အဘဖေါ ရဲ့ ဥရောပသွား ပေါ်တာ တောလား ( ၁၁ ) ( D – 16 & 17 – CANNES – MONACO – PISA – FLORENCE – ASSISI )

Foreign ResidentDecember 18, 201219min17218

အဘဖေါ ရဲ့ ဥရောပသွား
ပေါ်တာ တောလား ( ၁၁ )

( D – 16 & 17 – CANNES –
MONACO – PISA –
FLORENCE – ASSISI )

 

စက်တင်ဘာ ၂၆ ရက်နေ့ ။

 

ဒီနေ့ မနက် မှာတော့ ၊

ကိန်းစ် မြို့ကနေ

မိုနာကို မြို့ / နိုင်ငံ ကို ၊

ထွက်လာခဲ့ကြပါတယ် ။

 

မိုနာကို ဟာ ၊ တောင်တွေကြားမှာ တည်ရှိနေတဲ့ မြို့ / နိုင်ငံ တစ်ခုဖြစ်ပြီး ၊

မြို့ / နိုင်ငံ ရဲ့ နယ်နမိတ် ကျဉ်းမြောင်းတဲ့အတွက် ၊ ဘေးကို ချဲ့စရာ မ ရှိတော့လို့ ၊

တိုက်တွေကို အပေါ်ကိုပဲ အထပ်မြှင့် ဆောက်ထားပါတယ် ။

အဲဒီ အခါမှာ လမ်းတွေက ကျဉ်း ပြီး ၊ လမ်းတွေလဲ ပိတ်လေ့ရှိပါတယ် ။

 

အဘ ပြောတာနှင့် မိုနာကိုလမ်းတွေကို အရမ်းအရမ်းလည်း အထင်မသေးသွားပါနှင့်။

နှစ်စဉ် ကျင်းပ နေတဲ့ Monaco Formula 1 Grand Prix ဆိုတာ နာမည်ကြီးကွယ့် ။

ဒီလမ်းတွေပေါ်မှာပဲ ပြိုင်မောင်းသွားတာလေ ၊ လမ်းတွေက ကျဉ်း ပေမယ့် ကောင်းပါတယ် ။

 

ကောင်းတာ တစ်ခုကတော့ ၊ စင်္ကာပူလိုမျိုး City State ဖြစ်ပြီး ချမ်းသာ တဲ့အတွက် ၊

နေရာအနှံမှာ CCTV Camera တွေတပ်ထားတဲ့အတွက် ရာဇဝတ်မှု မရှိသလောက် နည်းပါတယ် ။

 

ထုံစံအတိုင်း ၊ အချိန်ကတော့ သိပ်မပိုလှတဲ့အတွက် ခပ်သုတ်သုတ်ပါဘဲ ။

ပထမဆုံး ၊ Oceanographic Museum ကို မဝင်တော့ပဲ ၊

အပြင်ကနေပဲ လှည့်ပါတ်ကြည့်ကြပါတယ် ။

ပြီးတဲ့အခါ ၊ မိုနာကို ဘုရင် Rainier III  နှင့် ကြင်ယာတော် ရုပ်ရှင်မင်းသမီး Grace Kelly ကို ၊

မြုပ်နှံထားတဲ့ Saint Nicholas Cathedral ( Monaco Cathedral ) ထဲကို ဝင်ကြည့်ကြပါတယ် ။

နောက်ဆုံး အနေနှင့်ကတော့ မိုနာကို ဘုရင့်နန်းတော် နှင့် ၊

နန်းတော် ဘေးက မိုနာကို နိုင်ငံကို အပေါ်စီးကနေ မြင်ရတဲ့ ရှုခင်းတွေကို ကြည့်ကြပြီး နောက်၊

မိုနာကို နိုင်ငံထဲ ကနေ ထွက်ပြီး အီတလီကို ခရီးဆက်ခဲ့ကြပါတယ် ။

 

မိုနာကို က Oceanographic Museum ။
မိုနာကို က Oceanographic Museum ။
ရုပ်ရှင်မင်းသမီး Grace Kelly ကို မြုပ်နှံထားတဲ့ Saint Nicholas Cathedral ( Monaco Cathedral )
ရုပ်ရှင်မင်းသမီး Grace Kelly ကို မြုပ်နှံထားတဲ့ Saint Nicholas Cathedral ( Monaco Cathedral )
Saint Nicholas Cathedral ( Monaco Cathedral ) အတွင်းပိုင်း ။
Saint Nicholas Cathedral ( Monaco Cathedral ) အတွင်းပိုင်း ။
ရုပ်ရှင်မင်းသမီး Grace Kelly ရဲ့ ဂူသင်္ချုင်း ။
ရုပ်ရှင်မင်းသမီး Grace Kelly ရဲ့ ဂူသင်္ချုင်း ။
မိုနာကို ဘုရင့်နန်းတော်
မိုနာကို ဘုရင့်နန်းတော်
မိုနာကို ဟာ တောင်တွေကြားမှာ ကျပ်သိပ် တည်ထားတဲ့ မြို့လေး ။
မိုနာကို ဟာ တောင်တွေကြားမှာ ကျပ်သိပ် တည်ထားတဲ့ မြို့လေး ။
ဒါပေမယ့် မိုနာကို ကမ်းနား မြင်ကွင်းကတော့ လှတယ် ။
ဒါပေမယ့် မိုနာကို ကမ်းနား မြင်ကွင်းကတော့ လှတယ် ။

