ဆောင်းဦးညနှင့် ကျိုက်ထီးရိုးဘုရားဖူး

sthukyaw minDecember 17, 20121min1086

အကိုတို့ ကျိုက်ထီးရိုးဘုရားကိုထူးထူးခြားခြားလေးဖြစ်သွားအောင် ကျိုက်ထီးရိုးကုန်းပေါ်ကို ခြေလျှင်တက်မယ်

နော်အသဲ………(အာ  ချစ်စဖွယ်အမူရာလေးနဲ့) အာ အကိုကလဲအဲလောက်အမြင့်ကြီးကို မတက်ချင်ပါဘူး…ကားလဲရှိနေတာပဲ ကားနဲ့တက်မှာပေါ့

မဟုတ်လား…..   အင်း ဟုတ်တော့ဟုတ်ပါတယ် …ဒါပေမဲ့

ဘုရားကြိုးစားပြီးဖူးရာရောက်အောင်လို့

ခြေလျှင်တက်ဖူးချင်တယ်လေ..မင်းမောရင် အကိုကူတွဲခေါ်မယ်ကွာနော်….((အာ

အကိုကလဲ မတက်ချင်ပါဘူး….ကားနဲ့ပဲတက်မယ်…..နော်အကို

…..)အရမ်းပျော်ဖို့ကောင်းမယ်ထင်လို့ပါ…..နောက်လေ….ဘဝတစ်ခုကို

အတူတွဲလျောက်ဖို့အတွက်…မင်းပင်ပန်းနွမ်းနယ်နေတဲ့အခါ အကိုဘယ်လို ဖေးမ

ကူညီမယ်   မင်းအမောတွေကိုဖြေပေးမလဲဆိုတာကိုသက်သေပြချင်လို့ပါကွာ…..မင်းလမ်းမလျှောက်နိုင်ရင် အကိုထမ်းခေါ်မယ်လေသိလားအသဲ…((ဒါဆိုလဲ အကိုသဘောပဲ ကျွန်မကတော့

နည်းနည်းလမ်းလျှောက်ပြီး အကိုပဲထမ်းခိုင်းမယ်…)) ဒါဆိုတကယ်ပြောတာနော်

…အင်း  ပြောတာပြောလိုက်ရတာပါကွာ အကိုလဲမင်းလေးပင်ပန်းမှာကို

အကိုမြင်ယောင်နေပါတယ်……တကယ်ပြောတာပါ…..အကိုမင်းကိုဘယ်လောက်ချစ်တယ်ဆိုတာကိုသက်သေပြချင်လို့ပါ…..((ကဲပြီးတာပဲလေ

အဲဒါဆိုလဲ))dgfd

ဟိုမှာ အဝေးကြိးမှာ မြင်နေရတယ်အသဲ…..အရမ်းကိုကြည်ညိုစရာ ကောင်းတာပဲနော်..ကြည့်ပါဦးကွာ အကိုတို့ရဲ့ ကျိုက်ထီးရိုးဆံတော်ရှင် စေတီတော်ကြီးလေ

..((ဟုတ်တယ်နော်အကို))  မြူနှင်းငွေ့လေးတွေတလွင့်လွင့်နဲ့   ရီဝေရစ်သိုင်း မှုံရီနေတဲ့ ကောင်းကင်ကြီးနောက်ခံထားပြီး   ရွှေရောင်တောက်နေတဲ့ ကျိုက်ထီးရိုးဘုရားကိုမြင်ရလား အသဲ

((ဟုတ်အကို မြင်ရတယ်လေ.)) သိပ်ပြီး ကြည်ညိုစရာကောင်းတာပဲနော်အသဲ… စိမ်းလဲ့လဲ့ တောင်တန်းအထက် ကြီးမားတဲ့  ကျောက်ဆောင်ကြိး

