟောင်းဖြစ်ပြီး.. ယူအက်စ်မှာလည်း.. မြန်မာကလေးတွေကို. (နွေရာသီဆို).ရေကူးသင်ပေးနေပါတယ်..။
မြန်မာပြည်က.. ကလေးတွေအတွက်.. ဝေပေးတဲ့.. လက်ဆောင်လေးတွေအတွက်.. သာဓုလှမ်းခေါ်လိုက်ပါတယ်လို့…။
=
ကိုရင်အာဂ ကော်မန့်ဖတ်ရတာ..စိတ်ထဲ..တမျိုးဖြစ်မိတယ်..
ကလေးငယ်တွေ.. သိမ်ငယ်စိတ်နဲ့.. အကြောက်တရားဝင်နေကြသလား.. တွေးမိလို့ပါ…။
Was this answer helpful?
LikeDislikeသဂျီးရေ..ကျနော်မြင်မိခဲ့သလောက်..
ကလေးတွေကသိမ်ငယ်နေကြတဲ့ ပုံစံတော့မပေါ်ပါဘူး ဗျာ့ ..
ဘာလို့ ဆိုတော့ကာ.. သာမန်အချိန်မှာ သူတို့လေးတွေ အတူတူထိုင်နေကြ.
ကစားနေကြတဲ့ အနားကိုသွားပီး..
နာမည်၊အတန်း မေးရင်း.ထွေရာလေးပါးပြောကြည့်တော့
ကြည်ကြည်လင်လင်.အေးအေးဆေးဆေးလေးတွေ ပြန်ဖြေတတ်ကြတာကို မြင်ရသလို..
လူကြောက်တဲ့ပုံစံမျိုး သိပ်မတွေ့ရဘူး..ရယ်.(ကလေးတိုင်းနီးပါး)
ထမင်းစားချိန်မှာ စကားမပြောပဲ ငြိမ်ဝပ်နေတာက.
အသုတ်လိုက်ကျွေးတာမို့ရယ်..သူတို့ကိုယ်တိုင်လည်း နောက်လူက
သူတို့ပီးမှဆက်စားရမယ်ဆိုတာကို နားလည်ကြတာမို့
စည်းကမ်းလိုက်နာပီး စောင့်ထိန်းရုံပဲထင်ပ ဗျာ..
နောက်တခုက..ထမင်းစားသောက် ဖိနပ်စီးပီးပြန်အထွက်မှာ.သူတို့အချင်းချင်း
ရယ်ရယ်မောမော တောက်လျှောက်ပြောနေကြတာကိုလည်း သေချာကြီး မြင်ခဲ့သမို့..
လုပ်အားပေးကူညီပေးသူတွေ ဘုန်းကြီးတွေက အကြောက်တရားနဲ့
အုပ်ချုပ်နေတဲ့ဘက်တော့ မရောက်လောက်ပါကြောင်းး…..
အထူးသဖြင့် ကလေးတွေ ရန်ဖြစ်မှာကို တားမြစ်တဲ့အနေနဲ့တော့..
အကယ်၍ အဆောင်တခုအတွင်းက ကလေး၂ယောက်ရန်ဖြစ်ရင်..
ထိုတဆောင်လုံးကို အပြစ်ပေးတဲ့စနစ်ကိုတော့ ကျင့်သုံးပါ၏..။
Was this answer helpful?
LikeDislikeကိုမတ်ရဲ့ ကော့မန့်ကို … အားဖြည့်ပြီးထပ်ရေးပါတယ်နော် … (ဂယ်တော့ ပါရမီဖြည့်ချင်တာပါ .. အဟီး ..ပြာစိန်ကို တနားလို့ လူသိရှင်ကြား ပေါတော့ပါဘူး ….. ခစ်ခစ်
)
ကလေးတွေက သိမ်ငယ်စိတ်ဝင်တာတော့မဟုတ်ဘူး သဂျီးရဲ့ … ရောက်သွားတဲ့ လူတွေကသာ သူတို့ ဘ၀ပေး အခြေနေနဲ့ ကိုယ့်ငယ်ဘ၀ကို နှိုင်းစာပြီး ၊ အလိုလို အော်တို သနားစိတ်ဝင်သွားတာ ။ကရုဏာစိတ်ဖြစ်မိတာ.. ။ (ကိုယ်တိုင်လည်း အဲ့လို ဖြစ်မိလို့ပါပဲ )
စကားမပြောပဲ ထမင်းစားကြတာကလည်း … ဘုန်းကြီးက ကြောက်အောင်ခြောက်ပြီး လိုက်နာ ခိုင်းတာမျိုးမဟုတ်… သူတို့စည်းကမ်းရှိဖို့ အမှာစကားဖြစ်ကြောင်း သူတို့လေးတွေ နားလည်သဘောပေါက်ကြပါတယ် ။ ထမင်းစားရင်း စကားတွေပြောမယ် … ငေးတိငေးတိုင် စားချင်သလို စားမယ်ဆိုလျှင် အချိန်နဲ့ ၊ အလှည့်နဲ့စားရတဲ့ အခါ ၊ နောက်ကျတာတို့ မ၀တာတို့ ဖြစ်နိုင်တာကြောင့် ထမင်းစားချိန်မှာ ကိုယ့်ကိုယ်တာ ရတဲ့ ထမင်းကို ကုန်အောင်စားမှ ဗိုက်ပြည့်မယ်ဆိုတဲ့ အသိမျိုးလေးတွေ ရှိကြတယ် ။
နောက်တစ်ခု .. ဒီကလေးတွေကို သဘောကျတာက …. လူမကြောက်ဘူး ၊ ပြောရဲ ဆိုရဲရှိတယ် …. ။ ဒါကလည်း မှီခိုလိုစိတ်အားနည်းပြီး … ကိုယ့်ထူကိုယ်ထဖြစ်ရမယ်ဆိုတဲ့ အတွေးမျိုးခေါင်းထဲ ရောက်နေတာကြောင့်လို့ထင်ပါတယ် ။
Was this answer helpful?