 

 

 

 

 

 

 

အီတလီ အကြောင်းပြောရရင်တော့ ၊ Tunnel တောင်ဖြတ် ဥမင်လှိုဏ်ခေါင်းတွေ နှင့်

တံတားတွေ တော်တော်များတဲ့ နိုင်ငံပါပဲကွယ် ။ သားရေ လုပ်ငန်း ၊

Marble ကျောက်ပြား လုပ်ငန်း နှင့် ပြိုင်ကား လုပ်ငန်းတွေမှာ နာမည်ကျော်လှပါတယ် ။

အီတလီ ရဲ့ နာမည်ကျော် Marble ကျောက်ပြား လုပ်ငန်း လုပ်ငန်းခွင် ။
အီတလီ ရဲ့ နာမည်ကျော် Marble ကျောက်ပြား လုပ်ငန်း လုပ်ငန်းခွင် ။

 

အီတလီ မြောက်ပိုင်းက စက်မှု ထွန်းကား ချမ်းသာပြီး ၊ တောင်ပိုင်းကတော့ ဆင်းရဲရှာပါတယ် ။

ဘယ်လောက်တောင် ဆင်းရဲလဲဆိုရင် အီတလီ တောင်ပိုင်း Sicily ဒေသမှာဆိုရင် ၊

ပျမ်းမျှ လူတစ်ယောက် ဝင်ငွေဟာ တစ်လလုံး အလုပ်လုပ်မှ 850 Euro လောက်ပဲရှိပါတယ်တဲ့ ။

အဲဒီ ပိုက်ဆံဟာ အဘတို့ ဩဇီမှာ အစိုးရက အလုပ်လက်မဲ့ တွေကို ( ရာသက်ပန် ) ပေးတဲ့ ၊

လစဉ် အလုပ်လက်မဲ့ ထောက်ပံ့ကြေးလောက်ပဲ ရှိတာပါ ။

 

အီတလီ နိုင်ငံကလည်း လက်ရှိမှာ စီးပွားရေး အကျပ်အတည်း ဆိုက်ရောက်နေပါတယ် ။

အဘတို့ရဲ့ Tour Director ကြီးရော ၊ ကားမေါင်းသမားပါ အီတလီ လူမျိုးဖြစ်နေတဲ့အတွက် ၊

သူတို့က အီတလီ နိုင်ငံရဲ့ အကြောင်းကို တော်တော် နက်နက်နဲနဲ ရှင်းပြနိုင်ပါတယ် ။

 

အီတလီ နိုင်ငံ ဆင်းရဲရခြင်းရဲ့ တရားခံတွေကတဲ့ ( သူတို့ အပြောပေါ့နော် ) ၊

 

ပထမ အချက်က အလုပ်သမား အခွင့်အရေး ဥပဒေတွေကြောင့်ပါတဲ့ ။

အီတလီ အလုပ်သမား တွေရဲ့ အခွင့်အရေးကို လိုအပ်တာထက် ပိုပြီး ကာကွယ်ထားတဲ့အတွက် ၊

အလုပ်ရှင် တစ်ယောက်က အလုပ်သမား တစ်ယောက်ကို ၊

အလုပ်ဖြုတ်ဖို့ ဆုံးဖြတ်လိုက်တဲ့ အချိန်ကနေစပြီး ၊

၁ နှစ်လောက်ကြာမှ အလုပ်သမားက အလုပ်ကနေ တကယ်ပြုတ်သွားပြီး ၊

၂ နှစ်လောက်ကြာတဲ့အထိ လစာ ဆက်ပေးနေရပါတယ် တဲ့ ။

အဲဒီအတွက် အီတလီမှာ အလုပ်ပြုတ်ဖို့ အရမ်းခဲယဉ်းပြီး ၊

အလုပ်သမားတွေကလည်း ၊ အလုပ် ကောင်းကောင်း မလုပ်ကြတော့ပါဘူးတဲ့ ။

အလုပ်ရှင်တွေကလည်း အလုပ်သစ်ချဲ့တာ အလုပ်သမား ခန့်တာ မလုပ်တော့ပါဘူးတဲ့ ။

 

ဒုတိယ အချက်က ၊ အမျိုးသား အကျိုးစီးပွားကို အထူးကာကွယ်ထားတဲ့ ရင်းနှီး မြုပ်နှံမှု ဥပဒေတွေကြောင့် ၊