ရဲ့အစွန်အဖျားမှာ လေတိုက်ရင်လွင့်ပါသွားမယ့်အထင်ရှိရဲ့တဲ့  ဗုဒ္ဓ မြတ်စွာဘုရားရှင်ကြီးရဲ့ ဆံတော်ကို  ဌာပနာထားတဲ့ ဘုရားပေါ့……ဒီဘုရားကို   အကိုတို့  မြတ်စွာဘုရားရှင်ရဲ့

ဆံတော်အစစ်ကို သကြားမင်းကိုတိုင် ဌာပနာပြီးတည်ထားတာအသဲ ((ဪ ဟုတ်လားအကို )) ဟုတ်တာပေါ့ ….တစ်ခါက ရသေ့ကြီးတစ်ပါးက မြတ်စွာဘုရားရဲ့ဆံတော်အစစ်ကို

ကိုးကွယ်နေခဲ့တယ်အသဲ ရသေ့ကြီးဟာ  တစ်နေ့  ပျံလွန်တော်မူတော့မယ်အချိန်မှာ ရသေ့ကြီးရဲ့ ဦးခေါင်းထက်မှာ ကိုးကွယ်နေတဲ့ဆံတော်ကို သိကြားမင်းက

အရှင်ရသေ့         မြတ်စွာဘုရားရဲ့ဆံတော်ကို  အရှင်ရသေ့ မရှိသည်နောက်ပိုင်း လူတို့ ကိုးကွယ်နိုင်စေရန်  စေတီတည်ထားကိုးကွယ်ပေးပါမယ်လို့ လျောက်ထားတယ်

အသဲ((ဪ))အဲသည်အချိန်မှာ သကြားမင်းကြီးဟာ တန်ခိုးတော်နဲ့ ဟိုအဝေးတနေရာမှာ ရှိနေတဲ့ ကျောက်ပြားတစ်ခုကို ပြလိုက်တယ်…အရှင်က မကြိုက်ဘူးလေ ဒါနဲ့

ဦးခေါင်းသဏ္ဍန်ရှိတဲ့ ကျောက်တုံးတစ်ခုကို ယူပြတော့   အရှင်ရသေ့လဲ သဘောကျသွားတယ်လေ ((ဪ))သည်လိုနဲ့ သကြားမင်းဟာ ယခုတည်ရှိနေတဲ့ ကျောက်တောင်စောင်းလေးမှာ

တင်လိုက်ပြီး  အလယ်မှာ အပေါက်တစ်ခု ဖန်တီးလိုက်တယ်  နောက် အဲသည်အချိန်မှာပဲ  မြတ်စွာဘုရားရဲ့ ဆံတော်ဟာ ကောင်ကင်မှာ ပျံဝဲတက်ကာ ကျောက်တုံးကြီးရဲ့ အလယ်မှာ

ကိန်းဝပ်စံပါယ်တော်မူသွားတယ်အသဲ….သည်လိုနဲ့ တန်ခိုးတော်ကြောင့် ရွှေရောင်တောက်ပနေတဲ့  စေတီတစ်ဆူအဖြစ် ပေါ်ထွန်းလာခဲ့တယ် အသဲ

((ထူးဆန်းတယ်နော်အကို))အင်းပေါ့အသဲ  သိပ်ထူးဆန်းဆို  အတုမရှိ ဗုဒ္ဓမြတ်စွာဘုရားရှင်ရဲ့ ဆံတော်အစစ်လေ အသဲရဲ့ ((အကို့ကို တစ်ခုလောက် ကြားဖြတ်မေးချင်လို့

အဲသည်ရသေ့ဆီကို  မြတ်စွာဘုရား ရဲ့ဆံတော်က ဘယ်လိုရောက်လာသလဲဆိုတာလေးသိရင်ရှင်းပြပါလား)) (((ကျွန်တော်လဲ…ချစ်သူကို ကျိုက်ထီးစကားတွေအရမ်းရှည်သွားမှာစိုးလို့

