အမွေရဖို့ အမေရိကသွားတဲ့ ခရီး (Story-4)

ဒီအပိုင်းက ဟိုတယ်ရောက်လို့ Reservation Counter မှာ ပြောကြတာလေးတွေပါ..

မူဗွီလေးက ဒီလို

EE04ST

— ==== —

Desk Clerk    Welcome to the Peachtree Plaza. Do you have a reservation?

Peachtree Plaza က ကြိုဆိုပါတယ်။ အခန်းနေရာ ကြိုတင်ယူထားပါသလားခင်ဗျာ။

Alex             Yes, I do. I’ll be staying for two or three days.

                   ဟုတ်ကဲ့ ယူထားတယ်။ ကျွန်တော် ဒီမှာ နှစ်ရက် သုံးရက်လောက် တည်းမယ်။

Desk Clerk    What is your name?

နာမည်ဘယ်သူပါလဲ

Alex             Alex Smith.

                   အဲလက်စ် စမစ်ပါ။

Desk Clerk    Are you here for business or pleasure?

ဒီမှာ အလုပ်ကိစ္စနဲ့လား အပန်းဖြေဖို့လား။

Alex             Could you please speak more slowly?

                   နည်းနည်းဖြေးဖြေးလေး ပြောပေးပါလားဗျာ။

Desk Clerk    Is this a business trip or just a vacation?

အလုပ်ကိစ္စခရီးလား.. အားလပ်ရက်သပ်သပ်ပဲလား။

Alex             Both, actually. My uncle died recently in Atlanta. I’ve come to take care of his estate.

                   တကယ်တော့ နှစ်ခုစလုံးပဲ။ တလောလေးကမှ ကျွန်တော့်ဦးလေး အတ္တလန်တာမှာ ဆုံးသွားတယ်။ သူ့အမွေကိစ္စလေးတွေ ဆောင်ရွက်ဖို့ လာရတာပါ။

Desk Clerk    I’m sorry for your loss.

ခင်ဗျားဆုံးရှုံးမှုအတွက် စိတ်မကောင်းပါဘူးခင်ဗျာ။

Desk Clerk    We’ll make your stay here as worry-free as possible.

ခင်ဗျား ဒီမှာတည်းတဲ့တလျှောက်မှာ ပူပင်ကင်းနိုင်သမျှကင်းအောင် ဆောင်ရွက်ပါ့မယ်ခင်ဗျာ။

Alex             Thank you.

                   ကျေးဇူးပါပဲ။

Desk Clerk    We have room 758 reserved for you. Will you be paying with cash or a credit card?

ခင်ဗျားအတွက် အခန်း ၇၅၈ ကို စီစဉ်ထားပါတယ်။ ငွေသားနဲ့ရှင်းမှာလား ခရက်ဒစ်ကဒ်နဲ့ ရှင်းမှာပါလား။

Alex             A credit card. Here it is.

                   ခရက်ဒစ်ကဒ်နဲ့ပါ။ ဒီမှာပါ။

Alex             What’s the rate?

                   ဈေးနှုန်းက ဘယ်လောက်လဲဗျ။

Desk Clerk    $129.00 per night. There’s also a complimentary continental breakfast.

တစ်ညကို ၁၂၉ ဒေါ်လာပါ။ မနက်စာလည်း အခမဲ့ ပါဝင်ပါတယ်။

Desk Clerk    I need to make an imprint of your credit card.

ခင်ဗျားရဲ့ ခရက်ဒစ်ကဒ်နဲ့ ငွေချေဖို့ လုပ်ရပါမယ်။

Alex             How do I get to my room?

                   ကျွန်တော့်အခန်းကို ဘယ်လိုသွားရမလဲ။

Desk Clerk    Take the elevator on the right to the seventh floor, and turn to your left after you exit the elevator.

The room will be on your right. A bellman will bring up your bags.

