ဟာသ

Yin Nyine NwayJuly 17, 20101min1006
ဖုံးသံမြည်လာတယ်
“ဟယ်လို…မိန်းမလား”
“ရှင်……….”
“မိန်းမလား………လို့…..”
“မဟုတ်ပါဘူးရှင်…ကျွန်မကဒီအိမ်ကအိမ်ဖော်ပါ”
“ဪ…အေးအေး…မင်းမမလေးကော….ရှိလား”
“ဟုတ်…”
“ခေါ်ပေးကွာအရေးကြီးလို့”
“..ရှင်…မမလေးကသူ့အမျိုးသားနဲ့အိပ်နေတယ်..မခေါ်ပေးရဲဘူး”
“ဘာ…..သူ.ယောင်္ကျားနဲ့ဟုတ်လား…”
“အင်းလေ..ဟုတ်ဘူးလား”
“ဒီမှာငါကမှ..သူ.ယောကျင်္ား…မှတ်ထား.
ကောင်မကတော်တော်လင်ပေါနေတယ်မှတ်တယ်…
ခုလင်ငယ်နဲ့အိပ်နေတယ်ပေ့ါ………
တောက်…သေမယ့်သာမှတ်…
ဟေ့…ဟေ့..ဒီမှာ…မင်းအခုချက်ချင်း အခန်းထဲဝင်ပြီး..ကောင်မကိုကော
အကောင်ကိုကော..သတ်ပစ်စမ်းကွာ..”
အိမ်ဖော်မလေး..ဆတ်ခနဲတုန်သွားပြီးမှ…..
“ရှင်..!!!! …မ…မ..လုပ်ပါရစေနဲ့ရှင်”
“တောက်…နင်ပါသေချင်လို့လား…ငါအခုပြန်လာလိုက်ရ..
၃ လောင်းပြိုင်ဖြစ်သွားမယ်…နားလည်လား..သွားစမ်း သွားစမ်း
အံဆွဲထဲမှာသေနတ်ရှိတယ်…နှစ်ယောက်စလုံးကိုပစ်သတ်..
ကြားလား…ဖြစ်သမျှငါရှင်းမယ်..သွားပစ်လိုက်စမ်း”
“ဟို… ဟိုလေ…….”
“ဟိုလေ ဒီလေလုပ်မနေနဲ့..ဘာလဲ..နင်ပါသေချင်လို့လား”
“မဟုတ်ပါဘူးရှင်….သ.သ..သွားပါ့မယ်……….”
ခဏအကြာ….ဒိုင်းခနဲသေနတ်သံနှစ်ချက်ကြားလိုက်ရသည်။
“ပြီး..ပြီးပြီ..ဘာ..ဘာဆက်လုပ်ရမှာလဲဟင်…..”
“အေး…ပြီးရင်..ဂုန်နီအိတ်နဲ့ထုပ်ပြီး…အိမ်ရှေ့ယူလာခဲ့
ပြီးရင်ပြော..”
အနည်းငယ်ကြာပြီးနောက်…..
“ပြီးပြီ…ဆက်ပြော…”
“ပြီးရင်….အိမ်ရှေ့ကရေကန်ထဲခဏချထား…ငါပြန်လာမယ်…ကြားလား”
“ရှင်…ဘာကြီး……….”
“ရေကန်ဟေ့…ရေကန်…နားလေးနေလား..ငါဒေါသထွက်နေရတဲ့အထဲ”
“ဟို..ဟိုလေ…အိမ်ရှေ့မှာရေကန်မရှိဘူးရှင့်”
“ဘာ…ဟုတ်လို့လား”
“ဟုတ်….ဟုတ်…”
“ဒါ..ဒါဖြင့်.phone နံပါတ်ကကော..ဟင်…”
“524895 လေ….”
“ဗျာ……အဟင်း..ဘယ်လိုပြောရမလဲ…..sorry ပေါ့နော်..အဟင်း
ဟို..ဟိုလေ…
phone မှားသွားလို့..သိလား…ဒါပဲနော်”
cartoon-boy.gif

6 comments

  • kopauk mandalay

    July 17, 2010 at 3:11 pm

    ဖုန်းမှားသွားလို့တော်သေးတာပေါ့။
    နို်မဟုတ်ရင် ကိုယ့်မိန်းမအချောင်သေမှာ။
    သဘာဝနဲ့ကင်းကွာတဲ့ ဟာသလို့လဲ ပြောရင်မမှားဘူးနော်။

  • yannaingech

    July 17, 2010 at 4:01 pm

    No such thing can be happened in nature, but a very funny post with a nice trick!

  • shattermoon

    July 17, 2010 at 5:01 pm

    thanks u ဘဝအမောပြေလေပါ ။

  • enzo

    July 21, 2010 at 5:38 am

    ၅ ကျပ်ဖိုးလောက်ရယ်လိုက်ရတယ်

  • Yin Nyine Nway

    July 21, 2010 at 6:48 am

    10 ဖိုးလောက် ရယ်ရင် ပိုလှမယ်ထင်တယ်star လေးပါပေးလုက်ရင်တော့ so beautiful ပေါ့

Leave a Reply