အီတလီ နိုင်ငံ မှာ နိုင်ငံခြား ကုမ္ပဏီကြီးတွေ လာရောက် မမြုပ်နှံကြပါဘူးတဲ့ ။

အဲဒီမှာ အီတလီ ပြည်တွင်း ကုမ္ပဏီတွေပဲ ရှိနေတဲ့အတွက် ၊

နည်းပညာ နှင့် ပြိုင်ဆိုင်နိုင်စွမ်းတွေ ချို့တဲ့လာပြီး ၊ နိုင်ငံတကာကို မပြိုင်နိုင်တော့ ပါဘူးတဲ့ ။

 

တတိယ အချက်က ၊ စည်းလုံး ညီညွတ်မှု အရမ်းအားနည်းပြီး ၊ ဒေသစွဲကြီးပါတယ်တဲ့ ။

ဒုတိယ ကမာ္ဘစစ်ပြီးကတည်းက အစိုးရ ( ၅၄ ) ခု ပြောင်းပြီးသွားတာကို ကြည့်ပါတဲ့ ။

 

စတုထ္ထ အချက်က ၊ ကြိုးနီ စံနစ် အရမ်းများတာပါတဲ့ ။

သာမာန် လုပ်ငန်းလေး တစ်ခုထောင်ဖို့တောင် ၊

ခွင်ပြုမိန့် / Permit ၁၈ စောင်လောက် လိုတယ် ပြောတာပဲ ။

 

အဲဒီ အချက်ကြီး ၄ ချက် နှိပ်စက်လိုက်တာ ၊

အီတလီ နိုင်ငံ လဲ စီးပွားရေး အကျပ်အတည်းထဲ ရောက်နေပါရောတဲ့ ။

အခု လက်ရှိ လမ်းတွေ တံတားတွေကိုတောင် EU က သူတို့ EU standard နှင့် ညီအောင်ဆိုပြီး ၊

EU ပိုက်ဆံနှင့် ဆောက်ပေးနေလို့ ဆောက်နိုင်တာလို့ပြောတယ် ။

ဒီအတိုင်း ဆက်သွားရင် အီတလီလည်း ဒေဝါလီ ခံရဖို့ နီးပါပြီတဲ့ ။

 

သူများအကြောင်း ပြောရင်းနှင့် သတိထားမိလာတယ် ၊

အဘတို့ မြန်မာ ရွှေပြည်ကြီးလည်း အဲဒီ ၄ ချက်ကို ရှောင်သင့်တယ် ထင်တာပဲ ။

( တိုးတက် ချမ်းသာချင်ကြတယ် ဆိုရင် ပြောပါတယ် )

 

ထားပါတော့ ၊ အဘတို့ ကားဟာ ညနေ ၃ နာရီလောက်မှာ ပီဆာ မျှော်စင် ရှိတဲ့ ပီဆာ မြို့ကို ရောက်ပါတယ် ။

ကားရပ်နားကွင်းကနေ ပီဆာ မျှော်စင် ရှိတဲ့နေရာကို ရထားအတုလေး စီးပြီး သွားရပါတယ် ။

အီတလီ က Church တွေရဲ့ Style က ၊ Church ဝင်းကြီး တစ်ခုတိုင်းမှာ ၊

ရေနှစ်ခြင်း အခမ်းအနားလုပ်တဲ့ Baptized Dome, Church / Cathedral နှင့် Bell Tower တို့ကို ၊

အဆောက် အဦး တစ်ခုချင်းစီ ခွဲဆောက်ထားတာပါ ။

Leaning Tower of Pisa ဆိုတာ တကယ်က ၊

Church နှင့် တွဲမဆောက်ပဲ သပ်သပ်ခွဲဆောက်ထားတဲ့အတွက် Bell Tower ကြီး စောင်းသွားတာပါ ။

 

Baptized Dome, Church  Cathedral နှင့် Bell Tower ( ပီဆာ တာဝါ ) ။
Baptized Dome, Church Cathedral နှင့် Bell Tower ( ပီဆာ တာဝါ ) ။
Leaning Pisa Tower ( ပီဆာ တာဝါ ) ။
Leaning Pisa Tower ( ပီဆာ တာဝါ ) ။

 

အဲဒီ ပီဆာ မျှော်စင် ကနေထွက်လာပြီး ၊ အဘ တို့ ညအိပ်မယ့် Florence မြို့ကို ထွက်ခဲ့ပါတယ် ။

ပြောရအုံးမယ် ၊ Florence မြို့ကလေ အဘတို့လို Tour Bus အကြီးကြီးတွေကို ၊

တစ်စီးကို တစ်ရက် 420 Euro ( ၄၅၀၀ဝ ကျပ် ) Tourist ခ ဆိုပြီး ကောက်တယ်ကွယ့် ။

Tourist တွေကို တော်တော် ဆော်တဲ့ မြို့ပဲ ။

 

အော် ၊ သူကလည်း ၁၈၆၅ ကနေ ၁၈၇ဝ ကြားမှာ အီတလီ ရဲ့ အဓိက မြို့တော် ဖြစ်ခဲ့တယ်တဲ့ ။

ပြီးတော့ Renaissance ခေတ်ကလည်း သူက စခဲ့တာ ဆိုပဲ ၊

ဆော်ပါစေကွယ် ၊ ဘယ်တတ်နိုင်မလဲ ၊ ကိုယ်က သူ့ဆီ သွားချင်နေတာကိုး ။

 