                   ညာဘက်က ဓာတ်လှေခါးနဲ့ ခုနှစ်ထပ်ကိုတက်ပါ။ ဓာတ်လှေခါးကထွက်ပြီးရင် ဘယ်ဘက်ကိုကွေ့သွားပါ။ အခန်းက ညာဘက်အခြမ်းမှာ ရှိလိမ့်မယ်။ ခင်ဗျားရဲ့အိတ်တွေကို အလုပ်သမားတစ်ယောက် လာပို့ပါလိမ့်မယ်။

+++ … xxx … +++

နောက်ဆက်တွဲ ထပ်မံ လေ့လာစရာ

8 comments

  • Mobile

    December 17, 2012 at 1:34 pm

    ကို မင်းနန္ဓာရေ မင်္ဂလာပါခင့်ဗျ။
    ယခုလို ဂဗာ သုံး လမ်းဂွေ့ ကို အခန်းဆက် လေ့လာခွင့် ရတဲ့အတွက်
    အထူးကျေးဇူးတင်ပါတယ်ခင့်ဗျ။
    Could you please speak more slowly? ဒီလို စကားလုံးလေးတွေက
    ကျနော်တို့လို့ စပြီးလေ့လာဆဲ စပြီးအသုံးပြုမယ် လူတွေအတွက်
    အဓိကမှတ်သားထား ရမယ့်စကားလုံးလေးတွေ ဖြစ်တယ်လို့ ထင်ပါတယ်ခဗျ။
    စောင့်မျှော်အားပေးနေမည်ဖြစ်ပါကြောင်းးးးးးးးးးးးးးးးးးးးးးးးးးးးးး

  • Mr. MarGa

    December 17, 2012 at 8:50 pm

    အမေရိကကို သွားဖို့ ပြင်နေလို့
    လေ့လာ သွားတယ်ကွယ့်
    (စတုမဟာရာဇ်နတ်များ အစည်းအဝေး သွားတက်ရမှာလေ
    နတ်ရထားနဲ့) :mrgreen:

  • မင်းနန္ဓာ

    December 18, 2012 at 9:36 am

    ကမိုဘိုင်းနဲ့ အူးမာဃရေ
    လာရောက်လေ့လာ အားပေးသွားတာ ကျေးဇူးပါ
    ပို့စ်က ပြန်ပြင်ရအုံးမယ် မနေ့က လိုင်းကမကောင်း၊ ကမန်းကတန်းနဲ့ တင်လိုက်တာ
    မူဗွီလည်း ထည့်ရအုံးမယ် (သူကြီးပြောပြတာကို လုပ်တာလည်း အဆင်ကို မပြေသေးဘူး)
    နောက်ဆက်တွဲလည်း ဖြည့်ရအုံးမယ်

  • မောင်ပေ

    December 18, 2012 at 1:00 pm

    ဆရာဓါရေ လက်ချာချိန်နောက်ကျသွားလို ့ဆိုးဆော ပါ
    စကားမငရုတ် ဆရာကတော်မလွန်း လဲ ကျန်းမာချမ်းသာပါစေကြောင်း

    • မင်းနန္ဓာ

      December 18, 2012 at 9:10 pm

      ကိုပေရေ
      ပို့သတဲ့မေတ္တာကြောင့် တမိသားစုလုံး ကျန်းမာချမ်းသာပါကြောင်း
      ဒီ ပို့စ်မှာ လက်ချာမပြည့်စုံသေးတာကိုလည်း တောင်းပန်လိုက်ပါကြောင်း

  • ရွှေ ကြည်

    December 20, 2012 at 9:24 am

    I always read & study ur posts. Thanks.

  • kai

    December 21, 2012 at 6:12 am

    သင်ခန်းစာ ဗီဒီယိုထည့်လိုက်ပြီဗျို့..

    • မင်းနန္ဓာ

      December 21, 2012 at 8:05 am

      သဂျီး ဗီဒျိုကြီးက သင်ခန်းစာနဲ့ လွဲနေတယ်.ဟီး Lesson 5 ကြီးဖြစ်နေလို့
      ကုတ်တွေ ဆိုတော့ လုံခြုံရေးကြောင့်ပဲလား.. ရာထူးအဆင့် ကြောင့်ပဲလား မသိပါ
      ကျနော် edit ကို သွား.. text ပြောင်း.. သူကြီးထည့်ပေးထားတဲ့ Embed code ဆိုတော့ ပေါ်လာတဲ့ ဟာတွေကို ကူးပြီး ထည့်တယ်

      ဒါပေမယ့် Update လုပ်လိုက်တာနဲ့ စောစောက ထည့်ထားတဲ့ code တွေ မပေါ်တော့ဘူး
      ပို့စ် View post လုပ်ကြည့်တော့လည်း ဗီဒျို ကို မမြင်ရပါ…
      အဲဒါ အဲဒါ.. ဘာဖြစ်လို့လဲ
      (ရာထူးကြောင့်ဆိုရင်လည်း ပို့စ်တွေထဲ ဗီဒျိုမြင်အောင် ထည့်ပေးတာ သူဂျီး ကူညီပေးရမယ်နော်.. ဒါဗြဲ)

Leave a Reply