))))အဲသည်အကြောင်းကို ဘုရားရောက်မှ လေနုအေးလေး  ရှူသွင်းရင်းပြောမယ်လေ နော် အသဲ  ((အင်းပါ  အကိုရယ်  အကို ထူးဆန်းလိုက်တာအကိုရယ်နော်  နောက် သကြားမင်းကြီးဟာ

ဘာလို့အဲသည်လောက်အစွန်အဖျားကျတဲ့ တောင်စွယ်မှာ ကိုးကွယ်ဖို့နေရာရွှေးလိုက်တာလဲမသိဘူးနော် အကို )) ((((ချစ်စဖွယ်အမူရာလေးနဲ့  မေးလာတဲ့ ချစ်သူကို ပြုံးပြီးကြည့်ရင်း

)))ချစ်သူလေးရဲ့ စေ့စပ်သေချာစွာလေ့လာတတ်တဲ့ အမေးကိုအဖြေရခက်ပေမဲ့     ဟီး………အသဲရယ် ……အကိုအထင်တော့ ဘုရားသနာကျော်လွန်ခဲ့ပြီလေ…ယခုရှိနေတာ

သကြားသာသနာအသဲ            အစွန်အဖျားလေးမှာတည်ထားခြင်းဟာ  သိပ်မကျန်တော့တဲ့  ဗုဒ္ဓသာသနာရဲ့ သက်တမ်းကို ညွန်းဆိုရာရောက်နေမလားလို့တွေးမိတယ်လေ အသဲ

အကိုပြောချင်တာကတော့ ဗုဒ္ဓသာသနကို ယခု ရဟန်းရှင်လူများ စောင့်ရှောက်မှသာ သာသနာဟာ ထွန်းလင်းတောက်ပ ရှည်ကြာမယ်လို့ ပြောချင်တာပါပဲအသဲ  ((ဪ ))

((((ရိုးသားစွာကြည့်မေးနေတဲ့ ချစ်သူလေးရဲ့ မျက်ဝန်းကိုကြည့်ရင်း)))))) အတုမရှိတဲ့ ဗုဒ္ဓမြတ်စွာဘုရားရဲ့ ဆံတော်လေးဌာပနာထားတဲ့ သည်ကျိုက်ထီးရိုးဘုရားဟာ ဗုဒ္ဓဘာသာဝင်တို့ရဲ့

နှလုံးသဲပွတ်တစ်ခုပေါ့…….အရမ်းတန်ခိုးတော်ကြီးဆဲပဲလေ……ဘယ်လောက်ကြိးမားတဲ့ ငလျှင်ပဲလှုပ်ပါစေ…လေဒါဏ် မိုးဒါဏ်ကြားထဲမှာ  ကြည်ညိုဖွယ်ရာအတိနဲ့ လူသားတို့အတွက်

ကိန်းဝပ်ပေးနေတာ သိပ်ထူးဆန်းတာပေါ့အသဲရယ်……..(((ဟုတ်အကို ဟုတ်တယ်နော် စဉ်စားကြည့်ရင် တော်တော် အံ့ဩစရာပဲနော်အကို )) အချစ်လေးမောနေပြီလား ဟင်

(( မောပါဘူးအကိုရဲ့ အကိုအပြောကောင်းလို့ နားထောင်နေတာပါ)))….အသဲရယ် အကို အပြောကောင်းနေတာမဟုတ်ပါဘူး  အကောင်းကိုပြောနေတာပါ…

အင်း….ကြည့်လိုက်စမ်းကိုပါဦးအသဲ   ဟိုအဝေးကြီးမှာ  သိပ်ကြည်ညိုစရာပဲနော်….ငွေခဲရောင်လေးသန်းနေတဲ့  ကောင်ကင်ကြီးနောက်ခံထားလို့   ရွှေရောင်တောက်ပနေတဲ့