အဘတို့တည်းမယ့် Grand Hotel Mediterraneo, Florence ကို ညနေ ၆ နာရီ လောက်ရောက်ပြီး ၊

Dinner ကို အဲဒီ ဟော်တယ်မှာပဲ စားပြီး ဒီနေ့အတွက် နားလိုက်ကြပါတော့တယ် ။

 

စက်တင်ဘာ ၂ရ ရက်နေ့ ။

 

မနက်ပိုင်းမှာ Florence မြို့ရဲ့ the Academy of Fine Arts ကိုသွားပြီး ပန်းချီ ပန်းပုတွေ သွားကြည့်ကြပါတယ် ။

အဲဒီထဲမှာ အထင်ရှားဆုံးကတော့ မိုက်ကယ်အိန်ဂျလို ရဲ့ ဒေးဗစ် ရုပ်တုပါ ( Michelangelo’s statue of David ) ။

Marble နှင့်ထုလုပ်ထားတဲ့ ကမာ္ဘပေါ်မှာ အလှဆုံး ရုပ်ထုလို့ ဆိုပါတယ် ။

မိုက်ကယ်အိန်ဂျလို ဟာ Florence မြို့သားပါ ၊

အဲဒီ ဒေးဗစ် ရုပ်တု ကို Florence မြို့ မြို့တော်ခန်းမ ရှေ့မှာထားဖို့ ထုလုပ်ခဲ့တာပါ ။

အခုတော့ ပုံစံတူ ရုပ်တု တစ်ခု ကို မြို့တော်ခန်းမ ရှေ့မှာထားလိုက်ပြီး ၊

မူရင်း မိုက်ကယ်အိန်ဂျလို ရဲ့ လက်ရာကိုတော့ ပြတိုက်ထဲကို ရွှေ့လိုက်တာပါ ။

 

အမှန်က ပြတိုက်ထဲမှာ ဓါတ်ပုံရိုက်ခွင့် မပြုပါဘူး ၊ အဘ လည်းမရိုက်ပါဘူး ။

ဒါပေမယ့် သူတို့ အဖြူတွေ ကိုယ်နှိုက်က ခိုးခိုးရိုက်ကြယုံတင် မကပဲ ၊

အဘကိုပါ သူတို့ရိုက်ခဲ့တာတွေကို လာလာပြပြီး ကြွားနေကြပါတယ် ။

အဲဒါနှင့် ၊ အဘ လည်း မခံချင်ကလည်း ဖြစ်လာတာနှင့် ၊ စမ်းလဲ စမ်းချင်လာတာ နှင့် ၊

အဘ ရဲ့ DSLR ကြီးနှင့်တော့ ရိုက်လို့ မကောင်းတာနှင့် ၊

Mobile Phone ရဲ့ Camera နှင့်ပဲ Davit ရုပ်ထုကို ခပ်လှမ်းလှမ်းကနေ ခိုးရိုက်လိုက်ပါတယ် ။

အရေးထဲ ခိုးရိုက်နေကျကလည်းမဟုတ် ၊ ခိုးရိုက်မယ်ဆိုပြီး ပြင်ဆင်ထားတာကလည်း မရှိတော့ ၊

ရိုက်လိုက်တဲ့အခါ Flash ပါပွင့်သွားပါတယ် ၊ တော်သေးတယ် အစောင့်တွေ အနားမှာ မရှိလို့ ။

ဒေးဗစ် ရုပ်တု original ကို ခိုးရိုက်ထားတာ ။
ဒေးဗစ် ရုပ်တု original ကို ခိုးရိုက်ထားတာ ။
Basilica of St Mary of the Flower ( Cattedrale di Santa Maria del Fiore ) - ၁ ။
Basilica of St Mary of the Flower ( Cattedrale di Santa Maria del Fiore ) – ၁ ။
Basilica of St Mary of the Flower ( Cattedrale di Santa Maria del Fiore ) - ၂ ။
Basilica of St Mary of the Flower ( Cattedrale di Santa Maria del Fiore ) – ၂ ။

 

 

 

အဲဒီကပြီးတော့ Basilica of St Mary of the Flower ( Cattedrale di Santa Maria del Fiore ) လို့ ခေါ်တဲ့ ၊

Florence မြို့ရဲ့ main Cathedral ကိုသွားကြည့်ကြတယ် ။

သူလည်း Baptized Dome, Cathedral နှင့် Bell Tower တို့ကို ၊

အဆောက် အဦး တစ်ခုချင်းစီ ခွဲဆောက်ထားပါတယ် ။

Gothic Style အတိုင်း ဆောက်လုပ်ထားပြီး ၊ အပြင်ဖက်မျက်နှာပြင် အပြည့်ကို ၊

ဈေးကြီးလှတဲ့ အီတလီ ရဲ့ နာမည်ကျော် မာဘယ် ကျောက်တွေနှင့် အလှဆင်ထားတယ် ။

 

