လေဖြတ်တာလို ့ ချက်ချင်းသိနိုင်လို ့အနည်းဆုံး ၃နာရီအတွင်းမှာ လူနာကို ဆေးကုသမှု ခံယူစေနိုင်ရင် လူနာဟာ ဝေဒနာမျိုးစုံ ခံစားရတော့မှာ မဟုတ်ပါဘူး။

onlinezzJuly 17, 20101min842

ဒီအချက်တွေသင်သိရင် အသက်ပေါင်းများစွာကယ်နိုင်တဲ့အပြင် ကိုယ့်ကိုယ်ကိုလဲ ကယ်တင်ရာရောက်ပါတယ်

လေဖြတ်ခြင်းဟာ ဦးနှောက်ကြွက်သားတွေကိုထောက်ပံ့နေတဲ့သွေးကြော ပေါက်ခြင်း(သို ့)ပိတ်ခြင်းကြောင့်ဖြစ်ရပါတယ်။

လေဖြတ်ခြင်းရဲ ့ ဆိုးကျိုးတွေနောက်ဆက်တွဲတွေကို အားလုံးသိကြမှာပါ။လူတစ်ယောက်ဟာ ပုံမှန်မသန်စွမ်းတော့ဘဲ အိပ်ရာပေါ်မှာနေသွားရဖို ့များပါတယ်။အိပ်ရာပေါ်မလဲတောင် ပုံပျက်ပန်းပျက်နဲ ့ အသက်ရှင်သွားရမှာပါ။ဖြစ်ပြီးမကြာခင်မှာလဲ အသက်ဆုံးနိုင်ပါတယ်။ဒါကြောင့်လေဖြတ်မှန်းသိပြီး ချက်ချင်းကုနိုင်ရင်ဖို ့ အောက်ပါရိုးရှင်းတဲ ့ အချက်ကလေးတွေကို မှတ်ထားစေချင်ပါတယ်။

ကိုယ်တွေ ့ဖြစ်ရပ်တစ်ခု
အကင်မျိုးစုံကျွေးတဲ ့ ဧည့်ခံပွဲတစ်ခုမှာ ကျွန်တော့်သူငယ်ချင်းမတစ်ယောက်ဟာ ခလုတ်တိုက်ပြီး လဲကျသွားပါတယ်။အားလုံးကဆေးရုံကားခေါ်ပေးမယ်လုပ်တော့ သူမက ဘာမှမဖြစ်ပါဘူး၊အုတ်ခဲကိုခလုတ်တိုက်မိလို ့ လဲသွားတာပါလို ့ပြောပြီး စားစရာဆက်စားပါတယ်။သူမကြည့်ရတာ မူပျက်နေတယ်ထင်ရပေမယ့် ဧည့်ခံပွဲပြီးတဲ ့အထိနေသွားပါတယ်။ညကျမှ သူ ့အမျိုးသားလှမ်းဖုန်းလို ့ ကျွန်တော်တို ့သိလိုက်ရတာက သူမကို ညနေ ၆ နာရီမှာဆေးရုံတင်လိုက်ရပြီး ဘာမှမလုပ်ရသေးခင်မှာပဲ ဆုံးသွားပြီဆိုတာပါပဲ။တကယ်ဝမ်းနည်းစရာကောင်းတဲ ့ အဖြစ်ပါ။သူမဟာဧည့်ခံပွဲမှာကတည်းက လေဖြတ်ခြင်းကို စခံစားခဲ ့ရတာဖြစ်ပါတယ်။ဘေးနားကလူတွေကသာ လေဖြတ်ခြင်းရဲ ့ လက္ခဏာတွေကို ခွဲခြားသိနိုင်ခဲ ့မယ်ဆိုရင် သူမဟာဒီနေ ့ထိလူ ့လောကမှာရှိနေဦးမှာ ဖြစ်ပါတယ်။ဒါဟာကျွန်တော်တို ့အတွက် သင်ခန်းစာပါပဲ။

လူတိုင်းသိသင့်
ဦးနှောက်နဲ ့ အာရုံကြော အထူးကုဆရာဝန်ကြီး တစ်ယောက်ကတော့ လေဖြတ်တယ်လို ့ သိသိရခြင်း ၃ နာရီအတွင်းလူနာဟာ ဆရာဝန်နဲ ့တွေ ့ခွင့်ရမယ်ဆိုရင် ပြန်ကောင်းနိုင်ပါတယ်လို ့ ပြောပါတယ်။ ဆရာဝန် တစ်ယောက်သာဆို ဒီလိုဘာဖြစ်လို ့ဖြစ်မှန်းမသိဖြစ်တာကို လေဖြတ်တာလို ့ ချက်ချင်းသိနိုင်လို ့ ချက်ချင်းစမ်းသပ် အတည်ပြုနိုင်ပါမယ်။ ပြီးတော့ အနည်းဆုံး ၃နာရီအတွင်းမှာ လူနာကို ဆေးကုသမှု ခံယူစေနိုင်ရင် လူနာဟာ ဝေဒနာမျိုးစုံ ခံစားရတော့မှာ မဟုတ်ပါဘူး။ ဒါပေမယ့် အနားမှာ ဆရာဝန်တစ်ယောက်မှ မရှိဘူးဆိုရင် ဘယ်လိုလုပ်ကြမလဲ။ ဒါကြောင့် အားလုံးအတွက်ရော၊ ကိုယ့်အတွက်ပါ လူတိုင်းသိသင့်တဲ ့လေဖြတ်ခြင်း ဟုတ်မဟုတ်ခွဲနိုင်တဲ ့ အချက်လွယ်လွယ်လေးတွေကို ဆရာဝန်ကြီးက ပြောပြပေးခဲ ့ပါတယ်။