ကျိုက်ထီးရိုးဘုရားဆံတော်ရှင် အရမ်းကို ကြည်ညိုစရာပါပဲအသဲရယ်….နော် ….စိမ်းစိုနေတဲ့ တောတန်း…..ညိုမောင်းနေနေတဲ့ တောင်းစွယ် တောင်ညွန့်  ဘုံ

အဆင့်ဆင့်သဖွယ်တည်နေတဲ့တောင်စွယ်ထက်မှာ  ထူးခြား အံဩဖွယ်ရာ ကိန်းဝပ်စံပါယ်တော်မူတဲ့ ကျိုက်ထီးရိုးဆံတော်ရှင် ဘုရား…..ကြည့်ညိုလို့မဝပါလားသဲ…..((ဟုတ်တယ်နော်အကို

သိပ်ပြီး ကြည်ညိုစရာ ကောင်းလိုက်တာနော်အကို  ရင်ထဲကိုအေးသွားတာပဲ  …))  အသဲ မမောဘူးလား အကိုထမ်းခေါ်ရမှာလား((မမောပါဘူးအကိုရယ်))   စကားပြောရင် တက်လာလိုက်တာ

အခုရောက်တောင်ရောက်လုပြိနော်အသဲ……((ဟင် ဟုတ်တယ် နော် အကို မောလိုု့ မောမှန်းတောင်မသိလိုက်ရပါလားအကိုရယ်……))အင်း အဲဒါဘုရားတန်ခိုးတော်ကြောင့်

အရမ်းနုတဲ့အသဲတောင်အခုဆို ဘုရားရင်ပြင်တော်ကို မမောပဲရောက်နေတော့မယ်နော်…အင်း အကိုလဲ အချစ်ကလေးကို  ဘုရားသမိုင်းကြောင်းလေး

ရှင်းပြရင်းတက်လာလိုက်တာ မောတယ်ဆိုတာ သိတောင်မသိလိုက်ဘူး …ဟီး …အဲဒါဘုရားတန်ခိုးတော်ကြောင့်ပဲဖြစ်မယ်နော်……..အကိုက

အသဲအတွက်သမိုင်းကြာင်းလဲရှင်းပြတယ် တောာင်လဲတက်တယ်…… ဘာကြောင့်သည်လောက်  မမောသလဲဆိုရင်  အသဲလေးနဲ့ အတူတူ လက်တွဲတက်ရလို့လေ ((

အကိုကလဲပိုပြီကွာ))မမော မပန်းပဲ ဘုရားတောင်ပေါ်ကိုတက်နိုင်တာ အသဲနဲ့အတူတူဘုရားဖူးခွင့်ရနေတာရယ် သိပ်လှတဲ့ချစ်သူလေး အနားမှာဆိုတော့ ဆူပါမင်းလိုအားတွေဖြည့်နေတာပေါ့

မင်းအချစ် မင်းအချစ် ကြောင့်ပါကွာ……((သွားပါ အပိုတွေ သူများအနေခက်အောင်  ))    ((( ချစ်စဖွယ် ယှက်စနိုးမျက်နှာကလေးနဲ့  ချစ်စရာကောင်းတဲ့ လက်တီးလေးဖွဖွ ဆုပ်ပြီး

ရင်အုံကေးလးကိုထုလို်က်တယ် ယှက်သွေးသန်းသွားတဲ့ချစ်သူမျက်လုံးကလေးတွေက ကျွန်တော်ရင်ကို အေးမြစွာခုန်သက်စေသွားခဲ့ပါတယ်…)))  တကယ်ပါသဲဟုတ် အသဲအရမ်းလှတယ်

သည်နေ့ အရမ်းအရမ်းကိုလှတယ်  တခြားနေ့တွေထက သည်နေ့ပိုလှတယ်..  (( အာ  အကိုနော်..သူများကို လာမြှောက်နေပြန်ပြီ…))ဆက်ထုလိုက်တဲ