အဲဒီနောက်မှာတော့ Florence မြို့ရဲ့ လမ်းကြားလေးတွေအတိုင်း လျောက်ပြီး ၊

Palazzo Vecchio လို့ခေါ်တဲ့ Florence မြို့ရဲ့ မြို့တော် ခန်းမ ( Town Hall ) နှင့်
ရင်ပြင် ကိုရောက်ပါတယ် ။

အရင်က အဲဒီ  မြို့တော် ခန်းမ ရဲ့ရှေ့မှာ ဒေးဗစ် ရုပ်တု ထားတာပေါ့ ၊
အခုတော့ ပုံစံတူပဲ ရှိတော့တယ် ။

 

မြို့တော် ခန်းမ ကနေ လမ်းအနည်းငယ် လျောက်လိုက်ရင်တော့ ၊

Basilica di Santa Croce ( Basilica of the Holy Cross ) ဆိုတဲ့
Church နှင့် ရင်ပြင်ကို ရောက်ပါတယ် ။

အဲဒီ Church ထဲမှာ မိုက်ကယ်အိန်ဂျလို တို့ ၊ ဂယ်လီလီယို တို့လို ၊

အီတလီ နာမည်ကြီး ပုဂ္ဂိုလ် တွေရဲ့ ဂူဗိမ္မာန်တွေ ရှိတယ်တဲ့ ။

ဒါပေမယ့် အချိန် သိပ်ကုန်မှာစိုးလို့ အထဲတော့ ဝင်မကြည့်ခဲ့ပါဘူး ။

Florence မြို့ရဲ့ မြို့တော် ခန်းမ ( Town Hall )  - ၁ ။
Florence မြို့ရဲ့ မြို့တော် ခန်းမ ( Town Hall ) – ၁ ။
အနီဝိုင်းပြထားတာ ဒေးဗစ်ရုပ်တုရဲ့ ပုံစံတူ ပါ ။
အနီဝိုင်းပြထားတာ ဒေးဗစ်ရုပ်တုရဲ့ ပုံစံတူ ပါ ။
Florence မြို့ရဲ့ မြို့တော် ခန်းမ ရှေ့က ရုပ်ထုတွေ အများကြီး ။
Florence မြို့ရဲ့ မြို့တော် ခန်းမ ရှေ့က ရုပ်ထုတွေ အများကြီး ။
Basilica di Santa Croce ( Basilica of the Holy Cross ) နှင့် ရင်ပြင် ။
Basilica di Santa Croce ( Basilica of the Holy Cross ) နှင့် ရင်ပြင် ။

 

 

 

 

အဘတို့ရဲ့ Tour Director ကြီးက Square ရဲ့ ပါတ်ပါတ်လည်မှာရှိတဲ့

လက်ဝတ်ရတနာ နှင့် Leather ဆိုင် / လုပ်ငန်းခွင်တွေကို လိုက်ပြပါတယ် ။

ဒါပေမယ့် နိုင်ငံတကာ နာမည်ရှိ Brand တွေ မဟုတ်တဲ့အတွက် မ ဝယ်ခဲ့ပါဘူး ။

 

အဲဒီ Square ဘေးမှာရှိတဲ့ Restaurant တစ်ခုမှာပဲ နေ့လည်စာ အနေနှင့် ၊

အီတလီစာ Pasta, Spaghetti နှင့် Gelato အိုက်စ်ကရင် ဝင်စားလိုက်ပါတယ် ။

စကားမစပ် အီတလီမှာ စားခဲ့တဲ့ အီတလီစာ တွေက ၊

တစ်ခြားနေရာတွေမှာ စားခဲ့တဲ့ အီတလီစာ တွေထက် ပိုအရသာရှိတယ် ၊ သိလား ။

ဘာကွာသလည်းတော့ ၊ အဘ လည်း မပြောတတ်ဘူး ။

 

ပြီးတော့ နေ့လည် ၁၂ နာရီလောက်မှာ Florence မြို့ ကနေ
Assisi မြို့ကို ထွက်လာခဲ့ပါတယ် ။

Assisi မြို့ကို မရောက်မှီ လမ်းမှာ The Basilica of Santa Maria degli Angeli
( Saint Mary of the Angels ) ကိုဝင်ကြည့်ခဲ့ပါသေးတယ် ။

Assisi မြို့မရောက်မှီ The Basilica of Santa Maria degli Angeli ( Saint Mary of the Angels )
Assisi မြို့မရောက်မှီ The Basilica of Santa Maria degli Angeli ( Saint Mary of the Angels )
Assisi မြို့ ဟာ တောင်မြင့် တစ်ခုပေါ်မှာ တည်ရှိတဲ့ မြို့ပါ ။
Assisi မြို့ ဟာ တောင်မြင့် တစ်ခုပေါ်မှာ တည်ရှိတဲ့ မြို့ပါ ။

 

 