လေဖြတ်ခြင်းရဲ ့ ရုတ်တရက်လက္ခဏာများ
Stroke လို ့ခေါ်တဲ ့ လေဖြတ်ခြင်းဟာ ဦးနှောက်အတွင်းပိုင်း သွေးကြော တစ်ခုခုပေါက်လို ့၊ ဒါမှမဟုတ် ပိတ်သွားလို ့ ဦးနှောက်တစ်နေရာမှာ သွေးမရတော့ဘဲ အလုပ်မလုပ်နိုင်တဲ ့ အတွက် ခန္ဒာကိုယ် ထိခိုက်သွားတာ ဖြစ်ပါတယ်။ ဦးနျောက်မှာဖြစ်တဲ ့နေရာတွေက တစ်ယောက်နဲ ့တစ်ယောက် မတူတဲ ့အတွက် လေဖြတ်ခြင်းရဲ ့လက္ခဏာတွေက တစ်ခါတစ်လေမှာ ခွဲခြားရခက်ပါတယ်။ ကံဆိုးချင်လို ့ဘေးလူတွေက မသိ နားမလည်ရင်တော့ သေပြီပေါ့ဗျာ။ ဒီတော့လေဖြတ်တာရဲ ့ လက္ခဏာတွေ၊ လုပ်ရမှာတွေကို အင်္ဂလိပ်လို အတိုကောက်မှတ်ချင်ရင် သူ ့ရောဂါရဲ ့နာမည်အတိုင်း STROKE လို ့မှတ်နိုင်ပါတယ်။ မြန်မာလိုသိထားလဲ တူတူပါပဲ။ အရင်ဆုံး လူနာကို S,T,R ဆိုပြီး ၃ခုခိုင်းကြည့်ပါ။
(S=Smile) လူနာကိုပြုံးခိုင်းပါ။ (ပုံမှန်ပြုံးသလိုဖြစ်ရဲ ့လား၊ရွဲ ့နေစောင်းနေလားကြည့်ပါ)
(T=Talk) စကားပြောခိုင်းပါ။
(R=Raise both arms) လက်နှစ်ဖက်မြှောက်ခိုင်းပါ။ ဒါတွေအကုန် ချောချောမွေ ့မွေ ့လုပ်နိုင်တယ်ဆိုရင်တော့ STR ပြီးလို ့ OK ပေါ့။ တစ်ခုခုကို မလုပ်နိုင်ခဲ ့ဘူးဆိုရင်တော့ (E=Emergency) အရေးပေါ်ဖြစ်လို ့ ဆေးရုံတင်မှရပါမယ်။ နောက်ထပ် လက္ခဏာတစ်ခုကိုလဲ ထပ်ကြည့်နိုင်ပါသေးတယ်။ လူနာကို လျှာထုတ်ခိုင်းပါ။ လျှာဟာ လိမ်ခေါက်ပုံပျက်ပြီး တစ်ဖက်ဖက်ကို စောင်းနေမယ်ဆိုရင်တော့ လေဖြတ်တာ သေချာပါတယ်။ ဒါဆိုရင်တော့ လူနာဟာ အရမ်းစိုးရိမ်ရလို ့ အမြန်ဆုံး ဆေးကုသမှုခံယူရအောင် လုပ်ပေးပါ။ ဒီတော့ဒီဆောင်းပါးမှာပါတဲ ့အချက်တွေကို သင်ကိုယ်တိုင်လဲ မှတ်သား၊လက်လှမ်းမီသမျှလဲ ပြောပြမယ်ဆိုရင် သင်အပါအဝင် လူပေါင်းများစွာရဲ ့ အသက်တွေကို ကယ်တင်နိုင်မှာဖြစ်ပါတယ်။ S,T,R,O,K,E မမေ ့နဲ ့ နော်။

*******ဖော်ဝပ်မေးမှ ကူးယူဖော်ပြပါသည်။********

2 comments

  • Endless

    August 25, 2010 at 9:39 am

    ကောင်းပါတယ်…..အရမ်းတန်ဖိုးရှိတဲ့ အချက်အလက်တွေပါ STROKE နော့

  • researcher

    August 25, 2010 at 12:29 pm

    အရမ်းကို ကျေးဇူးတင်ပါတယ်ဗျာ။ မဖြစ်မနေသိထားသင့်တဲ့ ဗဟုသုတလေးကို ဖြန့်ဝေပေးတဲ့အတွက်။ ကျွန်တော့အဖေက လေဖြတ်ပြီး ရုတ်တရက် မျက်စိကွယ်သွားဖူးတယ်။ ဖြစ်ဖြစ်ချင်းသိလိုက်တာရယ်၊ ဖြစ်တာ သိပ်မဆိုးလို့ရယ်ကြောင့်ထင်ပါတယ်။ သမားတော်များနဲ့ ပြလိုက်လို့ နောက်ထပ် (၆)လလောက်ကြာတော့ အတော်လေး ပြန်မြင်လာပြန်တယ်။ အကောင်းပကတိလောက်တော့ ပြန်မမြင်ရတော့ဘူးပေါ့။ အခုလိုဗဟုသုတွေ ကြိုသိထားရင် မဖြစ်သင့်တာတွေ မဖြစ်ရအောင် အချိန်မီတားဆီးနိုင်တာပေါ့ဗျာ။
    အဲ- ကြုံတုန်းလေးတောင်းဆိုပါရစေ။ လေမဖြတ်အောင် ဘယ်လိုနေထိုင်စားသောက်သင့်တယ်၊ ရှောင်သင့်တာ၊ ဆောင်သင့်တာလေးတွေ ရှိကြရင် မျှဝေပေးကြပါဦးဗျ။

Leave a Reply