1တောင်တက်လမ်းကရွှေစေတီ

1တောင်တက်လမ်းကရွှေစေတီ

 

2 ဆင်ကြီးက ဒူးတုပ်နေပေမယ့် မမိုက်ပါဘူးတဲ့ ဗျာ

2 ဆင်ကြီးက ဒူးတုပ်နေပေမယ့် မမိုက်ပါဘူးတဲ့ ဗျာ

 

3 ဒီစေတီလေးဆီကိုရောက်အောင်သွားမှာလေ

3 ဒီစေတီလေးဆီကိုရောက်အောင်သွားမှာလေ

 

4 တောင်အနောက်ဘက်ခြမ်းက စေတိ

4 တောင်အနောက်ဘက်ခြမ်းက စေတီ

 

5 စိမ်းစိမ်းကြားမှာ ၀ါဝါ

5 စိမ်းစိမ်းကြားမှာ ၀ါဝါ

 

6 တောင်ခြေမှာဒူးတုပ်နေတဲ့ဆင်ကြီး

6 တောင်ခြေမှာဒူးတုပ်နေတဲ့ဆင်ကြီး

 

7 လမ်းမှာတွေ့ တဲ့ ဂူကလေး

7 လမ်းမှာတွေ့ တဲ့ ဂူကလေး

 

8 ဂူအ၀င်

8 ဂူအ၀င်

 

8 အတွင်းထဲမှာလင်းလက်

9အတွင်းထဲမှာလင်းလက်

 

10 ကျောက်တံခါးဝ

10 ကျောက်တံခါးဝ

 

11 တိမ်အဖြူ တောအစိမ်းကောင်းကင်အပြာ စေတီဝါ၀ါ

11 တိမ်အဖြူ တောအစိမ်း
ကောင်းကင်အပြာ စေတီဝါ၀ါ

“တောင်တက်လမ်းမှာတွေ့ခဲ့ရသမျှ”

 

 

စားလို့သောက်လို့ပြီးတော့ တောင်ပေါ်တက်ဘို့ပြင်ကြပါတယ်။

တောင်ကုန်းလေးက ကျောက်ဆောင်တွေနဲ့အပြည့်နဲ့ပါဘဲ။

အောက်ခြေမှာတွေ့တဲ့ရွှေစေတီလေးကနေ တောင်ဘက်ကိုဆက်သွားတော့လမ်းမှာ

ဒူးတုပ်နေတဲ့ပုံစံထုလုပ်ထားတဲ့ ကျောက်ဆင်ရုပ်ကြီးကိုမြင်ရပါတယ်။

တောလမ်းလေးရှိတယ်လို့ပြောတာနဲ့ ကျနော်က ရှေ့ကအသွား လမ်းလဲဆုံးရော

စေတီလေးတစ်ဆူကိုမြင်ရ။

ဆက်သွားမယ်အလုပ်လမ်းပျောက်သွားမှ လမ်းမှားမှန်းသိရပါတယ်။

အဲဒါနဲ့အောက်ဘက်ပြန်ဆင်းလိုက်မှတောင်တက်လမ်းအမှန်ကိုတွေ့ရပါတယ်။

အဲဒီကနေဆက်အသွားလမ်းမှာလဲ ကျောက်ဆင်ရုပ်တစ်ရုပ်ထပ်တွေ့။

အဲဒီကနေတောလမ်းလေးအတိုင်းသွားတော့ ဥမင်လှိုဏ်လေးတစ်ခုကို အ၀င်တံခါးတွေ

ဆောက်ထားတာတွေ့ရ။
မြင်ရတဲ့ပုံကတော့ ဆက်မဆောက်တဲ့ပုံ့စံပါဘဲ။

အဲဒီကနေ အုတ်စီလမ်းလေးအတိုင်းဆက်သွားတော့အပေါ်မှာ ဇရပ်တစ်ဆောင်။

အဲဒီဇရပ်လေးရဲ့အတက်မှာတော့ ကျနော်တို့သွားမယ်ဆိုတဲ့ စေတီလေးကိုမြင်နေရပါတယ်။

အဲဒီနားမှာဘဲ ကျနော် ချောင်းရိုက်တာ ခံလိုက်ရပါတယ်။

 

 

ကိုပေါက်လမ်းသလားနေသည်

(20-12-2012)

 

 

 

About ကိုပေါက်(မန္တလေး)

ko pauk mandalay has written 1612 post in this Website..

အတွေးပါးပါးလေးကနေ ထူသွားပြီထင်တော့ အရင်လောက်တော့ စာမရေးဖြစ်တော့ဘူး။