Assisi မြို့ ဟာ တောင်မြင့် တစ်ခုပေါ်မှာ တည်ရှိတဲ့ မြို့ပါ ။

လမ်းတွေ ကွေ့ကောက် ထောင့်ချိုးများပြီး ကျဉ်းမြောင်းပါတယ် ။

Assisi မြို့ဟာ St. Francis ရဲ့ မွေးရာဇာတိဖြစ်ပြီး ၊

St. Francis ဟာ RC ခရစ်ယာန်တွေရဲ့ Franciscan religious order ကို ၊

စတင် ဟောပြော ဖေါ်ထုတ်ခဲ့တဲ့ သူတော်စင်ကြီးလို့ ဆိုပါတယ် ။

 

ညနေ ၄ နာရီလောက်မှာ အဘတို့ တည်းမဲ့ Windsor Savoia ဟိုတယ်ကို ရောက်ပါတယ် ။

ပစ္စည်းတွေထားပြီးတာနှင့် Assisi မြို့ ရဲ့ နာမည်ကျော်
Basilica of St. Francis ကို အမြန်သွားကြပါတယ် ။

ကံကောင်းချင်တော့ အဲဒီမှာ ဘာသာရေးအခမ်းအနားကို ဓါတ်ပုံ ရိုက်လိုက်ရပါသေးတယ် ။

Basilica of St. Francis ဟာ နှစ်ထပ် ရှိတဲ့ Church တစ်ခုဖြစ်ပြီး ၊

အပေါ်ထပ်မှာ Church တစ်ခု ၊ အောက်ထပ်မှာ Church တစ်ခု ရှိပြီး ၊

အပေါ်ထပ်က Church နှင့် အောက်ထပ်က Church ကိုးကွယ်သူ မတူပါဘူးတဲ့ ။

အဲဒီ Church တောင်ကုန်းပေါ်ကနေပဲ Assisi မြို့ ရဲ့ နေဝင်ဆည်းဆာကိုကြည့်ပြီး ၊

အဲဒီနေ့ ခရီးစဉ်ကို အဆုံးသတ် ၊ ဟော်တယ်မှာ ညစာစားပြီး ၊ အနားယူလိုက်ပါတော့တယ် ။

 

တော်သေးဘီ ။

 

အဘ ဖေါ ( F R ) ။

 

Assisi မြို့ ရဲ့ နာမည်ကျော် Basilica of St. Francis ဘုရားကျောင်း ( နေ့ ) ။
Assisi မြို့ ရဲ့ နာမည်ကျော် Basilica of St. Francis ဘုရားကျောင်း ( နေ့ ) ။
Assisi မြို့ ရဲ့ နာမည်ကျော် Basilica of St. Francis ဘုရားကျောင်း ( ည ) ။
Assisi မြို့ ရဲ့ နာမည်ကျော် Basilica of St. Francis ဘုရားကျောင်း ( ည ) ။
Assisi မြို့ ရဲ့ နာမည်ကျော် Basilica of St. Francis ဘုရားကျောင်း ။
Assisi မြို့ ရဲ့ နာမည်ကျော် Basilica of St. Francis ဘုရားကျောင်း ။
Basilica of St. Francis ဘုရားကျောင်း ရဲ့ ဘာသာရေးအခမ်းအနား ။
Basilica of St. Francis ဘုရားကျောင်း ရဲ့ ဘာသာရေးအခမ်းအနား ။
Basilica of St. Francis ဘုရားကျောင်း ရှေ့က ရှုခင်း ။
Basilica of St. Francis ဘုရားကျောင်း ရှေ့က ရှုခင်း ။
Basilica of St. Francis ဘုရားကျောင်း ပေါ်က Assisi မြို့ ရဲ့ ရှုခင်း ။
Basilica of St. Francis ဘုရားကျောင်း ပေါ်က Assisi မြို့ ရဲ့ ရှုခင်း ။

 

 

 

 

 

 

 

 

 

 

18 comments

  • သကြားလုုံးကြော်

    December 18, 2012 at 2:08 am

    ဟေးဟေး တွေ့ပြီတွေ့ပြီ။ ဒေးဗစ်ကိုု ကြည့်ချင်လွန်းလိုု့ အဘဖော ခရီးကိုု တောက်လျောက်လိုုက်လိုုက်ရတာ အခုုတော့ တွေ့ပြီ။

    • kai

      December 18, 2012 at 4:30 am

      ဒေးဗစ်ခြေထောက်ကိုတူနဲ့ထုသွားတဲ့သတင်းလေး.. မှတ်မိလို့.. ပြန်ရှာတာ. အောက်ကအတိုင်းတွေ့တယ်..
      မသိသူတွေ..ဗဟုသုတအတွက်ပါ..

      Michelangelo’s David Is Damaged
      By ALAN COWELL
      Published: September 15, 1991

      Michelangelo’s David, arguably the world’s most famous sculpture, was damaged in a Florence museum today when a man the police described as deranged broke part of a toe with a hammer, saying a 16th-century Venetian painter’s model ordered him to do so.