ချစ်သူလေးလက်ကိုအသာလေးဖမ်းဆုပ်ကိုင်းထားရင်း ကျွန်တော်ရင်ခွင်ထဲသို့ မှိခိုလာတဲ့ ချစ်သူကို နွေးထွေးစွာ ထွေးပွေ့ထားပြီး ဟိုအဝေးမှ တိုက်ခက်လာတဲ့ လေပြည်နုကလေးကို

အားရစွာ ရိုက်သွင်းလိုက်မိပါတယ်…..နတ်ဖန်ဆင်းထားတဲ့ ရပ်ဝန်းတစ်ခု လို စိမ်းလဲ့ညိုမှောင်  တောတောင်လေး၊ မြင့်မားတဲ့တောင်စဉ်ထက်၊ မဏာတင့်နေတဲ့ ကင်ကင်နဲ့ ဝန်းကျင်

၊ မြူမှုံဝေနေတဲ့ ကောင်ကင်ကြိးထက်မှာ ကြည်ညိုဖွယ်ရာအတိဖြင့် မြင်သူအပေါင်းကို သုခ   အပေါင်းဖြင့် ပြည်စုံ ငြိမ်းအေးစေနိုင်သော၊ တောင်းဆုတွေကို ပြည့်စေနိုင်သော

ကျိုက်ထီးရိုးဘုရားကို ကျွန်တော်တို့နှစ်ယောက်နဲ့အတူ ဘုရားဖူးလာသူ အပေါင်းအား အေးငြိမ်းမူလေးကိုယ်စီးပေးနေပါတော့တယ်……….တူစုံခေါင်းချင်းယှဉ်လို့ ကြည်နူးနေခိုက်  အနားမှာ

ဘုရားဖူးလူတစ်သိုက် အသံကြားလို့ ကြားသွားတဲ့ ချစ်သူအသဲက  ရှက်ရှက်နဲ့ သိမ်းဖက်ထားမိတဲ့ကျွန်တော် ကိုယ်တွင်းမှ ရုန်းထွတ်ရှာသည် အရမ်းအိန္ဒြေကြီးသည့် ချစ်သူလေး ရှက်အားပို

တွန်းထွတ်အသွားမှာ တစ်ဖက်အနည်းငယ်တိမ်းထွတ်တဲ့ကျွန်တော် ခန္ဓာကိုယ်လေး  ဘေးမှ သစ်ပင်တစ်အားသွားတိုက်မိသည်…….သည်မှာလန့်နိုးခဲ့ပါတယ်……..အော်  ဆောင်းည

အိမ်မက်မက်နေတာပါလား  တကယ်တော့ကျွန်တော် တစ်ယောက်အိပ်ရင်း အိပ်မက်မက်နေချင်းဖြစ်ပါတယ်…….

သည်ပို့လေးသည်စိတ်ကူးယဉ်ရေးသားသည်ဖြစ်သည့်အတွက် အမှားပါခဲ့ရင် ခွင့်လွတ်ပါရန် …………..စည်သူကျော်မင်း29102012491-600x800DSC009061-600x338

6 comments

  • Mobile

    December 17, 2012 at 10:13 pm

    ကိုဆီသူကြော်မင်းရေ
    ခင်ဗျာစိတ်ကူးရင် ထားတာလေးက ဆိုတော့မဆိုးပါဘူး
    ဒါပေသိ ဖတ်လို့တော့ကောင်းဘူးဗျ။ ကျုပ်လဲ ရေးတတ်လွန်းလို့ ပြောတာတော့
    ဟုတ်ပါဘူးဗျာ။ ကျုပ်သဘောကို ပြောတာပါ။
    သဲတွေ ကျောက်တွေ မပါဘဲ ကျိုက်ထီးရိုးအကြောင်းလေးပဲ သီးသန့်ရေးမယ်ဆိုရင်တော့
    ဖတ်လို့အင်မတန် ကောင်းမှာပါ။ ဘယ်လိုဖြစ်ဖြစ် အားပေးသွားပါကြောင်းးးးးးးးးး