LikeDislikeသူကြီးရေ ကိုရင်အာဂပြောထားတဲ့ ထမင်းစားရင် စကားမပြောနဲ့ ဆိုတော့ မပြောကြတာမှ ထမင်းထပ်ယူဦးမလားလို့မေးတာတောင် လုံးဝမပြောဘူး ဆိုတာက သူတို့ရဲ့ စည်းကမ်းလိုက်နာမှုကို ရည်ညွှန်းချင်တာပါ…… ကလေးတွေအတွက် လိုအပ်တဲ့ စည်းကမ်းမျိုးကိုပဲ ချမှတ်ထားတယ်လို့သိရပါတယ်…. အမတ်မင်းပြောထားသလိုမျိုး အကယ်၍ အဆောင်တခုအတွင်းက ကလေး၂ယောက်ရန်ဖြစ်ရင်..
ထိုတဆောင်လုံးကို အပြစ်ပေးတဲ့စနစ်ကိုတော့ ကျင့်သုံးတယ်ဆိုတာကလဲ အကယ်၍ ကလေးတွေရန်ဖြစ် တော့မယ်ဆိုရင်တောင် ဘုန်းကြီးစီမရောက်အောင် သူတို့ချင်း ထိန်းသိမ်းတတ်သွားအောင် ချမှတ်ထားခြင်းဖြစ်ပါတယ်…… အကယ်၍ ဘုန်းကြီးထံ ရန်ဖြစ်ပီး ရောက်ခဲ့မယ်ဆိုရင် ဘုန်းကြီးရိုက်တဲ့ကြိမ်ဒဏ်ကို သူတို့ခံကြရမှာဖြစ်ပါတယ်……ဒါကြောင့် သူတို့အချင်းချင်း ပြန်ထိမ်းသွားတဲ့အတွက် ပြဿနာဆိုတာ ဖြစ်ခဲသွားပါတယ်…… သိမ်ငယ်စိတ်နဲ့ အကြောက်တရားဝင်နေကြတာ လုံးဝမဟုတ်ကြောင်း…… သာမာန် စာသင်သား ကလေးငယ်တွေ သွားလာလှုပ်ရှားဆော့ကစားနေကြတဲ့ ကလေးတို့သဘာဝကို ပြည့်ပြည့်၀၀ မြင်တွေ့ခဲ့ရကြောင်းပါ သူကြီး အုကိုင်ခင်ဗျား……
Was this answer helpful?
LikeDislikeထမင်းလိုချင်လျှင် ပါးစပ်က မပြောဘူး … လက်ညှိုးလေးတွေ ထောင်ပြကြတယ်ဆိုတာလည်း .. အလေ့ကျင်တစ်ခု ၊ စည်းကမ်းတစ်ခုပါပဲ ကိုသူရရေ … ။
Was this answer helpful?
LikeDislikeရွှေထွက်တဲ့
ဂေဇက်ကွ
နေလည်းတက်
သေလည်းမြတ်တယ်
မယုံရင်စမ်းကြည့်…။
Was this answer helpful?
LikeDislikeအလှု အတွက် သာဓုသာဓုသာဓု ပါ ။ကိုယ်တိုင်လိုက်ချင်ပေမဲ့ အကြောင်းကြောင်းကြောင့် ပါ။နောင်လဲ များများလှုနိုင်ပါစေ ဆုတောင်းမိပါတယ်။
Was this answer helpful?
LikeDislikeအလှူသွားရင်း ရွှေဆံတော်ဘုရား ပို့ပေးပါ ပူဆာထားပြီးမှမလိုက်ဖြစ်လို့ စိတ်မကောင်းပါ…သတိတရ မေးတဲ့အတွက်လဲ ကျေးဇူးတင်ပါတယ်…
Monday 17/12 အလုပ်နဲ့ နေပြည်တော်သွားရမှာမို့ Sunday 16/12 က စာရင်းဇယားတွေနဲ့
အလုပ်များနေခဲ့ရတယ်လေ…ဓါတ်ပုံလေးတွေကြည့်လို့ ဘဲ ၀မ်းသာနေရတော့မှာ…
Was this answer helpful?
LikeDislikeအဝေးကပဲ သာဓု သာဓု သာဓု ခေါ်လိုက်ပါတယ် … ဇတ်ဆရာတို့ …။
ကျေးဇူးလဲ တင် ဝမ်းမြောက်မိပါတယ် …။
Was this answer helpful?
LikeDislike