      Officials at the Galleria dell’Accademia museum said the damage was reparable since all the fragments from the shattered toe had been collected. But the museum’s director, Antonio Paolucci, added: “The moral impact remains. The world’s most famous statue has been damaged.”

      The 13-foot high statue was carved from a single block of marble between the years 1501 and 1504. While a replica is displayed in a Florence square, the original — attacked today — is kept in the museum.

      • အရီးခင်လတ်

        December 18, 2012 at 4:38 am

        အမှန် က သူ ထုချင်တာ က ခြေထောက် ကို ဟုတ်ချင်မှ ဟုတ်မှာ။
        မမှီ လို့ နေမယ်။ :kwi:

        • Foreign Resident

          December 18, 2012 at 5:40 am

          အရီးခင်လတ် ရဲ့ အတွေးအခေါ်တွေက သိပ် စူးရှတာပဲ ။
          ဒါကြောင့် အရီးလတ် အရီးလတ် ဆိုပြီး နာမည်ကြီးပေသကိုး ။ 😛

  • အရီးခင်လတ်

    December 18, 2012 at 3:53 am

    အဘဖော ရေ
    စိတ်ရှည်လက်ရှည်ကို စေတနာထား ရေးပြ ရှင်းပြထားတာကို ခံစားလို့ ရပါတယ်။
    ကိုယ်မရောက်ဖူးတဲ့ အရပ်က အကြောင်း တွေ နဲ့ ဗဟုသုတ တွေ မို့ စာဖတ်သူတွေ အတွက် အင်မတန် တန်ဖိုးရှိပါတယ်။
    ဥရောပက တစ်တိုက်လုံး ကိုလှတယ် ထင်ပါရဲ့။
    ခရီးစဉ်တစ်လျှောက် လုံး လိုက်နေရတာမို့ ကျေးဇူးပါရှင်။

    ဒါထက် အီတလီ စာတွေ က သူတို့ဆီမှာ ပိုကောင်းတာက ခရမ်းချဉ်သီး မတူလို့ လို့ ပြောကြတာဘဲ။ 😆
    jk

  • မောင့်ကျက်သရေ ဂီ့

    December 18, 2012 at 6:48 am

    ၁။ အလုပ်သမား တွေရဲ့ အခွင့်အရေးကို လိုအပ်တာထက် ပိုပြီး ကာကွယ်ထားတဲ့အတွက်

    ဟီဟိ … အပြင်ဆိုက်တွေ ခိုင်းရင် စန္ဒာပြ ပါမယ်..

    ၂။ဒုတိယ အချက်က ၊ အမျိုးသား အကျိုးစီးပွားကို အထူးကာကွယ်ထားတဲ့ ရင်းနှီး မြုပ်နှံမှု ဥပဒေတွေကြောင့် ၊

    နိုင်ငံတော် စီးပွားရေးတစ်ရပ်လုံးကို ဖန်တည်းနိုင်မှု စွမ်းအားသည် နိုင်ငံတော်နှင့် တိုင်းရင်းသား ပြည်သူတို့၏ လက်ဝယ်တွင်ရှိရေး

    ၃။ ဒုတိယ ကမာ္ဘစစ်ပြီးကတည်းက အစိုးရ ( ၅၄ ) ခု ပြောင်းပြီးသွားတာ

    ကမာ္ဘစစ်ပီးကတည်းက ၆၄နှစ်အတွင်း အစိုးရ ၅၄ခုပဲ ပြောင်းသွားတာ…
    အိုကွယ်… ပါပါဂျီး အူးနေဝင်း တို့လို အုပ်မယ့် ချုပ်မယ့် စွမ်းဆောင်ရည်ရှိသူတွေ
    မပေါ်ထွန်းတဲ့ အကျိုးဆက်တွေပေါ့..

    ၄။ ကြိုးနီ စံနစ် အရမ်းများတာ

    ဟီဟိ..

    တော်သေးဘီ
    ဂေါ့စပါယ်လေးပဲ ဆိုသွားပါတယ်ဗျာ…

    I’ve heard there was a secret chord / that David played, and it pleased the Lord, / But you don’t really care for music, do you?

    :harr:

  • ဟာဂျာ .. ဘဖောဂလည်း ..
    ဟိုရုပ်တုဂျီးကိုများ ခိုးရိုက်လာရဒယ်လို့ .. :mrgreen:
    အဟိ .. ဒီမြန်မာပြည်မှာ
    အိုက်ဂလို ရုပ်တုဂျီး ထားမယ်ဆိုရင် ..
    ဆိုပြီး တွေးလိုက်မိသေးတယ် …
    ဒါနဲ့ .. တချို့ ပန်းခြံတွေထဲမှာ ဟိုလို ရုပ်တုတွေတောင် ထားတယ်လို့
    မြင်ဖူးတယ်ဗျ .. အိုက်ဒါ ဂယ်ထားတာနေမှာနော့ …
    အသိ ပညာပေးများလား မသိပါဘူး …