    • Shwe Tike Soe

      December 18, 2012 at 10:27 am

      ဟုတ်ဘူးဗျ ကိုဘိုင်းရ ကောင်းပါတယ်..
      စကားပြောတဲ့စကားနဲ. စာသား ရောရေးထားလို. ရှုပ်နေတာပါ…
      အပိုဒ်လေးတွေ ခွဲရင် မိုက်မှာပါ……(ဆရာလုပ်တာမဟုတ်ပါ)..
      ဖတ်ရတာတော့ ကြည်နူးဖို.ကောင်းပါတယ.်…..ချစ်သူကို ဘုရားသမိုုင်းစိတ်ရှည်လက်ရှည်ရှင်းပြရင်း တင်ပြသွားတာလေး ကောင်းတယ်ဗျ..

      အားပေးပါတယ်ဗျာ..

  • ချစ်ရင်ထူး II

    December 18, 2012 at 9:13 am

    ကျွန်တော် ကျိုက်ထီးရိုး ဘုရားကို သုံးကြိမ်လောက်ရောက်ဖူး ပါတယ် ..
    သေချာတာ တစ်ခုက အဲဒီကျောက်တုံးကြီး အောက်ကို ကျ မသွားတာပါပဲ ဒီလို အစွန်းလေးမှာ ရပ်နေတယ်
    အဲဒီကျောက်တုံး နဲ့ အလေးချိန်တူတဲ့ သံတုံး ကို အဲဒီလို နေရာမှာ ဂဟေနဲ့ ဆက်ထားရင်တောင် အောက်ကို ကျ သွားမှာပါ နောက်တစ်ခုက လေတိုက်နေလို့ပါ .. .
    အဲဒါ ကမ္ဘာ့ အံ့ဖွယ်ထဲ ဘာလို့မပါတာပါလိမ့် နော် .. . ကျွန်တော်ပဲ မသိလို့လား . .

  • Shwe Tike Soe

    December 18, 2012 at 10:32 am

    ကို sသူကျော်မင်းရေ ဒီပို.စ်လေးကိုဖတ်ပြီး အကိုကို ခန်.မှန်.ကြည့်မိတယ်..
    အကိုက ရည်းစားမရှိတဲ့သူဖြစ်ရမယ်…. ဒါပေမယ့် ကြိတ်ကြိုက်နေတဲ့သူ ရှိမယ်ထင်တယ်…
    အသုံးအနှုန်းတွေက လက်တွေ.မဆန်ပဲ စိတ်ကူးယဉ်ဆန်နေတယ်…

    ဆက်ရေးပါ အားပေးနေပါတယ်….

  • မောင်ပေ

    December 18, 2012 at 12:34 pm

    အဲဒီက မွန်ထမင်းဆိုင်တွေမှာ တစ်ခါလောက် ပြန်သွားစမ်းချင်စမ်းပါဘိ

  • Mr. MarGa

    December 18, 2012 at 1:42 pm

    ကျိုက်ထီးရိုးပေါ်ကို ခြေလျင်တက်ရတာ အရသာ အရှိဆုံးပဲ
    ဘေးက အဖော်လေးနဲ့ဆို ပိုကောင်းပေါ့
    ဒါနဲ့
    မောင်ရင့် ပို့စ်ထဲက သိကြားမင်း ဆိုတဲ့ စကားလုံးတွေကို ခွက်ဒစ် ပေးဖို့ ပြောလိုက်ဦးမယ်
    နောက်တစ်ခါဆို နတ်ပြည် လွှတ်တော်မှာ တရားစွဲခံရမယ်နော် :mrgreen:
    ပုံ
    ဦးမာဃ
    နတ်ပြည် သမ္မတ

Leave a Reply