  • Mobile

    December 18, 2012 at 9:09 am

    ဘဂျီးဖော ရေအခုလို ပုံလေးတွေနှင့် တကွ စာသားလေးတွေကပါ
    ထပ်မံအားဖြည့်ခဲ့တော့ ပိုပြီးပြည့်စုံခဲ့ပါတယ်ခင့်ဗျ။
    ဗဟုသုတ ဧကန်ရကြောင်းပါ ။ ပုံလေးတွေကို ကူးယူထားပါတယ်ခင့်ဗျ။

  • kyeemite

    December 18, 2012 at 9:27 am

    ဒေသန္တရဗဟုသုတလေးတွေ ဖတ်ပြီး
    ဓါတ်ပုံလေးတွေခံစားသွားပါဂျောင်းးးးး 😛

  • ဗုံဗုံ

    December 18, 2012 at 9:49 am

    သူတို့မြို့လေးတွေက အရမ်းလှပြီး သန့်ရှင်းနေတာဘဲနော် အရုပ်တွေလည်း ဖုန်တွေဘာတွေမတက်ဘူး
    သူတို့က သန့်ရှင်းရေး အမြဲတမ်းလုပ်လို့ထင်တယ်နော် အဘဖော
    အဘဖော ပုံတွေကြည့်ပြီး သွားချင်စိတ်တောင်ပေါက်လာပြီ 🙂

    • mobile (mandalay)

      December 18, 2012 at 9:31 pm

      ဟန်းနီးမွန်း ဆိုလား ဘာဆိုလား အဲ့ဒီအခါကြ သွားကြတာပေါ့။
      :harr:

  • မောင်ပေ

    December 18, 2012 at 12:25 pm

    အဟဲ
    ကျုပ်တို ့ဆီက မင်းအုပ်စိုး လဲ ဒေးဗစ် နဲ ့ နင်လားငါလားပါပဲ
    ဟိုတစ်လောတုန်းက ၊ ရွာထဲမှာတောင် သူ ့ပုံတင်တာ မြင်ခဲ့ရသေးတယ်

    • Foreign Resident

      December 19, 2012 at 7:25 am

      ကိုပေ ရေ ။
      နောက် Post မှာ ၊ ဒေးဗစ် မင်းအုပ်စိုး အကြောင်း လာမယ် ။
      စေါင့်ဖတ်ကြည့် ။

  • Mr. MarGa

    December 18, 2012 at 7:14 pm

    အဘဖော ရေ
    ဝင်ဖတ်သွားသဗျို့
    သေချာ တော့ မဖတ်ရသေးဘူး
    ဒါနဲ့
    နောက်လာမယ့် အပိုင်းတွေကို နည်းနည်း မြန်မြန်လေး တင်ပေးပါ လို့ အဟဲ
    အဲဒါလေး ပြောချင်တာပါ
    :kwi:

    • Foreign Resident

      December 19, 2012 at 7:20 am

      ဦးမာဃ ရေ ။
      ကျနော် အမြန်ဆုံး ရေးပေးပါ့မယ်ဗျာ ။
      ဒါမေယ့် အခုမှ ခရီးက တဝက်ပဲ ရှိသေးတာ ။

  • pooch

    December 19, 2012 at 12:10 am

    Grace Kelly မင်းသမီးကတော်တော်လေး ချောတာနော်။ မွန်ရိုးနဲ့ယှဉ်ရင်တောင် သူ့အလှက ပိုကျက်သရေ ရှိသလိုပဲ ။ မွန်ရိုးက လှပေမဲ့ ပူလောင်သလိုပဲ ။

    ရာသီဥတု ကောင်းလို့ ထင်တယ် သာသာယာယာနဲ့ လည်ရတာ စိတ်ပျော်စရာ ကောင်းမဲ့ပုံပဲ ။

    အဲ့ဒီ့ခေတ် သူတို့ အနုပညာက လူသားဆန်မှုကို ဇောင်းပေးကြတယ် ထင်ပါရဲ့ ။ အဝတ်မပါတဲ့ပုံကို နှစ်သက်ကြ အသားပေးကြတယ် ဆိုတော့လေ။

    • Foreign Resident

      December 19, 2012 at 7:23 am

      pooch ရေ ။
      အဘ တို့ ကံကောင်းခဲ့ပါတယ် ။
      ခရီးစဉ် တစ်လျှောက်လုံး နှစ်ခါပဲ မိုး ဖွဲဖွဲ မိခဲ့ပါတယ် ။

  • မိုက်ကယ်ဂျော်နီအောင်ပု

    December 19, 2012 at 12:42 am

    I အန်းရှပ် to know
    မောင်ဒေးဗစ်ရဲ့ ရုပ်တုကြီးကို ဝိုင်းကြည့်နေတဲ့အမျိုးသမီးတစ်သိုက်
    ဘာတွေများတွေးမိနေမလဲဆိုတာလေးပါ
    သေခြာတာကတော့ တစ်ခုခုတော့တွေးမိကြမယ်ထင်ဒါဘဲ ( ထင်ဒါ ) :mrgreen:

Leave a Reply